ကျူးဟိုင်၏ ဆုံးဖြတ်ချက်
Vol. 117 Ch. 1627
ဝေ့ဝူယင်မှာ ထျန်းရီဝူ ထွက်ခွာသွားသည်ကို အေးဆေးစွာပင် ကြည့်နေခဲ့၏။ သတ္တမမြောက် မင်းသားကို တားဆီးရန် သူ လုံးဝ မလုပ်ဆောင်ခဲ့ပေ။ ထျန်းရီဝူမှာ အလွန် ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည်။ သူ၏ ပင်ကိုယ်စရိုက်ကိုပင် ဝေ့ဝူယင် ကောင်းစွာ နားလည်ထားသည်။
ဝေ့ဝူယင်နှင့် ထျန်းရီဝူတို့၏ စကားဝိုင်းက ရိုးရှင်းပေသည်။ ထျန်းရီဝူက ဝေ့ဝူယင် ဝင်ရောက် စွက်ဖက်မည်လား မေးသည်။ ဝေ့ဝူယင်ထံတွင် အမှန်တကယ် ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် ရှိပါက “ငါလုပ်ရင်ရော” ဖြေလိမ့်မည် မဟုတ်ချေ။ မလိုအပ်သည့် အခြေအနေ တစ်ခုတွင် သူက သူ၏ ရည်ရွယ်ချက်များကို ထျန်းရီဝူ သို့မဟုတ် အခြားသူများထံမှ အဘယ်ကြောင့် ဖုံးကွယ်ထားရမည်နည်း။ ဝေ့ဝူယင်က သူ ဝင်ရောက်စွက်ဖက်မည် ဆိုလျှင် ရိုးရိုးရှင်းရှင်း 'ဟုတ်တယ်' ဟုသာ ဖြေလိမ့်မည်။ သို့မဟုတ် လုံးဝ အဖြေမပေးဘဲ နေလိမ့်မည်။ အဘယ်ကြောင့် တုံ့ပြန်ရန် စိတ်ဝင်စားရမည်နည်း။
ဤသည်က သတ္တမမြောက် မင်းသားနှင့် ဝေ့ဝူယင်တို့ 'ဒုတိယအကြိမ်' တွေ့ဆုံခြင်းဖြစ်သည်။ ထျန်းရီဝူမှာ ကြယ်တာရာမိုး အသိုက်ထဲမှာ တွေ့ရတုန်းကနှင့် ခြားနားစွာပင် ကျင့်ကြံခြင်း၌ အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း သူ ပြောနိုင်သည်။ ကံမကောင်းစွာဖြင့်...
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ သူ့ထံတွင် ကောင်းကင်ဘုံ နတ်မျက်လုံးများ ရှိသော်လည်း ထျန်းရီဝူ၏ ထူးဆန်းမှုကို မမြင်နိုင်ခဲ့ပေ။ သူ သတိထားမိသည့် အရာ တစ်ခု တည်းသာ ရှိသည်။ ၎င်းက ထျန်းရီဝူ၏ ဝိညာဉ်မှာ... ထူးဆန်းသည်ဟု ခံစားရခြင်းပင်ဖြစ်သည်။ ထို့အပြင် အာရုံခံစားမှုများမှ တစ်ဆင့် ထျန်းရီဝူမှာ ကောင်းချီးခံ တစ်ဦး မဟုတ်ကြောင်း ဝေ့ဝူယင် တစ်ဖန် ထပ်မံအတည်ပြုခဲ့သည်။
သို့တည်းမဟုတ်... သူက...။
ဝေ့ဝူယင်သည် ထျန်းရီဝူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ပြန်လည် စဉ်းစားလိုက်သည်။ သို့သော်လည်း... လုံချန်၊ လင်းမင်၊ ကျူးကျွင်းနှင့် ယွမ်လုံရှီတို့ကဲ့သို့ ကောင်းချီးခံများထံမှ သူရရှိခဲ့သည့် အာရုံခံစားမှုမျိုးကို တစ်ခါမျှ မခံစားခဲ့ရချေ။ သို့သော်လည်း... ကောင်းကင် တာအို၏ ပိုမို နက်ရှိုင်းသော လျှို့ဝှက်ချက်များကို နားလည်ပြီးနောက်တွင် ဝေ့ဝူယင် 'တစ်ခုခု' ကို ခံစားမိခဲ့သည်။
