← Chapters

အမဲလိုက်ခြင်း

Vol. 117 Ch. 1629

အမဲလိုက်ခြင်း

Vol. 117 Ch. 1629

"သတိထား..."

ဝှစ်...

လင်းကန်း၏ တုံ့ပြန်မှုက မယုံကြည်နိုင်လောက်အောင်ပင် လျင်မြန်၏။ သူက လေစွမ်းအင်ကို သုံး၍ မုန်းတိုင်း တစ်ခုနှင် ဆင်တူသည့် အကာအကွယ် တစ်ခုကို ဖော်ထုတ်လိုက်သည်။ လေထုအတွင်းရှိ သွေးစွန်းနေသော အလင်းမှာ ပြင်းထန်စွာ တုန်ခါလကာ ပိုမို၍ ပြန့်ကျဲ သွားခဲ့သည်။

အသိစိတ် ဝင်လာသည်နှင့် အမျှ လင်းကလန်၏ မင်းသားငယ်မှာ မကြုံစဖူး အန္တရာယ် အငွေ့အသက် တစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရ၏။ ထိတ်လန့်စိတ်က သူ့ နှလုံးသား၏ အနက်ရှိုင်းဆုံးသော နေရာတွင် ဖြစ်တည်လာကာ ခန္ဓာကိုယ် အတွင်း အဆုံးစွန်သော စွမ်းအင်များကို စုစည်း၍ နောက်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်သည်။

လင်းကန်းမှာ ထိုလှုပ်ရှားမှုတွင် လျှို့ဝှက် သင်္ကေတများ ဖြစ်သည့် မန်နာ၊ ရောင်စဉ်၊ အာကာသ၊ အချိန်နှင့် သမုဒ္ဒရာ စွမ်းအင်များကို အသုံးပြုထား၏။ ၎င်းက တမုဟုတ်ချင်းပင် တစ်မိုင် အကွာအဝေး အတွင်းရှိ ဧရိယာ တစ်ခုလုံးကို ပြင်းထန်သည့် သဘာဝ ကပ်ဘေးများနှင့် ပြည့်နှက်သွားစေခဲ့သည်။ လေဆင်နှာမောင်းများနှင့် မုန်တိုင်းများမှာ နေရာအနှံ့၌ ပေါ်ပေါက်လာကာ အသိစိတ် အာရုံ မှုန်မှိုင်းနေသူ အားလုံးကို ပြန်လည် သတိရလာစေခဲ့၏။

ယီယွင်မှာ ထိုအထဲတွင် ပိတ်မိနေခဲ့သည်။ တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ လေဆင်နှာမောင်းတစ်ခု အတွင်း ဆွဲသွင်းခံရကာ ထိန်းချုပ် မရနိုင်စွာ လည်ပတ်နေခဲ့သည်။ ပြင်းထန်သည့် စွမ်းအင်များက ပတ်ချာလည်၌ သူ့ကို အမဲဖျက်ဖို့ ကြိုးစားနေခဲ့၏။ အစစ်အမှန် သိုင်းပညာ လမ်းစဉ်ဖြင့်သာ သန့်စင်ထားခြင်း မရှိပါက သူ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ် အမွှာမွှာ ဖျက်ဆီးခံနေရလောက်ပြီ ဖြစ်သည်။ သို့တိုင်အောင် ယီယွင်၏ ခန္ဓာကိုယ်မှာ ပြတ်ရှ ဒဏ်ရာများနှင့် ပြည့်နှက် နေခဲ့၏။

သို့သော်လည်း.. အနီးအနားရှိ လူတိုင်းကတော့ ယီယွင်လောက် ကံကောင်းခြင်း မရှိပါချေ။ လျှို့ဝှက် အာဏာရှင် အဆင့် အချို့မှာ သွေးနီ‌ရောင် အလင်းကြောင့် အာရုံများ ထုံထိုင်းနေကြလေရာ အသင့်ပြင်ဆင်ထားခြင်းလည်း မရှိခဲ့ကြချေ။ ထို့ကြောင့်ပင် တိုက်ခတ်နေသော လေမှာ သူတို့၏ ခန္ဓာကိုယ်များကို ဆုတ်ဖြဲသွားခဲ့ကြကာ အမှုန်အမွှားများ ဖြစ်သည် အထိပင် ပြောင်းလဲ သွားစေခဲ့လေ၏။

