← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

ဝူကျန်ခုံ၏အေးစက်စက်အသံသည်တစ်တန်းလုံးကိုတိတ်ဆိတ်သွားစေခဲ့သည်။

ကျန် တဲ့လူတွေဆက်ပြောပါ…..

“ငါက ကျုံးကျန်စီပါ။ ငါ့ရဲ့သိုင်းဝိညာဉ်က တိုက်တံလူဝံ; အဆင့် ၁၁ ရှိ ဝိညာဉ်မာစတာပါ။ ခွန်အားအမျိုးအစားပါ။”

“ ရှဲ့ရှဲ့ သိုင်းဝိညာဉ်က နဂါးအလင်းဓား ၊ အဆင့် ၁၈ ဝိညာဉ်စွမ်းအား။ လျန်မြန်သတ်ဖြတ်ရေးဝိညာဥ်မာစတာ”

အဆင့် ၁၈ ဟူသောစကားလုံးထွက်လာသောအခါတစ်တန်းလုံးချက်ချင်းထိတ်လန့်သွားကြသည်။

အဆင့် ၁၈ ရှိသော အသက်ကိုးအရွယ်ကလေးတစ်ယောက် …

ဒါကတကယ့်ကိုပါရမီရှင်ပဲ! ထို့အပြင်သူသည် တိုက်ခိုက်ရေးဝိညာဥ်မာစတာ ဖြစ်သည်။ နောက်ထပ်ဝိညာဉ်စွမ်းအားအဆင့် ၂ ဆင့် သာ ကျော်ဖြတ်နိုင်ပါက သူသည် ဝိညာဥ်ဂရမ်းမာစတာ ဖြစ်လာလိမ့်မည်။ ဆယ့်နှစ်နှစ်မပြည့်မီ ဝိညာဉ်ဂရမ်းမာစတာ ဖြစ်နိုင်စွမ်းရှိသူတိုင်းကိုပါရမီရှင်ဟုခေါ်ဆိုနိုင်သည်။

အမှန်တော့ ယွမ်ရှောင် ၏အဆင့် ၁၂ ဝိညာဉ်စွမ်းအားသည်အတော်ပင်မြင့်မားသည်ဟုမှတ်ယူထားကြပြီးကျောင်းသားအများစုသည်အဆင့် ၁၁ ဝိညာဉ်စွမ်းအားဖြင့် ဤကျောင်းသို့ ၀ င်လာကြခြင်းဖြစ်သည်။

သူတို့၏သိုင်းဝိညာဉ်များမှာ မျိုးစုံရှိကျသော်လည်းမည်သူတစ် ဦး တစ်ယောက်ကမှထူးထူးခြားခြားအစွမ်းထက်ခြင်းမရှိပေ။

ဟုတ်ပါတယ် ထန်ဝူလင်း ရဲ့ငွေပြာမြက် ဟာသူတို့အားလုံးထဲမှာအဆိုးဆုံးဘဲ။

“ မနက်ဖြန်ကစပြီးအတန်းတွေတရားဝင်စမယ်။ ငါ့ရဲ့သင်ကြားမှုပုံစံကအခြားဆရာတွေနဲ့အနည်းငယ်ကွဲပြားတယ်။ အဲ့တာကြောင့်မင်းတို့နာကျင်ရလိမ့်မယ်။ ပင်ပန်းမှာ ဒါမှမဟုတ် နာကျင်ရမှာကိုကြောက်ရင် ကျောင်းအမြန်ပြောင်းပါ သို့မဟုတ်အတန်းပြောင်းဖို့နည်းလမ်းကိုစဉ်းစားထားပါ။ ကျန်ခဲ့တဲ့သူတွေကတော့ စိတ်ကိုပြင်ဆင်ထားပါ။ ဒါပါပဲ၊ အတန်းဆင်းပြီ”

ဝူကျန်ခုံစာသင်ခန်းမှထွက်သွားပြီးနောက်စာသင်ခန်းသည်စကားစမြည်ပြောသံများထွက်လာသည်။ သူတို့အားလုံးနီးပါးသည်အေးစက်။ ချောမောသောဆရာအကြောင်းကိုဆွေးနွေးနေကြသည်။

“ ဒါဆိုသွားကြစို့။ မင်းရဲ့ကတိအတိုင်းပဲ “

ရှဲ့ရှဲ့သည် ထန်ဝူလင်း ဘက်သို့ကြည့်လိုက်သည်။ မနက်မိုးလင်းနေတုန်းဆိုပေမယ့်သူတို့အတန်းကပြီးသွားပြီ။ နောက်နေ့မှသူတို့အတန်းတွေတရားဝင်စမှာမဟုတ်ပါလား။

