အခန်း (၅၈)
Vol. 4 Ch. 58
ထန်ဝူလင်းသည်ပန်းပဲဆရာများအသင်းသို့ခြေမချမီ ပန်းပဲဆရာအသင်းအဆောက်အဦး၏ ဆိုင်းဘုတ်ပေါရှိ တူပုံစံ အမှတ်အသားကြီးကိုကြည့်လိုက်သည်။
သူသည် ဤနေရာကိုတစ်ခါသာ ရောက်ဖူးသေးသော်လည်း ဤနေရာကိုသဘောကျနေပြီဖြစ်သည်။
အရှေ့ပင်လယ်မြို့ သို့ရောက်ရှိပြီးနောက်ဤနေရာသည်သူ့နှင့်အရင်းနီးဆုံးတစ်ခုတည်းသောနေရာဖြစ်သည်။ ဤနေရာသည်သူ့အားယုံကြည်ချက်ပေးသောနေရာလည်းဖြစ်သည်။
ယွမ်ရှောင်လင်သည် ထန်ဝူလင်း ဝင်လာသည်ကိုမြင်လိုက်သည်။ ထန်ဝူလင်းကို အထူးစောင့်ဆိုင်းရန်အထက်လူကြီးများကအမိန့်ပေးခဲ့ခြင်းကြောင့်
"ထန်ဝူလင်း မင်းနောက်ဆုံးတော့ရောက်လာပြီ"
ကိုးနှစ်သားအရွယ်တွင်သူသည်ဒုတိယအဆင့်ပန်းဘဲသမားဖြစ်လာသည်။ သူဒီစွမ်းဆောင်ချက်ကိုဘယ်လိုဖြစ်မြောက်အောင်လုပ်ခဲ့တာလဲ။
သတင်းအရသူသည်ဌာနချုပ်၏စံချိန်မှတ်တမ်းကိုချိုးဖျက်ပြီးပြီဖြစ်သည်။
ပန်းပဲအဖွဲ့စည်း ၌အသက်အငယ်ဆုံးပထမအဆင့် ပန်းပဲသမား၏စံချိန်ကိုသူတို့၏လက်ရှိခေါင်းဆောင် က အသက်ရှစ်နှစ်ဖြင့်မှတ်တမ်းတင်ထားသည်။ သို့သော်ခေါင်းဆောင် သည်ဆယ့်နှစ်နှစ်အရွယ်တွင်ဒုတိယအဆင့် ပန်းဘဲသမားဖြစ်လာသည်။ ခေါင်းဆောင်းက ထန်ဝူလင်း ထက်သုံးနှစ်နောက်ကျ သည်။
အသင်းက ဤကလေးလေးကိုအလွန်တန်ဖိုးထားပြီး ၀ န်ထမ်းများအား သူရောက်လာသည်နှင့် ချက်ချင်းခေါ်လာရန်အမိန့်ပေးထားခဲ့သည်။
"မင်္ဂလာပါအစ်မ ရှောင်လင်"
ယွမ်ရှောင်လင် ပြုံးလိုက်သည်။ “ မင်းကတကယ်ကိုတော်တယ်။ မင်းကဒုတိယအဆင့်ပန်းပဲစာမေးပွဲအောင်မြင်ခဲ့တယ်လို့ငါကြားတယ်။
ထန်ဝူလင်း ၏မျက်နှာသည်ရှက်ရွံ့မှုကြောင့်နီရဲလာသည်။
" ငါကံကောင်းခဲ့တာပါ ”
ယွမ်ရှောင်လင်း ကရယ်လိုက်မိသည်။ "မင်းကအရမ်းငယ်နေသေးပေမယ့် ရှက်တတ်တာပဲ။ ကဲလာပါ၊ ငါမင်းကိုခေါ်သွားမယ် "
"ကျေးဇူးအများကြီးတင်ပါတယ်အစ်မ"
ဝိညာဉ်ဓာတ်လှေကားပေါ်သို့တက်ပြီးနောက် အမြင့်ဆုံးအထပ်သို့ ခလုတ်ကိုနှိပ်နေသည်ကို မြင်ရ၍ ထန်ဝူလင်း ထိတ်လန့်သွားသည်။ "အမ ကျတော် တို့ဘယ်သွားမလို့လဲ"
ရှောင်လင် ပြုံးလိုက်သည်။
"ငါတို့မင်းရဲ့ဘွဲ့တံဆိပ်ကိုယူသွားကြမယ်"
ဓာတ်လှေကားသည်လျင်မြန်စွာတက်သွားပြီးအပေါ်ဆုံးထပ်သို့ရောက်သွားသည်။ နံရံများအားလုံးကိုဖန်များဖြင့်ပြုလုပ်ထားသည်၊ ဤအမြင့်၌သူသည် အရှေ့ပင်လယ်မြို့ ၏ထက်ဝက်နီးပါးကိုမြင်နိုင်လေသည်။ မိုးမျှော်တိုက်များစွာသည်မြို့ကိုအလှဆင်နေသည်။ အခြားတစ်ဖက်တွင်အပင်အရေအတွက်များစွာဖုံးလွှမ်းနေပြီးမြို့ကိုလှပစေပြန်သည်။ ရှောင်လင်က ဝန်ထမ်းတစ်ယောက်ကို
