← Chapters

ပေါင်းစည်းခြင်း (၂)

Vol. 117 Ch. 1635

ပေါင်းစည်းခြင်း (၂)

Vol. 117 Ch. 1635

“စွမ်းအင် ထူထဲမှုက ပိုပြီး မြင့်နေတယ်... အဂ္ဂိရတ် ပညာရှင် ဘယ်နှစ်ယောက်တောင် ပါဝင်နေတာလဲ...”

မည်သူမဆို ကြီးကြပ်သူ၏ စကားလုံးများကို ကြားပါက အဂ္ဂိရတ် ပညာရှင် အရေအတွက် တိုးလာခြင်းမှာ သရဖူ၏ အကျိုးကျေးဇူးများကို မလျော့နည်းစေပဲ စွမ်းအင် အသုံးပြုမှုကိုသာ တိုးလာစေလိမ့်မည် ဖြစ်ကြောင်း သိရှိနိုင်လိမ့်မည် ဖြစ်သည်။

၎င်းတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်ရှစ်နှင့် အဆင့်ကိုး အသီးသီး ဖြစ်ကြသည့် အစစ်အမှန် သူတော်စင်နှင့် အစစ်အမှန် ဝိညာဉ် အဆင့်များသာ ဖန်တီးနိုင်သည့် ကောင်းကင်ရတနာ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ သို့သော်လည်း ထာဝရ သရဖူကတော့ အဂ္ဂိရတ် တာအို ရတနာ တစ်ခု ဖြစ်လေရာ ၎င်းကို လောက အဂ္ဂိရတ် ရှန့်ထို အထွတ်အထိပ် အဆင့်များနှင့် ကောင်းကင် အဂ္ဂိရတ် ရှန့်ထိုများသာ ဖန်တီးနိုင်သည်။

၎င်းကို သာမန် လောက အဂ္ဂိရတ် ရှန့်ထိုတိုင်း ဖန်တီးနိုင်သည် မဟုတ်ချေ။ အလွန့်အလွန် ရှားပါးသည့် သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်ချေ ရှိပေသည်။

ကြီးကြပ်သူမှာ ထိုနေရာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း နောက်တစ်ကြိမ် တီးတိုး ပြောလိုက်၏။

“ထာဝရ သရဖူ ကောင်းချီးကို အဂ္ဂိရတ် ကြယ်တာရာ ပေါင်းစည်းခြင်း ဖြစ်စဉ်နဲ့ တူညီတယ်လို့ အမြဲတမ်း သတ်မှတ်ခဲ့ကြပေမဲ့ တကယ်တမ်းမှာ အဲဒါထက် အများကြီး ပိုကြီးမြတ်တယ်... အဲဒါက အဂ္ဂိရတ် ပညာရှင်တစ်ဦးရဲ့ မွေးရာပါ အဂ္ဂိရတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံတင် မကဘူး... စံအဆင့် ပါရမီကို အရှင်သခင် အဆင့် ရောက်တဲ့ အထိ မြှင့်တင်ပေးနိုင်တယ်... အဂ္ဂိရတ် ဝိညာဉ် ပိုင်ထားတဲ့လူတွေ ဆိုရင် ပိုပြီးတော့တောင် အကျိုးထူးသေးတယ်... ကောင်းချီးဖြစ်စဉ် အတွင်းမှာ သူတို့ရဲ့ အဂ္ဂိရတ် ဝိညာဉ်က သိသိသာသာ မြင့်တက်လာလိမ့်မယ်... နောက်ပြီး သေမျိုး အဆင့်ကိုလည်း မြှင့်တင်ပေးနိုင်တယ်... ထာဝရ သရဖူရဲ့ အကူအညီနဲ့ မူလ အဆင့်ကိုတောင် ဝင်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေ ရှိတယ်”

လူတစ်ယောက်၏ မွေးရာပါ ပါရမီ အဆင့်များကို ပိုမို တိကျ ရှင်းလင်းစေရန် သာမန်၊ စံ၊ ထူးချွန်၊ အရှင်သခင်နှင့် ရွေးချယ်ခံ ဟူ၍ ခွဲခြားထားသည်။ ၎င်းတို့ တစ်ခုချင်းစီကို မြေကြီး၊ လောကနှင့် ကောင်းကင် အဖြစ် ထပ်မံ၍ ပိုင်းခြားထားသည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း ပါရမီကို ကဏ္ဍ အားလုံး၌ ကောင်းကင် ရွေးချယ်ခံ အဆင့် သို့မဟုတ်... ထိုထက် ပိုမို သာလွန်သည့် အဆင့်များ အထိပင် မြှင့်တင်ပေးခဲ့သည်။

