အခန်း (၅၆)
Vol. 4 Ch. 56
“ ကျနော်ပန်းပဲသင်ဖူးတယ် “
ဝူကျန်းခုံက “ မင်းက ဝိညာဥ်မာစတာတစ်ယောက်ဖြစ်ရဲ့နဲ့ ဘာမှမဟုတ်တဲ့ပန်းပဲကိုသင်တယ်ပေါ့လေ “
ထန်ဝူလင်း ကခေါင်းငြိမ့်လိုက်ပြီး
“ ဒါပေမယ့်ငါ့ရဲ့သိုင်းဝိညာဉ်ကအမှိုက်လို့လူတိုင်းကပြောကြတယ်။ ပြီးတော့ငါ့ရဲ့ စိတ်ဝိညာဉ်လည်းမကောင်းဘူး ... “
ဝူကျန်ခုံ ကကြားဖြတ်ပြီး
“ ဒါကြောင့် မင်းပန်းပဲသမားဖြစ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့ ဘယ်လောက်မိုက်မဲတဲ့အရာလဲ။ ဒါကိုမင်းမှတ်ထား၊ မင်းကငါ့တပည့်။ ငါမင်းကိုအသုံးမကျဘူးလို့မယူဆရင်မင်းရဲ့ကြိုးစားအားထုတ်မှုအားလုံးကို ဝိညာဥ်မာစတာ တစ်ယောက်အဖြစ်တိုးတက်အောင်လုပ်ရမယ်။ ”
“ ဟုတ်ကဲ့ ” ထန်ဝူလင်းပြောလိုက်သည် ။
သို့သော်သူသည်ပန်းပဲပညာကိုစွန့်လွှတ်မည်မဟုတ်ပေ။
ဝူကျန်းခုံ လှည့်လိုက်ပြီး ရှဲ့ရှဲ့ကိုကြည့်လိုက်သည်။
“မင်းက ဘာရယ်တာလဲ? မင်းကသူ့ထက်ပိုကောင်းတယ်လို့ထင်လို့လား။ မင်းရဲ့အမွှာသိုင်းဝိညာဉ်တွေကိုဖုံးကွယ်ရတာတကယ်ပျော်စရာကောင်းလား။ မင်းမှာအဆင့် ၁၈ ဝိညာဉ်စွမ်းအားရှိပြီးအမွှာသိုင်းဝိညာဥ်နဲ့မွေးလာတာမလို့ မင်းကိုယ်မင်းဂုဏ်ယူနေတာလား “
ရှဲ့ရှဲ့ ကခေါင်းကိုမော့လိုက်ပြီး ဝူကျန်းခုံကိုအံ့သြစွာကြည့်သည်။
‘ဆရာဘယ်လိုသိတာလဲ။ ‘
ဝူကျန်းခုံ က
“ မင်းသွားရမယ့်ခရီးကအများကြီးကျန်သေးတယ်။ အမွှာသိုင်းဝိညာဉ်ရှိတဲ့သူတွေတောင် အမှိုက်များဖြစ်နိုင်တယ်ဆိုတာ မင်းမှတ်ထား “
“ ဆရာ၊ အမွှာသိုင်းဝိညာဉ်ဆိုတာဘာလဲ”
ထန်ဝူလင်းထူးဆန်းစွာမေးလိုက်သည်။
ဝူကျန်းခုံ၏မျက်ခုံးများတွန့်သွားပြီးမျက်မှောင်ကြုတ်လိုက်သည်။
“ မင်းရဲ့မူလတန်းအကယ်ဒမီဆရာကဘယ်လောက်အရည်အချင်းမရှိတဲ့ ဆရာလဲ။ မင်းကို အမွှာသိုင်းဝိညာဉ်နှစ်ခုအကြောင်းမသင်ပေးခဲ့ဘူး လား။ အမွှာသိုင်းဝိညာဉ်ဆိုတာလူတစ်ယောက်ထဲမှာ သိုင်းဝိညာဉ်နှစ်ခုရှိတာကိုပြောတာပဲ။ သိုင်းဝိညာဉ်နှစ်ခုရှိခြင်းရဲ့အကျိုးကျေးဇူးကတော့ သိုင်းဝိညာဥ် ၂ ခု ပိုင်ဆိုင်နိုင်ပြီးတော့ မွေးရာအဆင့် ၁၀ ဝိညာဥ်စွမ်းရည်ကို ရနိုင်တယ်။ ဒါပေမယ့် သူတို့မှာလည်း ကန့်သတ်ချက်တွေရှိတယ်။ သိုင်း ၀ိညာဉ်နှစ်ခုကို ဝိညာဥ်ကွင်းထည့်ဖို့ စိတ်ဝိညာဥ်တွေ အများကြီးလိုအပ်တာပဲ။ ဝိညာဥ်ကွင်း ၁၈ကွင်းအတွက် စိတ်ဝိညာဥ်တွေ အနည်းဆုံး ၁၀ ကောင်လောက်လိုတယ်။ လူတစ်ယောက်က ဒီလောက်များတဲ့ စိတ်ဝိညာဥ်တွေကို လက်မခံနိုင်ဘူး။ ဝိညာဥ်စေတီတော်တည်ထောင်သူလိုမျိုး ဝိညာဥ်ရေးရာစွမ်းအားမှာ ထိပ်ဆုံးရောင်နေတဲ့လူတွေပဲ လုပ်နိုင်လိမ့်မယ်။။ ဒါကြောင့် အမွှာသိုင်းဝိညာဥ်ပိုင်ရှင်တွေက ဝိညာဥ်ကွင်းအတွက် အားကြီးတဲ့ စိတ်ဝိညာဥ်တွေကို အသုံးပြုရတယ်။ ဒါကြောင့် သူတို့လမ်းကလည်း အရမ်းခက်ခဲ ပြီး အချိန်မရွေး လမ်းလွဲသွားနိုင်တယ်။ ရှဲ့ရှဲ့ရဲ့သိုင်းဝိညာဥ်တစ်ခုက အလင်းနဂါးဓားမြှောင်ပဲ။ နောက်တစ်ခုကလည်း ထူးထူးခြားခြားတော့ မဟုတ်ဘူး။ ငါထင်တာမမှားရင် သာမန်မျက်စိနဲ့ မမြင်ရတဲ့ ကိုယ်ပျောက်နေတဲ့ ဓားမြှောင်တစ်လက်ပဲ။ မင်းရဲ့ နောက်ကျောကို ထိုးသွားတဲ့ ဓားမြှောင်ကို အခုနားလည်ပြီမလား ။ မင်းမကာကွယ်လိုက်နိုင်တာက သူ့ရဲ့ နောက်ဓားမြှောင်တစ်ခုကို မင်းမမြင်လိုက်ရလို့ပဲ “
ထန်ဝူလင်း သည် ရှဲ့ရှဲ့ ဆီသို့ကြည့်လိုက်သည်။ သူ့တွင် အမှိုက်သိုင်းဝိညာဥ်သာ ရှိသော်လည်း ရှဲ့ရှဲ့တွင်တော့ သိုင်းဝိညာဥ် ၂ ခုပင် ရှိနေလေသည်။
ဝူကျန်းခုံက ဆက်ပြီး
“ စာသင်နှစ် တစ်ဝက်ရောက်တိုင်းအကယ်ဒမီမှာပြိုင်ပွဲရှိတယ်။ အဲ့ ဒီပြိုင်ပွဲကို အတန်းမြှင့်တင်ရေးပြိုင်ပွဲ လို့ခေါ်တယ်။ “ “
“အတန်းမြှင့်တင်ရေးပြိုင်ပွဲ?” ထန်ဝူလင်း စိတ်ဝင်စားသွားသည်။
ဆရာဝူက
“အတန်းတိုင်းက သူတို့ထက်ပိုမြင့်တဲ့အတန်းကိုစိတ်ခေါ်ရမယ် နိုင်ရင်အဆင့်တက်မယ် ပြောရရင် ငါတို့အတန်းငါးက အတန်းလေးကိုစိတ်ခေါ်လို့နိူင်ရင် ငါတို့က အတန်းငါးမဟုတ်တော့ဘူး အတန်းလေးဖြစ်လာလိမ့်မယ် အ့လို ပဲ တစ်ဆင့်ချင်းစိန်ခေါ်သွားရင် ငါတို့က အတန်းတစ်တောင်ဖစ်နိုင်တယ် “
ထိုအခါ သဘောပေါက်သွားသော ရှဲ့ရှဲ့က “ စိတ်ချပါဆရာ ကျတော် အတန်းတစ်ဖြစ်အောင် လုပ်ပေးပါ့မယ် “
ဆရာဝူက “ မင်းမှာ အမွှာသိုင်းဝိညာဥ်ရှိတာနဲ့ အတန်းအားလုံးကို နိုင်မယ်ထင်နေတာလား။ မင်းမှာလိုက်ဖက်တဲ့တွဲဖက်ရှိဖို့လည်းလိုတယ်။ ပြိူင်ပွဲမှာမင်းထက်မြင့်တဲ့လူတွေချည်းပဲ “
ရှဲ့ရှဲ့က “ ဆရာ ကျနော့်ကို ထန်ဝူလင်းနဲ့တွဲပေးဖို့ကြံစဥ်နေတာတော့မဟုတ်ပါဘူးနော် “
ဆရာဝူက “ မင်းမှာအခြားရွေးစရာလူရှိလို့လား မရှည်နဲ့ “
“ ပြိုင်ပွဲက နောက်တစ်လနေရင်စမယ်။ မင်းတို့နှစ်ယောက်လုံးကို စာသင်ချိန်အပြင် သီးသန့်လေ့ကျင့်ဖို့ အချိန်ဇယားငါဆွဲပေးမယ်။ ငါကိုယ်တိုင်လေ့ကျင့်ပေးမယ် အ့တာပဲ “
ဝူကျန်းခုံမှာ ထန်ဝူလင်းတို့ကို ပြန်လွှတ်လိုက်လေသည်။
ထန်ဝူလင်းက “ ရှဲ့ရှဲ့ ငါအပြင်သွားလိုက်ဦးမယ် နောက်ကျမင်းကိုငါထမင်းပြန်ဝယ်ကျွေးမယ်”
ရှဲ့ရှဲ့က “ ရတယ် မင်းသာငါ့ကိုပြိုင်ပွဲမှာရှုံးအောင်ဆွဲမချရင်ရပြီး “
ထန်ဝူလင်းက ပြုံးကာ
“ မင်းမျက်နာနာနေသေးလား”