တိုက်ပွဲအကြိုကာလ
Vol. 117 Ch. 1638
မိန်းကလေး သုံးယောက် ဆွေးနွေး နေကြသည့် တစ်ချိန်တည်းတွင်ပင် ဝမ်မင်ယာမှာ ကံကြမ္မာ အလင်းတို့ ပြည့်နှက် နေသည့် ရွှေရောင် မျက်ဝန်းများနှင့် အလင်းတိုင်ကို လှမ်းကြည့် နေခဲ့လေသည်။
“ဘာမြင်ရလဲ”
ပတ္တမြား ရတနာ အလား မျက်ဝန်းများနှင့် လှပသည့် မိန်းကလေး တစ်ယောက်မှာ သူမ၏ နံဘေးတွင် ရပ်နေခဲ့၏။ ပြင်းထန်စွာ တိုက်ခတ်နေသည့် လေပြင်းများကြောင့် ငွေရောင်နှင်းများ အလား သူမ၏ ဆံပင်များက လှုပ်ခတ်နေ၏။ သို့သော်လည်း သူမ၏ မျက်နှာ အမူအရာကတော့ အလွန်ပင် တည်ငြိမ်နေကာ စဉ်းစားနေဟန် ရှိသည်။
“အရမ်း ကြီးမားတဲ့ တိုက်ပွဲတစ်ခု လာနေတာကို မြင်တယ်... ဒီလောကကြီးကို ပြိုလဲသွားစေမယ့် တိုက်ပွဲတစ်ခု”
ဝမ်မင်ယာက ခပ်တိုးတိုး ရေရွတ်လိုက်၏။ စန်းယွန်းလီက ဘာမှ မပြောပဲ ကောင်းကင် လမ်းစဉ် စာအုပ်ကိုသာ စစ်ဆေးလိုက်သည်။ ဝမ်မင်ယာမှာ မင်ရှုဖုန်းလိုပင် ထိပ်တန်း ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက် အဖြစ် သူမ ခံစားရသည်။ ယခုတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ပထမ ပြိုင်ပွဲများနှင့် ခြားနားကြောင်း ကောလဟလများ ပျံ့နှံ့ခဲ့သော်လည်း နောက်ဆုံး ပြိုင်ပွဲ ဖစ်လိမ့်မည်ဟု မည်သူမှ မသိခဲ့ကြချေ။
ဝမ်မင်ယာ၏ ရွှေရောင်မျက်လုံးများက မှေးမှိန်သွားကာ မူလ အရောင်ကို ပြန်ရလာသည်။
“ထာဝရသရဖူအတွက် တိုက်ခိုက်တော့မှာလား”
သူမက မေးလိုက်၏။ စန်းယွန်းလီက အလင်းတိုင်ကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။ သူမ၏ အတွေးများကို ဖတ်ရခက်ပေသည်။
အနည်းငယ် ဝေးကွာသည့် နေရာ တစ်ခုတွင် အလင်း ပုံရိပ် တစ်ခုမှာ ငြိမ်သက်စွာ ထိုင်နေခဲ့၏။ သူက တစ်ခါတစ်ရံ ပူပြင်းကာ တစ်ခါတစ်ရံ အေးမြသယောင် ထင်ရသည်။ တစ်ခါတစ်ရုံတွင်တော့ မှောင်မိုက်၍ တစ်ခါတစ်ရံတွင် ထွန်းလင်းနေ၏။ အပိုင်းအစ နှစ်ခု ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသည့် အလင်းတန်းများမှာ သူ့အပေါ်သို့ စီးကျနေသည်။ မျက်နှာသွင်ပြင်ကို ထင်ရှားစွာ မမြင်ရသော်လည်း သူက အလင်းတိုင်ကို ကြည့်နေကြောင်း မည်သူ မဆို ခံစားနိုင်လိမ့်မည် ဖြစ်သည်။
....