သာမန် ကျင့်ကြံသူ တစ်ဦး အတွက် မြေကြီးစံ အဆင့်မှ မြေကြီး အရှင်သခင် အဆင့် အထိ ပါရမီ မြင့်တင်လာခြင်းမှာ ရုတ်တရက် အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပိုင်ဆိုင်လာခြင်းနှင့် အတူတူပင် ဖြစ်သည်။

ထာဝရ သရဖူမှာ အဇူရာ မူလ ကြယ်စင်စုတွင် အဂ္ဂိရတ် တာအို၏ မွေးရာပါ ပါရမီကို မြှင့်တင်ပေးနိုင်သည့် ရတနာ တစ်ခု အဖြစ် ကျော်ကြားသည်။ လျှို့ဝှက်လောက အဂ္ဂိရတ် ထုတ်ကုန်များနှင့် အာဏာရှင် အင်ပါယာများပင်လျှင် အလားတူ လုပ်ဆောင်နိုင်စွမ်း မရှိပါချေ။ ထို့ကြောင့်ပင် ၎င်းမှာ ရရှိရန် အလွန်ခက်ခဲသော အခွင့်အရေးတစ်ခု ဖြစ်သည်။

ထို့အပြင် အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ အရည်အချင်းနှင့် မွေးရာပါ ပါရမီများ အတွက် အကျိုးကျေးဇူးများမှာ ထာဝရ သရဖူနှင့် ပိုမို၍ ထိတွေ့ရလေလေ ပိုမို၍ ကြီးထွားလာလေလေ ဖြစ်သည်။ ကံမကောင်းစွာပင်... အသက် ငါးရာနှစ် ကန့်သတ်ချက်ဖြင့် နှစ်ပေါင်း ရှစ်ဆယ့်တစ်နှစ်တိုင်းတွင် လူတိုင်းအတွက် ၎င်းအား ထိတွေ့ရန် အလွန် ခက်ခဲလှသည်။

ယခုတစ်ကြိမ် ကောင်းချီးအား အလွန် များပြားသည့် အဂ္ဂိရတ် ပညာရှင်များ ထိတွေ့ နေကြသည်ကို ကြည့်ကာ ကြီးကြပ်သူ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ အဂ္ဂိရတ် ပညာရှင်များသာ မြင်နိုင်သည့် ကြယ်တာရာများမှာ တစ်နာရီခန့် အကြာသို့ ရောက်ခါမှ မှေးမှိန်သွားခဲ့၏။ ယင်းကား ပုံမှန်ထက် နှစ်ဆမျှ ပိုမို၍ ရှည်ကြာပေသည်။ ရှင်းလင်းစွာပင် ၎င်းမှာ သရဖူ အပိုင်းအစ လေးခုကို တစ်ပြိုင်နက်တည်း ပေါင်းစည်းနေသည့် ရှားပါး ဖြစ်ရပ် တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ၎င်းမှာ

အလွန်များပြားသော အဂ္ဂိရတ် ပညာရှင်များသည် ကောင်းချီးနှင့် ထိတွေ့နေကြသည်ကို သူမက အနည်းငယ် အံ့အားသင့်သွားသည်။ အဂ္ဂိရတ် ကြယ်များ၏ အမြင် စိတ်ဖြင့်သာ မြင်နိုင်သည့် မတူညီသော အရောင်လေးရောင်ရှိသည့် ကြယ်များသည် နာရီတစ်ခုအကြာတွင် မှေးမှိန်သွားပြီး ပုံမှန်ထက် နှစ်ဆပိုကြာသည်။ ရှင်းလင်းစွာပင် ၎င်းမှာ ထာဝရ သရဖူ အပိုင်းအစ လေးခုကို တစ်ပြိုင်နက်တည်း ပေါင်းစည်းနေသည့် ရှားပါး ဖြစ်စဉ် တစ်ခု ဖြစ်ကာ နှစ်ခုတည်းအား ပေါင်းစည်းခြင်းထက် ပိုမို များပြားသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

“ဟမ်... ဘာလဲ...”