ထိုအနားတစ်ဝိုက်၌ ခန္ဓာကိုယ်ကို စနစ်တကျ သန့်စင်ထးသည့် လူများနှင့် သေမျိုး တစ်ပိုင်း အရှင်များသာ အသက်ရှင် ကျန်ရစ်ခဲ့ကြသည်။ သို့တိုင်အောင် သူတို့အထဲမှ များစွာ ပြတ်ရှ ဒဏ်ရာများစွာ ရရှိသွားခဲ့ကြကာ အချို့မှာလည်း တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်း၍ သတိလစ် သွားခဲ့ကြ၏။

ယီယွင်မှာ ခန္ဓာကိုယ် တစ်ခုလုံး အဆုံးမဲ့ နာကျင်မှုများနှင့် ပြည့်နှက် နေခဲ့၏။ သူက သွားများကို တင်းတင်းစေ့ထားရင်း ရုန်းကန်ဖို့ ကြိုးစား နေခဲ့သည်။ တစ်ခဏ အတွင်းမှာပင် သူခန္ဓာကိုယ် တစ်ခုလုံး သွေးများနှင့် လွှမ်းခြုံ နေခဲ့ပြီ ဖြစ်သည်။ သူ့ ခံနိုင်ရည်အားများက ကုန်ဆုံးတော့မည် ဖြစ်သည်။ အချို့သော ပုံရိပ်များ... အထူးသဖြင့် သူ ဘယ်တော့မှ ပြန်တွေ့နိုင်မှာ မဟုတ်သည့် ကျောင်းရှုလင်း၏ ပုံရိပ်မှာ သူ့ အတွေးအတွင်း ပေါ်လာခဲ့၏။

"အား..."

ယီယွင် အာခေါင်ခြစ်ကာ အော်ဟစ်လိုက်ရင်း မကြာသေးခင်က သင်ကြားထားခဲ့သည့် ပညာရပ် အသစ် တစ်ခုကို အသုံးပြုလိုက်၏။ ၎င်းမှာ လောကီမျက်လုံး အဆင့်မှ ပေးအပ်သည့် အလွန် သန့်စင်သည့် အချိန် စွမ်းအင်ကို အသုံးပြုရသည့် ကျင့်စဉ် တစ်ခု ဖြစ်သည်။ ချက်ချင်းပင် သူ့ ခန္ဓာကိုယ် အတွင်းရှိ မန်နာများမှာ အစစ်အမှန် သိုင်းလမ်းစဉ်ဖြင့် ထူးခြားစွာ သန့်စင် ခံရကာ ပတ်ဝန်းကျင်ရှိ မန်နာများနှင့် ပေါင်းစပ် သွားလေသည်။

ယီယွင် အပါအဝင် သေမျိုးတစ်ပိုင်း အရှင် အဆင့်များကို ဆွဲယူကာ လှည့်ပတ်နေသည့် လေဆင်နှာမောင်းမှာ အချိန် စွမ်းအင်၏ သက်ရောက်မှုကြောင့် ခဏတာမျှ နှေးကွေး သွားခဲ့၏။ သို့သော်လည်း... ထိုအချိန်တိုကလေးမှာ အလွန် အစွမ်းထက်သည့် သေမျိုး တစ်ပိုင်း အရှင် အဆင့်များကို လွတ်မြောက်စေရန် လုံလောက်စေခဲ့ပေသည်။ သူတို့ အားလုံးမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် လေ့ကျင့်ထားကြသူများ ဖြစ်လေရာ အခွင့်အရေး တစ်ခု ပေါ်သည်နှင့် မည်သူမှ လက်မလွှတ်ကြပါချေ။

