အခန်း (၆၂)
Vol. 5 Ch. 62
“မင်းဘာလို့ဒီလောက်တောင်စကားတွေများနေရတာလဲ။ မင်းငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး။ အားနည်းတဲ့လူတွေကိုအနိုင်ကျင့်တာငါမကြိုက်ဘူး “
ထန်ဝူလင်း ပြုံးလိုက်သည်။ “ငါတို့ကအခုသူငယ်ချင်းတွေပဲ”
ရှဲ့ရှဲ့ ပခုံးတွန့်သွားသည်။
“ သူငယ်ချင်း၊အရမ်းလွယ်လွန်းတယ်။ ငါမင်းကိုငါ့သူငယ်ချင်းလို့မယူဆသေးဘူး “
ထန်ဝူလင်း က “အရေးမကြီးပါဘူး”
ရှဲ့ရှဲ့မှာ ဝူကျန်ခုံကိုပြောခဲ့သည်များကို နောင်တတောင်ရချင်သွားတယ်။ အရင်နေ့က ပြောတဲ့ကာယလေ့ကျင်းခန်းမှာ စတင်ပြီဖြစ်ပြီး ထိုအရာကတော့အပြေးလေ့ကျင့်ခြင်းဖြစ်သည်။
အရှေ့ပင်လယ် အကယ်ဒမီ ၏အလယ်တန်းဌာန၌မီတာ ၈၀၀ ရှည်လျားသောကွင်းတစ်ခုရှိသည်။ တစ်မနက်ခင်းလုံး ေသွေပူအောင်ဆရာဝူက ပတ်ပြေးခိုင်းနေလေသည်။
ဝူကျန်းခုံသည် ရှဲ့ရှဲ့နဲ့ထန်ဝူလင်းကို ကီလို 10ရှိတဲ့အလေးများကိုဝတ်စေပြီး ကွင်းကိုပတ်ပြေးခိုင်သည်။ သူတို့မှာ ထိုအရာကိုပင်ပျော်နေကြသည်။
မနေ့ကသာဖြစ်ခဲ့လျှင် ရှဲ့ရှဲ့ သည်ဒေါသဖြစ်မည်မှာသေချာသည်။ ဒါပေမယ့်ဒီနေ့မှာတော့လုံးဝမတူပေ။ သူသည်မာနထောင်လွှားနေဆဲဖြစ်သော်လည်း ဝူကျန်းခုံ မှာကြားသမျှကိုအစွမ်းကုန်ကြိုးစားနေသည်။ ရှဲ့ရှဲ့ သည် ဝူကျန်းခုံ ကိုတကယ်လေးစားလျက်ရှိသည်။ ဆရာသည်သူ့ထက်ပိုအေးစက်ပြီးမာနကြီးရုံသာမက အလွန်လည်းအစွမ်းထက်သည်။
ထန်ဝူလင်း အသံတိတ်နေသည်။ ပြင်းထန်သောလေ့ကျင့်မှုနှင့် ပတ်သက်၍ သူသည်စိတ်လှုပ်ရှားမှုကိုသာခံစားနိုင်သည်။
ရှဲ့ရှဲ့ သည် လျင်မြန်တိုက်ပွဲမာစတာ ဖြစ်သည်၊ ထို့ကြောင့် ၁၀ ကီလိုဂရမ်သတ္တုအင်္ကျီကို ၀ တ်ထားသော်လည်းသူသည်အလွန်မြန်နေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင် ထန်ဝူလင်း ၏အရှိန်သည်မမြန်သော်လည်းတည်ငြိမ်သည်။နှစ်ကြိမ်ခန့်အကြာတွင် ရှဲ့ရှဲ့ နှင့်အခြားကျောင်းသားများ၏အရှိန်သည်နှေးကွေးလာသည်။
လေးကြိမ်မြောက်ပြေးပြီးတဲ့အခါမှာတော့ မောဟိုက်လာလေသည်။
သတ္တုအင်္ကျီသည် ပို၍ လေးလံလာသကဲ့သို့ ရှဲ့ရှဲ့သည် ထန်ဝူလင်း အားစကားပြောရန် ခွန်အားပင်မရှိတော့ပေ။
