← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

လီချူးရွိန်သည်ကိုးနှစ်အရွယ်ကလေးတစ်ယောက်သာဖြစ်သေားကြောင့် သူမတွင်တိုက်ပွဲအတွေ့အကြုံမရှိ။ ထန်ဝူလင်း မျှော်လင့်ထားသည့်အတိုင်း

သူမ မစောင့်နိုင်တော့ပေ။ သူမသည်သူမ၏ဝိညာဉ်စွမ်းရည်ကိုကြာရှည်ထိန်းထားရန်ခွန်အားမရှိပေ။လီချူးရွန်သည် ထန်ဝူလင်းနောက်သိူ့ရုတ်တရက်ရောက်လာပြီး

တစ်ချိန်တည်းမှာပင်သူမ၏ခန္ဓာကိုယ်ပေါ်မှာအဖြူရောင်ဝိညာဉ်ကွင်းတောက်ပလာသည်။ သူမ၏လက်သည်းများလှိုင်းများထုတ်လိုက်ပြီး လေဓားလှိုင်းများပေါ်လာသည်။

ထန်ဝူလင်းသည် သူမလောက်မလျင်မြန်သော်လည်း သူ၏ ငွေပြာမြက် သည်ပိုမိုလျင်မြန်စွာရွေ့လျားလာပြီးစုစည်းလိုက်သည်။

အဖြူရောင်ေလဓါးသွားနှစ်ခုသည်အမှိုက်သိုင်းဝိညာဉ်ဟုခေါ်သောငွေပြာမြက်ကို လျင်မြန်စွာခုတ်ပစ်လိုက်သည်။ သို့သော် ငွေပြာမြက်ကအရာပင်မထင်။ အဖြူရောင်လေ ဓါးသွားများပျောက်ကွယ်သွားချိန်တွင်အရှိန်နဲ့လာသော လီချူးရွိန်သည် ငွေပြာမြက်ကွန်ရက်ထဲသို့တည့်တည့်ကြီး၀ င်ရောက်သွားခဲ့သည်။

အပြာရောင် နွယ်ပင်ရှည်ရှည်များသည် သူမ၏သေးသွယ်သောခန္ဓာကိုယ်ကိုချည်နှောင်ထားလိုက်သည်။

ဝူကျန်ခုံ ၏မျက်လုံးလင်းလက်သွားပြီး ‘ဒါကသာမန်ငွေပြာမြက် မဟုတ်ဘူး။ သူ့ရဲ့ခွန်အားတော်တော်ကောင်းပြီး ထိန်းချုပ်မှုလည်းတော်တော်လေးကောင်းတယ်။’

“ထန်ဝူလင်း အနိုင်ရတယ်”

ထန်ဝူလင်း သည်သူ၏ ငွေပြာမြက်နွယ်များကိုဖြေလျော့လိုက်ပြီး လီလျူးရွိန်ကိုထူလိုက်သည်။ လီချူရွိန်သည် သူမနှင့်နီးကပ်နေသောထန်ဝူလင်း၏ကြီးမားသောမျက်လုံးများနှင့်တစ်ချက်ကြည့်လိုက်မိသောအခါ မျက်နှာပင်နီရဲသွားသည်။ သူမသည်ရှက်ရွံ့စွာဖြင့်“ ကျေးဇူးတင်ပါတယ်”

ဒုတိယအချီဆက်သွားပြီး ရှဲ့ရှဲ့ သည်သူ၏ပြိုင်ဘက်ကိုအောင်မြင်စွာအနိုင်ယူခဲ့သည်။ ပွဲစဉ်အပြီးတွင်ကျောင်းသား ၅ ဦးသာကျန်တော့သည်။

သူ၏တတိယအချီတွင်

“ထန်ဝူလင်းနဲ့တောက်လျိုဖန် မင်းတို့နှစ်ယောက်စနိုင်ပြီ”

ဆရာဝူ ကအသံတိုးတိုးနဲ့ပြောလိုက်သည်။

တောက်လျိုဖန် သည်အရပ်မရှည်သော်လည်း သန်မာပုံရသည်။ သူ့တွင်ရှုပ်ပွနေသော အညိုရောင်ဆံပင်များရှိလေသည်။

နှစ် ဦး စလုံးသည်သူတို့၏သိုင်းဝိညာဉ်များကိုလွှတ်လိုက်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

