← Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

ချန်ယွဲ့ ကပြုံးပြီး“ ဝိညာဥ်ဆက်သွယ် ကရိယာတွေကိုအသင်း ၀ င်အသစ်တွေအတွက်လက်ဆောင်ပေးတယ်။ ပန်းပဲဆရာတိုင်းမှာတစ်ခုစီရှိတယ်၊။ ဒီသိုလှောင်လက်စွပ်ကိုလည်း ခေါင်းဆောင် ကမင်းကိုပေးစေချင်တယ်။ခဏငှားတယ်လို့သဘောထားပါ။ အတွင်းမှာဆယ်မီတာနေရာရှိတယ် အတ့ာကအလုပ်တွေလက်ခံရင်အဆင်ပြေစေလိမ့်မယ် ။ ဒါမရှိရင် အလုပ်လက်ခံထားတဲ့သတ္တုအားလုံးကိုမင်းဘယ်လိုသိမ်းမှာလဲ “

ချန်ယွဲ့ သည်ပစ္စည်းနှစ်ခုကို ထန်ဝူလင်း ၏လက်ထဲထည့်လိုက်သည်။

“ ယူပါ။ အသင်းကပေးတဲ့အလုပ်အချို့ကိုမင်းပြီးစီးရင် အဆင်ပြေပါတယ်။ ဒီလက်စွပ်ကမင်းကိုအသင်းကထုတ်ပေးတဲ့အရာအဖြစ်မှတ်ယူလိုက်ပါ။ များသောအားဖြင့်စတုတ္ထအဆင့်ပန်းပဲသမားတွေကိုသာ ပေးအပ်လေ့ရှိပေမဲ့ မင်းက အနာဂတ်မှာ စတုတ္ထအဆင့်ပန်းဘဲသမားဖြစ်လာလိမ့်မယ်လို့ ခေါင်းဆောင် ကယုံကြည်ထားတယ်။ ငါတို့ကိုစိတ်မပျက်စေနဲ့။ ”

ထန်ဝူလင်း ခြေတစ်လှမ်းဆုတ်လိုက်ပြီး ချန်ယွဲ့ရှေ့ဒူးထောက်လိုက်သည်။

"ကျနော် အရမ်းကျေးဇူးတင်ပါတယ်၊ ဆရာကြီး ချန်ယွဲ့ နဲ့ခေါင်းဆောင် ကြီးကိုကျေးဇူးတင်ပါတယ်"

ချန်ယွဲ့ ပြုံးပြလိုက်ပြီးခေါင်းကိုပွတ်လိုက်သည်။

“ ငါမင်းရဲ့ဆရာမဟုတ်ပေမယ့်အလုပ်တစ်ခုစီကပန်းတိုင်ကမတူဘူးဆိုတာကိုသတိပေးဖို့ကငါ့ရဲ့တာဝန်ဘဲ။ ယနေ့ခေတ်မှာ ၀ိညာဉ်စွမ်းအားက အရမ်းအရေးမပါတော့ပေမဲ့ မင်း အလုပ်တွေအောင်မြင်ဖို့ ဝိညာဥ်စွမ်းအားများဖို့လည်း လိုတယ်။ ဒါကြောင့် မင်းရဲ့ကျင့်ကြံမှုလမ်းကြောင်းကိုလည်း မလစ်ဟင်းစေနဲ့။ "

“ ဟုတ်!” ဝူလင်း ခေါင်းကိုအသေအချာညိတ်လိုက်သည်။ သူ့ရဲ့အိပ်မက်မှာအစွမ်းထက်ဝိညာဥ်မာစတာတစ်ယောက်ဖြစ်ဖို့ပဲ။ ယခုအချိန်တွင်ပန်းပဲသမားတစ် ဦး အဖြစ်ပိုမိုအောင်မြင်နေသော်လည်း ဝိညာဉ်မာစတာ ဖြစ်ရန်သူဘယ်တော့မှလက်မလျှော့ပေ။

သူသည်ဝိညာဉ်ဆက်သွယ်ကရိယာကိုပိုင်ဆိုင်နေပြီလား။ အသင်းကတကယ်ထုတ်ပေးတာလား … သူသည်ဝိညာဉ်ဆက်သွယ်သူအတွင်း၌ ချန်ယွဲ့၏နံပါတ်ကိုပင်ရနေပြီဖြစ်သည်။