“အဆင်ပြေလား?” ထန်ဝူလင်း ၏အသံသည်သူ့နောက်မှရုတ်တရက်ထွက်ပေါ်လာသည်။
“အခုထိတော့ပြေနေတုန်းပဲ !” ရှဲ့ရှဲ့ ကအံကြိတ်လိုက်ကာပြောလိုက်သည်နှင့်သူ့အရှိန်ကပိုတိုးလာသည်။ ဒီကောင့်ကိုကိုကျော်တက်ခွင့်ပေးရမှာလား…
ထန်ဝူလင်း ၏အသက်ရှူသံသည်တည်ငြိမ်နေသည်
၊ “ ဆရာဝူကငါတို့ကိုအလေးထမ်းခိုင်းတာဟာကျိုးကြောင်းဆီလျော်ပါတယ်။ နောက်ဆုံးတော့ငါတို့ကအတန်းမြှင့်တင်ရေးပြိုင်ပွဲမှာငါတို့အတန်းအတွက်ကိုယ်စားလှယ်တွေပဲ။ ”
ရှဲ့ရှဲ့ တိတ်ဆိတ်နေခဲ့သည်။ လက်ရှိသူ့ကိုစကားပြောနေရင်တောင်ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မယ်။
ငါးကြိမ်မြောက်!
ရှဲ့ရှဲ့ သည်သူ့ခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်ဖြစ်နေပြီ။ သူ့အတွက်သူ့ခန္ဓာကိုယ်သည်ကျောက်တုံးကဲ့သို့လေးလံနေသည်။
ထန်ဝူလင်း၏အခြေအနေသည် ရှဲ့ရှဲ့ နှင့်လုံးဝကွဲပြားခြားနားခဲ့သည်။ ဆယ်ကီလိုဂရမ်ရှိသောသတ္တုအင်္ကျီသည် ထန်ဝူလင်း အတွက်ငါးကြိမ်ဆက်တိုက် ကွင်းကိုပတ်ပြေးပြီးနောက်သွေးများနွေးထွေးရုံသာရှိသေးသည်။
ထန်ဝူလင်းမှာ ရှဲ့ရှဲ့ကိုတွဲကာ ကူညီပေးလိုက်သည်။
ရှဲ့ရှဲ့ သည် ထန်ဝူလင်း ကိုအံ့သြစွာကြည့်လိုက်သည်။
ရှဲ့ရှဲ့ က “မင်းလူရောဟူတ် လား။ မင်းလုံးဝမပင်ပန်းဘူးလား? “
“ငါအဆင်ပြေနေတုန်းပဲ !”
ထိုအချိန်တွင်မိန်းကလေးတစ် ဦး သည်အကယ်ဒမီအဆောက်အ ဦး မှကွင်းပြင်စီသို့လျှောက်လာသည်။
သူမသည်အဖြူရောင်ဝတ်စုံကို ၀ တ်ဆင်ထားပြီးပထမတန်းငကျောင်းသားများနှင့်အသက်ရွယ်တူပုံရသည်။ သူမသည်အထူးမလှပသော်လည်းအနည်းငယ်နူးညံ့သိမ်မွေ့ကာလှပနေဆဲဖြစ်သည်။ အနက်ရောင်ဆံပင်ရှည်၊မျက်လုံးနက်များဖြင့်လှပလျက်ရှိသည်။
“မင်းဘယ်အတန်းကလဲ?” ဝူကျန်ခုံ မေးလိုက်သည်။
သူမသည် သတ္ထုအကျီကိုဝတ်ကာပြေးနေသော ထန်ဝူလင်းနဲ့ရှဲ့ရှဲ့ကိုကြည့်နေရင်း
“ကျမက ကျောင်းသူမဟူတ်ပါဘူး။ ကျောင်းအပ်ဖို့လာတာပါ။ ဒါပေမဲ့ကျောင်းအပ်ကာလက ပြီးသွားပြီလို့ပြောကြလို့ပါ။ ဒါပေမဲ့ကျမကျောင်းတက်ချင်တယ််။ ကျမကိုအခွင့်ရေးပေးလို့ရမလား