၎င်းက ဖော်ပြရန် အလွန်ခက်ခဲသည်။ စကားလုံး မရှိသလောက်ပင်။
သို့သော်လည်း... ထျန်းရီဝူ၏ ဝိညာဉ်မှာ ကောင်းချီးခံ တစ်ဦးနှင့် လုံးဝ မတူညီကြောင်း ဝေ့ဝူယင် သေချာသည်။ ထျန်းရီဝူ ဆယ့်သုံးနှစ်သား ဘဝက ထူးခြားသော ဖြစ်စဉ်များကြောင့်သာ မဟုတ်လျှင် ထိုသတ္တမမြောက် မင်းသားမှာ ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့ လိုမျိုး သာမန် မဟုတ်သည့် သာမန် မဟုတ်သည့် လူထူးဆန်း အမျိုးအစားထဲတွင် ထည့်သွင်း စဉ်းစားရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ထျန်းရီဝူမှာ ထိုကဲ့သို့ မဟုတ်ပါချေ။ ဝေ့ဝူယင် အတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာက ထျန်းရီဝူမှာ သာမန်မဟုတ်ခြင်းပင် ဖြစ်သည်။
"အဲဒီလို ဆိုရင်တောင် မင်း လုပ်နိုင်ပါ့မလား..."
ထျန်းရီဝူ ပျံသန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝေ့ဝူယင် တွေးလိုက်မိ၏။ သတ္တမမြောက် မင်းသားမှာ မိုင်ပေါင်း ဒါဇင် အနည်းငယ်ခန့် အကွာသို့ အရောက်၌ ဝင်္ကပါ အလံ တစ်ခုကို ထိုနယ်မြေ အတွင်း အခိုင်အမာပင် စိုက်ထူလိုက်သည်။ ထာဝရ သရဖူ အခမ်းအနား၏ အပြောကျယ်လှသော လောကနယ်မြေ တစ်လျှောက် အင်ပါယာ မင်းသား စိုက်ထူထားသည့် ဝင်္ကပါ အလံ အမြောက်အများ ရှိနေခဲ့ပြီ ဖြစ်သည်။
"မင်း လုပ်နိုင်ခဲ့ရင် အဲဒါဟာ အာဏာရှင် အဖွဲ့ဝင်တွေအတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်လာလိမ့်မယ်... ငါက ဘာလို့ မင်းကို တားရမှာလဲ"
ဝေ့ဝူယင် ပြုံးလိုက်မိ၏။ သူ၏ ထိုအပြုံးက နက်ရှိုင်းသည့် အနက် အဓိပ္ပာယ်များနှင့် ပြည့်နှက် နေခဲ့လေသည်။
...
နာရီအနည်းငယ်ကြာပြီးနောက်...
ကျူးဟိုင်အား ဝန်းရံနေသူများမှာ ပို၍ ဂနာမငြိမ် ဖြစ်လာခဲ့၏။ ထာဝရသရဖူ လုပွဲမှာ ရက်အကန့်အသတ် ရှိပေသည်။ အလွှာအပြင်က ရွေးချယ်ခံများမှာ ဆက်သွယ်မှုများကို စတင် ပြုလုပ်လာကြ၏။ တန်ဘူမာနှင့် အဖွဲ့သည်လည်း နောက်ဆုံးတွင် ရောက်လာသည်။