ရောင်စုံသဲများ ပြန့်ကျဲနေသည့် တစ်မိုင်ခန့်သာ ကျယ်ဝန်းသော ကျွန်းငယ်လေး တစ်ခုပေါ်တွင် အညိုဖျော့ရောင် ငှက်ပျောပင်များနှင့် အုန်းပင်များမှာ ပြန့်ကျဲစွာ ပေါက်ရောက် နေသည်။ ထိုထူးဆန်းသောကျွန်းငယ်မှာ ထူးခြားကာ နတ်ဆိုးဆန်သည့် အရှိန်အဝါ တစ်မျိုးကို ထုတ်လွှတ်နေ၏။
ကျွန်းထက်ရှိ သဲသောင် ကမ်းခြေတစ်ခုနားတွင်တော့ အနီရောင် မီးတောက် ဆံပင်များနှင့် လူငယ် တစ်ဦးမှာ ခြေပစ်လက်ပစ် ထိုင်ရင်း အဝေး၌ ထွက်ပေါ်နေသည့် အလင်းတိုင်ကို စိုက်ကြည့်နေခဲ့သည်။ ရွှေဖုန်းပေါင်၏ အော်ရာမှာ အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ သေချာ သတိထားကြည့်မည် ဆိုပါက သူ၏ မျက်ဝန်းများ အတွင်းတွင် အချိန်စွမ်းအင် အငွေ့အသက်များ ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူက မကြာသေးခင်ကပင် လောကီ မျက်လုံး အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ထျန်းတျန် အတွင်းတွင်တော့ အထွတ်အထိပ် အရည်အသွေး ရှိသည့် အာရုဏ်ဦး ကြယ်မျိုးစေ့ ဆေးလုံးဖြင့် ဖွဲ့စည်းထားသည့် ကြယ်မျိုးစေ့ တစ်ခု ပျံဝဲ နေခဲ့သည်။ ၎င်းမှာ အလွန် သေးငယ်သေးသည့်တိုင် ထုတ်လွှတ်နေသည့် အရှိန်အဝါကတော့ ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မားလှပေသည်။
ဝှစ်...
နောက်ဖက်မှ အရိပ် တစ်ခုမှာ အာရုံ ပျံ့လွင့်နေဟန် ရှိသည့် ရွှေဖုန်းပေါင် အနားသို့ တိတ်တိတ်ဆိတ်ဆိတ် ချဉ်းကပ်လာသည်။ ၎င်း၏ လက်နှစ်ဖက်က သူ၏ လည်ပင်းထံ လှမ်းလာနေသည်။
“ဟိတ်...”
အရိပ်က ခြောက်လှန့်လိုက်ရင်း ရွှေဖုန်းပေါင်၏ ပခုံးများကို ဆုပ်ကိုင်လိုက်၏။
“အိုး..”
ရွှေဖုန်းပေါင်မှာ သူ့ ပုခုံးကို ဆုပ်ကိုင်လိုက်သည့် အေးစက်စက် လက်ချောင်းများကြောင့် အာရုံ အတွင်းမှ နိုးထလာဟန် ရကာ နောက်လှည့်ကြည့်လိုက်သည်။ သူမက ဆွဲဆောင်မှု ရှိသည့် မိန်းကလေး တစ်ယောက် ဖြစ်ကာ မီးခိုးရောင် ဖောက်သည့် အပြာရောင် ဆံပင်များနှင့် ကြယ်တာရာ မျက်ဆံများက သူမ၏ အလှကို ပိုမို၍ ထင်ရှားစေသည်။ မိန်းကလေးမှာ ပိန်ပိန်သွယ်သွယ်လေး ဖြစ်ကာ နူးညံ့ ပေါ့ပါးသည့် ပန်းရောင် အမြီးငယ်လေး ရှိ၏။
ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက ထိုမိန်းကလေးကို ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။ သူမက ထာဝရ သရဖူ လုပွဲ၏ ပထမဆုံးနေ့တွင် ရွှေဖုန်းပေါင်ထံမှ လွတ်မြောက်သွားခဲ့သည့် ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံ ဖြစ်သည်။
မိန်းကလေးက စိတ်ပျံ့လွင့်နေသည့် ရွှေဖုန်းပေါင်၏ နံဘေးတွင် ဝင်ထိုင်လိုက်ကာ ပန်းရောင် အုန်းသီး နှစ်လုံးကို ကမ်းပေးလိုက်သည်။ ထို့နောက် သူမက အလင်းတိုင်ကို လှမ်းကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်၏။
“နင် သွားမှာလား”
မိန်းကလေးက အတွင်းရှိ အရည်များ ဖိတ်စင် မသွားအောင် အုန်းသီးကို ကျွမ်းကျင်စွာ ခွဲရင်း မေးလိုက်၏။ အုန်းရည်များမှာ ပန်းရောင် အဆင်း ရှိကာ ပုံမှန် အုန်းရည်များထက် အနည်းငယ် ပိုမို ထူပျစ်သည်။ အတွင်းရှိ အသားများမှာလည်း အမည်းရောင် အစက်အပျောက်ငယ်များဖြင့် ပြည့်နှက် နေ၏။
“ငါ သွားချင်ပါတယ်... ဒါပေမယ့်…”
ရွှေဖုန်းပေါင်က သူ၏ ကြယ်တာရာ မျိုးစေ့နှင့် မတည်မငြိမ် ဖြစ်နေသေးသည့် ကျင့်ကြံခြင်း အခြေခံတို့ကို တွေးရင်း တွေဝေစွာ ပြန်ဖြေလိုက်သည်။
“မေမင်ကျိ... ငါ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ...”
