Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

ထန်ဝူလင်း၏အမူအရာမှာတည်ငြိမ်နေသည်။

ဟန်လန်စီမှ အဖြူရောင်ဝိညာဥ်ကွင်းတစ်ခုထွက်လာသည်နှင့်အတူ ထန်ဝူလင်းပတ်လည်တွင် မြေသားနံရံ ကြီးများပေါ်လာပြီး ထန်ဝူလင်းကို ပိတ်လှောင်ပစ်လိုက်သည်။

ဟန်လန်၏ပထမဆုံးဝိညာဉ်စွမ်းရည်သည်ဆယ်နှစ်ဝိညာဥ်ကွင်းမှ ရထားသော်လည်း သူမ၏ပြိုင်ဘက်များအားတိုက်ရိုက်ထိန်းချုပ် နိုင်သည့်အတွက်ပုံမှန်လူများထက်အစွမ်းထက်သည်။ သို့သော်၎င်းသည်ဆယ်နှစ်ဝိညာဥ်ကွင်းမှဝိညာဉ်စွမ်းရည်တစ်ခုဖြစ်ပြီး၎င်း၏ကန့်သတ်ချကများစွာရှိသည်။ ထို့ကြောင့် နောက်တစ်ကြိမ်ပြန်လည်အသုံးပြုရန် အချိန် ၁၀ စက္ကန့် လိုအပ်လေသည်။ ဝူကျန်းခုံ သည် ထန်ဝူလင်း ပိတ်မိနေသည့်စက္ကန့်များကိုစတင်ရေတွက်လိုက်သည်။ ဆယ်စက္ကန့်သို့ ရောက်ရင် ထန်ဝူလင်းရှုံးသည်ဟု သတ်မှတ်ထားသည်။

ဝူကျန်းခုံရေတွက်နေသည်။

“ကိုး…”

ဘန်!

ထန်ဝူလင်းသည် ပန်းပဲ တူတစ်စုံကိုထုတ်လိုက်ပြီး မြေနံရံကြီးကိုရိုက်ခွဲလိုက်သည်။ ထို့ကြောင့် ဖုန်မှုန့်များလွင့်ထွက်လာလေသည်။

“ရှစ် “ ဟုပင် ဝူကျန်းခုံမရေလိုက်ရပေ။

“ ဒါက…”

ဝူကျန်းခုံ ရဲ့မျက်လုံးများတောက်ပလာပြီး ခေါင်းညိတ်လိုက်သည်။ “ထန်ဝူလင်း အနိုင်ရတယ်”

ဝူကျန်ခုံ သည် ရှဲ့ရှဲ့ ဘက်သို့လှည့်လိုက်သည်။

“ရှဲ့ရှဲ့၊ မင်းအလှည့်ပဲ”

ရှဲ့ရှဲ့ သည်ကွင်းထဲသို့ခုန်ဝင်လိုက်သည်။

သူဒီနေ့အတန်းထဲမှာ ထန်ဝူလင်းကိုရင်ဆိုင်ရမည်ကိုသာ စောစောသိခဲ့ရင် ထန်ဝူလင်းကိုထမင်းကျွေးဖြစ်မည်မဟုတ်ပေ။

သံတူများကိုင်ထားသော ထန်ဝူလင်း သည်ရှဲ့ရှဲ့ဘက် သို့လှည့် လိုက်သည်။

ရှဲ့ရှဲ့သည်ထန်ဝူလင်း ကိုမည်သို့ကိုင်တွယ်ရမည်ကိုစဉ်းစားနေစဉ်တွင်ဘေးမှရုတ်တရက်အေးစက်သောအသံတစ်သံထွက်လာသည်။

“ စတုတ္ထအချီ၊ ဒုတိယပွဲ။ ရှဲ့ရှဲ့နဲ့ဝူကျန်းခုံ “

“ဘယ်လို?” ရှဲ့ရှဲ့ကြောင်သွားသည်။

ဝူကျန်းခုံ ကရှဲ့ရှဲ့ကိုအေးစက်စွာကြည့်လိုက်သည်။ “ငါ့အတန်းထဲမှာမမျှတတဲ့အခြေအနေတစ်ခုလုပ်လိမ့်မယ်လို့မင်းတကယ်ထင်ခဲ့တာလား။ မင်းငါ့ရဲ့တိုက်ခိုက်မှုတွေထဲကတစ်ခုကိုခံနိုင်မယ်ဆိုရင် မင်း ထန်ဝူလင်း နဲ့ နောက်ဆုံးပွဲတိုက်ရမယ် “

