အခန်း (၄၇)
Vol. 4 Ch. 47
ပန်းခြံမှာ အကယ်ဒမီနှင့်သိပ်မဝေးပေ။ 10မိနစ်လမ်းလျောက်ရုံသာရှိသည်။ ပန်းခြံမှာ နံနက်စောစောအချိန်ဖြစ်သောကြောင့် အားကစားလုပ်တဲ့လူအနည်းငယ်ရှိ လေသည်။
ပန်းခြံရောက်တော့ ထန်ဝူလင်းသည် ပန်းရနံများကြောင့် စိတ်ကြည်လင်သလိုခံစားရတယ်။ သူ့ရဲ့သိုင်းဝိညာဥ်မှာ ငွေပြာမြက်ဖြစ်သောကြောင့် ယခုလို့သစ်ပင်ပန်းပင်များကြားတွင် အားများရှိလာသလိုခံစားရသည်။
ထန်ဝူလင်းသည် အခန်းတွင်တရားထိုင်ခြင်းထက် ဤနေရာတွင် တရားထိုင်သည်က သူ့အတွက် ပိုအကျိုးရှိမည်ဟု ထင်လေသည်။ ပန်းခြံမှာ အလွန်ကျယ်လှသည်တော့မဟုတ်ပေ။
ရှဲ့ရှဲ့ ကပန်းခြံကို ရင်းနှီးနေတဲ့ပုံရပြီး ကျောက်စရစ် လမ်းလေးအတိုင်းပန်းခြံရဲ့နက်ရှိုင်း သစ်တောအတွင်းပိုင်ထဲသို့ ဦးဆောင်ဝင်သွား လေသည်။ သစ်ပင်ကြီးများ များလာလေ ထန်ဝူလင်းအတွက် အားတက်လာသကဲ့သို့ခံစားရသည်။
ရှဲ့ရှဲ့ သည် အပင်ကြီးများ အကြားရှိ မြေ ကွက်လပ်တစ်ခုတွင်ရပ်လိုက်ပြီး
“ဒီမှာတိုက်မယ် ။ ငါမင်းအတွက်တရားမျှတစေရမယ်။ ငါက လျှင်မြန်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်လို့မီတာ ၅၀ ပြန်ဆုတ်ပေး မယ်။ “ ရှဲ့ရှဲ့သည်နောက်သို့ ဆုတ်လိုက်သည်။
ထန်ဝူလင်း အသံမထွက်ပါ။ အဲဒီအစားသူ့စိတ်မှာ သူတို့ရဲ့ယခင်တိုက်ပွဲပုံရိပ်များနဲ့ပြည့်နေသည်။ ရှဲ့ရှဲ့ ၏သိုင်း ၀ိညာဉ်နှင့် အဝါရောင်ကွင်းသည် သူ့စိတ်ထဲတွင်ထင်ထင်ရှားရှားရှိနေဆဲဖြစ်သည်။ သူသည် ရှဲ့ရှဲ့ ၏ စိတ်၀ိညာဉ်ကိုမသိသော်လည်းအရောင်ကြောင့် ရှဲ့ရှဲ့ တွင် နှစ်တစ်ရာစိတ်ဝိညာဉ်ရှိသည် ယူဆထားသည်။
နှစ်တစ်ရာစိတ်ဝိညာဥ်တွင် နှစ်တစ်ရာဝိညာဉ်စွမ်းရည်ရှိလိမ့်မည်။ ထန်ဝူလင်း သည်ထိုစွမ်းရည်၏အစွမ်းသတ္တိကိုသေချာမသိသေးပေ။
“မင်းအဆင်သင့်ဖြစ်ပြီလား”
ရှဲ့ရှဲ့ ရဲ့အသံက အဝေးမှ ရောက်လာသည်။
ထန်ဝူလင်းသည်အသက်ပြင်းပြင်းရှူလိုက်ပြီး အာရုံစူးစိုက်ကြည့်လိုက်သည်။
“ရပြီ စလိုက်ရအောင်။ “
ရှဲ့ရှဲ့ ကအေးစက်စွာ
“ ငါတို့ရဲ့အဆင့်ကွာခြားချက်ကို မင်းကို ငါပြမယ်။ ငါ့ကိုမင်းလုပ်ခဲ့တဲ့အရှက်တရားအတွက်မင်းကိုငါပြန်ပေးလိမ့်မယ်။ စတော့ ”
သူစကားဆုံးသည်နှင့်သူသည် ပစ်လွှတ်လိုက်သောမြှားတစ်စင်းကဲ့သို့ ထန်ဝူလင်း ၏ ဦး တည်ရာသို့ ဦး တည်ပြေးဝင်လာသည်။
သူ၏ခြေဖဝါးအောက်၌အဝါရောင်အလင်းတန်းတစ်ခုပေါ်လာသည်။ မနေ့တစ်နေ့ကလိုပင် အဝါရောင်ဝိညာဥ်ကွင်းထွက်လာကာ သူ့ညာဘက်လက်မှာ ရွှေရောင်ဓားမြှောင် တစ်ချောင်းပေါ်လာလေသည်။ ထို ဓားမြှောင်ထံမှ နဂါးအော်သံ သဲ့သဲ့ကိုပင် ကြားနေရသည်။
