အမဲလိုက်ခြင်း (၂)
Vol. 117 Ch. 1630
"ငါ မင်းအတွက် ကောင်းကင်ကို မြှောက်ထားပေးမယ်... မင်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်"
ဝေ့ဝူယင်၏ ခိုင်မာသည့် စကားသံကို ကြားလိုက်ရပြီးနောက် ကျူးဟိုင်၏ နှလုံးသားမှာ တုန်ခါသွားခဲ့၏။ သူသည် သေမျိုး တစ်ဦး အနေဖြင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦးကို အပြည့်အဝ ဝါးမြိုဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက် တာအိုက အလွယ်တကူ ခွင့်မပြုနိုင်သည့် အရာ တစ်ခု ဖြစ်သည်။
ဝေ့ဝူယင်မှာ တစ်ခါတုန်းက လျှို့ဝှက် တာအို၏ နယ်ပယ်သို့ ဝါးမြိုမှုကို မကျော်လွန်ရန် သူ့ကို သတိပေးခဲ့ဖူးသည်။ သို့သော်လည်း... သွေးသား ဆာလောင်မှုနှင့် အတူ ကျူးဟိုင်မှာ တစ်ခဏမျှ လွှမ်းမိုးခံခဲ့ရသည်။ ထိန်းချုပ်၍ မရနိုင်သည့် သတ်ဖြတ်လိုစိတ်မှာ သူ့ကို ဝါးမြိုသွားကာ အမဲလိုက်လိုစိတ်ကို ဘယ်လိုနည်းနှင့်မျှ ထိန်းချုပ်၍ မရနိုင်ခဲ့ချေ။
ဝေ့ဝူယင်၏ တည်ရှိမှုကို ခံစားရခြင်းနှင့် အတူ နွေးထွေးမှုက ကျူးဟိုင်၏ နှလုံးသား တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့၏။ သူ မတုန့်ဆိုင်းတော့ချေ။ သူ၏ သွေးမျိုးဆက်ကို အားဖြည့်ပေးနေသည့် သတ်ဖြတ်ခြင်း စွမ်းအားမှာ လွတ်လပ်စွာ ပေါက်ကွဲထွက် လာခဲ့၏။
ဝေါင်း...
သတ်... သတ်... သတ်...
ယီယွင်မှာ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်လှိုင်း တစ်ခုကို ခံစားလိုက်ရ၏။ သွေးရနံ့က အလွန်အမင်း ပြင်းထန်လာသည်။ သူ ကယ်တင်သူ၏ လက်မောင်းကို တတ်နိုင်သမျှ အားဖြင့် ဆုပ်ကိုင်လိုက်၏။ ထို့နော်ကတွင်တော့ နာကြည်းမှု၊ ကြောက်ရွံ့မှု၊ ရူးသွပ်မှုတို့ ပြည့်နှက်နေသည့် လေသံဖြင့် အော်ဟစ် လိုက်လေတော့၏။
"ပြေး..."
...
