← Chapters

မဟာအင်ပါယာ၏ လောက

Vol. 155 Ch. 2205

မဟာအင်ပါယာ၏ လောက

Vol. 155 Ch. 2205

ရီဖူရှင်းနှင့် အခြားလူများက ထိုနေရာအတွင်း အားအကောင်းဆုံးဖြစ်သော ထျန်းဟွမ်နန်းတော်ကို အလျင်အမြန်ပင် ရှာဖွေတွေ့ရှိခဲ့ကြပေသည်။

ထျန်းဟွမ်နန်းတော်က ထိုဘုံ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ၎င်းသည် ဤအမှီအခိုကင်းသည့် လောကကို အုပ်စိုးသည့် အင်အားစု ဖြစ်၏။ ပါရမီအကောင်းဆုံး လူများက ထျန်းဟွမ်နန်းတော်တွင် ကျင့်ကြံရန် ပို့ဆောင်ခံရပေသည်။

ရီဖူရှင်း လျှောက်လာရင်း သူသည် ဤဘုံရှိ ကျင့်ကြံသူများ၏ စွမ်းရည်မှာ အမှန်တကယ် အလွန် အစွမ်းထက်ကြောင်း တွေ့ရှိခဲ့သည်။ သူတို့သည် မူလဘုံ၏ စံနှုန်းနှင့်ပင် နှိုင်းယှဉ်၍ ရလောက်အောင် ထူးချွန်ကြပေသည်။ သူတို့က ကောင်းကင်ဒေသ၏ အဓိကကုန်းမြေများနှင့်ပင် ညီမျှသည်။ သူသည် လမ်းတလျှောက်၌ ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသူများအား ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက ဤဘုံ၏ ပြိုင်ဘက်ကင်းမှုနှင့် ဆက်စပ်နေပုံရပေသည်။

စီဝေ့မဟာအင်ပါယာက ဤလောကကို ချိပ်ပိတ်ခဲ့သည်။ သူတို့က သူ၏ လမ်းစဉ်ကို ဆက်ခံခဲ့ကြရပုံရလေသည်။

ဤကမ္ဘာတွင် စီဝေ့မဟာအင်ပါယာ ချမှတ်ခဲ့သော စည်းမျဉ်းများပေါ်တွင် အခြေခံဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထျန်းဟွမ်နန်းတော်သည် ဤကြယ်ကမ္ဘာ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးအကြား ခမ်းနားထည်ဝါစွာ တည်ရှိပြီး ထိုနန်းတော်က လွှမ်းမိုးနိုင်စွမ်းရှိကာ ခန့်ထည်လှသည်။

ရီဖူရှင်းတို့အဖွဲ့က ထျန်းဟွာနန်းတော်၏ အပြင်ဘက်သို့ ရောက်လာကာ သူတို့က ထိုနေရာကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းက သူ့ဘေးမှ လူများကို ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံးလည်း လိုက်ခဲ့သင့်တယ်။”

ထိုနေရာအတွင်းမှ လူများအားလုံးက ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့နှင့် တူညီသော အဆင့်မှလူများ လာရောက်လည်ပတ်ခြင်းက ပိုထိရောက်မှု ရှိပေလိမ့်မည်။

“ကျုပ်တို့က မူလဘုံရဲ့ ကျင့်ကြံသူတွေပါ။ အခု ကျုပ်တို့ ထျန်းဟွမ်နန်းတော်ကို နှုတ်ဆက်ရအောင် လာခဲ့တာပါ။” ရှောင်တိန့်ထျန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ အသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်သွားကာ ကျယ်ပြောသည့် ထျန်းဟွမ်နန်းတော်သို့ သက်ဆင်းလာသည်။

ချက်ချင်းပင် ထျန်းဟွမ်နန်းတော်အတွင်းရှိ မရေတွက်နိုင်သော တန်ခိုးရှင်များက မော့ကြည့်လိုက်ကြသည်။ စိတ်အာရုံများက သူတို့ထံ လွှမ်းခြုံလာ၏။ တန်ခိုးရှင်များသည် ထိတ်လန့်အံ့အားသင့်မှုတို့ ထုတ်ဖော်ပြသလာသည်။ အမ်ားစုက လေးနက်သော မျက်နှာထားများနှင့် ကောင်းကင်သို့ တက်လာကြသည်။