ကျမနာမည် ဂူရွဲ့ပါ။ “
အခြားဆရာသာဆို သူမကို ချက်ချင်းမောင်ထုတ်မှာပါ။ ဒါပေမဲ့ အခုရှိနေတာက ဝူကျန်ခုံပင်နေလေသည်။
ဝူကျန်းခုံ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ။ ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်။ “
စကားပြောပြီးတဲ့နောက်သူကလှည့်ကြည့်ပြီး ထန်ဝူလင်းတို့ ဆီကိုသွားခဲ့တယ်။
“ရှဲ့ရှဲ့ မင်းရဲ့ သတ္ထု အကျီကို ကို ထန်ဝူလင်း ကိုပေးပြီးဒီကိုလာခဲ့။ “
ထန်ဝူလင်း ၏ကူညီမှုကြောင့် ရှဲ့ရှဲ့ သည်နှစ်ကြိမ်ကိုစိတ်အေးလက်အေးဖြင့်ပတ်ပြေးနိုင်ခဲ့သည်။ သူသည်အလျင်အမြန်ရပ်တန့်လိုက်ပြီးသူ၏သတ္တုရှပ်အင်္ကျီကိုချွတ်ကာ ပေးခဲ့သည်။
“မင်းနောက်ထပ်သတ္တုအင်္ကျီနဲ့အဆင်ပြေလား။ “
ထန်ဝူလင်း က “ဒါကမင်းထက်ပေါ့တယ်”
သူသည်သတ္တုအင်္ကျီကို ယူ၍ ရှဲ့ရှဲ့ ရှေ့တွင်တည်ငြိမ်စွာဝတ်လိုက်သည်။
‘သူ့ရဲ့ကာယကြံ့ခိုင်မှု ... တကယ်ကလူသားမဟုတ်ဘူး’
ရှဲ့ရှဲ့ ဝူကျန်ခုံ ၏အနားသို့ရောက်လာသည်။
“ဆရာ ဝူ”
ဝူကျန်ခုံ က
“မင်းရဲ့ကာယကြံ့ခိုင်မှုက ထန်ဝူလင်းနဲ့ယှဥ်ရင် ဆိုးလွန်းတယ်”
ရှဲ့ရှဲ့ က“ ငါတို့ တိုက်ခိုက်ရေးဝိညာဥ်မာစတာတွေ ကပြင်းထန်တဲ့စွမ်းအားနဲ့သွက်လက်မှုရှိဖို့ပဲလိုတယ်။ ငါတို့မှာကာယခွန်အားအများကြီးရှိဖို့မလိုပါဘူး။ ”
ဝူကျန်ခုံ က “အတွေးတိမ်တဲ့ကောင် ။ ကောင်းပြီ၊ ငါဒီနေ့မင်းကိုအခွင့်အရေးတစ်ခုပေးမယ်။ သူမကိုအနိုင်ယူပါ၊ ဒါဆို နေ့ခင်းမှာမင်းပြေးစရာမလိုပါဘူး။ ”
ထိုအချိန်တွင် ရှဲ့ရှဲ့ သည် ဝူကျန်ခုံ၏ဘေးရှိကောင်မလေးကိုသတိပြုမိလိုက်သည်။ ရှဲ့ရှဲ့အသက်ပြင်းပြင်းရှူလိုက်ပြီးသူ့ဝိညာဉ်စွမ်းအားကိုချိန်ညှိလိုက်သည်။ “ပြဿနာမရှိပါဘူး။”
ဝူကျန်ခုံ က “ငါမင်းကိုမိနစ်နှစ်ဆယ်အနားယူခွင့်ပေးမယ်။ မိနစ်နှစ်ဆယ်ပြီးသွားရင်ငါတို့စမယ်။ ”
ရှဲ့ရှဲ့သည်ချက်ချင်းပင်တင်ပျဉ်ခွေထိုင်ပြီးတရားထိုင်တော့သည်။ ပြေးခြင်းသည်သူ၏ဝိညာဉ်စွမ်းအားနှင့်ကာယခွန်အားကိုများစွာကုန်စေခဲ့သည်။ လျင်မြန်တိုက်ခိုက်ရေးမာစတာတစ်ယောက်အနေနဲ့ထိုအရာကတကယ်မလွယ်ကူပေ။