ကုဗတုံး အတွင်းတွင်တော့ ဝေ့ဝူယင်၏ လက်မှာ ကောင်းကင်ကို မြှောက်ထားဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ စွမ်းအင် သုံးမျိုးကို အစဉ်တစိုက် ထုတ်လွှတ်နေခဲ့၏။ သူ၏ ဘယ်ဘက် လက်မောင်းမှာ သွေးကြောများဖြင့် ပြင်းထန်စွာ ဖောင်းကြွနေခဲ့သည်။ သို့သော်လည်း... သူ၏ မျက်နှာထက်တွင်တော့ နာကျင်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပါချေ။ ဝေ့ဝူယင်မှာ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ အကောင်းဆုံး စွမ်းရည်များထဲမှ တစ်ခုကို အပြည့်အဝ အသုံးချနေသည်ဟု ဆိုနိုင်ပေသည်။
ကျင့်ကြံခြင်း လောက၌ အထူး ရတနာ တစ်ချို့ ရှိပေသည်။ ၎င်းတို့ကို ကောင်းကင် ကပ်ဘေးများအား ခုခံရန်၊ သေမျိုးတာအိုနှင့် လျှို့ဝှက် တာအိုတို့မှ တန်ပြန် ရိုက်ခတ်မှုများကို ခုခံရန် အသုံးပြုနိုင်သည်။ ထို့အပြင်... လျှို့ဝှက် မူလ ရေကြည် ကဲ့သို့ တာအို အသီးသီးမှ အတိုင်းအတာ ပမာဏ အနည်းငယ် အထိ ဝင်ရောက် စွက်ဖက်ခွင့် ပြုထားသည့် သဘာဝ ရတနာ အချို့လည်း ရှိပေသည်။
ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း၏ လျှို့ဝှက်ချက်များကို စူးစမ်းရင်း ကြယ်တာရာ ပါရဂွန်မှာ လျှို့ဝှက် တာအိုနှင့် သေမျိုး တာအိုတို့၏ တန်ပြန် သက်ရောက်မှုများကို ဆွဲဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ကံကောင်းထောက်မစွာပင်... သူပိုင်ဆိုင်ထားသည့် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာ တာအို သုံးခု၏ ကောင်းချီးပေးမှုကို ခံထားရသည့် ခန္ဓာကိုယ် ဖြစ်သ်ည။ ထို့ကြောင့်ပင် သူ ရင်ဆိုင်ရသည့် တန်ပြန်သက်ရောက်မှုမှာ ပုံမှန် ခွန်အား၏ ဆယ်ပုံတစ်ပုံမျှသာ ရှိသည်။
ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများမှာလည်း အပြင် အတားအဆီးလွှာ အဖြစ် ဆောင်ရွက်ပေးနေလေရာ ဝေ့ဝူယင်မှာ ထိုစွမ်းအင်ကို သိသိသာသာ လျော့ပါးစေခဲ့ကာ ခုခံနိုင်သည့် အတိုင်းအတာ တစ်ခု အထိ ရောက်ရှိစေခဲ့သည်။ ဝေ့ဝူယင်က ထိုရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကို “ပါရဂွန် ထီးရိပ်” ဟု ခေါ်သည်။
"ဘယ်လောက်တောင် ဒုက္ခပေးတဲ့ ဥပဒေသလဲ..."
ဝေ့ဝူယင်သည် ညည်းညူရင်း တိုးတိုးလေး ရယ်မောလိုက်၏။ သို့သော် သူ၏ လက်သည်းနှင့် အစွယ်များအတွက် စွမ်းအားတစ်ခုကို ရွေးချယ်ရမည်ဆိုပါက သတ်ဖြတ်ခြင်း ဥပဒေသမှာ သင့်လျော်သည့် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ ၎င်းသည် သားကောင်အား ဝါးမြိုနေချိန်တွင် သူ ကောင်းကင်ကို ပင့်မထားရမည် ဆိုပါက ပင့်မထားမည် ဖြစ်သည်။ မြှောက်ထားရမည်ဆိုပါက သူ မြှောက်ထားမည်။
...
ဟူး... ဟူး...
လင်းကန်း၏ စွမ်းအင် အကြွင်းအကျန်များမှ ဖြစ်ပေါ်လာသည့် လေပြင်းမုန်တိုင်းများမှာ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကာ ပတ်ဝန်းကျင် နယ်မြေများကို ဒေါသတကြီး ဆက်လက် တိုက်စားဆဲ ဖြစ်သည်။ သွေးရောင် အလင်းမှာ ဆက်ဆက် တည်ရှိနေဆဲ ဖြစ်သော်လည်း အန္တရာယ် အသိစိတ်ကြောင့်ပင် အားလုံးမှာ တွေဝေနေမှုမှ နိုးထလာကြ၏။ ထက်မြက်သူ အချို့ကတော့ သူတို့၏ အသိစိတ် ပင်လယ်ကို ပြင်ပ လွှမ်းမိုးမှု တစ်ခု ကျရောက်လာခဲ့ကြောင်း သတိပြု လိုက်မိကြသည်။ ချက်ချင်းပင် သူတို့၏ နှလုံးသားများမှာ ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် တုန်ခါ၍ လာခဲ့လေ၏။
ဝေါင်း...