“ ခေါင်းဆောင်ကိုပြောပေးပါ ကောင်လေးရောက့လာပြီလို့ “
သိပ်မကြာခင်မှာပဲလူအုပ်တစ်ခု၏ခြေသံများချဉ်းကပ်လာသည်။
မုချန် သည်ရှေ့တွင်ရှိနေသည်။ မုချန်က ထန်ဝူလင်းကိုမျှော်နေခြင်းဖြစ်ပြီး ချန်ယွဲ့ သည်လည်းနောက်မှလိုက်လာခဲ့သည်။ အခြားသူများကလည်း ထန်ဝူလင်းကိုစောင့်မျှော်နေကြသည်။ အထူးသဖြင့် မုရှီ…
“ ခေါင်းဆောင် “
ယွမ်ရှောင်လင် မတ်တပ်ရပ်ပြီး လေးစားစွာနှုတ်ဆက်သည်။
မုချန် ကပြုံးပြီးခေါင်းညိတ်သည်။ နောက်အခိုက်အတန့်တွင်သူ၏အကြည့်သည် ထန်ဝူလင်း အပေါ်ကျသွားသည်။
ချန်ယွဲ့ သည်ဝူလင်း နံဘေးသို့လျှောက်သွားပြီး
“ ဝူလင်း ဒါကအရှေ့ပင်လယ်ပန်းပဲဆရာအသင်းဥက္ကဋ္ဌ မုချန်ပဲ" သူက ဒီကုန်းမြေမှာ အဆင့်အမြင့်ဆုံးသူတော်စင်ပန်းပဲဆရာအဖြစ်လည်းကျော်ကြားတယ်။ ”
သူတော်စင်ပန်းပဲဆရာ လား။ ထန်ဝူလင်း၏မျက်လုံးများသည်တောက်ပလာသည်။ မန်ထျန်းသည် သူတော်စင်ပန်းပဲဆရာများအကြောင်း သူ့ကိုပြောပြဖူးသည်။ သတ္တမနှင့်အဋ္ဌမအဆင့်ပန်းဘဲဆရာများသည် ထိုဘွဲ့ကိုရနိုင်သည်။ သူသည် သူတော်စင်ပန်းပဲဆရာတစ်ယောက်နဲ့ ဒီလောက်မြန်မြန်တွေ့နိုင်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်မိခဲ့ဘူး။
ထိုအပြင် ဤခေါင်းဆောင်သည် သူ့ဆရာထက်ပင် အသက်ကြီးပုံမပေါ်ပေ။ “ သူကတကယ်ကိုတော်တဲ့သူပဲ။ ဒါကသူဝတ်ထားတာသူတော်စင်အဆင့် တံဆိပ်လား။ ကြယ်ရှစ်လုံးလား။ ကြယ်ရှစ်ပွင့် သူတော်စင် ပန်းပဲဆရာ “
"မင်္ဂလာပါခေါင်းဆောင်" ထန်ဝူလင်း ဦး ညွှတ်လိုက်သည်။
"မင်းလား?" မုချန် ၏နံဘေး၌ မုရှီ ထံမှအံ့သြသောအသံတစ်ခုထွက်လာသည်။ မုရှီအတွက်သူသည် သူမထံမှအရာအားလုံးကိုခိုးယူခဲ့သူဖြစ်သည်။ ထန်ဝူလင်း အနည်းငယ်အံ့သြသွားပြီးသူက မုချန် ကိုမြင်လိုက်ရသောအခါ
'ဒီကောင်မလေးကဒီမှာဘာလုပ်နေတာလဲ။ '
မုချန် ကသူ့သမီးကိုအံ့သြစွာကြည့်လိုက်သည်။
"ရှီရှီ၊ မင်းတို့တစ်ယောက်နဲ့တစ်ယောက်သိတာလား"
မုရှီ သည် ထန်ဝူလင်း ကိုကြည့်ပြီး“ မသိပါဘူး။ ဒါပေမယ့်ငါတို့ကအကယ်ဒမီတူတယ်ထင်တယ်။ ”
မုချန် ပြုံးလိုက်သည်။ "မင်းက အရှေ့ပင်လယ်အကယ်ဒမီ မှာဘယ်အတန်းလဲ။ "
ထန်ဝူလင်း က“ ငါဒီနှစ်ကျောင်းသားသစ်အဖြစ်အကယ်ဒမီကို ၀ င်ခဲ့ပါတယ်။ ငါကပထမတန်း၊ အတန်းငါးကပါ “