သို့သော်လည်း ယီယွင်ကတော့ မုန်တိုင်း အတွင်းတွင်ပင် ပိတ်မိနေဆဲ ဖြစ်သည်။ သူ့ထံတွင် ၎င်းမှ ရုန်းထွက်ရန် ခွန်အားနှင့် နည်းလမ်းများ မရှိပါချေ။ မည်သို့ပင် ဆိုစေ... သူက လောလောလတ်လတ် အဆင့် တက်လှမ်းထားသည့် အချိန်သခင် တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား။

ကံကောင်းထောက်မစွာပင်... လက်တက်ဖက်မှာ သူ၏ လည်ဂုတ်ကို လာရောက် ဆုပ်ကိုင်င်ကာ မုန်တိုင်း အတွင်းမှ ကယ်ထုတ် သွားခဲ့၏။ လက်ပိုင်ရှင်မှာ ပိန်ပိန်သွယ်သွယ်နှင့် အလွန် လှပသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမက ဂုဏ်ယူဖွယ် ရင်သားများကို ပိုင်ဆိုင်ထားကာ ဝတ်ဆင်ထားသည့် အဝါရောင် ဝတ်စုံမှာလည်း ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ကို ထုတ်ဖော်ပြသထား၏။ သူမမှာ လျှို့ဝှက်တစ်ပိုင်း အဆင့်ကို အတင်းအကြပ် ဝင်ရောက်ထားရ၏။

ယီယွင်မှာ အလွန်အမင်း အားနည်းမှုများကို ခံစားနေရ၏။ ယခုတစ်ကြိမ်လောက် ဘယ်တုန်းကမှ သေခြင်းတရားနှင့် နီးကပ်သည်ဟု သူ မခံစားဖူးချေ။ မြေကြီးရှန့်ထို တစ်ဦး၏ ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ယီယွင် အတွေးများကို ခပ်မြန်မြန် ရုတ်သိမ်းရင်း မျက်လုံးများကို အစွမ်းကုန် ဖွင့်ကာ လင်းကန်းကို ရှာဖွေဖို့ ကြိုးစားကြည့်လိုက်၏။

ထို့နောက်... မြင်တွေ့လိုက်ရသော မြင်ကွင်းကား...

“ဝူး... ဂူး...”

နားမလည်နိုင်သည့် အသံတစ်ခုမှာ ပဲ့တင်ထပ် နေခဲ့၏။ လင်းကန်းမှာ လေထဲတွင် ပျံသန်းနေခဲ့သည်။ လက်သည်း ငါးချောင်းပါ လက်တစ်ဖက်သည် သူ၏ မျက်နှာကို ဖမ်းဆုပ်ထားကာ အခြားလက်တစ်ဖက်ကတော့ သူ၏ ရင်ဘတ်အလယ်၌ ရှိကာ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်နေခဲ့သည်။ ထိုလင်းကလန် ရွေးချယ်ခံ၏ နောက်ဖက်တွင်တော့ ငွေရောင် ဆံပင်ရှည်များနှင့် ရှို့ရန်မှာ သူ့ အစွယ်များကို အသုံးပြုကာ လည်ပင်းကို ကြမ်းတမ်းစွာ ကိုက်ခဲ နေခဲ့၏။

သွေးများမှာ လင်းကန်း၏ ပါးစပ် ၊ မျက်လုံး ၊ နှာခေါင်းနှင့် နားများမှ ပန်းထွက် လာနေခဲ့သည်။ လင်းကန်း၏ မျက်လုံးများ အတွင်းရှိ ကြောက်ရွံ့မှုများကို ရီယွင် မြင်တွေ့နိုင်ပေသည်။ တစ်ချိန်တည်းတွင်ပင် အသက်ဓာတ် ကင်းမဲ့မှုတို့ကိုလည်း ယီယွင် မြင်တွေ့နိုင်သည်။ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ တုန်လှုပ်မှု စသည့် ခံစားချက် အားလုံးမှာ အလောင်းကောင်၏ မျက်နှာပေါ်ရှိ နောက်ဆုံး အမူအရာတွင် အေးခဲနေခဲ့သည်။

သားရဲတစ်ကောင်....