သူတို့ အသိစိတ် ပြန်လည် ရရှိပြီး အခြေအနေကို အကဲမခတ်နိုင်ခင်မှာပင် အရိုင်ဆန်သည့် ဟိန်းသံ တစ်ခု ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပဲ့တင်ထပ်လာခဲ့သည်။ အားလုံး မျက်လုံးများမှာ မြေရိုင်းလွင်ပြင် အတွင်းရှိ ချောက်နက်ကြီး တစ်ခုထံသို့ မသိစိတ်မှ ဆွဲဆောင်ခံလိုက်ရသည်။ ငွေရောင်ဆံပင်၊ ခပ်ပွပွ ဝတ်ရုံ၊ ခြေဗလာနှင့် ရှို့ရန် တစ်ဦးမှာ လေထဲသို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။ သူ၏ ခြေထောက်အောက်တွင်တော့ အနီရောင် မြစ်တစ်စင်းနှင့် ဆင်တူသော သွေးရောင် အလင်းများ စီးဆင်းနေသည်။ မြစ်မှာ အရှေ့မှ အနောက်သို့ မိုင်ပေါင်းများစွာအထိ ကျယ်ပြန့်လှ၏။
ယီယွင်မှာ အမြင်အာရုံကို ဆုံးရှုံးခဲ့ရသော်လည်း သူ၏ ပင်ကိုယ်အသိစိတ်မှာ ပုံမှန်မဟုတ်ပါချေ။ ကျင့်ကြံသူ တစ်ယောက်၏ ဘဝကို မရောက်ခင်တည်းက သူသည် ဤထူးခြားသော မွေးရာပါ အာရုံခံနိုင်စွမ်းကို အမြဲတမ်း ပိုင်ဆိုင်ထားသည်။ ၎င်းသာ မရှိခဲ့ပါက သူ ဘဝတွင် အကြိမ်ကြိမ် သေဆုံးခဲ့လောက်ပြီး ဖြစ်သည်။
ထိုအခိုက်၌ ယီယွင်မှာ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် အာရုံ ခံစားမှု တစ်ခုကို ရနေခဲ့သည်။ လေထုတစ်ခုလုံးမှာ လျှင်မြန်စွာ ချဉ်းကပ်လာသည့် အန္တရာယ် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့၏။ ၎င်းက ရက်စက်သည်။ အရိုင်းဆန်သည်။ နောက်ပြီး ၎င်းမှာ နီးကပ်လာနေသည်။
“ပြေး...”
သေမျိုးတစ်ပိုင်း အရှင် အဆင့် မိန်းကလေးမှာ ယီယွင်၏ ထိတ်လန့်တအား အော်ဟစ်သံကို ရှင်းလင်းစွာ ကြားပေသည်။ သို့သော်လည်း သူမလို လူမျိုးက ပိန်ညှောင်ညှောင် မျိုးစပ် သေမျိုးကလေး တစ်ဦး ညွှန်ကြားသည့် အတိုင်း အဘယ်ကြောင့် လိုက်လံ လုပ်ဆောင်ရမည်နည်း။ မိန်းကလေးမှာ ယီယွင်၏ အချိန်စွမ်းအင်များကြောင့် လေပြင်းများ ရပ်တန့် သွားခဲ့ခြင်း ဖြစ်ကြောင်း လုံးဝ မသိပါချေ။ ဤမျိုးစပ် လူငယ်တွင် မွေးရာပါ အရည်အချင်းများ ရှိသည် ဆိုလျှင်ပင် သူမ၏ နှလုံးသား အတွင်း နှစ်ပေါင်း ရာချီ စွဲမြဲနေသော ယုံကြည်ချက်များကို ဖယ်ရှားရန် မလုံလောက်ခဲ့ပေ။