အတန်းငါးဟူသည်ကိုကြားလိုက်တဲ့အခါ မုရှီ ရဲ့အမူအရာကချက်ချင်းဆိုသလိုအထင်အမြင်သေးသွားခဲ့သည်။
ထုံးစံအတိုင်းသူသည်အတန်းငါးအကြောင်းသိထားသည်။ ထိုအတန်းသည် ဝိညာဥ်ဂရမ်းမာစတာအဆင့်ကိုပင် မဖြတ်ကျော်နိူင်သော ကျောင်းသားများ စုဝေးနေသောအတန်းဖြစ်သည်။
အတန်းကိုကြားလိုက်သော်လည်း မုချန်ရဲ့သဘောထားကမပြောင်းလဲခဲ့ပေ။
"ချန်ယွဲ့ ကပြောတော့ ဒုတိယအဆင့်စာမေးပွဲအောင်မြင်တယ်လို့ကြားတယ် ဒါဟာတကယ့်ကိုအံ့သြဖွယ်အောင်မြင်မှုတစ်ခုပါ။ ပန်းပဲအဖွဲ့အစည်း မှာ မင်းက စံချိန်သစ်တစ်ခုတင်လိုက်တာကိုသိရဲ့လား။ မင်းကငါတို့ရဲ့ဆက်ခံသူဖြစ်ဖို့ထိုက်တန်တယ်လို့ငါတို့တကယ်ခံစားရတယ်။ ”
ထန်ဝူလင်း ၏သေးငယ်သည့်မျက်နှာသည်ရှက်ရွံ့မှုကြောင့်နီရဲလာသည်။ သူတစ်ပါး၏ချီးမွမ်းမှုနှင့်ရင်ဆိုင်ရသောအခါမည်သို့တုံ့ပြန်သင့်သည်ကိုမသိပေ။
“ ခေါင်းဆောင် ခင်ဗျာ ကျနော်တံဆိပ်ရတာနဲ့ အလုပ်လုပ်လို့ ရပြီလားဗျ “ ထန်ဝူလင်းမေးလိုက်တယ်။
မုချန် ရယ်လိုက်မိသည်။ "ဟုတ်ပါတယ်မင်းလုပ်နိုင်ပါတယ်။ "
ချန်ယွဲ့က ပြုံးလိုက်သည်။
“ ခေါင်းဆောင်က မင်းရဲ့တံဆိပ်ကိုကိုယ်တိုင်ကိုယ်ကျပေးအပ်ဖို့တစ်နေကုန်စောင့်နေတာ ”
ယွမ်ရှောင်လင် သည်ငွေရောင်ဗန်းကိုကိုင်လျက်လျှောက်ခဲ့ပြီး ဗန်းပေါ် တွင်တံဆိပ်တစ်ခုရှိနေသည်။
တံဆိပ်သည်အပြာရောင်နောက်ခံ၊ ပြူးထွက်နေသောတူနှင့်အဖြူရောင်ကြယ်နှစ်လုံးပါသောဆဋ္ဌဂံပုံစံရှိသည်။
မုချန် သည် ထန်ဝူလင်း ၏အင်္ကျီညာဘက်ရင်အုံတွင်တံဆိပ်ကိုကိုယ်တိုင်တပ်ပေးခဲ့သည်။
“ ယခုကစပြီး မင်းက ပန်းပဲဆရာအသင်းရဲ့အဖွဲ့ဝင်တစ် ဦး ဖြစ်သွားပြီ။ ပန်းပဲသမားတစ် ဦး အနေနဲ့မင်းရဲ့အလုပ်အားလုံးကိုစိတ်ရောကိုယ်ပါ အားစိုက်ပြီးအောင်ပြီးမြောက်လိမ့်မယ်လို့ငါမျှော်လင့်တယ်။ အသိဥာဏ်ရရှိရန်မင်းရဲ့ ဦးနှောက်အသက်ကို သုံး၍ ဉာဏ်အလင်းရရန်မင်းရဲ့တွေးခေါ်နိုင်စွမ်းကိုသုံးပါ။ စစ်မှန်တဲ့ပန်းဘဲသမားတစ် ဦးက သတ္တုကိုပုံသွင်းသန့်စင်ရုံသာမက
အသက်လည်းသွင်းပေးနိင်ရမယ် “
ထန်ဝူလင်း သည်သူ၏တံဆိပ်ကိုညင်သာစွာထိလိုက်သည်။ နောက်ဆုံးတွင်သူသည်ပန်းပဲသမားဖြစ်လာပြီဖြစ်သည်။
"ငါမင်းနဲ့ပြိုင်ချင်တယ်!" မုရှီ သည် မုချန်ဘေးမှရုတ်တရက်ကြားဖြတ်ပြောလိုက်သည်။ ထန်ဝူလင်း သည် သူမတွင်လည်း သူ့ကဲ့သို့ တူညီသောတံဆိပ်တစ်ခုရှိနေသည်ကိုသတိပြုမိသည်မှာယခုမှသာဖြစ်သည်။