← Chapters

အခန်း (၅၁၆)

Vol. 37 Ch. 516

အခန်း (၅၁၆)

Vol. 37 Ch. 516

“အကြီးအကဲယဲ့၊ ကျွန်တော့်ကို ရှောင်လင်လို့ပဲ ခေါ်လိုက်ပါလား?” လင်တုရှိုသည် အခက်တွေ့စွာပြုံးကာ ပြန်လည်ငြင်းဆန်ဖို့ကြိုးစားမိ၏။

“မရဘူး၊ ငါ မင်းကို ရှို့အာလို့ပဲ ခေါ်မယ်!”

ထို့နောက် ခပ်တည်တည်ထပ်မေးလာသည်။ “ဘာလဲ နားထောင်မကောင်းဘူးထင်လို့လား?!”

စကားလုံးများထဲတွင် ထက်ရှသောအရှိန်အဝါတစ်ခု ကိန်းအောင်းပါဝင်လာသည်။

လင်တုရှို၏ နှလုံးသားသည် တဒိတ်ဒိတ်ခုန်လှုပ်နေသည်။ ဤသူသည် နတ်ဆိုးဂိုဏ်းချုပ်ပင်လျှင် နာခံရသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ သူဒီ့ထက် ခေါင်းမာနေလို့မဖြစ်။

ဘာဖြစ်လဲကွာ!

ရှို့အာဆိုလည်း ရှို့အာပေါ့!

နတ်ဆိုးဂိုဏ်းချုပ်လို ဒိတ်ဒိတ်ကြဲတောင် ရှောင်ဟုန်လို့အခေါ်ခံရသေးတာပဲ!

ငါတို့အားလုံး တစ်လှေတည်းစီးတွေပဲ!

“မဟုတ်ရပါဘူးခင်ဗျာ မဟုတ်ရပါဘူး၊ အခေါ်အဝေါ်က အရမ်းရင်းနှီးလွန်းတဲ့အတွက် ဒီငယ်သားက အသားမကျသေးတာပါ” လင်တုရှိုသည် ချွေးများရွှဲနစ်နေအောင်ထွက်ရင်း လက်ကိုအကြိမ်ကြိမ်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ နောက်နည်းနည်းကြာရင် အသားကျသွားလိမ့်မယ်” ယဲ့ကျွင်းလင်သည် စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်လိုက်သည်။

စကားပြောနေစဥ်တွင် သူ၏အကြည့်သည် လင်တုရှိုဘေးမှလူဆီ ဝေ့ဝဲသွားသည်။ ထိုလူ၏အမူအရာ အလွန်မသက်မသာဖြစ်နေသည်မှာ ဝမ်းချုပ်နေသလားဟုပင် အတွေးဝင်စေသဖြင့် ယဲ့ကျွင်းကျင်စိုးရိမ်တကြီးမေးလိုက်သည်။ “ဒီ ညီလေး အဆင်ပြေရဲ့လား”

ကျိပါရှောင်သည် စကားဆိုချင်သော်ငြား ချင်ရူရန်ကိုကြောက်သဖြင့် ထိန်းထားရခြင်းသာဖြစ်၏။ သူဒီ့ထက်လည်း ပိုထိန်းချုပ်မထားနိုင်တော့။ ချင်ရူရန်ကို ကူကယ်ရာမဲ့စွာ လှမ်းကြည့်လိုက်သည်။

ချင်ရူရန်မှာ ဆွံ့အသွားရ၏။ ဒီလူ ဘယ်ကတည်းက ဒီလောက်လိမ္မာသွားတာလဲ?

“ပြောပါ”

ချင်ရူရန်၏ နှုတ်ခမ်းနီနီများက စကားတစ်လုံးထွက်ကျလာသည်။

ထိုစကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျိန်စာတစ်ခုအား ရုပ်သိမ်းလိုက်သကဲ့သို့ ကျိပါရှောင်သည် ချက်ချင်းပင် အသစ်ပြန်လည်မွေးဖွားလာသည်ဟု ခံစားရသည်။ သူ၏မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာတော့၏။

ထို့နောက် တလက်လက်တောက်နေသော မျက်လုံးများဖြင့် ယဲ့ကျွင်းလင်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ စကားလုံးများက ဒလဟောသွန်ကျလာတော့၏။ “အကြီးအကဲယဲ့၊ ကျွန်တော် အကြီးအကဲကို ခုနက မြင်လိုက်ရတော့ မတွေ့ဆုံရတာ အရမ်းကြာနေပြီဖြစ်တဲ့ ဆွေမျိုးတစ်ဦးလို ထူးခြားတဲ့ ရင်းနှီးမှုကို ခံစားရတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေမှာ သွေးသားဆွေမျိုး ပတ်သက်မှုတစ်ခု ရှိနေနိုင်တယ်။ အကြီးအကဲ စိတ်မရှိဘူးဆိုရင်၊ ဒီငယ်သားက အကြီးအကဲကို ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုချင်ပါတယ်!”