ရွှေဖုန်းပေါင် မေးလိုက်ရင်း လက်ထဲရှိ အုန်းသီးကို ဖွင့်ကာ အုန်းရည်များကို မေ့သောက်လိုက်သည်။ နှိုင်းယှဉ်ကြည့်ရပါက မေမင်ကျိ၏ အုန်းသီးခွဲ စွမ်းရည်မှာ ပိုမို၍ ချောမောမွေ့ကြောင်း သိရှိနိုင်လိမ့်မည် ဖြစ်သည်။
“နင် ဘာလုပ်သင့်လဲ ဟုတ်လား...”
မေမင်ကျိက ခဏတာမျှ တွေးလိုက်သည်။
“ငါ့ အထင် ပြောရရင် နင် လုပ်ချင်တာကို လုပ်သင့်တယ်... ငါနဲ့ ပတ်သက်ရင်ရော နင် အဲ့ဒီလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား”
သူမ၏ လေသံထဲ၌ ပျော်ရွှင်မှုနှင့် ကိုယ့်ကိုကိုယ် လှောင်ပြောင်မှု အနည်းငယ် ရောနှော ပါဝင်နေ၏။
မေမင်ကျိမှာ ရောင်စဉ်လှိုင်း အင်ပါယာသူ တစ်ဦး ဖြစ်သည်။ ထိုမျှသာမက... သူမမှာ ကောင်းချီးခံ တစ်ဦး ဖြစ်ကြောင်း ဝေ့ဝူယင် သေချာ မှတ်မိသည်။ ဤပြိုင်ပွဲ၌ သူမမှာ အာဏာရှင် အဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကို မသိ နားမလည်ပဲ ပထမဆုံး နေ့တွင်ပင် ရွှေဖုန်းပေါင်ထံမှ မနည်း ထွက်ပြေး ခဲ့ရသည်။ ရက်သတ္တပတ်ပေါင်း များစွာကြာအောင် သူမမှာ မီးလမ်းစဉ်၏ ကလေးငယ်ဟု ခေါ်ဆိုခံရသူ၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး၌... သူမမှာ မကောင်းဆိုးရွား စောင့်ကြပ်သူ တစ်ယောက်၏ ထောင်ချောက်ထဲတွင် အဖမ်းခံခဲ့ရသည်။ အရှက်ရမှု၊ နာကျင်မှု၊ သေဆုံးခြင်းတို့နှင့် ပြည့်နှက်နေသည့် ဝမ်းနည်းဖွယ် ကံကြမ္မာ တစ်ခုကို ကြုံတွေ့ရလုဆဲဆဲတွင်ပင် ရွှေဖုန်းပေါင်မှာ အံ့အားသင့်ဖွယ် ရောက်ရှိလာခဲ့သည်။
ထိုစဉ်က ရွှေဖုန်းပေါင်နှင့် ပတ်သက်၍ သူမထံတွင် ကောင်းမွန်သည့် ခံစားချက် မရှိခဲ့ချေ။ သို့သော်လည်း မသေဆုံးခင် အရှက်ရခြင်းကို ကြုံတွေ့ရမည့် အစား ထိုသေမျိုး လူငယ်က မြန်မြန် သတ်ပစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော်လည်း... လူငယ်မှာ သူမကို လိုက်လံ ရှာဖွေဖို့ အတွက် အချိန်များစွာ ကုန်ဆုံးခဲ့သော်လည်း ချက်ချင်း သတ်မပစ်ခဲ့ချေ။
