Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

အလင်းနဂါးဓားမြှောင်သည် ထန်ဝူလင်း၏ပခုံးကိုထိုးသွား ဖောက် သည်။ ရှဲ့ရှဲ့သည် ထန်ဝူလင်းကို ထိခိုက်မည်ဆိုးသောကြောင့် သူ့အားများကိုလျော့ပစ်လိုက်သည်။ ထိခိုက်ရုံမျှဖြင့်လုံလောက်ပြီဖြစ်သည်။ သို့သော် ထန်ဝူလင်း၏အရေပြားသည် မာကြောလွန်းလှသည် ဓားသည် အနည်းငယ်သာစိုက်ဝင်သွားသော်လည်း ထန်ဝူလင်းပခုံးမှ

သွေးများထွက်လာ သည်။

"ရှုံးတာ ကိုဝန်ခံပါ။ "

ရှဲ့ရှဲ့ ရဲ့အသံမှာဂုဏ်ယူနေသောအသံမျိုးဖြစ်သည်။ထန်ဝူလင်း မှာ အံကိုတင်းတင်းကြိတ်ထားသည်။

ထိုအခိုက်အတန့်တွင်သူ၏ပခုံးမှနာကျင်မှုသည်သူ့တစ်ကိုယ်လုံးကိုလောင်ကျွမ်းသွားပုံရသည်။ လောင်ကျွမ်းနေသောအပူလှိုင်းသည်သူ့ခန္ဓာကိုယ်အနှံ့လျင်မြန်စွာပျံ့နှံ့သွားသည်။ သူစကားပြောချင်သော်လည်း သူစကားလုံးဝမပြောနိုင်တာကိုသိလိုက်ရသည်။

"ငါမင်းကိုမေးနေတယ်၊ မင်းရှုံးတာကိုဝန်ခံလား။ "

ရှဲ့ရှဲ့ ပြောနေစဥ် ထန်ဝူလင်းထံမှ ဟိန်းသံကြီးတစ်ခု ထွက်လာသဖြင့် ရှဲ့ရှဲ့ အံ့သြ သွားသည်။ သူ့ဓားစိုက်နေသည့်နေရာမှလည်း ရွှေရောင်အလင်းတန်းများဖြာထွက်လာပြီး သွေးလည်းတိတ်သွားသည်။ ရှဲ့ရှဲ့ အင်အားများကိုဓားကနေတစ်ဆင့် ထန်ဝူလင်းစုပ်ယူနေသည်ဟုပင်ခံစားလာသည်။ ရှဲ့ရှဲ့ ဓားကိုနှုတ်ယူချင်သော်လည်း ဓားက နှုတ်မရပဲ တွယ်ကပ်နေသည်။ ထိုအချိန်မှာ အလင်းတန်းတစ်ခုထွက်လာပြီး အားဖြင့် ရှဲ့ရှဲ့ကိုဝင်တိုက်ကာ ရှဲ့ရှဲ့လွင့်ထွက်သွားသည်။

ဘန်! ရှဲ့ရှဲ့ သည်အဝေးမှသစ်ပင်ကြီးတစ်ပင်ကိုတိုက်မိသွားသည်။

ထန်ဝူလင်း မြေပြင်ပေါ်တွင်ဒူးတစ်ဖက်ထောက်လိုက်သည်။ သူ့မျက်လုံးများမှာ နီရဲနေပြီးသူ့တစ်ကိုယ်လုံးတုန်နေသည်။ သူ၏ခန္ဓာကိုယ်အတွင်း၌တောက်လောင်နေသောအပူသည်သူ့ကိုမလှုပ်မယှက်ဖြစ်စေသည်။

သို့သော်သူသည်လုံးဝသတိလစ်နေဆဲဖြစ်သည်။

သူသည်ခေါင်းကိုငုံ့လိုက်ရာ သူ၏ညာလက်မှာအကြေးခွံများဖြင့်ဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသဖြင့်ထိတ်လန့်သွားသည်။ ရွှေရောင်အကြေးခွံများသည်ညာလက်တစ်လျောက်ဖုံးလွှမ်းနေပြီး သူ့လက်မောင်းကိုလှည့်ပတ်နေသောရွှေအလင်းရောင်မြက်မြွေ လေးသည်လည်းရွှေရောင်အလင်းကိုထုတ်လွှတ်လျက်ရှိသည်။ ထိုမြွေလေးသည် ယခင်ထက်ရှည်လျားလားပြီး မျက်လုံးကလည်းပတ္တမြားကဲ့သို့နီရဲနေသည်။