သားရဲကြီး တစ်ကောင်မှာ ၎င်း၏ သားကောင်ကို အမိဖမ်းကာ အသက်၊ ဝိညာဉ်၊ အမတေနှင့် စွမ်းအင်တို့ကို နှုတ်ယူ သွားခဲ့ပြီ ဖြစ်သည်။

သားကောင် ရှာဖွေခြင်း ရည်ရွယ်ချက်

နက်ခရို ရည်ရွယ်ချက်...

ငွေရောင် ဝံပုလွေ ဆီးရီးယမ် သွေးမျိုးဆက် စွမ်းအား...

သတ်ဖြတ်ခြင်း ဥပဒေသ...

လင်းကန်း၏ ကျင့်ကြံခြင်း အခြေခံနှင့် တစ်သက်တာ ကြိုးစားအားထုတ်မှု အားလုံးကို ကျူးဟိုင်မှာ စုပ်ယူ သန့်စင် နေခဲံပြီ ဖြစ်သည်။ ၎င်းက သူ၏ စွမ်းအင်ကို အားဖြည့်ပေးနေကော သွေးသား ခန္ဓာကိုယ်ကို ပိုမို၍ အားကောင်း လာစေခဲ့သည်။

ကျူးဟိုင် ပါးစပ်ကို ပြန်ဖယ်လိုက်၏။ သွေးများနှင့် အသားစများမှာ သူ၏ ပါးပြင်တွင် ရွှဲနစ် နေခဲ့သည်။ ၎င်းတို့မှာ သူ၏ မေးစေ့မှ နေ၍ တဖြည်းဖြည်းချင်း ယိုစိမ့်ကျလာနေခဲ့၏။ ကျူးဟိုင်က နှလုံးသားထဲတွင် ငွေရောင် ဝံပုလွေ ရှိနေသည့် အလား ခေါင်းကို ကောင်းကင်သို့ မော့လိုက်သည်။

ဝေါင်း...

ယီယွင်မှာ ထိုအရာ အားလုံး မြင်တွေ့ နေခဲ့ရ၏။ ကျူးဟိုင်၏ ဟိန်းဟောက်သံက ကောင်းကင်မှ တိုင်းတာ၍ မရနိင်သည့် စွမ်းအားအချို့ကို ခေါ်ဆောင်နေပုံ ရသည်။ ၎င်းမှာ လင်းကန်း၏ တည်ရှိမှုတစ်ခုလုံးကို တရားဝင် တောင်းဆိုရန် ကြိုးစားနေသည်။

ကျူးဟိုင် လက်သည်းများကို လင်းကန်း၏ အလောင်းထဲမှ ဆွဲထုတ်လိုက်၏။ မြေကြီးရှန့်ထို အဆင့် ရုပ်ခန္ဓာမျာ သွေးများ၊ အရိုးစများနှင့် အပိုင်းပိုင်း အပြတ်ပြတ် အသားစများ အဖြစ် ပြောင်းလဲ သွားခဲ့သည်။

ကျူးဟိုင် ထိုအရာများကို လုပ်ဆောင်နေစဉ်တွင် ကောင်းကင်မှာ မိုးခြိမ်သံများနှင့် ပြည့်နှက် နေခဲ့၏။ သွေးရောင် အလင်းက ပြင်းထန်စွာ တုန်ယင်လာကာ ကျူးဟိုင်၏ အပေါ်သို့ ပြိုကျတော့မလို ရှိသည်။

