အခန်း (၅၁)
Vol. 4 Ch. 51
ကျုံးကျန်စီမှာ အားများကိုမထိန်းနိုင်ပဲ မြေပြင်ပေါ်ဖင်ထိုင်ကြသွားသည်။ ထန်ဝူလင်းမှာလည်း ယိုင်သွားသော်လည်းမတ်တပ်ရပ်နေနိုင်သေးသည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။ “
ကျုံကျန်းစီသည်အရှုံးပေါ်ခဲ့သည်။ သတိလက်လွတ်ဖြစ်ခြင်းကြောင့်အရင်တစ်ခါသူရှုံးနိမ့်ခဲ့သည်ဟုဆိုနိုင်လျှင်ယနေ့မူကား….
သူသည်သူ၏သိုင်းဝိညာဉ်ကိုလွှတ်လိုက်ပြီးသူ၏ဝိညာဉ်စွမ်းရည်ဖြစ်သော ခွန်အားတိုးချဲ့ခြင်းအစွမ် ကိုပင်အသုံးချခဲ့သော်လည်း ထန်ဝူလင်း၏ခွန်အားကသူ့အားအနိုင်ယူနေဆဲဖြစ်သည်။
“ရပ်!” ဆရာဝူ ကအေးစက်စွာအမိန့်ပေးပြီး ကျုံးကျန်စီ ကိုညွှန်ပြီး
“ မင်း။ ထွက်။ ”
ခွန်းအားအမျိုးအစားတိုက်ခိုက်ရေးမာစတာ သည်ပြိုင်ဘက်အား ခွန်အားဖြင့်ရှုံးနိမ့်ခဲ့လျှင်၊ ဆက်လက်ယှဉ်ပြိုင်ရန်မလိုအပ်တော့ပါ။
“မင်းရဲ့သိုင်းဝိညာဉ်ကိုဘာလို့မသုံးတာလဲ” ဝူကျန်းခုံ သည် ထန်ဝူလင်း ကိုကြည့်နေသည်။သူကခွန်အားပြိုင်ချင်နေတာလို့ဖြေတော့ဆရာဝူကအေးစက်ပြီး
“မင်းကိုသူကထမင်းစားခိုင်းရင်မင်းစားမှာလား ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့မင်းဘက်ကဘအစွမ်းကုန်ထုတ်ရမယ် ပြိုင်ပွဲကိုပြိုင်ပွဲလိုသဘောထားပါ သွားစောင့်နေ နောက်တစ်ခါထပ်ပြိုင်ရမယ် “
ရှုံးနိမ့်သူများကိုထုတ်ပယ်လိုက်ပြီးအနိုင်ရရှိသူများကိုဆုံးမသည်။ ဤသည်မှာ ဝူကျန်းခုံနည်းလမ်းပင်ဖြစ်သည်။
“နောက်ပွဲ”
ဒုတိယအတွဲမှာ ယွမ်ရှောင်နဲ့ရှဲ့ရှဲ့ တို့နှစ် ဦး ဖြစ်သည်။
ယွမ်ရှောင်က ရှဲ့ရှဲ့ အားတောင်းပန်သည်။ “ကျေးဇူးပြုပြီးငါ့ကိုညှာတာပါ ငါဟာအရန် ဝိညာဥ်မာစတာတစ်ယောက်ပဲ။ ငါအားအများကြီးမရှိဘူး “
“စတင်!”
ဒါကို ဆရာဝူကြေငြာပြီးတာနဲ့ ရှဲ့ရှဲ့ ကဘေးကိုစောင်း လိုက်တယ်။ တစ်ချိန်တည်းမှာပင်သူ၏ခြေဖဝါးအောက်၌အဝါရောင်ကွင်းတစ်ကွင်း ထွက်လာသည်။ ရှဲ့ရှဲ့၏အမြန်နှုန်းသည်မယုံကြည်နိုင်လောက်အောင်မြန်သည်။ သူ၏ အလင်းနဂါး ဓားမြှောင်သည်ရွှေရောင်တောက်ပနေပြီးတိုတောင်းသောအချိန်တိုအတွင်းယွမ်ရှောင် နှင့်နီးကပ်လာသည်။ရှင်းရှင်းလေးပင်ဖြစ်သည်။ ရှဲ့ရှဲ့ ဓားအောက်တွင် ယွမ်ရှောင်း အရှုံးပေးလိုက်ရသည်။
အကယ်ဒမီသည် ကျောင်းသားများကိုမည်ကဲ့သို့ခွဲသည်ကို မသိသော်လည်း အတန်းထဲရှိ ကျောင်းသားအယောက်20မှ8ယောက်သည် အကူဝိညာဥ်မာစတာများဖြစ်သည်။ ထန်ဝူလင်းရဲ့ ငွေပြာမြက်ကတော့ထိန်းချုပ်မာစတာသုံးယောက်တွင်အနှိမ့်ဆုံးပင်ဖြစ်သည်။
ယခူပွဲစဥ်များတွင် အကူဝိညာဥ် နှစ်ယောက်ရဲ့တိုက်ပွဲပင် ပါလာသည်။ သူတို့တွင် ဘာတိုက်ပွဲစွမ်းရည်မှမရှိပဲ တွန်းထိုးရုံသာတတ်နိုင်ကြသည်။