တန်ဘူမာ၏ တည်ရှိမှုက များစွာသော လူများကို သတိ၊ ထိတ်လန့် ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက် သွားစေခဲ့သည်။ ၇၆ ယောက်မြောက် မင်းသား ကဲ့သို့ပင် တန်ဘူမာမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်းမှ အလွန်သက်လွန်၍ ထွက်ခွာပြီးသူ တစ်ယောက် ဖြစ်သင့်သည်။ ထို့အပြင်... သူက မြေကြီးရှန့်ထို တစ်ယောက် ဖြစ်ပေသည်။
တန်ဘူမာက ပတ်ဝန်းကျင်ရှိ လူများကို ဝေ့ပတ်ကြည့်လိုက်၏။ အခြားမြေကြီး ရှန့်ထိုများကိုလည်း သူ တွေ့ရှိရသည်။ လူသား နှစ်ဦး၊ တိုက်တန် မျိုးနွယ် နှစ်ဦးနှင့် ကောင်းကင်မျိုးနွယ်ဝင် သုံးဦးတို့ပင်။ သူ့ကိုပါ ထည့်ပေါင်းပါက မြေကြီး ရှန့်ထို ရှစ်ဦးအထိ ရှိပေသည်။
အဆင့်မြင့် မျိုးနွယ် သုံးခုမှ အသက်လွန်ပြီး ဖြစ်သည့် မြေကြီးရှန့်ထို သုံးယောက်စီမှာ တစ်နည်းနည်းဖြင့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ဝင်ရောက်ရန် ခွင့်ပြုခံထားရကြောင်း ရှင်းလင်းပေသည်။
ကံဆိုးစွာပင် လူသားမျိုးနွယ်မှ ၇၆ ယောက်မြောက် မင်းသားကတော့ အချိန်မတိုင်ခင် သေဆုံးခဲ့ရသည်။ တိုက်တန် မျိုးနွယ်ဝင်များကတော့ သရဖူ အပိုင်းအစ တစ်ခုကိုမှ ပိုင်ဆိုင်ထားခြင်း မရှိပါချေ။ ကောင်းကင်မျိုးနွယမှာ မြေကြီးရှန့်ထို သုံးဦး၊ သရဖူ အပိုင်းအစ တစ်ခုတို့ဖြင့် လက်ရှိတွင် ဦးဆောင်နေပေသည်။
တန်ဘူမှာ သူ့အဖွဲ့ကို ဦးဆောင်ရင်း ကျူးဟိုင် ထိုင်နေသည့် မြေစိုင်ခဲ ရှိရာဘက်ကို ထွက်ခွာလာခဲ့သည်။ ငွေရောင် ဝံပုလွေက လုံးဝ စိတ်ဝင်စားဟန် မရချေ။ သူက တန်ဘူမာတို့ကို လှည့်ပင် မကြည့်ချေ။
ထိုမြင်ကွင်းက တန်ဘူမာကို အနည်းငယ် မျက်မှောင်ကြုတ် သွားစေခဲ့၏။ သို့သော်လည်း... သူ ဂရုမစိုက်ပါချေ။ သူက ရောက်ရှိလာခဲ့သည့် ရည်ရွယ်ချက်ကို ဖုံးကွယ်ခြင်း မပြုပ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"ကျုပ် အရည်အချင်းရှိတဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့တစ်ဖွဲ့ကို စုစည်းလာခဲ့တယ်... မင်း လက်ထဲပ အပိုင်းအစတွေကို ပေါင်းစပ်လိုက်ကြမလား... အကျိုးကျေးဇူးတွေကိုတော့ ငါတို့ မျှဝေခံစားကြတာပေါ့”
"..."
တန်ဘူမာ၏ အသံ ပျံ့လွင့်သွားသည်နှင့် တစ်ပြိုင်နက် အာမေဋိတ်အချို့ ပဲ့တင်ထပ် လာခဲ့၏။ ၎င်းမှာ တင်းမာနေသည့် အခြေအနေကို ပြောင်းလဲရန် လိုအပ်သော လှုံ့ဆော်မှု တစ်ခု ဖြစ်နိုင်ဖွယ်ရှိသည်။
...
