အခန်း (၅၇)
Vol. 4 Ch. 57
အနာပေါ်တုတ်ကျသွားသော ရှဲ့ရှဲ့မှာ ရှူးရှူးရှဲ့ရှဲ့ဖြင့် ထွက်သွားလေသည်။
ထန်ဝူလင်း သည် အဆောင်သို့ တန်းမပြန်ပဲ အဆင့်မြင့် အကယ်ဒမီဖက်ကိုသွားခဲ့သည်။ အဆင့်မြင့်အကယ်ဒမီဘက်တွင် လျိုယွဲ့ရှင်းကိုသူ့သူငယ်ချင်းတွေနှင့်အတူတွေ့လိုက်ရသည်။
လျိုယွဲ့ရှင်းသည် ထန်ဝူလင်း ရောက်လာသဖြင့်
" ဝူလင်၊ ဘာကိစ္စရှိလို့လဲ "
ထန်ဝူလင်း သည်သူနှင့်အတူယူဆောင်လာသောဝိညာဉ်ကင်မရာကိုထုတ်ယူလိုက်သည်။
“ စီနီယာအစ်မ၊ ငါမင်းအတွက်ဓာတ်ပုံတစ်ချို့ရိုက်ခဲ့တယ်။ ကင်မရာပြန်ယူလိုက်ပါ။ ”
လျိုယွဲ့ရှင်း ကအနည်းငယ်မျက်နှာနီသွားပြီး
“အင်းအင်း။ မင်းရဲ့ကူညီမှုကိုကျေးဇူးတင်ပါတယ်၊ ငါမင်းကိုထမင်းလိုက်ကျွေးမယ်။ ”
ထန်ဝူလင်း ကချက်ချင်းခေါင်းယမ်းလိုက်သည်။
“ ရပါတယ် အစ်မ။ အဲ့လောက် မလိုပါဘူး။ ငါအလယ်တန်းအကယ်ဒမီမှာ ထမင်းပြန်စားလို့ရပါတယ်။ ”
တတိယကောင်တာမှအခမဲ့နေ့လည်စာကဲ့သို့သောကောင်းသော အရာမှာ ထန်ဝူလင်းအတွက်မရှိချေ။ သူ့ကိုဝယ်ကျွေးပါက လျိုယွဲ့ရှင်း ၏ ပိုက်ဆံအိတ်ဒေဝါလီခံသွားရမည်ကိုကြောက်ရသည်။
ထန်ဝူလင်းရိုက်လာသောပုံများကို လျိုယွဲ့ရှုင်း တို့သူငယ်ချင်တစ်စုဝိုင်းကြည့်နေကြရာ လျိုယွဲ့ရှင်းသည် သူ့သူငယ်ချင်းတွေကို ပုံများလိုချင်ပါက သူ့ကိုထမင်းနှစ်ခါလိုက်ကျွေးရမည်ဟု ညှိနှိုင်းနေသည်ကို ထန်ဝူလင်းမသိလိုက်ပေ။
ထန်ဝူလင်းသည် နေ့လည်စာစားပြီးသောအခါ နေ့ခင်းသင်တန်းသို့ဆက်လက်တက်ခဲ့သည်။
ဝူကျန်းခုံ သင်ကြားပေးသောတရားထိုင်ခြင်းနည်းလမ်းသည်မူလတန်းအကယ်ဒမီတွင်သင်ကြားခဲ့သောတရားထိုင်ခြင်းနည်းလမ်းထက်များစွာပိုရှုပ်ထွေးသည်။ သို့သော် ပိုမိုကောင်းမွန်လေသည်။ ထိုနည်းလမ်းသည် ဒဏ္ဍာရီလာ ရှီလိုင်ခဲ့အကယ်ဒမီ၏ကျင့်ကြံခြင်းနည်းလမ်းဖြစ်သည် ။
အတန်းပြီးသောအခါ ထန်ဝူလင်း သည်ထမင်းစားခန်းထဲသို့ပထမဆုံး၀င်လိုက်ပြီးသူ့ဗိုက်ကိုဖြည့်လိုက်သည်။
ဒီညသူ့အတွက်အရေးကြီးသောအလုပ်တစ်ခုရှိသည်။ လက်ရှိတွင်သူသည်ပန်းပဲသမား၏တံဆိပ်ကို ယူရန်ပန်းပဲအသင်းသို့သွားရမည်ဖြစ်ပြီး သူသည်အသင်းမှအလုပ်အချို့ကိုလည်းလက်ခံရမည်ဖြစ်သည်။
အထူးသဖြင့်သူသည်ဒင်္ဂါးတစ်သန်းကုန်ကျသောနှစ်တစ်ရာစိတ်ဝိညာဥ်အတွက် ပိုက်ဆံစုဆောင်းထားရန်အလွန်အရေးကြီးသည်။ သူသည်အနာဂတ်တွင်ထိုအရာအတွက်ပိုက်ဆံလုံလောက်သွားခဲ့လျှင်ပထမကောင်တာ မှစားစရာများ ၀ယ်စားလိုသေးသည်။ထန်ဝူလင်း သည် ပထမကောင်တာမှ စားစရာများကို စားပြီးနောက် သူ၏အင်အားမှာ ပိုမိုတိုးတက်လာသည်ကို ခံစားမိခြင်းကြောင့်ဖြစ်သည်။ သူသာနေ့စဉ်စားနိုင်လျှင်….