မည်သည်တို့ ဖြစ်နေသနည်း။

ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူများစွာက သူတို့ထံ ရောက်ရှိလာကြသည်။

သို့သော် ထျန်းဟွမ်နန်းတော်၏ ပင်မခန်းဆောင်တွင် မီးခိုးရောင်ဝတ် အကြီးအကဲတစ်ယောက် ထွက်ပေါ်လာပြီး ပင်မခန်းဆောင်အပြင်ဘက်၌ ရပ်လိုက်သည်။ သူ၏ အကြည့်များက လေဟာနယ်ကို ထိုးဖောက်ကာ အပြင်ဘက်သို့ ကြည့်လိုက်ရင်း သူက ပြန်ဖြေလိုက်၏။ “ထျန်းဟွာနန်းတော်ကနေ ဂုဏ်သရေရှိဧည့်သည်တွေကို ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး ဝင်လာကြပါ။”

“ကျေးဇူးအများကြီးတင်ပါတယ်။” ရှောင်တိန့်ထျန်းက ပြောလိုက်သည်။ ချက်ချင်းပင် တန်ခိုးရှင်များက ထျန်းဟွမ်နန်းတော်သို့ ဦးတည်လိုက်ကြ၏။သူတို့သည် ထျန်းဟွမ်နန်းတော် ပင်မခန်းဆောင် အပြင်ဘက်သို့ တန်းတန်းမတ်မတ် ရောက်လာကြကာ မီးခိုးရောင်ဝတ်အကြီးအကဲတစ်ယောက်ကို မြင်လိုက်ရသည်။ သူက အရှိန်အဝါများကို ထိန်းချုပ်ထားသော်လည်း အဆင့်မြင့်မားလှသော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သည်ကို ခံစားမိနိုင်ပေသည်။

သူ့အနီးမှ ရန်ဟောင်များကလည်း ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့် ထူးချွန်သည့် တန်ခိုးရှင်တို့ ဖြစ်ကြသည်။

သို့သော် ယခု သူတို့က အပြင်ဘက်လောကမှ လာသောသူများကို သိချင်စိတ်များဖြင့် ကြည့်နေကြပေသည်။ ဤအဖွဲ့က အလွန် အစွမ်းထက်လှသည်။ ထိုသူများသည် သူတို့၏ ထျန်းဟွမ်နန်းတော်ကို အပြီးတိုင်သုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်သော အင်အားကို ပိုင်ဆိုင်ထား၏။ သူတို့က မကောင်းသော ရည်ရွယ်ချက်များနှင့် ရောက်လာခြင်း ဖြစ်ပါက ထျန်းဟွမ်နန်းတော်သည် ပြဿနာတောထဲ ကျရောက်သွားရပေလိမ့်မည်။

ရီဖူရှင်းနှင့် အခြားလူများ ဝင်ရောက်လာပြီးနောက် မည်သည့် မကောင်းသော ရည်ရွယ်ချက်ကိုမှ မပြသခဲ့ဘဲ သူတို့ကို လေးလေးစားစား အရိုအသေပေးခဲ့သည်။ ၎င်းကို သူတို့ မြင်သည့်အခါ သူတို့ကလည်း တစ်ဖက်လူများကို ယဉ်ကျေးမှုအပြည့်ဖြင့် ပြန်လည် အရိုအသေပေးလိုက်သည်။ ထျန်းဟွမ်နန်းတော်သခင်က မေးလိုက်၏။ “ခင်ဗျားတို့ ဘယ်က လာခဲ့ကြတာလဲ။”

“ကျုပ်တို့က အပြင်ဘက်ဘုံကနေ လာခဲ့တာပါ။ စီနီယာ ဒီအမှီအခိုကင်းတဲ့ကမ္ဘာမှာ အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေတာကို သိထားလား။” ရှောင်တိန့်ထျန်းက မေးလိုက်သည်။

“အင်း” ထျန်းဟွမ်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ်တို့လည်း သတိပြုမိပါတယ်။ ချိပ်စည်းက ပွင့်သွားပြီမလား။”

ကျင့်ကြံသူများစွာက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကြသည်။ ကြည့်ရသည်မှာ ထျန်းဟွမ်နန်းတော်သခင်က ထိုအကြောင်းကို သိရှိပြီး ဖြစ်ပေလိမ့်မည်။ ဤထိပ်သီးပုဂ္ဂိုလ်ကြီးက သူတို့၏ ကျင့်ကြံခြင်းလောကအကြောင်း အမှန်တရားကို သိရှိထားသည်ဟု ဆိုလိုသည်လား။