ထို့အစား သူက သူမကို ဆေးတစ်လုံး ပေးခဲ့သည်။ ၎င်းမှာ အလွန် အဖိုးတန်သည့် အထွတ်အထိပ် အဆင့် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးတစ်လုံး ဖြစ်သည်။ ထို့အပြင် မြေကြီး ရှန့်ထိုများက သူတို့ တပည့်များ၏ ကျင့်ကြံခြင်းအား အရှိန်မြှင့်တင်ရန် ဖန်တီးထားသည့် အချိန်နယ်ပယ် ဆေးတောင့် တစ်ခုကိုလည်း ပေးခဲ့သည်။ ထိုဆေးလုံးများ၏ အကူအညီဖြင့် မေမင်ကျိမှာ လအနည်းငယ် အတွင်းမှာပင် ခန္ဓာကိုယ်ကို ပြန်လည် ရရှိလာခဲ့သည်။ မည်သည့် ချို့ယွင်းချက်မှ မရှိခဲ့ပါချေ။
သို့သော်လည်း... သူမ အချိန်နယ်ပယ် အတွင်းမှ ထွက်လာချိန်တွင်ပင် ရွှေဖုန်းပေါင်က သူမ၏ ရင်ဘတ် အတွင်း အသစ် ဖြစ်တည်လာသည့် နှလုံးသားကို ထိတ်လန့်ဖွယ်ကောင်းအောင် ထုတ်ယူခဲ့သည်။ လူငယ်၏ မီးများ တောက်လောင်နေသော လက်က သူမ၏ ရင်ဘတ်အား အပေါက်ဖောက်ရင်း နှလုံးသားကို ဆွဲထုတ်လိုက်သောအခါ မေမင်ကျိမှာ ဘာလုပ်ရမှန်းမသိအောင် ထိတ်လန့်သွားခဲ့သည်။
သူမ အမြီးကို သုံး၍ လွတ်မြောက်ဖို့ ကြိုးစားလိုက်သော်လည်း ရွှေဖုန်းပေါင်မှာ ဤတစ်ကြိမ်တွင် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်ကာ မီးတောက်များဖြင့် ဝန်းရံထားခဲ့သည်။ ထို့နောက် သူက သူမကို ဆေးတစ်လုံး ထပ်ပေးခဲ့ကာ အချိန် နယ်ပယ်တစ်ခုကိုပါ ထပ်မံ ဖန်တီး ပေးခဲ့သည်။
ရွှေဖုန်းပေါင်၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ သူက ပုံအား ဖွင့်ရန် လိုအပ်သည့် နှလုံးသား ခုနစ်လုံးကို လူတစ်ဦးတည်းထံမှ ရယူတော့မည် ဖြစ်လေသည်။ ထို့အပြင် သူမ ငြင်းဆို၍ မရပေ။ အဘယ်ကြောင့်ဆိုနည်း။ ထိုသေမျိုးလူငယ်မှာ သူမကို ဤနေရာတွင်ပင် အဆုံးသတ် ပစ်နိုင်သောကြောင့် ဖြစ်သည်။
ထိုအကြောင်းအရာကို မေးမြန်းသည့် အခါ လူငယ်၏ အဖြေက သူမကိုပင် မှင်သက် သွားစေခဲ့လေသည်။
“ပုံးကို ဖွင့်ဖို့ လျှို့ဝှက်ဝိညာဉ် အဆင့် တစ်ယောက်ဆီက နှလုံးသား ခုနစ်လုံးကို ရယူဖို့ လိုတယ်...”