စိတ်လှုပ်ရှားစွာဖြင့်သူသည်အကယ်ဒမီ၏အဓိကဂိတ်မှထွက်လာခဲ့သည်။ သူသည် အကယ်ဒမီတံခါးနှင့်အနည်းငယ်ဝေးကွာနေချိန်တွင်အနက်ရောင်ဝိညာဉ်ကားတစ်စီးသည် ထန်ဝူလင်း စီသို့အရှိန်ပြင်းစွာမောင်းနှင်လာသည်။ ထန်ဝူလင်း ထိတ်လန့်သွားသည်။
"လမ်းဖယ်စမ်း!" စူးရှသောအသံတစ်ခုက ထန်ဝူလင်းအနောက်ဘက်မှထွက်ပေါ်လာသည်။
ထန်ဝူလင်းသည် အသံပိုင်ရှင်အား လှည့်ကြည့်သောအခါ ရွှေရောင်ဆံပင်ရှိသောဆယ်ကျော်သက်ကောင်မလေးကိုတွေ့လိုက်ရသည်။
ကားသည် ထန်ဝူလင်းကိုကျော်ကာ ထိုကောင်မလေးအနားတွင်ရပ်သွားလေသည်။
ကားမောင်းသမားသည်ကားထဲမှထွက်လာပြီး ထိုကောင်မလေးအတွက်တံခါးဖွင့်ပေးလေ သည်။
ဆယ်ကျော်သက်ကောင်မလေးသည်ကားပေါ်တက်ပြီးမကြာမီကားမောင်းသူသည်တံခါးကိုညင်ညင်သာသာပိတ်ကာ ယာဉ်မောင်းထိုင်ခုံသို့ပြန်သွားပြီးကားမောင်းထွက်သွားခဲ့သည်။ ဖုန်မှုန့်များသာ ထိုနေရာတွင်ကျန်ခဲ့သည်။
ချမ်းသာသောမိသားစုမှနောက်ထပ်ကလေးတစ်ယောက်….
ထန်ဝူလင်း မနာလိုမဖြစ်ဘူးလို့ပြောရရင် လိမ်ညာမှုတစ်ခုဟု ထင်ကြလိမ့်မည်။ သို့သော် ထန်ဝူလင်း သည်လုံးဝမနာလိုမဖြစ်ခဲ့ပါ။ သူဌေးတွေဟာတစ်ချိန်ကဆင်းရဲခဲ့ပြီး အခုရှိနေတဲ့နေရာကိုရောက်ရန် အတော်ကြိုးစားခဲ့ကျလိမ့်မည်ဟု သူယုံကြည်ထားသည်။ သူတစ်ပါးလုပ်နိုင်လျှင်သူလည်းလုပ်နိုင်မည်ဟု သူယုံကြည်လေသည်။
ထန်ဝူလင်းမျက်နှာတွင်အပြုံးတစ်ပွင့်နှင့်သူသည်ပန်းပဲဆရာများအသင်းသို့ ဦး တည်လျှောက်လှမ်းနေခဲ့သည်။
မုရှီ သည်မကြာသေးမီကအခြေအနေဆိုးရွားခဲ့သည်။ ၎င်းသည်လွန်ခဲ့သောနှစ်ရက်ကသူမ၏အပျော်ဆုံးနေ့ဖြစ်သင့်သည်။ သို့သော်လည်းအခြေအနေများရုတ်တရက်ပြောင်းလဲသွားသည်။
သူမသည်အကဲဖြတ်မှုအားလုံးကိုကျော်ဖြတ်ကာဒုတိယအဆင့်ပန်းဘဲသမားဘွဲ့ကိုရရှိခဲ့ပြီးနောက် သူမနှင့်အတူ ကိုးနှစ်အရွယ်ကလေးတစ် ဦး သည် ထိုအဆင့်ကိုအောင်မြင်ခဲ့ကြောင်းသိလိုက်ရသည်။
အသက်ကိုးနှစ်အရွယ် အဆင့် ၂ ပန်းပဲဆရာ…
မုရှီသည် ဖခင်တားနေသည့်ကြားက ပန်းပဲဆရာဘဝကိုခံယူရင်း ဖခင်ကို ဂုဏ်ယူစေချင်ခဲ့သည်။ ဖခင်၏ သိုင်းဝိညာဥ်နှင့်အတူ အသက် ၁၁ နှစ်တွင် အဆင့် ၁ ပန်းပဲဆရာဖြစ်ပြီး အသက် ၁၃နှစ်တွင် အဆင့် ၂ ပန်းပဲဆရာဖြစ်လာသည်။ သို့သော် သူ၏ စံချိန်ကို အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက်က ရိုက်ချိုးသွားခဲ့သည်။ ထိုကလေးသာ မရှိပါက သူမသည် ကုန်းမြေတစ်ခုလုံးတွင် အသက်အငယ်ဆုံး အဆင့် ၂ ပန်းပဲ ဆရာဖြစ်လာမည်ဖြစ်သည်။
ယနေ့တွင် ထိုကလေးသည် ပန်းပဲဆရာ အသင်းကိုလာ၍ အဖွဲ့တံဆိပ်ကို လက်ခံယူမည်ဟုသူကြားထားသည်။ ထို့ကြောင့် ထိုကလေးတွင် ခေါင်းသုံးလုံး လက်ခြောက်ဖက်များရှိနေမည်လားဟု သူမြင်ချင်သည်။