ရုတ်တရက် ပျက်သုဉ်းခြင်း စွမ်းအင်များ လျှင်မြန်စွာ နောက်ဆုတ်သွားသည်ကို ခံစားလိုက်မိရာ ကြီးကြပ်သူ၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။ လျှို့ဝှက်တာအို၏ ကောင်းကင် ပြစ်ဒဏ်တစ်ခု အနီးအနားတွင် ဖြစ်ပျက် သွားသကဲ့သို့ လေနှင့် မန်နာများ ဖျက်ဆီးခံလိုက်ရသည်ကို သူမ ခံစားလိုက်မိသည်။

ကြီးကြပ်သူ၏ နှလုံးသားမှာ တဒိတ်ဒိတ် ခုန်လာခဲ့၏။ ဧရာမ လက်ကြီးမှာ သူမ၏ အာရုံများကိုသာ ပိတ်ဆို့ထားရုံမျှသာ မက လျှို့ဝှက် တာအို၏ ဒေါသကိုပါ ပိတ်ပင် တားဆီးထားခြင်းလော။

ထိုအခိုက်တွင်ပင် ခမ်းနား ထည်ဝါသည့် အသံ တစ်ခုမှာ ဇစ်မြစ် ခန့်မှန်းရန် ခက်ခဲသည့် နေရာတစ်ခုမှ ထွက်ပေါ်လာခဲ့၏။ ၎င်းက သူမ၏ ပတ်ဝန်းကျင်ရှိ အရပ် မျက်နှာတိုင်းတွင် ပဲ့တင်ထပ်နေသည်။

“ထာဝရ သရဖူလုပွဲရဲ့ ကျန်တဲ့ အပိုင်းကို ကျုပ် ကိုယ်စား ကြီးကြပ်လိုက်ပါ့မယ်”

အသံထဲ၌ အင်ပါယာ ဥပဒေသနှင့် အာကာသ ဥပဒေသတို့ အပေါ် သာမည အာဏာများ ပါဝင်နေလေရာ ကြီးကြပ်သူမှာ လေးစား တုန်လှုပ်သည့် ခံစားချက်ကို ခံစားလိုက်ရလေသည်။

သို့သော်လည်း သူမက သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါချေ။ ထာဝရ သရဖူ လုပွဲကို ကြီးကြပ်ခွင့် ရရှိခဲ့သည့် လောကရှန့်ထို တစ်ယောက် ဖြစ်ပေသည်။ သူမက ခြိမ်းခြောက်မှုကို လက်ခံမည် မဟုတ်ကြောင်းနှင့် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြောင်း ပြသရန် အတွက် လျှို့ဝှက် အော်ရာကို ရည်ရွယ်ချက် ရှိရှိ ပေါက်ကွဲပြလိုက်၏။ ထို့နောက် ပြန်လည် စကားပြောဖို့ ဟန်ပြင်လိုက်သည်။

သို့သော်လည်း... သူမ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ ထာဝရ သရဖူ လုပွဲ၏ အနားသတ်များကို ကျော်လွန်၍ အာကာသ အတွင်း လှမ်းကြည့်လိုက်၏။ ထိုအခါ ကူရာကယ်ရာမဲ့စွာ ပြုံးနေသည့် အပြာရောင် ပုံရိပ် တစ်ခုကို တွေ့လိုက်ရ၏။ ထိုပုဂ္ဂိုလ်မှာ ထာဝရ တိုက်ပွဲကို ကိုင်တွယ်ခဲ့သူ ဖြစ်ကြောင်း သူမ တန်းကာ သိလိုက်သည်။ သီးခြား လောကနယ်မြေများတွင် ရှိနေသော်လည်း အခြား ကြီးကြပ်သူများ နည်းတူပင် သူမမှာ တိုက်ပွဲ၏ အခြေအနေများကို အဝေးမှ လေ့လာနိုင်ပေသည်။

သို့သော်လည်း... ဤတစ်ကြိမ်၌ သူမ မကြည့်ခဲ့ချေ။ ပုံမှန်အားဖြင့် ထာဝရ တိုက်ပွဲမှာ အလွန် ပျင်းစရာ ကောင်းပေသည်။ ထို့ကြောင့်ပင် သူမမှာ ထာဝရ လမ်းစဉ် ခရီးလမ်းကိုသာ သွားရောက် လေ့လာခဲ့သည်။ ဤတစ်ကြိမ် ထာဝရ လမ်းစဉ် ခရီးလမ်း တိုက်ပွဲများက အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းပေသည်။

ဝမ်ယုထျန်းက သူမကို ဆက်၍ ပြောလိုက်၏။

“ခင်ဗျားမှာ ရွေးချယ်စရာ မရှိဘူး... ဒီတိုင်းလေး ထိုင်ပြီးသာ စောင့်နေလိုက်... သူက ထာဝရ သရဖူ လုပွဲကို ပျက်စီးအောင် လုပ်မှာ မဟုတ်ဘူး ဆိုတာ ငါ အာမ ခံနိုင်တယ်”

“...”