သူကညာလက်သူကြွယ်မှသိုလှောင်လက်စွပ်ကိုကြည့်လိုက်သည်။ ဤလက်စွပ်သည်ဆယ်ကုဗမီတာသိုလှောင်ရန်နေရာရှိသည်။ ၎င်း၏တန်ဖိုးသည်မယုံကြည်နိုင်လောက်အောင်အဖိုးတန်သည်။ ၎င်းသည်နှစ်တစ်ရာစိန်ဝိညာဉ်ထက်ပင် ပို၍ တန်ဖိုးရှိသည်။

မုချန် သည်ထက်မြက်သောကလေးတစ်ယောက်အဖြစ်သူအား ဤကဲ့သို့သိုလှောင်လက်စွပ်ကိုပင်ပေး ထားသည်။

“ အသင်းအဖွဲ့ရဲ့အကျိုးကျေးဇူးတွေကတကယ့်ကိုကြီးလွန်းတယ်။ အိုး!”

ထန်ဝူလင်းသည် လုပ်စရာတစ်ခုကိုရုတ်တရက်သတိရလိုက်သည်။

သူသည်ပန်းပဲသမားတစ်ယောက်သာမဟုတ်၊ သူသည် ဝိညာဉ်မာစတာ တစ်ယောက်လည်းဖြစ်သည်။ သူသည် ဝိညာဥ်မာစတာအဖွဲ့စည်း တွင်မှတ်ပုံတင်ရန်လိုအပ်သည်။ သူ၏လက်ရှိအဆင့်ဖြင့်သူသည်လစဉ်ငွေဒင်္ဂါးတစ်ထောင်ထောက်ပံ့ကြေးရလိမ့်မည်။

အနည်းငယ်မေးမြန်းပြီးနောက် ဝိညာဥ်မာစတာအဖွဲ့ဋ္ဌာန သည်သိပ်မဝေးကြောင်းသူသိရသည်။ အချိန်မနှောင်းသေးသောကြောင့်သူလည်းလမ်းလျောက်သွားနိုင်သည်။

ဝိညာဥ်မာစတာအဖွဲ့စည်း သည်ပန်းပဲဆရာများအသင်းနှင့့်တော်တော် တူသည်။ ။ သူ၏ ၀ိညာဉ်ကွင်းကိုပြပြီးနောက် မှတ်ပုံတင်နိုင်ခဲ့ပြီးဒင်္ဂါးတစ်ထောင်ရခဲ့သည်။

ဂိညာဥ်မာစတာအဖွဲ့အစည်း တွင်သူသည်ပန်းဘဲအသင်း၏အတွေ့အကြုံနှင့်မတူပေ။ ဤနေရာတွင်ဆယ်နှစ်ဝိညာဉ်ကွင်းသာရှိသောသူ့ကို ကိုမည်သူမျှအာရုံမစိုက်။သို့သော်လည်း ထန်ဝူလင်း သည်ယနေ့သူ၏အောင်မြင်မှုများအတွက်အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။သူအိပ်ခန်းသို့ပြန်လာသောအခါ အခန်းဖော် အားလုံးတရားထိုင်နေပြီဆိုတာတွေ့လိုက်သည်။ သူသည်သူ့ကုတင်ပေါ်ကိုတိတ်တဆိတ်တက်သွားပြီး ဝူကျန်ခုံ ယနေ့သင်ပေးသည့်အတိုင်းတရားထိုင်လိုက်သည်။

မနက်စောစော

ထန်ဝူလင်းသည်တရားထိုင်ခြင်းပြီးဆုံးသည်နှင့် နေထွက်လာပြီဖြစ်ကြောင်းသိလိုက်ရတော့အံ့သြသွားသည်။ ဒီတရားထိုင်နည်းအသစ်ကိုပထမဆုံးအကြိမ်စမ်းဖူးတာဖြစ်ပြီး အရင်ကထက်တော်တော်နောက်ကျမှနိုးလာခြင်းဖြစ်သည်။

ချက်ချင်းပင် သူ့ကုတင်ပေါ်မှဆင်းပြီး မျက်နာသစ်ကာ ထမင်းစားရန်ထွက်လာလိုက်သည်။

ထန်ဝူလင်း အတွက်ထမင်းစားချိန်သည်နေ့တစ်နေ့၏အရေးကြီးဆုံးအချိန်ဖြစ်သည်။

ထန်ဝူလင်း သည် ထမင်းစားခန်းဆီသို့ပျော်ရွှင်စွာပြေးနေလေသည်။ သို့သော် အပြင်သို့ရောက်သောအခါ အထက်တန်းကျောင်းသားအုပ်စုတစ်စုသည်တစ်ခုခုကိုရှာနေသကဲ့သို့နေရာအနှံ့လိုက်ရှာနေသည်ကိုမြင်လိုက်ရသည်။