ထန်ဝူလင် သည်လည်း သူ၏ ငွေပြာမြက် ကိုထုတ်လွှတ်ခဲ့သည်။ ရွှေရောင်တောက်ပနေသောမြက်မြွေ သေးသေးလေးတစ်ကောင်သည်သူ့လက်မောင်းတွင်ပေါ်လာပြီးသူ၏လက်ကောက်ဝတ်တစ်ဝိုက်တွင်ရစ်ပတ်နေသည်။ စပျစ်နွယ်ပင်ကဲ့သို့ငွေပြာမြက်အပင်များသည် နေရာအနှံ့ပျံဝဲသွားသည်။
ထန်ဝူလင်းသည်လက်တွေ့အတွေ့အကြုံအနည်းငယ်ပင် မရှိသော်လည်းငွေပြာမြက်ကိုနေရာကျယ်ကျယ်ပြန့်ပြန့်အထိဖုံးလွှမ်းနိုင်သောစွမ်းရည်ဖြင့်တိုးတက်လာခဲ့သည်။
ရှဲ့ရှဲ့သည် ငွေပြာမြက်နွယ်များ သူ့စီသို့ ဦးတည်လာသည်ကို မြင်သောအခါ စိတ်ကူးမှပြောင်းသွားသည်။ တပြိုင်နက်တည်းမှာပဲ ပြေးနေရာမှ နေရာပြောင်းသွားကာအခြားတစ်ဖက်မှ ထန်ဝူလင်းစီသို့ကွေ့ပတ်ပြေးလိုက်သည်။
ဒါကမကောင်းဘူး!’
“ ငွေပြာမြက်နွယ်တွေက ငါ့ပြိုင်ဘက်ကိုမဖမ်းနိုင်ခဲ့ဘူးဆိုရင် အသုံးမ ၀င်တော့ဘူး”
ထန်ဝူလင်းသည် နွယ်ပင်များကိုပြန်ရုတ်ပြီးသူ့ကိုယ်သူ ကာကွယ်လိုက်သည်။
ယခုအချိန်တွင် ရှဲ့ရှဲ့ သည် 10မီတာအကွာအဝေးတွင်ရှိနေပြီဖြစ်သည်။
ရှဲ့ရှဲ့ ၏မြန်နှုန်းသည်မပြောင်းလဲပါ။ ထိုအစား ပိုမြန်လာသည်။
သူ၏လက်၌ အလင်းနဂါးဓားသည် ငွေပြာမြက်အကာ ကိုတိကျစွာ ဦး တည်နေသည်။
ထိုအချိန်တွင် ထန်ဝူလင်းသည် ရှဲ့ရှဲ့ နှင့်သူ့ကိုယ်သူခြားနားချက်ကိုသိသိသာသာသဘောပေါက်သွားသည်။ ရှဲ့ရှဲ့၏ အလင်းနဂါးဓား သည် သူ၏ငွေပြာမြက် နွယ်များကိုဖြတ်တောက်ပစ်လိုက်သည်။ တစ်စက္ကန့်အတွင်း ထန်ဝူလင်း ၏ဝိညာဉ်စွမ်းအား ၁၀%ကျော်ကုန်ဆုံးသွားသည်။
ငွေပြာမြက်ဒိုင်းလွှာကွဲသွားသောအခါ ထန်ဝူလင်းသည် ရှဲ့ရှဲ့ ၏တိုက်ခိုက်မှုများကိုခုခံကာကွယ်နိုင်စွမ်းမရှိတော့ပေ။ ထန်ဝူလင်းသည် ငွေပြာမြက်တွေကိုပြန်သိမ်းလိုက်ပြီး လက်ထီးဖြင့်ထိုးရန်ပြင်လိုက်သည်။ ပုံမှန်ရှုထောင့်မှကြည့်လျှင်ထိန်းချုပ်မှုစနစ်ရှိသော ငွေပြာမြက် သည်သတ်ဖြတ်ရေး အမျိုးအစားသိုင်းဝိညာဉ်များကိုအနိုင်ယူရန် လွယ်ကူစေသည်။
သို့သော် ထန်ဝူလင်းနှင့်ရှဲ့ရှဲ့ တို့အကြား ကျွမ်းကျင်မှုနှင့်အတွေ့အကြုံများကွာခြားချက်သည်အလွန်ကြီးမားလွန်းသည်။
ရှဲ့ရှဲ့သည် လက်သီးနှစ်လုံးကိုရှောင်ရန်အနည်းငယ်စောင်းလိုက်သည်။ ‘ငါ့မျက်နှာမှာဖြစ်ခဲ့တဲ့ရောင်ရမ်းမှုတွေအတွက်မင်းကိုငါပြန်ပေးဆပ်စေရမယ်။ ‘
ထို့ နောက် အလင်းနဂါးဓားသည် ထန်ဝူလင်း ၏ပုခုံးကို ထိုးဖောက်သွားသည်။