← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

သူလွင့်သွားစဥ် သူဝိညာဥ်စွမ်းအားတွေကုန်သွားသလိုခံစားရသည်။ ကျောင်းသားတွေလည်း ချုပ်နှောင်ခံရခြင်းမှ အကုန်လွတ်လာကြတယ်

ထိုသို့ဖစ်ပြီးနောက် သူ၏ဝိညာဉ်စွမ်းအားသည်လျင်မြန်စွာကုန်ဆုံးသွားသည်။

“ မင်းကငါတို့ကိုတိုက်ဖို့သတ္တိရှိတယ်ပေါ့” အထက်တန်းကျောင်းသားက ထန်ဝူလင်း ရဲ့မျက်နှာကိုလက်နဲ့ပုတ်ပြီးအော်လိုက်သည်။

“ရပ်!” မုရှီကပြင်းပြင်းထန်ထန်အော်သည်။

ကျောင်းသားလေးသည်သူ၏လက်ကိုမကျေမနပ်ဖြင့် ရုတ်သိမ်းသော်လည်း ထန်ဝူလင်း ကိုမြေပြင်ပေါ်တွန်းချလိုက်သေးသည်။

ထန်ဝူလင်း နောက်ဆုံးတော့သတိထားမိသည်မှာ ခုဏက တောက်ပတဲ့အလင်းရောင်ကိုထုတ်လွှတ်ခဲ့တာမုရှီဆိုသတိပြုမိလိုက်သည်။ အံ့သြစရာကောင်းသည်မှာအဝါရောင်ဝိညာဉ် ကွင်းနှစ်ခုသည်သူမ၏ခြေဖဝါးမှတက်လာသည်။ သူမခေါင်းပေါ်တွင် နေရောင်ကဲ့သို့တောက်ပနေသောရွှေရောင်ဘောလုံးတစ်လုံးရှိလေသည်။ သူမ၏ သိုင်းဝိညာဥ် ဖြစ်ဟန်တူလေသည်။ သူမဘယ်ဘက်ပခုံးပေါ်၌သေးငယ်သောလုံးဝန်းသောမီးတောက်တစ်ခုကခုန်နေသည်။ ထိာမီးတောက်ကသူမရဲ့စိတ် ၀ိညာဉ်ဖြစ်ပုံရသည်။ မီးပမာဏကိုထိန်းထားသော်လည်း ပတ်ဝန်းကျင်အပူချိန်မှာဒီဂရီအနည်းငယ်မြင့်တက်နေဆဲဖြစ်သည်။

ဒါကဘယ်လိုသိုင်းဝိညာဉ်လဲ။ ပတ် ၀ န်းကျင်ကိုပူလာစေတယ်

နှစ်ကွင်း။ ဆိုလိုသည်မှာသူမဟာ ဝိညာဥ်ဂရမ်းမာစတာ တစ်ယောက်ဖြစ်နေပြီဟုဆိုလိုသည်။

“ ငါကပဉ္စမတန်းအတန်းထဲကမုရှီ ပါ။ ငါမင်းကိုပန်းပဲ ပြိုင်ချင်တယ်။ မင်းကဒီအကယ်ဒမီမှာဆက်ပြီးလေ့လာချင်စိတ်ရှိတယ်ဆိုရင်မင်းငြင်းလို့မရဘူး” မုရှီ ကအေးစက်စွာပြောခဲ့သည်။

သူမဟာကလေးဘဝကတည်းကမုရှီ ဟာပြိုင်ဘက်ကင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တယ်။

ထန်ဝူလင်း ကသူမကိုစိုက်ကြည့်လိုက်သည်။ သူ့ကိုခြိမ်းခြောက်တဲ့လူတွေကို ထန်ဝူလင်းမုန်းတယ်။

ထိုစဥ် သူမ၏မျက်လုံးများကအံ့အားသင့် နေတဲ့ပုံဖစ်လာသည်။ အခြားသူတွေဘာဖြစ်နေမှန်းမသိပေမယ့်သူမလည်ပင်းမှာအေးတဲ့ခံစားချက်ကိုရှင်းရှင်းလင်းလင်းခံစားခဲ့တယ်။ သူကတစ်လက်မတောင်မလှုပ်ရဲပေ။ သူမလှုပ်လိုက်လျှင်သူမလည်ပင်း ကျိုးသွားလိမ့်မည်ဟုသူမခံစားရသည်။