သူတို့အနားရောက်သောအခါဤကျောင်းသားအုပ်စုတွင်အကျွမ်းတ ၀ င်ရှိသော လူတစ် ဦးကို ရုတ်တရက်တွေ့ရှိခဲ့သည်။

မုရှီ သည်ကျောင်းယူနီဖောင်းကို ၀ တ်ထားပြီးသူမ၏ရှည်လျားသောရွှေရောင်ဆံပင်နှင့် ။ သူမသည်အရပ်ရှည်။ ပိန်သွယ်သောချစ်စရာကောင်းသောရုပ်ရည်ရှိသည်။ထန်ဝူလင်း သူမကိုမြင်သည့်အတိုင်း မုရှီ သည်သူမ၏ခေါင်းကိုအမှတ်တမဲ့လှည့်လိုက်ရာ သူ့ကိုတည့်တည့်မြင်သွားသည်။

"သူပဲ!" သူမရုတ်တရက်လက်ညှိုးကိုမြှောက်လိုက်ပြီး ထန်ဝူလင်း ဆီသို့ညွှန်ပြလိုက်သည်။

ထန်ဝူလင်း မတုံ့ပြန်မီမူရှီ၏ အထက်တန်းကျောင်းသားခုနစ်ယောက်၊ ရှစ်ယောက်နှင့်ထန်ဝူလင်းအားဝိုင်းရံလိုက်သည်။

"မင်းတို့ ဘာလုပ်ချင်တာလဲ" ထန်ဝူလင်း ကစိတ်ရှုပ်စွာမေးလိုက်သည်။

"ငါတို့ မင်းနဲ့ပြသနာရှင်းစရာရှိတယ်။ ငါတို့နဲ့လိုက်ခဲ့ပါကောင်လေး " အရပ်ရှည်သောကျောင်းသားတစ်ယောက်ကထူးဆန်းသောလေသံဖြင့် ထန်ဝူလင်း ကိုပြောလာသည်။

ထန်ဝူလင်း က“ ဘာကိစ္စလဲ။ ငါ့ကိုဒီမှာပဲပြောပါ။ "

ဤနေရာတွင် ပထမတန်းကျောင်းသားအသစ်အတော်များများရှိသော်လည်း အထက်တန်းကျောင်းသားများ၏ပြင်းထန်သောအသုံးအနှုန်းများကြောင့်ကြောက်လန့်နေကြသည်။

"မင်းမှာရွေးချယ်စရာရှိတယ်လို့မင်းထင်လား"

ခုဏကစကားပြောသောအထက်တန်းကျောင်းသားသည် ထန်ဝူလင်း ၏ပုခုံးကိုလက်ဖြင့်တွန်းထုတ်လိုက်သည်။မဆိုင်းမတွ ထန်ဝူလင်း အားချက်ချင်းတိုက်ခိုက်ခဲ့သည်။ ငွေပြာမြက်နွယ်ပင် တစ်ပင်သည်ထန်ဝူလင်း၏လက်ဖဝါးမှထွက်လာသည်။ လျှပ်တစ်ပြက်တွင်ပတ်ဝန်းကျင်ရှိအထက်တန်းကျောင်းသားများကိုချည်နှောင်ခဲ့သည်။

သိသာထင်ရှားသည်မှာဤအထက်တန်းကျောင်းသားများသည်ဤလုပ်ဆောင်ချက်ကိုမျှော်လင့်မထားခဲ့ပေ။ သူတို့ဘက်မှာလူအများကြီးရှိနေရင်တောင် ထန်ဝူလင်း တိုက်ခိုက်ဖို့လုပ်ရဲသေးတယ်။ ထို့ပြင်သူသည်ထိုသူတို့အားလုံးကိုငွေပြာမြက် ဖြင့်လျှပ်တစ်ပြက်အတွင်း၌ချည်နှောင်နိုင်ခဲ့သည်။

ရုတ်တရက် သူ့ရှေ့မှာ အလင်းရောင်များပွင့်ထွက်လာပြီး ထန်ဝူလင်းလည်း လွင့်ထွက်သွားသည်။

All Chapters