တောက်လျိုဖန် ၏သိုင်းဝိညာဉ်သည်မိုးမခသစ်ပင် ဖြစ်သည်။ သူ၏ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီးလက်နှစ်ဖက်ကိုမြှင့်လိုက်သောအခါမိုးမခသစ်ကိုင်းများသည်ခြေနှစ်ဖက်စလုံးအောက်မှထွက်လာသည်။ သူတို့သည်မိုးမခပင်၏အစိတ်အပိုင်းတစ်ခုကဲ့သို့ယိမ်းနွဲ့နေကြသည်။ ပထမတစ်ချက်မှာ ထန်ဝူလင်း၏ငွေပြာမြက် နှင့်ဆင်တူသည်။

ငွေပြာမြက်နွယ် များပြန်ပေါ်လာသည်။ ထိန်းချုပ်မှုအမျိုးအစားနှင့်ထိန်းချုပ်မှုအမျိုးအစား..

ဘယ်လိုဖစ်မလဲ…

ဒါက ဝူကျန်းခုံ စောင့်နေတဲ့အရာပင်.. သူတို့ရှေ့ပွဲစဉ်တွင် တောက်လျိုဖန် သည်စည်းမျဉ်းများနှင့်အညီတိုက်ခိုက်ခဲ့သည်။ သူတို့၏လက်ရှိအင်အားအဆင့်များနှင့်ပုံမှန်အခြေအနေများအရထိန်းချုပ်ဝိညာဥ်မာစတာ သည်မည်သူတစ် ဦး တစ်ယောက်တွင်မှအစွမ်းထက်သောဝိညာဉ်စွမ်းရည်မရှိသောကြောင့်ဒီပွဲမှာ မျှတသည်။

အတန်းတစ်တန်းလုံးတွင် ရှဲ့ရှဲ့ တွင်သာ နှစ်တစ်ရာစိတ်ဝိညာဉ်ရှိပြီးကျန်သူများမှာဆယ်နှစ်ဝိညာဉ်ကွင်းများရှိသည်။ ထို့ကြောင့် တောက်လျိုဖန် ၏ဝိညာဉ်ကွင်းသည်လည်းအဖြူရောင်ပင်ဖြစ်သည်။ ပိုစိတ်ဝင်စားဖို့ကောင်းတာကသူက ထန်ဝူလင်းနဲ့ဆင်နဲ့ဝိညာဥ်စွမ်းအားကိုပိုင်တာပဲ။

သူ၏ စိတ်၀ိညာဉ်သည်မြွေအမျိုးအစားဖြစ်သည်။ သူ၏အစိမ်းရောင်မြွေသည် ထန်ဝူလင်း ၏မြက်မြွေ ထက်သိသိသာသာပိုသန်မာသည်။

“စတင်!”

မိုးမခ သစ်ကိုင်းများနှင့် ငွေပြာမြက်နွယ်ပင်များ သည်အချင်းချင်းထိမိသွားကြသည်။

တောက်လျိုဖန် ၏အကြည့်သည်စိတ်လှုပ်ရှားမှုအရိပ်အယောင်ကိုဖော်ပြနေသည်။ သူ၏သိုင်းဝိညာဉ်သည်အလွန်မပြင်းထန်သော်လည်းသူ၏မိုးမခသစ်ခက်များသည် ငွေပြာမြက် ထက်ပိုမိုအားကောင်းသည်ဟုသူခံစားမိသည်။ သစ်ပင်တွေဟာမြက်တွေထက်ပိုသန်မာတယ်မဟုတ်လား။

ထန်ဝူလင်း သည်သူ့ရှေ့တွင်မိုးမခ၏သစ်ကိုင်းများရောက်လာသောအခါလုံးဝစိတ်မဝင်စားပါ။ သူသည် ငွေပြာမြက်နွယ်များကိုထုတ်လိုက်ပြီး မိုးမခ အခက်များနှင့် ရောယှက်လိုက်သည်။ ထို့နောက်နှစ်ယောက်လုံး အပင်များမှတစ်ဆင့် အားပြိုင်ကြလေသည်။

တောက်လျိုဖန် ၏မိုးမခသစ်ကိုင်းများကို ထန်ဝူလင်း ကနွယ်ပင်များက ပြင်းပြင်းထန်ထန်ချည်နှောင်ထားသည်။တောက်လျိုဖန် ၏တုံ့ပြန်မှုသည်အလွန်လျင်မြန်သည်။ သူ၏ခန္ဓာကိုယ်သည်လေထဲသို့မြှောက်တက်သွားပြီး