ကြီးကြပ်သူမှာ အလွန် စိတ်ရှုပ်ထွေးသွားခဲ့၏။ ပထမတုန်းက ၎င်းကို ဝမ်ယုထျန်၏ အသံဟု သူမ ထင်နေခဲ့ခြင်း ဖြစ်သည်။ သူက သာမည ဥပဒေ နှစ်ခုကို ထုတ်ဖော်ရန် ကောင်းကင် ရတနာကို အသုံးပြုထားခဲ့ခြင်းဟု သူမ ယုံကြည်ခဲ့သည်။ သို့သော်လည်း... ဝမ်ယုထျန်း၏ တုန့်ပြန်မှုက ထိုကဲ့သို့ မဟုတ်ကြောင်း ရှင်းလင်းစွာပင် ဖော်ပြနေသည်။ အာဏာရှင် အင်ပါယာ တစ်ဦးက ဝင်ရောက် စွက်ဖက်ရန် ကြိုးပမ်းနေသည်လား။

ကြီးကြပ်သူ၏ အမူအရာက ကြည်လင်လာကာ အေးစက်လာ၏။

“ရှင့် အနေနဲ့ ကိုယ့်အပိုင်းကိုပဲ ကြီးကြပ်သင့်တယ်... အခြားလူတစ်ယောက် အတွက် အာမခံ လာလုပ်ပေး နေစရာ မလိုဘူး... နောက်ပြီး အဲဒီလူက ထာဝရ ဧကရာဇ်ရဲ့ အပြစ်ဒဏ်ကို မကြောက်ဘူးလား...’

ပြိုင်ပွဲအတွင်း ဝင်ရောက်စွက်ဖက်မှုကြောင့် လျှို့ဝှက် အရှင်သခင် တစ်ယောက် ပင်လျှင် အသက် ဆုံးရှုံးခဲ့ရကြောင်း သူမက ဝမ်ယုထျန်းကို သတိပေးလိုခြင်း ဖြစ်သည်။

ဝမ်ယုထျန်းက ဖြူဖပ်ဖြူရော် အပြုံးဖြင့် ခေါင်းခါလိုက်၏။ ထာဝရ ဧကရာဇ်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့ရမည်လော။ ဝေ့ဝူယင်မှာ ပုံမှန် ကျင့်ကြံသူ တစ်ဦး မဟုတ်ချေ။

“မင်း ဘေးဖယ်နေဖို့ သဘောတူလိုက်ပြီလို ငါ ယူဆလိုက်ပြီ...”

ဝမ်ယုထျန်းက စကားဖြတ်လိုက်၏။ သူက ဘာလုပ်ရမည်နည်း။ ဝေ့ဝူယင် ထိုစကား လက်ဆင့်ကမ်းရမည်လော။ ထိုလူငယ်မှာ သေမျိုးတစ်ယောက် အနေဖြင့်ပင် အစောင့်အရှောက် ဟင်းလင်းပြင် နဂါးကြီးကို ရိုက်နှက်ပစ်နိုင်ခဲ့သူ ဖြစ်သည်။

ကြီးကြပ်သူ မျက်မှောင်ကြုတ်လိုက်၏။ ခဏတာမျှ စဉ်းစားပြီးနောက် သူမ သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း... သူမ၏ နှလုံးသားမှာ လျှို့ဝှက်တာအိုထံမှ ဖျက်ဆီးခြင်း စွမ်းအားနှင့် သာမည အာဏာ နှစ်ခုကြောင့် တုန်ယင်နေဆဲ ဖြစ်သည်။ အမှန်တရား တစ်ခုကို ဝန်ခံရပါက သူမ အသက် မဆုံးရှုံးလိုသေးချေ။ ထို့ကြောင့်ပင် သဘောတူကြောင်း အပြင်ပန်း၌ မပြောခဲ့သော်လည်း ပွင့်ပွင့်လင်းလင်း ငြင်းဆန်ခြင်းတော့ မပြုခဲ့ချေ။ အထက်လူကြီးများ ဖိအားပေးပါက ရှင်းပြရန် လမ်းကြောင်း တစ်ခုကို သူမ ချန်ထားခဲ့ပေသည်။

ဝှစ်...