ဝေးလံသော အရပ်တစ်ခုတွင်တော့ ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြင်းထန်သော အလင်းတန်းများနှင့် ဖြာထွက်နေကာ ကျူးဟိုင်၏ ပုံရိပ်ကို ရောင်ပြန်ဟပ်နေခဲ့သည်။ ခြောက်မျိုးသော ဥပဒေသ အပေါ် သာမည အာဏာများမှာ သူ့ ခန္ဓာကိုယ်မှ စီးထွက် လာနေခဲ့ကာ ခပ်အုပ်အုပ် ဟိန်းဟောက်ရင်း ရူးသွပ်လောက်ဖွယ် အာဏာများကို ထုတ်လွှတ် နေခဲ့၏။ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို ဦးဆောင်စေရင်း ဝေ့ဝူယင် လက်ဖဝါးကို ကောင်းကင်သို့ မြှောက်လိုက်၏။ အကယ်၍ ကုဗတုံး သဏ္ဌာန် ပုံး၏ ခေါင်မိုးသာ ကားဆီး မနေပါက ဝေ့ဝူယင်မှာ ကောင်းကင် တစ်ခုလုံးကို ကိုင်မြှောက်ထား သကဲ့သို့ ဖြစ်နေလိမ့်မည်။

ဟူး... ဟူး...

မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကြီးမားလှသည့် ငွေရောင် လက်ကြီး တစ်ဖက်မှာ မိုင်ပေါင်း ထောင်သောင်းချီ အထိ ဆန့်တန်းရင်း ကျူးဟိုင်၏ အပေါ်တွင် ခတ္တမျှ ပေါ်လာကာ ပျောက်ကွယ်သွားခဲ့၏။ သက်ရှိ အားလုံးကို သားကောင် အဖြစ် အမဲလိုက်လိုသည့် စိတ်ဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည့် ငွေရောင် ဝံပုလွေ၏ မျက်လုံးများမှာ တည်ငြိမ်မှုနှင့် ကြည်လင်မှုတို့ကို ပြန်လည် ရရှိလာခဲ့၏။ ချက်ချင်းပင် ကျူးဟိုင်မှာ သူ၏ သွေးစွန်းနေသော ပါးစပ်ကို ပိတ်လိုက်ပြီး မြေရိုင်း လွင်ပြင်၏ မာကျောသော မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည် ဆင်းသက်လိုက်သည်။

ဘုန်း...

သူ၏ ခြေထောက်အောက်တွင် ပြင်းထန်သည့် ပေါက်ကွဲသံကြီး တစ်ခုနှင့် အတူ ချောက်နက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုအရာအားလုံးမှာ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ အတွင်း ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လေမုန်တိုင်းများနှင့် လေဆင်နှာမောင်းတို့ ကဲ့သို့ သဘာဝ ဘေးအန္တရာယ်များမှာ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

အချိန်စွမ်းအင်ကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် ယီယွင်၏ မျက်လုံးများ အတွင်းရှိ သွေးမျှင်ကြောများမှာ ပေါက်ထွက်ကုန်ကာ သွေးများမှာ စီးထွက်နေ၏။ သူက ယာယီအားဖြင့် မျက်လုံးကွယ်နေခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း... သူ နောက်ဆုံးမြင်လိုက်ရသည်မှာ ထိုလက် ဖြစ်သည်။ ကောင်းကင်ကိုပင် ဆုပ်ကိုင်ထားဟန် ရှိသည့် အလွန့်အလွန် ကြောက်မက်ဖွယ် ကောင်းလှသော ထိုလက်ကြီးပင်။

ကျူးဟိုင်မှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့၏။

"ကျုပ် တောင်းပန်..."

သူ၏ မျက်ဝန်းများ အတွင်း၌ အပြစ်ရှိသည့် ခံစားချက်များ စီးဆင်းလာကာ အရပ် မျက်နှာ တစ်ခုကို လှည့်ကြည့်လိုက်သည်။ သို့သော်လည်း... သူ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တစ်ခုက သူ၏ စကားလုံးများကို ဖြတ်တောက်လိုက်သည်။

"ငါ မင်းအတွက် ကောင်းကင်ကို မြှောက်ထားပေးမယ်... မင်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်"

ဝေ့ဝူယင်၏ လေသံက နတ်ဘုရားများပင် သံသယဝင်ဖို့ မဝံ့ရဲလောက်အောင် ခိုင်မာမှုများနှင့် ပြည့်နှက် နေခဲ့၏။ သူ၏ အကာအကွယ်အောက်တွင် ဆိုပါက ကောင်းကင်ပင် မကျရောက်နိုင်သကဲ့သို့ပင်။

***

All Chapters