‘ ငါကငါ့ကိုဆွဲချင်တယ်ပေါ့။ မင်းဆွဲစရာမလိုဘူး ငါလာခဲ့မယ် ‘

သို့သော်သူသည်ထန်ဝူလင်း၏ခံစားချက်မဲ့ သောမျက်နှာကိုမြင်လိုက်ရပြီး ထန်ဝူလင်း၏ လက်များသည် မိုးမခသစ်ကိုင်းအားလုံးကိုဆွဲဖျက်ရင်းလိုက်သည်။ထို့နောက် ထန်ဝူလင်းသည် လေထဲတွင်ရှိနေသော တောက်လျိုဖန် ၏ ခါးအောက်ပိုင်းကို ငွေပြာမြက်နွယ်များဖြင့် ရစ်ပတ်ကာဆွဲချလိုက်သည်။ ပွဲ ပြီးသွားပီ တောက်လျိုဖန်မြေပေါ်သို့ပြုတ်ကျသွားလေသည်။

“ မင်းက တကယ်အစားအိုးလို့ခေါ်ဖို့တန်တယ်။ တကယ်ကိုအားသန်လွန်းတယ်။ “

တောက်လျိုဖန် စည်းဝိုင်းထဲမှမထွက်ခင် ပြောလိုက်ခြင်းဖြစ်သည်။ ဝူကျန်းခုံ မျက်မှောင်ကြုတ်လိုက်သည်။ ဒါကသူမျှော်လင့်ခဲ့သော တိုက်ပွဲမဟုတ်ပေ။ရှဲ့ရှဲ့လည်း

နောက်အချီတွင်အနိုင်ရခဲ့သည်။ လုံးဝမပြိုင်ရသောကျောင်းသားတစ်ယောက်သာရှိတော့သည်။ ပြိုင်ဘက်သုံး ဦး သာကျန်ရှိတော့သည်။

မပြိုင်ဖူးသောကျောင်းသားမှာအမျိုးသမီးကျောင်းသူးဖြစ်သည်။ ထိုကျောင်းသူမှာ အနည်းငယ်ထုံအမ်းသောမိန်းကလေးတစ် ဦး ပင်ဖြစ်သည်။

ကျောင်းသားအားလုံးရဲ့အကြည့်များက ဆရာဝူ ဆီသို့ ဦး တည်သွားသည်။ ကျောင်းသားသုံး ဦး ကျန်ရှိခဲ့သည်၊ ထို့ကြောင့်ပြိုင်ပွဲသည်မည်သို့ဆက်ဖြစ်မည်နည်း။

ဝူကျန်းခုံက

“ထန်ဝူလင်းနဲ့ဟန်လန်း မင်းတို့နှစ်ယောက်အရင်ပြိုင်ရမယ်။ အနိုင်ရသူက ရှဲ့ရှဲ့ နဲ့ပြိုင်ရမယ်။ ”

ရှဲ့ရှဲ့၏ မျက်နာဝင်းပသွားပြီး ထန်ဝူလင်းကိုကြည့်လိုက်သည်။ သူသည်ဆရာ၏ယူဆချက်အရထန်ဝူလင်းထက် ပိုအင်အားကြီးကြောင်းပြသည့်သဘောဖြစ်သည်။

ဟန်လန်သည်ပွဲစဉ်နှစ်ကြိမ်သာကြုံဖူးသော်လည်း ထန်ဝူလင်း ကိုလေးလေးနက်နက်သဘော ထားခဲ့သည်။ ဟန်လန်၏သိုင်းဝိညာဉ်သည် မြေအစွမ်းသတ္တိ ရှိသောသိုင်းဝိညာဉ်ဖြစ်သည်။ သူမ၏ဝိညာဉ်စွမ်းအားသည်အဆင့် ၁၃ တွင်ရှိပြီးသူမ၏စွမ်းရည်များအရအတန်းငါး၌သူမအား မထည့်သင့်ပေ။ သို့သော် အတန်း ငါးတွင် ရှိနေလေသည်။

“စတင်!” စတုတ္ထအဆင့်ပွဲစဉ်ကိုဝူကျးန်ခုံ၏အမိန့်ဖြင့်စတင်ခဲ့သည်။

All Chapters