← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

“ငါတို့ထပ်တိုက်ရအောင်!” ရှဲ့ရှဲ့ ထပ်ခါထပ်ခါပြောနေပေမဲ့ ထန်ဝူလင်းကတော့ ထမင်းစားခန်းပဲဆက်လျောက်နေသည်။

“မနေ့က ငါအစွမ်းအကုန်မသုံးခဲ့ဘူး ငါမင်းလျို့ဝှက်တွေလျောက်ပြောမှာနော် “

ရှဲ့ရှဲ့ချိန်းခြောက်လိုက်သည်။

“မင်းပြောနိုင်ပါတယ်”

ထန်ဝူလင်းကိုယ်တိုင်တောင် ဘာမှမသိသော ကြောင့် ရှဲ့ရှဲ့ ချိန်းခြောက်သည်ကိုမကြောက်မိပေ။

“ မင်း……”

“ငါ့ထမင်းစား ချိန်ကိုမနှောင့်ယှက်နဲ့” ထန်ဝူလင်းပြောပြီး တတိယကောင်တာကို ဦးတည်လိုက်သည်။

“ဟေ့! ငါ့ကိုလာတိုက်ပါ။ ငါပထမကောင်တာ ကနေမင်းကိုထမင်းဝယ်ကျွေးမယ်။ “

ထိုစကားကိုကြားသောအခါ

တတိယကောင်တာကို သွားနေသော ထန်ဝူလင်း၏ခြေလှန်းများ နောက်ပြန်လှည့်လာလေသည်။

“မင်းတကယ်ပြောတာလား?”

သူသည်ပထမကောင်တ မှအစားအစာများကိုစားချင်စိတ်ရှိနေသည်။ အရင်နေ့ကဒုတိယကောင်တာ ကအစားအစာကိုမြည်းစမ်းပြီးတဲ့နောက်သူ့ခန္ဓာကိုယ်အတွက်အာဟာရဖြစ်စေကြောင်း သိထားသည်။ ဒီမနက်သူနိုးလာတဲ့အခါသိသိသာသာပိုသက်သာဖြစ်နေတယ်လို့ခံစားရတယ်။ သူ၏ကြွက်သားများသည်ပိုသန်မာလာသည်နှင့်အမျှသူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အင်အားများပြည့်နေသည်ကို ခံစားရသည်။

“ဟုတ်တယ်!” ရှဲ့ရှဲ့ ကဂုဏ်ယူစွာဖြေလိုက်သည်။

“ငါဝတဲ့အထိလား?” ထန်ဝူလင်း ၏ကြီးမားသောမျက်လုံးတစ်စုံမှာတောက်ပလာသည်။

“ မင်းစားနိုင်သလောက်စားပါ။ မင်းမှာစားချင်စိတ်အရမ်းရှိတယ်လို့သူတို့ပြောတာမလား။ မင်းရဲ့အစွမ်းကိုပြ။ မင်းနောက်ထပ်ဘာမှမစားနိုင်တော့အောင်ငါကျွေးမယ်”

ရှဲ့ရှဲ့ အပြုံးများနှင့်ပြောလိုက်သည်။

“အပေးအယူနော်!”

နာရီဝက်ခန့်အကြာတွင် ရှဲ့ရှဲ့ သည်သူ၏ကတိကိုနောင်တရနေပြီဖြစ်သည်။

“မင်းကလူသားရောဟုတ်လား ဖီးနစ်လိပ်ကြက်ဥအလုံး ၃၀ စားပြီးတာတောင် နောက်ထပ်စားဖို့မင်းဗိုက်ထဲမှာနေရာရှိသေးတာလား “

ဒုတိယကောင်တာ မှအစာအသောက်တစ်ပွဲ သည်ဒင်္ဂါး ၃၀၀ ကုန်ကျပြီးပထမကောင်တာ မှအစာအသောက်တစ်ပွဲသည်ဒင်္ဂါး ၁၀၀၀ အထိကုန်ကျနိုင်သည်။ ထန်ဝူလင်းသည် ထိုအရာများမသိခဲ့ပါ။ ကုန်ကျစရိတ်ကိုကြားသောအခါ ထန်ဝူလင်းက