“အင်း။” ရှောင်တိန့်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ်တို့က အပြင်ဘက်လောကကနေ လာတဲ့ ကျင့်ကြံသူတွေပါ။ ချိပ်စည်းပွင့်သွားပြီးတော့ ကျုပ်တို့ ဒီလောကကို ရောက်လာခဲ့တာ။ ဒါကြောင့် ကျုပ်တို့က ဒါ ဘယ်လိုနေရာမျိုးလဲဆိုတာ သိချင်လို့ မေးဖို့လာခဲ့ပါ။”

ယခင်က ဖြတ်သွားဖြတ်လာများကို မေးကြည့်ခဲ့သော်လည်း သူတို့က ရီဖူရှင်းကို အရူးလို ကြည့်ခဲ့ကြသည်။ သို့သော် ဤဘုံအတွင်းရှိ အားအကောင်းဆုံးလူများက ချက်ချင်း သူတို့၏ ရည်ရွယ်ချက်ကို နားလည်သွားကြပေသည်။

ဤသည်ကို ကြည့်လျှင် တစ်ဖက်လူသည် သူတို့ မျှော်မှန်းထားသည်ထက် ပိုမိုသိထားပုံ​ရလေသည်။

“အင်း” ထျန်းဟွမ်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “လူတိုင်းပဲ ဝင်လာကြပါ။”

“ကျေးဇူးအများကြီးတင်ပါတယ်။” ရှောင်တိန့်ထျန်းက လက်သီးဆုပ်ကာ အရိုအသေပြုလိုက်၏။ ထို့နောက် သူက တစ်ဖက်လူနှင့် လိုက်ပါသွားကာ ပင်မခန်းဆောင်အရှေ့တွင် စီစဉ်ထားသော ထိုင်ခုံများ၌ ထိုင်လိုက်ကြသည်။ နှစ်ဖက်လုံးက မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပေသည်။ ထို့နောက် ထျန်းဟွမ်နန်းတော်သခင်က ပြောလိုက်သည်။ “ခင်ဗျားတို့က အပြင်လောကကနေ  ချိပ်စည်းကို ဖွင့်ပြီး ရောက်လာကြတာမို့ ခင်ဗျားတို့ သိသင့်တဲ့ တချို့ကိစ္စတွေ ရှိတယ်။”

“ကျုပ်တို့က ဒါကို ရှေးဟောင်းလောကတစ်ခုအဖြစ် ယူဆလို့ရမလား။ ကောင်းကင်လမ်းစဉ် ပြိုကျတဲ့အချိန်မှာ စီဝေ့မဟာအင်ပါယာက ဒီလောကကို သီးခြားလောကတစ်ခု အဖြစ် ချိပ်ပိတ်ခဲ့တယ်။ မရေတွက်နိုင်တဲ့ ကပ်ဘေးတွေ ပြီးတဲ့နောက်ဆုံးမှာ ဒီနေ့ ချိပ်စည်းက ပွင့်သွားခဲ့တယ်။” ရှောင်တိန့်ထျန်းက ပြောလိုက်သည်။

တစ်ဖက်လူများက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ “ကျုပ်တို့ စီဝေ့ဘုံမှာ လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းဒဏ္ဍာရီတွေ ရှိတယ်။ အရင်တုန်းက စီဝေ့မဟာအင်ပါယာက ကျုပ်တို့ကို ကာကွယ်ဖို့အတွက် ဒီစီဝေ့ကျောက်အပိုင်းအစထဲမှာ ကျုပ်တို့ ကမ္ဘာကို ချိပ်ပိတ်ခဲ့တယ်။ ခင်ဗျားတို့အားလုံး အပြင်ဘက်လောကကနေ အဲဒါကို သေချာပေါက် မြင်တွေ့ခဲ့ရမှာပဲ။ ကျုပ်တို့ကမ္ဘာကို စီ​ဝေ့ကြယ်ကမ္ဘာလို့လည်း ခေါ်တယ်။ အဲဒီနယ်မြေတွေ အကုန်လုံးကို အရင်တုန်းက စီဝေ့ကြယ်အရှင် အုပ်ချုပ်ခဲ့တယ်။ ဒီစီဝေ့ကြယ်ကမ္ဘာက ကိုယ်ပိုင်လောကအဖြစ် ရပ်တည်နေတာ။ ဒါကြောင့် ကျုပ်တို့ ကမ္ဘာနဲ့ အပြင်ဘက်လောကကြားမှာ ခြားနားချက်နည်းနည်း ရှိနေနိုင်တယ်။ ဒါပေမယ့် ဒီလျှို့ဝှက်ချက်တွေကို ထိပ်သီးပုဂ္ဂိုလ်တွေကသာ သိနိုင်တယ်။ ရန်​ဟောင်အဆင့်ကို ရောက်နေတဲ့ လူမှမဟုတ်ရင် ဒီကမ္ဘာကနေ ထွက်သွားဖို့ မပြောနဲ့ ကိုယ်ပိုင်ကြယ်ကနေတောင် ထွက်သွားဖို့ ခက်ခဲလိမ့်မယ်။”