မိုင်ပေါင်း ထောင်သောင်းချီ အကွာအဝေးမှ မရေမတွက်နိုင်သည့် မျက်လုံးများမှာ မြေစိုင်ခဲပေါ်သို့ စူးစိုက် ကျရောက်နေကာ တန်ဘူမာ၏ အဆိုပြုချက်ကို စောင့်ကြည့်နေကြသည်။ အထူးသဖြင့်... မျိုးနွယ် သုံးခုမှ မြေကြီး ရှန့်ထိုများပင်။ လက်ရှိ အခြေအနေမှာ အတော်လေး အားရစရာမရှိဘဲ အပြောင်းအလဲ များစွာဖြင့် ရှုပ်ထွေးနေသည်။ ထို့ကြောင့်ပင် ကျူးဟိုင်နှင့် ပတ်သက်၍ တစ်စုံတစ်ဦး လှုပ်ရှားလာသည် အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ထာဝရ သရဖူ လုပွဲ စတင်သည့် အချိန်ကတည်းက စလို့ ထူးဆန်းသည့် နည်းလမ်းများနှင့် သေမျိုးများ သတိမပေးပဲ ပေါ်ပေါက် လာခဲ့သည်။ ထို့နောက် သေမျိုးများနှင့် အလွှာအပြင်က လူများကြားမှ ပဋိပက္ခများ ရှုပ်ထွေးစွာ ပေါက်ပေါက်လာခဲ့သည်။ ထိုသေမျိုးများ၏ လက်ထဲတွင် လျှို့ဝှက် အာဏာရှင် အဆင့်များစွာ သေဆုံးသွားခဲ့ကြောင်း သတင်းများ ပျံ့နှံ့လာခဲ့ပြီး နောက်တွင် အလွှာအပြင်က ရွေးချယ်ခံများမှာ သူတို့ကို လုံးဝ ရှောင်ရှားခဲ့ကြသည်။
ထိုသေမျိုးများနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသည့် နောက်ထပ် အချက်တစ်ချက်ကား... သူတို့မှာ အမှန်တကယ် သေမျိုးများဖြစ်ခြင်းပင် ဖြစ်သည်။ သူတို့မှာ မယုံကြည်နိုင်ဖွယ် ကောင်းသည့် စွမ်းအားများနှင့် ရတနာများကို ပိုင်ဆိုင်ထားကြသော်လည်း သေမျိုး အကန့်အသတ် အတွင်းတွင်သာ ခိုင်မာစွာ ရှိနေခဲ့သည်။ လျှို့ဝှက် အာဏာရှင်များ ပုန်းကွယ်နေရန် ဆုံးဖြတ်ခဲ့ပါက သူတို့ အတွက် ခြေရာခံရန် မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။ ထိုအားသာချက်ကြောင့်ပင် အလွှာအပြင်က လျှို့ဝှက် အာဏာရှင်များမှာ ထိုသေမျိုးများ၏ ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
မူလ အာဏာရှင် တစ်ဦး ဖြစ်သည့် ရွှေဖုန်းပေါင်မှာ သူ၏ ပစ်မှတ်ကို ဆုံးရှုံးခဲ့ရကာ သူမကို လိုက်ဖမ်းရန် အတွက် အချိန်များစွာ သုံးစွဲခဲ့ရသည်။ တစ်လခွဲနီးပါး ကြာမြင့်သည် အထိ သူ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်တော့ လက်ဗလာနှင့်သာ ပြန်လာခဲ့ရသည်။
ထာဝရ သရဖူ လုပွဲ၏ အပြောကျယ်လှသော ဧရိယာနှင့် နယ်မြေပေါင်းစုံ ရှိခြင်းကလည်း လျှို့ဝှက် အာဏာရှင်များ အတွက် ပုန်းအောင်းရန်နှင့် ထွက်ပြေးရန် ပိုမို အရေးသာစေသည်။ ပုံမှန်အားဖြင့် လျှို့ဝှက် အာဏာရှင်တစ်ဦး အတွက် သေမျိုးတစ်ယောက်ထံမှ ထွက်ပြေးရခြင်းမှာ အလွန် ရှက်ဖွယ်ကောင်းသော လုပ်ရပ် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... သူတို့မှာ အလွှာအပြင်က ရွေးချယ်ခံများ ဖြစ်ကြလေရာ ကိုယ့်အကန့်အသတ်ကို သိကြသည်။ ၇၆ ယောက်မြောက် မင်းသားလို မြေကြီး ရှန့်ထို တစ်ယောက် ပင်လျှင် နတ်ဆိုးတိုက်တန် မျိုးစပ် တစ်ယောက်၏ လက်တွင် အချိန်မတန်ပဲ အသက်ပေးခဲ့ရသည်။