ကြီးကြပ်သူမှာ ထာဝရ သရဖူ လုပွဲ၏ အပြောကျယ်လှသော နယ်မြေများ အစွန်း၌ ပျံဝဲနေကာ အောက်ရှိ လောကို စောင့်ကြည့် နေလိုက်သည်။

ရုတ်တရက်... သူမ၏ မျက်လုံးများမှာ တစ်စုံတစ်ရာကို သတိပြုမိသွားကာ ပြူးကျယ်သွားခဲ့၏။ ပုံရိပ် တစ်ခုမှာ လောကနယ်မြေ၏ အပြောကျယ်လှသော ဒေသ အသီးသီးတွင် အသွင် သဏ္ဌာန်မဲ့ ဝင်္ကပါ အလံများအား စိုက်ထူးရင်း အရှိန်အဟုန်ဖြင့် ရွေ့လျားနေသည်ကို သူမ မြင်ရသည်။ ထိုအလံများမှာ လောကနှင့် သိမ်မွေ့စွာ ပေါင်းစပ်နေကြကာ လှုပ်ရှားနေသည့် လေနှင့် မန်နာလှိုင်းများသာ မရှိပါက သူမ ပင်လျှင် သတိထားမိလိမ့်မည် မဟုတ်ချေ။

ကြီးကြပ်သူမှာ ရုတ်တရက် လှုပ်ရှားလိုစိတ် ဖြစ်ပေါ်လာ၏။ ဤအရာက စည်းမျဉ်းများကို ဆန့်ကျင်နေသည်။ သူမ၏ လျှို့ဝှက် လောက ရည်ရွယ်ချက်မှာ စတင်ကာ ပေါက်ကွဲလာခဲ့၏။ သို့သော်လည်း လှုပ်ရှားရန် ကြိုးစားလိုက်ချိန်တွင်ပင် သူမ၏ နှလုံးသားက ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ ခြေတစ်လှမ်း လှမ်းရုံဖြင့်ပင် အသက်ဝိညာဉ်ကြွေသွားနိုင်သလို သူမ ခံစားလိုက်ရ၏။

ဝမ်ယုထျန်းမှာလည်း သူ၏ ကိုယ်ပိုင် နယ်မြေ အတွင်း ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ နှုတ်ခမ်းထက်တွင်တော့ ခါးသီးသည့် အပြုံးတစ်ခု ရှိနေခဲ့၏။ သူသည်လည်း ထျန်းရီဝူကို ယခုလေးတင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကာ တားဆီးလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ သကောင့်သားလေးမှာ အလံ ဘယ်နှစ်ခု အထိ စိုက်ထူထားသနည်း။ ဒေသတစ်ခုချင်းစီတွင် အနည်းဆုံး ကိုးခုစီ ရှိနေကာ အားလုံးပေါင်းပါက ထောင်ပင်ချီပေလိမ့်မည်။ သို့သော်လည်း... ထျန်းရီဝူမှာ ရပ်တန့်မည့်ပုံ မရသေးချေ။

စန်းလော့မှာလည်း အံ့အားသင့် သွားခဲ့၏။ အင်ပါယာ မင်းသားမှာ ဘာလုပ်နေသနည်း။ ထာဝရ‌သော့ တစ်ခုကို ပိုင်ဆိုင်ထားသည့် လူတိုင်းမှာ ထျန်းရီဝူ၏ လုပ်ဆောင်ချက်များကို သတိပြုမိကြပေသည်။ ကြီးကြပ်ရေးမှူးက အဘယ်ကြောင့် သူ့ကို လွှတ်ထားသနည်း။ ထို့အပြင် ၎င်းတို့မှာ လောကနယ်မြေ၏ ထူးခြားသော ဝင်္ကပါများနှင့် ရှင်းလင်းစွာပင် ပေါင်းစပ် နေကြသည်။ စည်းမျဉ်းများအရ ဆိုလျှင် ၎င်းတို့ကို ထိတွေ့ခွင့် မရှိပါချေ။

သို့သော်လည်း... ထာဝရ သရဖူ လုပွဲအား ထိန်းချုပ်နိုင်ရန် သူ့တွင် အာဏာ မရှိပါချေ။ သက်ဆိုင်ရာ ကြီးကြပ်သူကသာလျှင် လုပ်ဆောင်နိုင်ပေသည်။ ထိုပုဂ္ဂိုလ်က မည်သည့် နေရာသို့ ရောက်ရှိနေသနည်း။

***

All Chapters