“ ကောင်းပြီ “ ထန်ဝူလင်း ကမတ်တပ်ရပ်ပြီးအပြင်ကိုထွက်သွားသည်။

“ဟင့်? ထန်ဝူလင်း? “ ထိုအချိန်တွင်ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာသည်။ထန်ဝူလင်းအသံဘက်သို့လှည့်လိုက်သော်လည်း ထိုလူသည် သူ့ရှေ့သို့ရောက်နေပြီဖြစ်သည်။ မနေ့ကနှုတ်ဆက်ခဲ့သောအဆင့်မြင့်အကယ်ဒမီမှအကြီးတန်းမှ စီနီယာအစ်မပင်ဖြစ်သည်။

“အစ်မကြီး” ထန်ဝူလင်း ပြုံးလိုက်သည်။ သူသည်သူမအားအလွန်နှစ်သက်ဖွယ်ကောင်းသည်လို့မှတ်ယူထားသည်။

“ ဝူလင် မင်းအတန်းငါးမှာလား? “

ထန်ဝူလင်း ခေါင်းညိတ်လိုက်သည်။ “ ငါ့ရဲ့သိုင်းဝိညာဉ်က ငွေပြာမြက် ပါ။ အဲ့တာက အမှိုက်သိုင်းဝိညာဉ်တစ်ခုပဲလေ။ အဲ့တာကြောင့် ငါ အတန်းငါးပဲတက်နိုင်တယ် “

လျိုယွဲ့ရှင်း က “ မဟုတ်ဘူးမဟုတ်ဘူး။ ငါဆိုလိုတာက ဆရာ ဝူကျန်ခုံ ကမင်းရဲ့အတန်းပိုင်ဆရာ မလား “

ထန်ဝူလင်းက “ ဟုတ်တယ်”

လျူယုရှင်း၏လှပသောမျက်လုံးများသည်ချက်ချင်းလင်းလက်သွားသည်။ “ဝူလင်၊ ငါ့မှာ စီနီယာအစ်မတစ်ယောက်ရှိတယ်၊ ငါမင်းကိုလည်းဒုက္ခပေးရတော့မယ်။

နောက်အတန်းတက်ရင်လေ ဆရာရဲ့ပုံတွေကိုရအောင်လုပ်ပေးစမ်းပါ။ သူက လိုချင်လို့လို့ပြောတယ်”

ထန်ဝူလင်းက “ ကောင်းပါ့မလား ”

လျိုယုရှင်း ကရယ်သည်။ “ အဲဒါကိုစိတ်မပူပါနဲ့။ ကောင်းပါတယ်။ မင်းအတွက်လည်းအကျိုးရှိစေရပါမယ် “

ရှဲ့ရှဲ့ သည် ထန်ဝူလင်းနောက်တွင်ရှိနေပြီး လျိုယုရှင်း နှင့်စကားပြောနေသည်ကိုအနည်းငယ်စိတ်မရှည်ဖြစ်လာသည်။ ဒါပေမဲ့ထိုအမပြောသောအတန်းပိူင်ဆရာအကြောင်းကိုကြားပြီး စိတ်ဝင်စားသွားသည်။

လျိုယုရှင်း က “ ဆရာဝူ ကငါတို့ရဲ့အကယ်ဒမီရဲ့အကြောက်ရဆုံးဆရာပဲ။ သူကရုပ်ရည်ချောမောပြီး ဗဟုသုတများတယ်။ အရည်အချင်းလည်းရှိတယ်။ သူက ထူးချွန်တဲ့ဆရာတစ်ယောက်ပဲ။ သူ့ကိုအကယ်ဒမီတွင်နံပါတ်တစ်အသန်မာဆုံးဆရာလို့ပြောကြတယ် ။ ငါသူ့ကို ၀ိညာဉ်ကွင်းခြောက်ကွင်းနဲ့တစ်ခါမြင်ဖူးတယ်။ ဆိုလိုတာကသူကအနည်းဆုံးတော့ ဝိညာဉ်ဧကရာဇ် ပဲ “

ဝိညာဥ်ဧကရာဇ်? ဤအရာသည် ထန်ဝူလင်းစိတ်ကူးယဉ်ရန်အလွန်ဝေးလွန်းသည်။ သူ၏လက်ရှိအဆင့်အတန်းနှင့်အညီသူသည်စွမ်းအားကြီးသော စိတ်၀ိညာဉ် ၀ ယ်ယူနိုင်စွမ်းမရှိသောကြောင့် ခြောက်ကွင်းအထိကျင့်ကြံရန်လက်တွေ့မှာမဖြစ်နိုင်ပေ။