မိန်းကလေးမှာ ကျန်သူများနှင့်အတူ အခြေအနေကို အေးဆေးစွာ ဆက်လက် စောင့်ကြည့်နေ၏။ သူမက လျှို့ဝှက်စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကိုပင် သန့်ရှင်းရေး လုပ်လိုက်သေးသည်။ ထို့နောက် သူမက မြေကြီး ရှန့်ထိုများကို လှမ်းကြည့်ကာ သူတို့ နောက်ထပ် ဘာဆက်လုပ်မည်ကို စောင့်ကြည့်လိုက်သည်။
မိန်းကလေး ပထမဆုံး ရှာဖွေသည်က လင်းကန်း ဖြစ်သည်။ သို့သော်လည်း... သခင်လေး၏ စွမ်းအင်များမှာ ဟိုသည် ပြန့်ကျဲ နေသည်။ နီးသည့် နေရာတွင် ရှိသလို ဝေးသည့် နေရာတွင်လည်း ရှိသည်။ နောက်ဆုံး၌ မိန်းကလေးမှာ နေရာ အနှံ့အပြား၌ ပြန့်ကျဲနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့လိုက်ရတော့၏။ ၎င်းတို့မှာ လင်းကန်းနှင့် ဆက်ဆိုင်ကြောင်း သဘောပေါက် သွားလေရာ သူမ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့တော့သည်။ စွဲဆောင်မှု ရှိသည့် ရင်သားများမှာ ဖောင်းလိုက်ပိန်လိုက် ဖြစ်လာခဲ့လေ၏။
"ဘာဖြစ်သွားတာလဲ...."
ရွေးချယ်ခံများမှာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ၏။ လူအများစုကတော့ ကောင်းကင်သို့ တဖြည်းဖြည်း မြင့်တက်လာသည့် ကျူးဟိုင်၏ ပုံသဏ္ဌာန်ကို လေ့လာ နေကြဆဲ ဖြစ်သည်။ ရှို့ရန်၏ ခြေထောက်အောက်၌ စီးဆင်းနေသည့် သွေးမြစ်ကို ကြည့်ရင်း ကြောက်ရွံ့စိတ်များမှာ သူတို့၏ ပင်ကိုယ် အသိစိတ်တွင် ဖြစ်ပေါ်လာခဲ့လေ၏။
“သ... သခင်လေး...”
ရုတ်တရက် ထွက်ပေါ်လာသည့် အော်ဟစ်သံ တစ်ခုက လူတိုင်း၏ အာရုံကို လွှဲပြောင်းသွားစေခဲ့၏။ ကောင်းကင်မျိုးနွယ်ဝင် တစ်ဦးမှာ ကာဟောင်စို၏ ခေါင်းပြတ်ကို ကိုင်ရင်း မျက်ရည်များ စီးကျနေခဲ့သည်။ ထိုမြေကြီး ရှန့်ထို၏ မျက်လုံးများမှာ အလင်းရောင် အနည်းငယ်မျှပင် ကင်းမဲ့နေလေရာ သေဆုံးပြီးသား ဖြစ်ပုံ ပေါ်သည်။
ဘာလဲ...
ကာဟောင်စို ဘယ်အချိန်တုန်းက သေသွားသလဲ...
သူ ဘယ်လို သေတာလဲ...
ကြောက်မက်ဖွယ် မြေကြီး ရှန့်ထို တစ်ဦး မည်သူမှ သတိမထားမိခင်မှာပင် သေဆုံးသွားကြောင်း သဘောပေါက် လိုက်သော အခါ အားလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ကြရ၏။ သူတို့ အလျှင်အမြန်ပင် အခြား မြေကြီး ရှန့်ထိုများလည်း ရှိ၊ မရှိ စစ်ဆေးကြည့်လိုက်ရာ လင်းကန်းလည်း ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ကြရသည်။
သူက သွေးများ၊ အသားအပိုင်းအစများနှင့် အရိုးများ အဖြစ် ပြန့်ကျဲ နေခြင်း ဖြစ်လေတော့သည်။
"..."
"..."
"..."
***