ထို့ကြောင့်ပင် လျှို့ဝှက် အာဏာရှင် အများစုမှာ သေမျိုးများကို ရှောင်ရှားခဲ့ကြသည်။ အကျိုးဆက် အနေဖြင့် အရင်းအမြစ်များ အတွက် ပြင်းထန်သော တိုက်ပွဲများမှာ အချင်းချင်းကြားတွင်သာ ဖြစ်ပေါ်လာခဲ့သည်။ သေမျိုးများကတော့ အထွတ်အမြတ် နယ်မြေ အများစုကို အပြိုင်အဆိုင် မရှိလှပဲ ရယူနိုင်ခဲ့သည်။ သူတို့ဆီမှ သွားရောက်လုယူရန် ကြိုးပမ်းခဲ့သူ အများစုမှာလည်း အသက် ဆုံးရှုံးမှုများနှင့်သာ ကြုံတွေ့ခဲ့ကြရသည်။
ယခုအခါတွင်... ထာဝရ သရဖူ၏ အပိုင်းအစ နှစ်ခုမှာ ရှောင်ရှားသင့်သည့် သေမျိုး ရှိ့ရန် တစ်ဦး၏ လက်ထဲတွင် ရှိနေခဲ့သည်။ ၎င်းက ကောင်းသော နိမိတ် မဟုတ်ပေ။ ထိုငွေရောင်ဆံနွယ်များနှင့် ရှို့ရန်ကို မည်သူမျှ လျှော့မတွက်ရဲကြပေ။ အထူးသဖြင့် ခရမ်းရောင် တောင်တန်း နတ်ဆိုးမနှင့် ချောမောသည့် လူငယ်တို့၏ လက်တွင် သူတို့ မြေကြီးရှန့်ထို နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး နောက်တွင် ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ဒုတိယမြောက် တစ်ဦးကတော့ အချိန် နောက်ပြန်လှည့်ခြင်း စွမ်းအင်ကို သုံး၍ ပြန်လည် အသက်ရှင်ခဲ့ပေသည်။
မည်သို့ပင် ဆိုစေကာမူ... ယခုတွင်တော့ ထိုရှို့ရန် မျိုးနွယ်နှင် မဖြစ်မနေ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
"မင်း ဘယ်လို သဘောရှိလဲ..."
တန်ဘူမာက ကျူးဟိုင်ထံမှ အာရုံ စူးစိုက်မှုကို ရရှိရန် ကြိုးပမ်းရင်း နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ သူ့စိတ်ထဲ၌ အဆင့်နိမ့် မျိုးနွယ် တစ်ယောက်ထံမှ လျစ်လျူမှု အပေါ် မချင့်မရဲ ဖြစ်နေသော်လည်း ထုတ်ဖော် မပြခဲ့ချေ။ တိုက်ခိုက်ကာ သရဖူ အပိုင်းအစများကို ရယူနိုင်ခဲ့လျှင်ပင် ရန်သူများစွာနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ကျူးဟိုင်မှာ သရဖူ အပိုင်းအစ နှစ်ခုကို မြှောက်ကာ စကားနေခဲ့၏။ ထို့နောက် သူက အနီရောင် မျက်လုံးများနှင့် တန်ဘူမာတို့ အဖွဲ့ကို ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။ သို့သော်လည်း... သူက တိုက်တန်မျိုးနွယ်များကို ကြည့်ခြင်း မဟုတ်ချေ။ ရွှေရောင် ဆံပင်နှင့် အယ်ဗန် မျိုးနွယ်ဝင် မိန်းကလေးကိုသာ ကြည့်လိုက်ခြင်း ဖြစ်သည်။
"ထာဝရ မင်းသမီး..."
ကျူးဟိုင်၏ မျက်လုံးများထဲတွင် အသိအမှတ်ပြုသည့် အငွေ့အသက် အချို့ ပေါ်လာကာ တိတ်တဆိတ် ရေရွတ်လိုက်၏။
ချင်ကူးယဉ်၏ မျက်လုံးများက အနည်းငယ် ဝိုင်းစက်သွားကာ မျက်နှာထက်၌ ထိတ်လန့်သည့် အငွေ့အသက် အနည်းငယ် ပေါ်ပေါက်လာသည်။ ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သည့် မျက်လုံးများမှာ သူမ အပေါ်သို့ ကျရောက် သွားခဲ့လေသည်။
***