“ တော်ပီဆက်မစားတော့ ထားလိုက်တော့”

ထန်ဝူလင်း တတိယကောင်တာ ဆီ ဦး တည်နေတယ်ဆိုတာကိုမြင်တာနဲ့ ရှဲ့ရှဲ့ ကသူ့ကရှေ့ကိုအမြန်ပြေးသွားပြီး

“ စားပါ။ ဘာလို့ရပ်လိုက်တာလဲ။ မင်းငါ့ကိုအထင်မသေးနဲ့ ငါ့စကားငါတည်တယ် “

ပထမကောင်တာ မှထမင်းစားပွဲများသည် ထန်ဝူလင်း အားအံ့သြဖွယ်ကောင်းလောက်အောင်ကွဲပြားခြားနားသောခံစားချက်တစ်ခုပေးခဲ့သည်။ သူသည် ယခုလောက်အရသာကောင်းတာဘယ်တုန်းကမှမမြည်းစမ်းဖူးပေ။ ဒုတိယကောင်တာ မှကျွေးသောအစာသည်အာဟာရဖြစ်ပြီးနူးညံ့သည်။ ဒါပေမယ့်ပထမကောင်တာကတော့ လုံးဝအရသာရှိပီးကွဲ ပြားသည်။ သူ၏အစာအိမ်တစ်ခုလုံးကိုနွေးထွေးစေပြီးမယုံကြည်နိုင်လောက်အောင်သက်သောင့်သက်သာဖြစ်စေသည်။ အစားအစာမှနွေးထွေးမှုသည်သူ၏ခြေလက်များနှင့်အရိုးများထဲသို့စီးဆင်းသွားပြီး ခန္ဓာကိုယ်မှအပူများဖြာထွက်သည်။ သူ့အတွင်း၌နူးညံ့သောစွမ်းအင်လှိုင်းတစ်ခုရှိနေသလိုခံစားလိုက်ရသည်။

ထန်ဝူလင်းသည်သူ၏နှစ်ဆယ်နှစ်ခုမြောက် ဟင်းပွဲကို စားသောက်အပြီးတွင်ရပ်တန့်သွားသည်။

“ကျေးဇူးတင်ပါတယ်။”

ရှဲ့ရှဲ့ မျက်လုံးပြူးသွားပြီး “ဘာလဲ? မင်း ဗိုက်မပြည့်သေးဘူးလား “

“ မင်းနာမည်ရှဲ့ရှဲ့ဆိုတာမေ့သွားလို့ပါကွာ ကျေးဇူးပါတယ် “

( မှတ်ချက် ….ရှဲ့ရှဲ့ = ကျေးဇူးတင်ပါတယ် )

ထန်ဝူလင်း ၏ဆိုလိုရင်းကိုနားလည်ပြီးနောက်

”မင်းငါ့ကိုပေးထားတဲ့ကတိကိုသတိရပါ”

သူသည်ချမ်းသာသော်လည်းကုန်ကျစရိတ်မှာတော်တော်များနေသည် ပြုပြင်ခတုန်းက 24000 အခုစားသောက်မှုအတွက်က 20000 ဆိုတော့ တော်တော်များနေပြီဖြစ်သည်။

အခန်းထဲတွင်

“ ဒီနေ့ဟာမင်းတို့ရဲ့အတန်းကိုတရားဝင်စတဲ့အထိမ်းအမှတ်ဘဲ။ မသင်ခန်းစာအများစုကိုငါသင်ပေးမယ်။ မတ်တပ်ရပ်ပါ” ဝူကျန်းခုံကအေးစက်စွာပြောခဲ့သည်။

တစ်တန်းလုံးအမြန်ထလိုက်သည် ။

“ငါနဲ့လိုက်ခဲ့!” ဝူကျန်းခုံ သည်သူ၏လက်နှစ်ဘက်ကိုအိတ်ကပ်ထဲထည့်လိုက်ပြီးစာသင်ခန်းမှထွက်သွားသည်။ ကျောင်းသားတွေစိတ်ရှုပ်သွားသည် ။