ဆရာဝူက အတန်း ငါး၏ ကျောင်းသားများမှယ ဆိုးဝါးမည်ဟု မျှော်လင့်ထားသော်လည်းယခုလောက်ဆိုးဝါးမည်ဟုမထင်ခဲ့ပေ။
မသင်မနေပညာရေးကြောင့်သာမဟုတ်ရင် သူတို့လာတက်သည်မှာ အလကားပင်။ သူတို့သည် အဆင့် ၂၀ သို့ရောက်ရန်မဖြစ်နိုင်ပေ။
“ ဒုတိယအကျော့စတင်မယ် မင်းနဲ့မင်း။ မင်းတို့နှစ်ယောက်ပြိုင်ရမယ် “ ဝူကျန်းခုံ သည် ထန်ဝူလင်း နှင့်အမျိုးသမီးကျောင်းသားတစ် ဦး ကိုညွှန်ပြသည်။
ဆရာဝူ ညွှန်ပြသောအမျိုးသမီးကျောင်းသူသည်သေးငယ်သည်။ သူမသည်သူမ၏အပြာရောင်ဆံပင်တိုများနှင့်မျက်လုံးကြီးများဖြင့်ချစ်စရာကောင်းသည်။ သူမကိုတစ်ချက်ကြည့်လိုက်လျှင် နာအယ် ကိုသတိရစေသည်။ လီချူရွိန် သည်သူမ၏နာမည်ဖြစ်ပြီးသူမ၏သိုင်းဝိညာဉ်သည်ကြောင်တစ်ကောင်ဖြစ်သည်။
“စတင်!”
လီချူးရွိန် သည်ရှက်နေသည်။ သူမသည် ထန်ဝူလင်း ဆီသို့ သူမ၏သိုင်းဝိညာဉ်ကိုမလွှတ်ပေ။
သူမ၏အပြာနုရောင်ဆံပင်သည်အဖြူရောင်သို့ပြောင်းသွားပြီးသူမ၏မျက်လုံးပြာများမှအစိမ်းရောင်ဖြစ်သွားသည်။ သူမ၏ခြေဖဝါးအောက်၌အဖြူရောင်ဝိညာဉ်ကွင်းတစ်ခုတက်လာပြီးချစ်စရာအဖြူရောင်ကြောင်ငယ်လေးကသူမ၏ပခုံးပေါ်ပေါ်လာသည်။
အဖြူရောင်အမွေးများသည်သူမ၏လက်ဖဝါးများပေါ်တွင်ကြီးလာပြီးလက်သည်းများကသူမ၏လက်ချောင်းထိပ်များမှပေါက်လာသည်။ သူမသည် ထန်ဝူလင်း ဆီသို့လျင်မြန်စွာပြေးလာသည်။
သူမကပျော့ပျောင်းပြီးသူမရဲ့အရှိန်ကမြန်သည်။ ရှဲ့ရှဲ့ ကဲ့သို့သူမသညမလည်း လျင်မြန်ဝိညာဥ်မာစတာ ဖြစ်သည်။ထန်ဝူလင်း သည်သူ၏သိုင်းဝိညာဉ်ကိုထုတ်လိုက်သည်။ ငွေပြာမြက်နွယ်များ သည်သူ၏လက်ဖဝါးမှပေါ်လာပြီး ထန်ဝူလင်းသည် သူ၏ပြိုင်ဘက်ဆီသို့ဦးတည်မသွားပဲ ငွေပြာမြက်နွယ် ပိုက်ကွန်ကြီးတစ်ခုကိုထုတ်လိုက်သည်။ လီချူးရွိန်သာ ယခင်အလျင်နှုန်းနဲ့ ဆက်လာနေမယ်ဆိုရင် ပိုက်ကွန်မှာ မိသွားမှာသေချာသည်။
သူမသည် ပိုက်ကွန်ကြီးကို ရုတ်တရက်ရပ်လိုက်သည်။ ထိုနောက် အခြားနေရာမှတိုက်ရန်ပြင်လိုက်သည်။ သူမသည် ထန်ဝူလင်းအား ဘယ်ဘက်မှနေပြီး တိုက်ရန်ပြင်လိုက်သည်။ ထန်ဝူလင်းလည်း ပိုက်ကွန်ကို လှည့်လိုက်ပြီး ဖမ်းချုပ်ရန်ပြင်လိုက်လေသည်။ ထန်ဝူလင်းသည် ရှဲ့ရှဲ့ကဲ့သို့ လျင်မြန်တိုက်ခိုက်ရေးသမားနှင့် တိုက်ခိုက်ဖူးသောကြောင့် အတွေ့ကြုံရှိထားသည်။ ထန်ဝူလင်းသည် သူ့ငွေပြာမြက်နွယ်များကိုထိန်းချုပ်ရင်း လီချူးရွိန်ကို တိုက်ခိုက်နေသည့်အချိန်တွင် သူ့ငွေပြာမြက်နွယ်များမှ မြင်ရတယ်ဆိုရုံလေး ရွှေရောင်သွေးကြောများကို သတိထားမိသွားသည်။