'ဒီဟာကြောင့်လား? သူက အမှိုက်စိတ်ဝိညာဉ်ဟုတ်ဘူးလား။ ဘယ်လိုဖစ်ရတာလဲ “

ထန်ဝူလင်းသည်သူ၏အင်္ကျီကိုအလျင်အမြန်ချွတ်လိုက်ပြီးပြောင်းလဲမှုသည်သူ၏လက်ဖဝါးတစ်ဝိုက်သာမဟုတ်ကြောင်းသိမြင်သောအခါ

မှင်သက်သွားသည်။ ယင်းအစားအကြေးခွံများသည်သူ၏ညာလက်မောင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။ အလင်းနဂါးဓားကထိုးသည့်နေရာမှ စတင်၍ ရွှေကြေးခွံများကသူ့လက်ဖဝါးသို့တစ်လျောက်လုံး ပျံ့နှံ့သွားသည်။

သူ၏လက်မောင်းအတွင်း၌မဖော်ပြနိုင်သောစွမ်းအားများခံစားရသည်

ချက်ချင်းပင်သူ၏ညာလက်မောင်းဖြင့် လေကို ထိုးကြည့်လိုက်သည်။

ဗွမ်း!

ထန်ဝူလင်းလက်သီးမှ ရွှေရောင်နဂါးခေါင်းတစ်ခုထွက်ပေါ်လာကာ ပေါက်ကွဲသွားသည်။

“ ရွှေရောင်အလင်း၊ မင်းကြောင့် ဒီစွမ်းအားတွေ ငါရလာတာလား” ထန်ဝူလင်းသည် သူ့လက်ကောက်ဝတ်ကိုရစ်ပတ်ထားသောမြက်မြွေလေးကိုမေးလိုက်သည်။

သို့သော်လည်းမြက်မြွေငယ်၏ဖောင်းကားနေသောခန္ဓာကိုယ်သည်မူလအရွယ်အစားသို့တဖြည်းဖြည်းပြန်ကျုံ့လာပြီးသူ၏လက်မောင်းပေါ်ရှိရွှေကြေးများသည်လည်းလျင်မြန်စွာပျောက်ကွယ်သွားသည်။ အချိန်အတန်ကြာမှအားလုံးကိုပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ ကျန်ရှိနေသည့်တစ်ခုတည်းသောအရာသည်ပင်ပန်းနွမ်းနယ်နေသောခံစားချက်ဖြစ်သည်။ ထန်ဝူလင်း ၏အမြင်အာရုံသည်မှေးမှိန်သွားပြီး နောက်ဆုံးတွင် သူလည်းသတိလစ်သွားခဲ့သည်။

သူသည် သူ၏အ၀တ်များမ၀ တ်ရသေးသဖြင့်သူ၏ကိုယ်ပေါ်တွင်ရွှေရောင်သွေးကြောများပေါ်လာသည့်အခါမည်သူမဆိုမြင်နိုင်သည်။ အထူးသဖြင့်သူ၏ကျောရိုးလက်ရှိသွေးကြော များသည်အထူးတောက်ပနေသည်။

ရှဲ့ရှဲ့ နိုးလာသောအခါ သူသည် ထန်ဝူလင်း ၏နောက်ကျောပေါ်တွင် နေသည်ကိုတွေ့လိုက်သည်။ သူ့မျက်နှာမှာလည်း ပေါင်မုန့်ကဲ့သို့ရောင်ရမ်းဖောင်းကားနေသည်ကိုတွေ့လိုက်ရသည်။

“ ငါတို့က ပန်းခြံ ကိုသွားမယ်။ အဲဒီမှာလူအများကြီးမရှိဘူး၊ ဒါကြောင့်မင်းအေးဆေးတိုက်လို့ရတယ် မင်းဒဏ်ရာရရင်တောင် ကိုကုမယ့်သူကိုငါရှာပေး မယ် "

ရှဲ့ရှဲ့သည် မနက်က ထိုသို့ကြွေးကြော်ခဲ့သည်။

ယခုတော့

သူ့ကိုရိုက်နှက်ခိုင်းဖို့ပဲ ငွေဒင်္ဂါး ၂၄၀၀၀ သုံးလိုက်သလိုပင်