မိန်းကလေးမှာ ချက်ချင်းပင် ငြင်းဆိုခဲ့သည်။ ပုံးအား ဖွင့်ရန် လိုအပ်ချက်ကို သူမ ကြည့်စဉ် အခါက လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ဦးထံမှ နှလုံးသား ခုနစ်ခု ရယူရမည်ဟု တွေ့ရှိခဲ့သည်။ ထိုဝါကျ ဖွဲ့စည်းပုံကြောင့်ပင် ရွှေဖုန်းပေါင်မှာ အထင်အမြင် လွဲမှားနေခြင်း ဖြစ်လိမ့်မည်ဟု သူမ ယူဆခဲ့သည်။
သို့သော် ရွှေဖုန်းပေါင်၏ ယုံကြည်ချက်မှာလည်း ပြင်းထန်လှသည်။ ဤသို့နှင့် သူတို့ နှစ်ဦး အလောင်းအစား ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ရွှေဖုန်းပေါင် နိုင်လျှင် သူမက သူ့ကျွန် ဖြစ်ရမည်။ အကယ်၍ မေမင်ကျိ နိုင်လျှင်တော့ ရွှေဖုန်းပေါင်က သူမကို နောက်ထပ် ဆေးတစ်လုံးဖြင့် ပြန်လည် ကုသကာ လွှတ်ပေးရမည် ဖြစ်သည်။
သို့သော်လည်း ရွှေဖုန်းပေါင်မှာ ကျွန် တစ်ယောက် မလိုချင်ကြောင်းနှင့် သူ့ဘဝတွင် ဘယ်တော့မှ ကျွန်တစ်ယောက် ထားမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက သူ့မူဝါဒ တစ်ရပ် ဖြစ်သည်။ ထိုကြောင့်ပင် မိန်းကလေးက သူ့ ဇနီးမယား တစ်ယောက် ဖြစ်လာပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
သို့သော်လည်း... မီးလမ်းစဉ်၏ ကလေးငယ်က ဇနီးမယား ယူခြင်းမှာ အလေးအနက် ထားရမည့် ကိစ္စ တစ်ရပ် ဖြစ်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ဤသို့နှင့် သူမမှာ သူ့ ကိုယ်လုပ်တော် ဖြစ်ရန်သာ ရွေးချယ်နိုင်ခဲ့သည်။ ထိုအကြံကိုတော့ ရွှေဖုန်းပေါင် သဘောတူသည်။ ဝေ့ဝူယင်ထံတွင် ဆိုလျှင် ရွှယ်ရီဖေး ရှိသည်။ ကိုယ်လုပ်တော် တစ်ယောက် ရှိခြင်းက အတော်လေး ကောင်းပေလိမ့်မည်။
ထို့နောက် သူတို့ နှစ်ဦးသား ပုံးထံသို့ ပြန်သွားကြသည်။
ထိတ်လန့်ဖွယ်ကောင်းစွာပင်...
လိုအပ်ချက်မှာ 'တစ်ဦးတည်းသော' လျှို့ဝှက် ဝိညာဉ် အဆင့်ထံမှ နှလုံးသား ခုနစ်လုံးကို ရယူရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။
အကယ်၍ သီးခြား လျှို့ဝှက် ဝိညာဉ် အဆင့် ခုနစ်ယောက်ထံမှသာ ဖြစ်ခဲ့ပါက ရွှေဖုန်းပေါင်မှာ သူ ပိုင်ဆိုင်ထားသော စွမ်းအားဖြင့် အဘယ်ကြောင့် ဤမျှ စိတ်ရှုပ်ထွေးခံမည်နည်း။ အလွှာအပြင်က မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့်ကိုမှ သူ မကြောက်ချေ။ သူက မေမင်ကျိကိုပင် အကြောက်အလန့် ကင်းမဲ့စွာ တိုက်ခိုက်ခဲ့ကာ မိုင်ပေါင်းများစွာ အထိ လိုက်လံ ရှာဖွေခဲ့သည်။
ထိုကဲ့သို့သော တောင်းဆိုမှုကပင် ပုံးအတွင်း၌ ဝေ့ဝူယင် ရှိနေနိုင်သည် ဟူ၍ သူ့ကို သံသယ ဝင်စေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ၎င်းကို ထူးခြားသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် သို့မဟုတ်... သက်တမ်းကို စတေးကာ ကိုယ်ပိုင် နှလုံးသားကို အကြိမ်ကြိမ် ထုတ်ယူနိုင်သည့် အစွမ်းထက် ကျင့်ကြံသူ တစ်ဦးကသာ ဖွင့်နိုင်သောကြောင့် ဖြစ်သည်။ ကံကောင်းထောက်မစွာပင်... ဝေ့ဝူယင်မှာ သူ၏ လက်အောက်ခံများကို ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံး များစွာ ပေးအပ်ထားခဲ့သည်။
ဝိညာဉ် ကျိန်စာ အသက်ဝင်လာသည်ကို တွေ့လိုက်ရသော အခါတွင်တော့ မေမင်ကျိ တစ်ယောက် အံ့ဩတုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ စိတ်ဓာတ်ကျခြင်းများနှင့် ပြည့်နှက် သွားခဲ့တော့သည်။ သူမမှာ ထိုအရှုံးကို လက်ခံရန် အတွက် နာရီဝက်မျှ ကြာအောင် ကျောက်ရုပ်တစ်ရုပ်လိုမျိုး ငေးငိုင် ထိုင်နေခဲ့သည်။
ရွှေဖုန်းပေါင်မှာ ဂုဏ်သိက္ခာ ရှိသည့် လူတစ်ဦး ဖြစ်သည်။ ယခု မေမင်ကျိမှာ သူ၏ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်လေရာ သူမကို ထိခိုက်အောင် လုပ်ဖို့ ဆန္ဒ မရှိတော့ချေ။ ထို့ကြောင့်ပင် သူက နှလုံးသားများ စုဆောင်းသည့် လုပ်ငန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့သည်။
ထို့အပြင်... သူထံတွင် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးမှာလည်း လေးလုံးမျှသာ ကျန်ရှိတော့သည်။ အခြား လျှို့ဝှက် အာဏာရှင် တစ်ယောက်ကို ရှာဖွေဖို့ ဆုံးဖြတ်လျှင်ပင် အများဆုံး နှလုံးသား ငါးခုသာ ရရှိနိုင်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူ ကျင့်ကြံခြင်းကို အာရုံစိုက်ဖို့ ပြောင်းလဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"..."