ကျိပါရှောင်သည် ပါလာသောဦးနှောက်ကို အမြဲလိုလို သုံးလေ့မရှိဘဲ မျက်နှာအရေအလွန်ထူသူတစ်ဦးသာဖြစ်၏။ သူတော်စင်တစ်ဦး၏ ဂုဏ်သိက္ခာဟန်ပန်များကို အရေးမစိုက်တတ်ပေ။

သို့သော် အရေးအကြီးဆုံးအချက်မှာ သူသည် ဟုန်ချန်ယဲ့နှင့် လျန်ချန်ပိကြားမှ တိုက်ပွဲကို မြင်ခဲ့ရသည်။ နောက်ပြီး ချင်ရူရန်၏ ပတ်ပတ်လည်ရှိ အရှိန်အဝါကိုလည်း ခံစားမိလိုက်သည်။ ဤသို့ဖြင့် သူတော်စင်နယ်မြေကြီးလေးခုမှ ပါရမီရှင်များကြားတွင် သူသည်သာ အားအနည်းဆုံးဖြစ်ကြောင်း ခါးသက်စွာ လက်ခံသိရှိခဲ့ရလေ၏။

သူ၏ကျင့်ကြံဆင့်သည် လက်ရှိတွင် ကောင်းကင်ဘုံမသေမျိုး အထွဋ်အထိပ်အဆင့်တွင်သာ ရှိသည်။ အခြားနေရာများတွင်ဆိုလျှင် လေနှင့်မိုးကိုဆင့်ခေါ်နိုင်သော တန်ခိုးရှင်တစ်ဦး ဖြစ်မည်ဆိုသော်ငြား ဤနေရာတွင်တော့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုတော့ပါချေ။

ယဲ့ကျွင်းလင်ပေါ်လာသည်ကို မြင်သောအခါ ကျိပါရှောင်သည် အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦးကို တွယ်ကပ်ရန် စိတ်ကူး ချက်ချင်းပေါ်ပေါက်လာသည်။ ဤကဲ့သို့ စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးတစ်ဦးကို သူ၏ ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုနိုင်မည်ဆိုလျှင် အားကိုးမှီတွယ်ရာတစ်ခုကို ခိုင်ခိုင်မြဲမြဲ ခြေကုပ်ယူထားနိုင်ပေမည်။

ဒီလိုခေါင်းကိုင်ဖခင်သာရှိရင် ဘာမှမလိုတော့ဘူး!

တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည်ကောင်းမွန်ခြင်းကား အလွန်အရေးပါသည်မှန်၏။ သို့သော် အင်အားကြီးနောက်ခံတစ်ခုရှိခြင်းက ပိုမိုထိရောက်အရေးပါသည်။

ထို့ကြောင့် ကျိပါရှောင်သည် ယဲ့ကျွင်းလင်ကို သူ၏ ခေါင်းကိုင်ဖခင်အဖြစ် ချက်ချင်း အသိအမှတ်ပြုရန် မစောင့်နိုင်တော့ပေ။ လက်ရှိနေရာတွင်ပင် ဦးညွှတ်အရိုအသေပြုကာ အသိအမှတ်ပြုရေး အခမ်းအနားကျင်းပရမည်ဆိုလျှင်တောင် သူတွန့်ဆုတ်နေမှာမဟုတ်။

ယင်းယန်သူတော်စင်နယ်မြေ သူတော်စင်၏ စကားကြောင့် လူအများဆွံ့အသွားကြသည်။

ဒါ ဒါကြီးက အရမ်း မျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလား?!

“စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလူရဲ့ မျက်နှာအရေထူချက်က ကျွန်တော့်ကိုတောင်ကျော်သွားပြီ” လီဝူကျယ် စိတ်ပျက်လက်ပျက် ညည်းညူလိုက်သည်။

ဟုန်ချန်ယဲ့၏ မျက်နှာမှာတော့ အလွန်မကျေမနပ်ဖြစ်နေသကဲ့သို့ အေးစက်တင်းမာလျက်။

“အစ်ကိုကျိ၊ ခင်ဗျား…” လင်တုရှို၏ အမူအရာသည်လည်း ထူးဆန်းနေဟန်ရှိ၏။ အစ်ကို့ဟာက အရမ်းကြီးသိသာနေပြီလေ။

“အကြီးအကဲယဲ့၊ အကြီးအကဲ စကားမပြန်ရင် ဒီငယ်သားက တိတ်ဆိတ်ခြင်းကို လက်ခံခြင်းလို့ပဲ ယူဆလိုက်ပါတော့မယ်!”

“ခေါင်းကိုင်ဖခင်၊ သားငယ်ရဲ့ ဦးညွှတ်မှုကို လက်ခံပါ!”

ကျိပါရှောင်သည် ပြောပြောဆိုဆိုပင် ဒူးထောက်ချပြီး ဦးညွှတ်ဖို့ပြင်လိုက်သည်။ အရှက်တရား နည်းနည်းမှမရှိ။

“ရပ်၊ ရပ်၊ ရပ်!”

ယဲ့ကျွင်းလင် လက်ကိုအလျင်အမြန်ဆန့်ထုတ်ကာ စွမ်းအားတစ်ရပ်ထုတ်လွှတ်လိုက်ပြီး သူ့ကို ဒူးထောက်မချနိုင်အောင် အတင်းအကျပ် တားဆီးလိုက်သည်။

ဘာတွေဖြစ်နေတာလဲ?

မဆီမဆိုင် သားတစ်ယောက်ကောက်ရတော့မှာလား?

“အကြီးအကဲယဲ့၊ ဘာကြောင့်များ…” ကျိပါရှောင်က သူ့ကို နားမလည်ပါးမလည်း ပြန်မော့ကြည့်နေသည်။

“အဟမ်း၊ အဟမ်း၊” ယဲ့ကျွင်းလင် ချောင်းဟန့်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်သော လေသံဖြင့် ဆူပူသည်။

“ခေါင်းကိုင်ဖခင်ဆိုတာမျိုးကို ဒီလိုကြုံရာဆွဲခေါ်ထည့်လို့ ဘယ်ဖြစ်မလဲ? ငါမင်းနာမည်ကိုတောင် မသိရသေးဘူးလေ!”

“အာ ဟုတ်သားပဲ ဒီဦးနှောက်ကတော့!”

ကျိပါရှောင် သူ့နဖူးသူရိုက်လိုက်ပြီး လက်များကို ယှက်ကာ ရိုသေစွာ ဦးညွှတ်လျှောက်တင်သည်။ “ဒီ ငယ်သားရဲ့နာမည်က ကျိပါရှောင်ပါ၊ ယင်းယန်သူတော်စင်နယ်မြေရဲ့ သူတော်စင်ဖြစ်ပါတယ်!”

“ဘာ? မင်း ဘာပြောလိုက်တယ်? မင်းနာမည်က ဘာတဲ့!” ယဲ့ကျွင်းလင် နားကိုသေချာစွင့်ကာ မေးခွန်းကိုထပ်မေးလိုက်သည်။

“ကျွန်…ကျွန်တော်က ကျိပါရှောင်ပါ!”

ထိုနာမည်ကို သေချာကြားလိုက်ရသောအခါ၊

ယဲ့ကျွင်းလင်သည် ထိုလူကို အပေါ်အောက် တစ်ချက်ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုသည် နှုတ်ခမ်းထောင့်တွင် ဖြစ်တည်လာ၏။ "လူနဲ့နာမည်နဲ့ လိုက်သားပဲ"

“ချီးကျူးတာ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲယဲ့!”

ကျိပါရှောင်သည် ထူးခြားသောနာမည်ကြောင့် ချီးကျူးခံရသည်ဟုထင်ကာ အလွန်ပျော်ရွှင်မြူးထူးနေသည်။

“ဒါဆို ဒီငယ်သားရဲ့ ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုမယ့်ကိစ္စက…”

“မရဘူး!”

“အယ်? ဘာလို့ မရတာလဲ?”

“အကြောင်းရင်းက ရိုးရှင်းပါတယ်၊ မင်းနာမည်ကိုမကြိုက်လို့”

ကျိပါရှောင်- “???”

(ကျိပါ‌ရှောင်ဆိုတာ တရုတ်လို မိဘစကားနားမထောင်သူ ဆိုတဲ့စကားလုံးနဲ့ အသံထွက်ဆင်ပါတယ်တဲ့)

၅၁၆

All Chapters