ရှဲ့ရှဲ့ က ဆရာဝူကိုမော့ကြည့်ကာမှင်တက်သွားသည်။

“ဆရာ ဝူ၊ ဟာသလုပ်နေတာလား။ မင်းကဆရာလေ။ “

သို့သော် ဝူကျန်းခုံက ရှေ့သို့တိုးလာနေပြီဖြစ်သည်။

“ဆရာ၊ ဘာလုပ်နေတာလဲ” ရှဲ့ရှဲ့သည်ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်သည်။ ဂရုမစိုက်သောအသံဖြင့်ဝူကျန်းခုံက

“ ငါ့သိုင်းဝိညာဉ်ကိုငါထုတ်သုံးမှာမဟုတ်ဘူး။ ငါ့ရဲ့တိုက်ခိုက်မှုတွေထဲကတစ်ခုလောက်ပဲ မင်းခံနိုင်ဖို့လိုတယ် “ စကားပြောနေစဉ်တွင်ဝူကျန်းခုံရှေ့သို့တစ်လှမ်းတိုးလိုက်သည်။

ရှဲ့ရှဲ့ ၏တိုက်ခိုက်ရေးအတွေ့အကြုံသည်သူ့အတန်းဖော်များထဲတွင်အတော်ဆူံး ဟုသတ်မှတ်နိုင်သည်။ ရှဲ့ရှဲ့ သူ၏သိုင်းဝိညာဉ်ကိုလွှတ်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ဆုတ်ခွာသွားသည်။

ဟာသပင်… ဝူကျန်းခုံ သည်သူ၏သိုင်းဝိညာဉ်ကိုထုတ်မသုံးသောကြောင့်သာခွန်အားမဲ့နေနိုင်သလား။ ထိုအချိန်တွင် ရှဲ့ရှဲ့ ၏အကောင်းဆုံးရွေးချယ်မှုမှာထွက်ပြေးရန်ဖြစ်သည်။ရှဲ့ရှဲ့ သည်သူ၏အမြန်နှုန်းကိုအလွန်ယုံကြည်သည်။

သို့သော်ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုသည်သူ့မျက်စိရှေ့တွင်ဖြစ်ပျက်ခဲ့သည်။ သူသည်လျင်မြန်စွာဆုတ်ခွာနေသော်လည်း ဝူကျန်းခုံ၏ခါးပတ်သည်သူ့ရှေ့မှ ပေါ်လာလေသည်။ ဤတိုက်ခိုက်မှုသည်ရိုးရှင်းသော်လည်း ရှဲ့ရှဲ့ ဘာပဲလုပ်လုပ်ရှောင်တိမ်းနိုင်ခြင်းမရှိခဲ့ပေ။

ဘန်!

“အားးးးး!”

ခါးပတ်သည် ရှဲ့ရှဲ့ ရဲ့ပခုံးကိုမထိုးမိခင်ပျော့သွားသည်။ သို့သော် အားပြင်းစွာ ရိုက်မိသွားပြီး ရှဲ့ရှဲ့လွင့်သွားသည်။ ကြမ်းပြင်ကိုနှစ်ကြိမ်လှဲကျပြီးနောက် ရှဲ့ရှဲ့ နောက်ဆုံးတော့ထနိုင်ခဲ့သည်။ သူ့ပခုံးကိုဆုပ်လိုက်ပြီး ရှဲ့ရှဲ့နာကျင်စွာပြုံးလိုက်သည်။

နဖူးမှလည်း ချွေးများစီးကျလာသည်။ ကြောက်စရာအကောင်းဆုံးအချက်မှာ ဝူကျန်းခုံ ကသူ့ကိုမရိုက်ခင်အခိုက်အတန့်တွင် ရှဲ့ရှဲ့ သည်သူသေ ပြီဟုခံစားခဲ့ရသည် ။ဝူကျန်းခုံက ရှဲ့ရှဲ့ကိုခဏနားခိုင်းကာ

“ ပီးရင် မင်း ထန်ဝူလင်းနဲ့ပြိုင်ရမယ် “