ရီဖူရှင်းနှင့် အခြားလူများက ခေါင်းညိတ်လိုက်ကြသည်။ ၎င်းက သူတို့မျှော်လင့်ထားသလိုပင် ဖြစ်သည်။

ဤနေရာက စီဝေ့မဟာအင်ပါယာ၏ ကမ္ဘာတစ်ခုဖြစ်ပေသည်။

“မဟာအင်ပါယာက သူ့စွမ်းအားတွေကို ချန်ရစ်ခဲ့တာလား။” ရီဖူရှင်းက မေးလိုက်သည်။

“ရှိနိုင်ပါတယ်။” တစ်ဖက်လူက ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ “ဘယ်သူကမှ စီဝေ့မဟာအင်ပါယာရဲ့ ရုပ်ကြွင်းကို မမြင်ဖူးပေမယ့် စီဝေ့ကြယ်ကမ္ဘာမှာတော့ သူက နတ်ဘုရားတစ်ပါးပဲ။ ဒီနေရာမှာရှိတဲ့ စည်းမျဥ်းတွေက စီဝေ့မဟာအင်ပါယာရဲ့ ဆန္ဒပေါ် အခြေတည်တယ်။ ဒီကမ္ဘာတစ်ခုလုံးက သူ့စွမ်းအားတွေနဲ့ လွှမ်းခြုံထားတယ်။ ဒီကမ္ဘာက စီဝေ့မဟာအင်ပါယာရဲ့ ဆန္ဒတွေကို ဖော်ဆောင်ပေးနေတာလို့ ယုံကြည်တယ်။ သူက ဒီလောကကို အမြဲ ကာကွယ်ပေးနေတယ်။”

ရီဖူရှင်းနှင့် အခြားလူများက တစ်ဖက်လူ၏ စကားများကို နားလည်ပေသည်။ စီဝေ့မဟာအင်ပါယာသည် ဤကမ္ဘာမှ လူတိုင်း လေးစားရသော နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူသည် အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်ပြီး ဤကမ္ဘာမှလူများ၏ ကိုးကွယ်ရာလည်း ဖြစ်သည်။ မျှော်လင့်ထားသလိုပင် ဤကမ္ဘာကို သူက ကာကွယ်ပေးထားခြင်း ဖြစ်သည်။

“အပြင်ဘက်ကမ္ဘာကြီးက ဘယ်လိုလဲ။” ထျန်းဟွမ်နန်းတော်သခင်က မေးလိုက်သည်။ သူတစ်ယောက်တည်းသာ သိချင်စိတ်ဖြစ်နေသ​ည်မဟုတ်ပေ။ စီဝေ့ဘုံ၏ အခြားသော ကျင့်ကြံသူများကလည်း ရီဖူရှင်းနှင့် အခြားလူများကို သိချင်စိတ်နှင့် ကြည့်လိုက်ကြသည်။

