အခန်း (၅၅)
Vol. 4 Ch. 55
မ ထန်ဝူလင်း ၏စိတ်ထဲတွင် ရှဲ့ရှဲ့ သည်လူမဟုတ်တော့ဘဲသူလက်ရှိပြုလုပ်နေသည့်သတ္တုအပိုင်းအစတစ်ခုဖြစ်သည်။ သူ၏စိတ်သည်တဖြည်းဖြည်းနှင့် အတွေးများဖြင့် ပန်းပဲလုပ်နိုင်သောအဆင့်သို့ရောက်ရှိလာသည်။
ထန်ဝူလင်းသည် ရှဲ့ရှဲ့ကို တူများဖြင့် စတင်တိုက်ခိုက်လေသည်။ ရှဲ့ရှဲ့သည် အလျင်အမြန်ရှောင်ရှားနေရာ မြေပြင်တွင် တူရိုက်ချက်များ တစ်ချက်ပြီးတစ်ချက် ကျဆင်းနေသဖြင့် ဖုန်များ တစ်လိမ့်လိမ့် ထနေလေသည်။
ရှဲ့ရှဲ့ သည် ထန်ဝူလင်း ၏တိုက်ခိုက်မှုများကို ခုခံရန် သူ၏ နဂါးအလင်းဓားကိုပင် မသုံးဝံ့ချေ။ ရှဲ့ရှဲ့ သည်လျင်မြန်စွာဆုတ်နေရပြီး ထန်ဝူလင်း နှင့်ဝေးဝေးနေနေရသည်။ ထန်ဝူလင်းသည် ရှဲ့ရှဲ့နှင့် အလွန်ဝေးသွားသောအခါ တိုက်ခိုက်မှုများကိုရပ်လိုက်ရသည်။ သို့သော် ထိုအချိန်တွင် ရှဲ့ရှဲ့သည် ထန်ဝူလင်းနောက်တွင် ပေါ်လာကာ ဓားမြှောင်ဖြင့် ထိုးလိုက်လေသည်။ ထန်ဝူလင်းသည် ထိုဓားမြှောင်ကို ညာလက်မှတူဖြင့် အမြန်ရိုက်ချလိုက်သော်လည်း သူ့နောက်ကျောမှ စူးခနဲ ဖြစ်သွားသည်။ ထန်ဝူလင်းသည် ရှဲ့ရှဲ့၏ အလင်းနဂါးဓားမြှောင်ကို အသေအချာကာကွယ်လိုက်သော်လည်း
နောက်ကျောမှ ဓားမြှောင်ချက်က မည်သို့ရောက်လာသည်ကို မတွေးတတ်တော့ပေ။ သို့သော် ထန်ဝူလင်း၏ ထိတ်လန့်မှုသည် ပျော်ရွှင်မှုအဖြစ်ပြောင်းသွားသည်။ အဘယ့်ကြောင့်ဆိုသော် ထန်ဝူလင်းကိုယ်ထဲတွင် အပူစွမ်းအားတစ်ခု နိုးထလာသောကြောင့်ဖြစ်သည်။
‘ရွှေကြေးခွံများပေါ်လာတော့မှာလား။ ရွှေကြေးခွံတွေက ဒီလိုတိုက်ခိုက်ခံရတဲ့အခြေအနေတွေမှာသာပေါ်လာတာပေါ့ ‘
သို့သော်
“ရပ်!” ဝူကျန်းခုံသည် သူတို့နှစ် ဦး ကြားရုတ်တရက်ပေါ်လာပြီးပွဲကိုရပ်လိုက်သည်။
“ရှဲ့ရှဲ့ နိုင်ပြီ”
ရှဲ့ရှဲ့သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးထဲတွင်ကြည်နူးမှုများပေါ်လာသည်။ နောက်ဆုံးတော့သူအနိုင်ရခဲ့ပြီ!
ဝမ်းသာမျက်ရည်များပင်စို့တက်လာသည်။
“ ပြိုင်ပွဲပြီးသွားပြီ၊ မင်းတို့အားလုံး ဘယ်လိုခံစားရလဲ “
ကျောင်းသားများထံမှ မည်သည့်အသံမှထွက်မလာပေ။
“ မင်းတို့အားလုံးကိုအတန်းငါးမှာထားတာလဲမဆန်းပါဘူး၊ မင်းတို့ အသုံးကိုမကျဘူး။ မင်းတို့မြင်တဲ့အတိုင်းပဲ။ ထန်ဝူလင်း ရဲ့သိုင်းဝိညာဉ်ကဘာလဲ။ အဲ့တာက လူသိများသောအမှိုက်သိုင်းဝိညာဉ်ဖြစ်တဲ့ ငွေပြာမြက်ပဲ။ ဒါပေမယ့် သူ ကဖိုင်နယ်ကိုတက်နိုင်ခဲ့ပြီးနောက်ဆုံးပွဲစဉ်ကိုတောင်အနိုင်ရရှိခဲ့တယ်။ ”
“ငါအနိုင်ရသူမဟုတ်ဘူးလား”
ရှဲ့ရှဲ့၏ အသံထွက်လာလေသည်။ ဝူကျန်ခုံက ရှဲ့ရှဲ့ကိုလျစ်လျူရှုပြီး
“သူကသူ့ရဲ့သိုင်းဝိညာဉ်ကိုသာမက သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပါ အသုံးပြုခဲ့တယ်။ အဲ့တာကြောင့် လူတိုင်း ခန္ဓာကိုယ် သန်မာအောင် မနက်ဖြန်ကစပြီး လေ့ကျင့်ရေးလုပ်ရမယ်။ ဒီမနက်အတန်းဒီမှာပဲပြီးပြီ။ အတန်းဖြုတ် “
“ရှဲ့ရှဲ့ထန်ဝူလင်း ငါ့နောက်လိုက်ခဲ့”
…….
ဝူကျန်းခုံက ကျောင်းသားနှစ်ယောက်ကိုသူ့ရုံးခန်းထဲကိုခေါ်သွားခဲ့သည်။ အခန်းထဲတွင်စားပွဲတစ်လုံး၊ ဗီရိုတစ်လုံးနှင့်ကုလားထိုင်တစ်လုံးမှ လွဲ၍ ဘာမှမရှိပေ။
“ ငါရည်ညွှန်းခဲ့တဲ့အသုံးမကျတဲ့ကျောင်းသားတွေထဲမှာ မင်းနှစ်ယောက်စလုံးပါတယ်။ ”
ဝူကျန်ခုံသည် ထန်ဝူလင်းကိုကြည့်ပြီး
“ မင်းရဲ့တိုက်ခိုက်ပုံကကောင်းပါတယ်။ ဒါပေမဲ့မင်းရဲ့ ဝိညာဥ်စွမ်းအားက အရမ်းနည်းနေတယ်။ ဒါ့ပေမဲ့ မင်းရဲ့ ငွေပြာမြက်က သာမာန်မဟုတ်ဘူး ထူခြားနေတယ်။ မင်းသာဝိညာဥ်စွမ်းအားများများရှိမယ်ဆို မင်းရှုံးမှာမဟုတ်ဘူး။ မင်းသံတူတွေကိုဘယ်လိုသုံးလိုက်တာလဲ “