ရွှေဖုံးပေါင် မေမင်ကျိ၏ စကားကြောင့် ရှက်ရွံ့စွာ ပြုံးလိုက်မိ၏။ သူက သူမကို မနားတမ်း လိုက်လံ ရှာဖွေခဲ့ကာ နှလုံးသားများကို အကြိမ်ကြိမ် ထုတ်ယူခဲ့သည်။ သူမကို ကယ်တင်ရန် အတွက် မဟုတ်ပဲ ပုံးကို ဖွင့်ဖို့ အတွက် မကောင်ဆိုးရွား စောင့်ကြပ်သူကို သတ်ဖြတ်ခဲ့သည်။ တစ်နည်းအားဖြင့် သူက သူ၏ ကိုယ်လုပ်တော်အပေါ် အလွန်ရက်စက်ခဲ့သည်။
ရွှေဖုန်းပေါင် ခိုင်မာစွာ ဆုံးဖြတ်လိုက်၏။
"ဟုတ်တယ်... မင်းပြောတာမှန်တယ်... အပိုင်းအစတွေ အပြည့်အဝ ပေါင်းစည်းပြီးတာနဲ့ ငါ သွားမယ်... အဲဒီ နေရာမှာ ငါ့ရဲ့ နောင်တော်ကြီးတွေ ရောက်နေရင်တောင်မှ အနည်းဆုံး တစ်စက္ကန့်လောက် ဝင်မတိုက်ခိုက်လိုက်ရရင် ဘဝမှာ နောင်တရစရာ ဖြစ်နေလိမ့်မယ်"
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ အာဏာရှင်များအတွက် ကိုယ်ပိုင် စွမ်းရည်များကို မြှင့်တင်ရန်ဟု အာဏာရှင် အင်ပါယာက ပြောခဲ့ဖူးသည်။ ထို့ကြောင့်ပင် နောက်ဆုတ်ရန် သူ ငြင်းဆန်သည်။
"အနည်းဆုံးတော့"
မေမင်ကျိက သက်ပြင်း တစ်ချက် ချလိုက်၏။ အကယ်၍ ခင်ပွန်းဖြစ်သူသာ ပိုမို ကြီးမားသည့် အခွင့်အလမ်းများ အတွက် ရင်ဆိုင် တိုက်ခိုက်ဖို့ ဆန္ဒ မရှိခဲ့လျှင် အရာအားလုံးကို သူမ ဦးဆောင်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ကံကောင်း ထောက်မစွာပင် သူမ လုပ်စရာ မလိုအပ်တော့ပေ။
ထို့အပြင်... ရွှေဖုန်းပေါင်၏ ပါရမီ အရ ဆိုလျှင် အနည်းဆုံး လျှို့ဝှက် အရှင်သခင် အဆင့်ကို ရောက်မှာ သေချာပေသည်။ သူက အရင်းအမြစ်များစွာကိုလည်း ထူးဆန်းစွာ ပိုင်ဆိုင်ထားသည်။ သူ့လို လူတစ်ယောက်ကို ခင်ပွန်းအဖြစ် ပိုင်ဆိုင်ထားရခြင်းက ဆိုးတော့လည်း မဆိုးလှပါချေ။
***