ရှောင်တိန့်ထျန်းက ဖြေးညင်းစွာ ရှင်းပြလိုက်၏။ “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကောင်းကင်လမ်းစဥ်ပြိုကျခဲ့ပြီး လောကကြီးက ကြီးမားတဲ့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကောင်းကင်လမ်းစဥ်က ပြိုကျပျက်စီးသွားပြီး နတ်ဘုရားပေါင်းများစွာ သုတ်သင်ခံခဲ့ရတယ်။ နောက်ပိုင်း မူလဘုံနဲ့ အပြင်ဘက်လောက ဖြစ်တည်လာတယ်။ ကျုပ်တို့က မူလဘုံကနေ လာခဲ့တာ။ အဲဒီနေရာကို လေဟာနယ်ဘုံလို့လည်း ခေါ်တယ်။ စီဝေကြယ်ကမ္ဘာက မူလဘုံအတွင်းက စီဝေ့ဘုံလို့ခေါ်တဲ့ နေရာတစ်ခုရဲ့ အလယ်ဗဟိုမှာရှိတဲ့ နတ်ကျောက်တုံးတစ်ခုအတွင်းမှာ ချိပ်ပိတ်ထားခဲ့တာ။”

သူက ပြင်ပကမ္ဘာမှ အခြေအနေနှင့် ပတ်သတ်ပြီး တစ်ဖက်လူကို ရှင်းပြလိုက်သည်။

“ဒါဆို အပြင်ဘက်လောကက စီဝေ့ကြယ်ကမ္ဘာထက် ပိုပြီး ကြီးတာလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ခင်ဗျားတို့အားလုံး နောင်တစ်ချိန်မှာ ဒီကနေ ထွက်သွားလို့ရမှာပါ။ အဲဒီအချိန်ကျ ခင်ဗျားတို့ ကိုယ်တိုင် ကြည့်လို့ရပါတယ်။” ရှောင်တိန့်ထျန်းက ပြောလိုက်၏။ “ဒါနဲ့ စီဝေ့ကြယ်ကမ္ဘာရဲ့ အဓိကနေရာက ဘယ်မှာလဲ။ ဒီလောကရဲ့ အဓိကဒေသကို မြင်ချင်လို့။”

“စီဝေ့အင်ပါယာကြယ်ပေါ်မှာ။” တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “ခင်ဗျား ကောင်းကင်ပေါ်မှာ ရပ်ပြီး ကြည့်ရင် အတောက်ပဆုံးနဲ့ အမြင့်ဆုံးဖြစ်နေတဲ့ ကြယ်က စီဝေ့အင်ပါယာကြယ်ပဲ။ စီဝေ့အင်ပါယာနန်းတော်က အဲဒီမှာ ရှိတယ်။ ဒဏ္ဍာရီတွေက ပြောတာတော့ မဟာအင်ပါယာ အရင်တုန်းက အဲဒီမှာ ကျင့်ကြံခဲ့တာတဲ့။ အဲဒီနေရာက ဒီလောကရဲ့ အဓိကနေရာပဲ။ အဲဒီနေရာက စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်တယ်။ ကျုပ်တို့ ထျန်းဟွမ်နန်းတော်က ထျန်းဟွမ်နန်းတော်မှာပဲ။ ဒါပေမယ့် ထျန်းဟွမ်နန်းတော်က စီဝေ့အင်ပါယာနန်းတော်ရဲ့ အမိန့်ကို နာခံရတယ်။ အဲဒီနေရာက ဒီလောကရဲ့ သန့်စင်မြင့်မြတ်နယ်မြေပဲ။ ခင်ဗျားတို့ ဒီလောကရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ဆန္ဒရှိရင် အဲဒီကို သွားနိုင်ပါတယ်။”

သူတို့က ခေါင်းညိတ်လိုက်သည်။ သူတို့သာမကဘဲ အခြားတန်ခိုးရှင်များသည်လည်း ဤကမ္ဘာသို့ ရောက်ရှိလာကြပေသည်။ ယခု သူတို့က မတူညီသော နေရာများကို တကွဲတပြား ရောက်ရှိသွားကြသော်လည်း လူတိုင်းက စီဝေ့အင်ပါယာကြယ်၌ စုစည်းကြပေလိမ့်မည်။

ဤလောက၌ အမှန်တကယ်ပင် စီဝေ့နန်းတော် ရှိပေသည်။ သို့သော် ၎င်း၌ အင်ပါယာဟူသော စကားလုံး ထပ်မံပေါင်းထည့်ထားသည်။

စီဝေ့အင်ပါယာနန်းတော်သည် တစ်ချိန်က စီဝေ့မဟာအင်ပါယာ၏ ကျင့်ကြံရာနေရာ ဖြစ်ခဲ့ဖူးပေသည်။

***

All Chapters