သူမသည်မလှုပ်ဝံ့၊ သူမ၏သိုင်းဝိညာဉ်ကိုတောင်မလွှတ်ရဲချေ။

“ဒီကောင်တွေကိုထွက်သွားခိုင်း!” ကြောက်စရာကောင်းတဲ့အသံတစ်ခုကသူမနောက်မှ ပေါ်လာသည်။ ထိုသူက ရှဲ့ရှဲ့ ပင်ဖြစ်သည်။

ရှဲ့ရှဲ့က မုရှီ၏ လည်ပင်းကိုညစ်ထားပြီး ဓားဖြင့်ခါးကိုထောက်ထားသည်။

“ မင်းလူယုတ်မာ။ မင်းဘာလုပ်နေတယ်လို့မင်းထင်လဲ။ “ ယခင်အထက်တန်းကျောင်းသားယောက်ျားလေးကပြောလိုက်သည်။

ထိုအခါ ရှဲ့ရှဲ့ ကအေးစက်စွာ

“ ငါ့ရဲ့စိတ်ရှည်သည်းခံမှုကအကန့်အသတ်ရှိတယ်။ အကယ်လို့ငါအကယ်ဒမီမှာမလုပ်ဝံ့ဘူးလို့မင်းတို့ထင်ရင် စမ်းကြည့်လို့ရလိမ့်မယ်။ ”

သူပြောသည့်အတိုင်း ရှဲ့ရှဲ့ သည်သူ၏ အလင်းနဂဓားကိုဖိလိုက်ကာ မုရှီ နာကျင်စွာအော်ဟစ်လိုက်သည်။

“မင်းတို့အားလုံးထွက်သွား!” မုရှီ မြန်မြန်အော်လိုက်သည်။ သူမနောက်မှလူသတ်လိုသောဆန္ဒများကိုသူမ သိသာစွာခံစားရသည်။ နောက်ဆုံးတော့ သူမသည် အသက် ၁၂ နှစ်သာရှိသေးသည်။ ထို့ကြောင့်အရမ်းကြောက်ရွံ့နေမိသည်။

အထက်တန်းကျောင်းသားများသည်အခြားရွေးချယ်စရာမရှိသောကြောင့်သူတို့ထွက်ခွာသွားကြသည်။ သို့သော်ထိုအချိန်တွင်ပြင်းထန်သောအသံတစ်ခုက“ ရပ်လိုက်ကြစမ်း”

ရှဲ့ရှဲ့ ၏တစ်ကိုယ်လုံးတုန်ယင်သွားပြီးသူ၏ ဝိညာဥ်ဓားများကိုသိမ်းလိုက်သည်။ ခဏအကြာတွင် လူတစ်ယောက်ကသူ့ကိုကြက်ကလေးတစ်ကောင်လို မယူလိုက်သည်။

အလယ်အတန်းဌာနခွဲ၏သင်ကြားရေးအဆောက်အအုံ….

သင်ကြားရေးဒါရိုက်တာ လုံဟိန်းစု မျက်မှောင်ကြုတ်ထားသည်။

မုရှီ ကသူမခေါင်းကိုငုံ့ထားပြီး

“ကျမထန်ဝူလင်း နဲ့ယှဉ်ပြိုင်မလို့သူကိုရှာနေတာပါ “

ရှဲ့ရှဲ့ကရယ်သည်။

“ မင်းကငါတို့ရဲ့ပထမတန်းအဆောင်ကိုအစေခံအုပ်စုတစ်စုလုံးခေါ်လာခဲ့တယ်။ မင်းတို့ အထက်တန်းကျောင်းသားတွေကလူတွေရောဟုတ်လား။ ”

လုံဟိန်းစု ကသူ့ကိုအေးစက်စွာကြည့်သည်။ “မင်းကရော စီနီယာကျောင်းသားတစ်ယောက်ကိုဓါးနဲ့မခြိမ်းခြောက်ဘူးလား။ သူတို့မရပ်ရင်မင်းဘာလုပ်မှာလဲ။ မင်းသူ့ကိုတကယ်သတ်မှာလား “