လူသားတစ် ဦး ၏စုပ်ယူနိုင်သော စိတ်ဝိညာဉ်အရေအတွက်သည်သူတို့၏ဝိညာဉ်ရေးရာစွမ်းအားခံနိုင်ရည်ရှိမှုအပေါ် ကန့်သတ်ထားသည်။ အဖြူရောင်ဝိညာဉ်များသည် ၀ိညာဉ်ကွင်းတစ်ခုသာပေးနိုင်ပြီးလက်ရှိတွင် ဝိညာဉ်မာစတာများ သည်စိတ်ဝိညာဉ်သုံးခုအထိသာစုပ်ယူနိုင်သည်။။အဝါရောင် စိတ်ဝိညာဉ်များသည်အခြေခံအားဖြင့်ဝိညာဉ်ကွင်းနှစ်ကွင်းပေးနိုင်သည်။ နှစ်တစ်ရာစိတ်ဝိညာဥ်များတန်ဖိုးကြီးရချင်းမှာလည်း ထိုကြောင့်ဖြစ်သည် ။ ခရမ်းရောင်နှစ်တစ်ထောင်စိတ်ဝိညာဉ်များနှင့်နှစ်တစ်သောင်းအရောင်စိတ်ဝိညာဉ်များရရှိရန်ထန်ဝူလင်းစိတ်ကူးတောင်မယဥ်ရဲပေ။

“ ဆရာဝူ မှာကွင်းခြောက်ကွင်းရှိတယ် သူကတကယ်ကိုအစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်မယ် “ အရှေ့ပင်လယ်မြို့ ၌ ဝိညာဉ်ဧကရာဇ်အဆင့်ဝိညာဥ်ကွင်းခြောက်ကွင်းအနည်းငယ်ရှိသော်လည်း ဆရာဝူကငယ်ရွယ်သေးသည်။

“ ဒါဆိုကောင်းပြီ။ ငါအရင်သွားမယ်။ ငါ့အတွက်ပုံရိုက်ဖို့မမေ့နဲ့! “

သူမ ထန်ဝူလင်းကိုပေးသောအရာသည် ဝိညာဉ်ကင်မရာတစ်ခုပင်ဖြစ်သည်။

“အစ်မကြီး!” ထန်ဝူလင်း ကအော်ခေါ်သော်လည်း သူမ သည်ထွက်ပြေးနေပြီဖြစ်သည်။

“ သွားရအောင် ထန်ဝူလင်း” ရှဲ့ရှဲ့သည် ထန်ဝူလင်းကို ကိုတစ်ချက်ကြည့်ပြီးပြောလိုက်တယ်။

ယနေ့တရားထိုင်ခြင်းမှသူရရှိသောအကျိုးကျေးဇူးများသည်မနည်းပေ။။ တိုက်ပွဲမှာသူ့ရဲ့သိုင်းဝိညာဉ်ကိုပထမဆုံးအကြိမ်သုံးခဲ့သည်။ ရှဲ့ရှဲ့၏ ဖိအားပေးမှုများအတွင်းတွင် သူ၏သိုင်းဝိညာဉ်အပေါ် သူနားလည်မှုပိုတိုးလာသည်ကိုခံစားရသည်။ ဒါကသူကဒီနေ့တိုက်ပွဲကိုမငြင်းပယ်ရတဲ့အကြောင်းရင်းပင်

သူ၏ ေငွပြာမြက် သည်သိုင်းဝိဉာဉ်တစ်မျိုးဖြစ်သဖြင့်၎င်းသည်အမှိုက်သက်သက်မဟုတ်တော့ပါ။

ကျောင်းမှထွက်ပြီးနောက် ထန်ဝူလင်းက“ငါတို့ဘယ်သွားမှာလဲ” ဟုမေးလိုက်သည်။

ရှဲ့ရှဲ့က “ ငါတို့ ပန်းခြံ ကိုသွားကြမယ်။ အဲဒီမှာလူအများကြီးမရှိဘူး၊ ဒါကြောင့်မင်းနဲ့အေးဆေးတိုက်ခိုက်လို့ရတယ်။ မင်း ဒဏ်ရာရရင်တောင်ဆရာဝန်ခေါ်ပေးလို့ရတယ်”

ထန်ဝူလင်းက “ မင်းစောင့်ကြည့်နေလိုက်ပါ “

All Chapters