ဝူကျန်းခုံသည်ကျောင်းသားအုပ်စုအား အားကစားကွင်းသို့ခေါ်ဆောင်လာသည်။

“ အတွဲလိုက်တန်းစီ။သေသေချာချာ မတ်တပ်ရပ်ပါ။ ”

ထန်ဝူလင်းနဲ့ ကျုံးကျန်စီ ယွမ်ရှောင်နဲ့ရှဲ့ရှဲ့တို့ အတူတူတွဲရပ်လိုက်သည်။

ဝူကျန်းခုံက “ ဒီနေ့မင်းတို့ရဲ့တကယ့်ခွန်အားအစစ်အမှတ်ကိုငါ့ကိုပြရမယ် မင်းတို့အချင်ချင်း ယှဥ်ပြိုင်ရမယ်။ ငါက ဒိူင်လူကြီးပဲ အနိုင်အရှုံးကို ငါဆုံးဖြတ်မယ်။ “

ထို့နောက် ထန်ဝူလင်းနဲ့ ကျုံးကျန်စီကိုညွှန်ပြလိုက်သည်။ သူတို့စိတ်လှုပ်ရှာသွားသည်။ အ့အချိန်မှာ ကျောင်းသူတစ်ယောက်က

“ ဆရာ ကျမက အကူသိူင်းဝိညာဥ်ပါ။ ကျမက တိုက်ဖို့လိုလို့လား “

ဆရာဝူက “ မင်းသာတိုက်ပွဲထဲမှာဆိုရင် ရန်သူက မင်းကို အကူဝိညာဥ်မာစတာဆိုပြီး အသက်ရှင်ခွင့်ပေးမယ်ထင်လား။ တိုက်ပွဲမှာ ပထမဆုံး အသတ်ခံရတာက မင်းတို့လို အကူဝိညာဥ်မာစတာတွေပဲ အ့တော့တိုက်ရမယ်”

ထန်ဝူလင်းနဲ့ကျုံးကျန်းစီတို့နေရာယူလိုက်သည်။ ကျုံးကျန်စီ၏ကြွက်သားဗလများသည် အလွန်ကိုတုတ်ခိုင်သည်။

ပြိုင်ပွဲစပြီ…

ကျုံးကျန်စီ မှအဖြူရောက်ဝိညာဥ်ကွင်းတစ်ခု ထွက်လာသည်။ ပုခုံးပေါ်တွင် အညိုရောင် မျောက်ဝံလေးတစ်ကောင်ထွက်လာတယ် “ ပထမကွင်းအစွမ်း ခွန်အားတိုးချဲ့ခြင်း “ ကျုံးကျန်စီအော်လိုက်တယ်။

ကျုံးကျန်စီ ရှေ့သို့တိုးလာတယ် ခြေလှမ်းလှမ်းတိုင်း မြေကြီးမှတုန်တုန်လာသည်။ သူအင်အားဘယ်လောက်ရှိလဲသိသာသည်ထန်ဝူလင်းစီသိူ့အမြန်လျောက်သွားပြီ ထန်ဝူလင်း၏ ပုခုံးနှစ်ဖက်ကို တိုက်ခိုက်လိုက်သည်။ ထန်ဝူလင်းလည်း ရှေ့တစ်လှမ်းတိုးပြီး လက်သီးနှစ်လုံးဖြင့် ကျုံးကျန်စီ လက်သီးများကို ယှဥ်ထိုးလိုက်သည်။ အားလှိုင်းတစ်ခုထွက်လာပြီး ကျုံးကျန်စီ နောက်သို့ သုံးလှမ်းဆုတ်လိုက်ရလေသည်။

ထန်ဝူလင်းရဲ့ထိုးနှက်ကိုပြန်ခုခံရန် ကျုံးကျန်စီ အားအကုန်သုံးခဲ့ကြောင်း အားလုံး မြင်လိုက်ရသည်။

All Chapters