ရှဲ့ရှဲ့အေးစက်စက် အထက်တန်းကျောင်းသားတွေကြည့်လိုက်ပြီး

“ငါသေချာတော့ မပြောနိုင်ဘူး”

လူံဟိန်းစုကထန်ဝူလင်း ဘက်သို့လှည့်လိုက်သည်။

“မင်းကရော? မင်းမှာရှင်းပြစရာရှိလား။ “

“ ကျနော့်အဖေက ငယ်ငယ်ကတည်းက သင်ပေးထားတယ်။ ကျနော်က သူများကိုအနိုင်မကျင့်ရဘူး။ သူများတွေအနိုင်လာကျင့်ရင်လည်းငြိမ်ခံစရာမလို ရဲရဲဝံ့ဝံ့ ပြန်တိုက်ရမယ်လို့သင်ပေးတယ် “

သူ့ရှေ့မှကလေးများကိုကြည့်ရင်းလုံဟိန်းစုသည် သူသင်ကြားလာသော နှစ်များစွာကြာပြီး နောက် နောက်ဆုံးတွင်သူ့ကိုစကားမပြောဘဲထားနိုင်သောသူများနှင့်တွေ့လိုက်သည်။

“ ငါ့ရဲ့ကျောင်းသားတွေ အမှားလုပ်မိတယ်လို့ငါမထင်ဘူး”

ဝူကျန်ခုံ ကရုံးခန်းထဲသို့လမ်းလျှောက်လာစဉ်အေးစက်စက်အသံနှင့်ပြောသည်။

လုံဟိန်းစုက

“ ဆရာဝူမင်းတံခါးခေါက်ရမယ့်ယဥ်ကျေးမှုကိုမေ့နေပြီလား”

ဝူကျန်ခုံက “တောင်းပန်ပါတယ်” ဟုအေးစက်စွာတောင်းပန်လိုက်သည်။

“ အကြီးကအငယ်ကိုအနိုင်ကျင့်တာဆိုတော့ မင်းတို့ တော်တော်စွမ်းနေပုံရတယ် “

ဝူကျန်ခုံ၏ရေခဲအေးသောအကြည့်သည် မုရှီ ၏ပဉ္စမတန်းကျောင်းသားများဆီပျံ့နှံ့သွားသည်။

“အကောင်သေးသေးလေးတွေကို ငါအနိုင်မကျင့်ချင်ဘူး မင်းတို့ငါ့ကျောင်းသားကိုထပ်အနိူင်ကျင့်ရင် မင်းတို့အတန်းပိုင်ဆရာကို ငါသွားရိုက်ရလိမ့်မယ် “

လုံဟိန်းစု ကဒေါသတကြီးနဲ့

“ ဆရာ ဝူ! ကျေးဇူးပြုပြီးကိုယ့်ကိုကိုယ်ဂုဏ်သိက္ခာရှိရှိနေပေးပါ”

ဝူကျန်းခုံ က “မင်းငါ့ကိုအနိုင်ယူနိုင်ရင်ငါဂုဏ်သိက္ခာရှိရှိနဲ့လုပ်မယ်”

ပြောပြီးတဲ့အခါသူသည်ရှဲ့ရှဲ့နဲ့ထန်ဝူလင်းကိုဆွဲ ပြီးအဆောက်အအုံမှထွက်ခွာသွားသည်။

ထိုနောက် အဆောက်အုံအပြင်ဘက်ရောက်သောအခါ ထန်ဝူလင်းကိုကြည့်လိုက်ပြီး “ မင်းမမှားဘူး အ့ကြောင့်ငါ့ကိုကျေးဇူးတင်စရာမလိုဘူး မင်းတို့ကိုလည်း အတန်းနောက်ကျမခံဘူး “

ရှဲ့ရှဲ့ က “ ဆရာဝူ ဆရာအရမ်းလန်းတာပဲ။ နောက် ဘာပဲသင်သင်ကျနော် လက်ခံမယ်။ အရမ်းကျေးဇူးတင်ပါတယ်”

ထန်ဝူလင်းလည်းဦးညွတ်ကာ ဆရာဝူကိုကျေးဇုးတင်လိုက်တယ်

နောက်ထန်ဝူလင်းက ရှဲ့ရှဲ့ဘက်သို့လှည့်ကာ

“ မင်းကိုလည်းကျေးဇူးတင်ပါတယ် “

All Chapters