အခန်း (၆၃)
Vol. 5 Ch. 63
ဂူရွဲ့က ရှဲ့ရှဲ့ကို တစ်ချက်တောင်မကြည့်ပေ။
ဝူကျန်ခုံက “ ပြိုင်ဖက်ကိုအထင်သေးတာဟာအမှားတစ်ခုပဲ”
ဂူရွဲ့ က “ငါသူ့ကိုကြည့်စရာတောင်မလိုဘူး!”
ဝူကျန်ခုံ ကဆက်မပြောတော့ပေ။ ထိုအစားကျောင်းသားများစီကိုပြန်အာရုံလွှဲလိုက်သည်။
ထန်ဝူလင်း ၏အရှိန်ကိုမြန်သည်ဟုမမှတ်ယူနိုင်သော်လည်းသူဝတ်ခဲ့သောသတ္တုအင်္ကျီနှစ်ထည်နှင့်ပင်အလွန်တည်ငြိမ်နေ သည်။ ထန်ဝူလင်းရှေ့ဆုံးက ပြေးနေပြီး ကျုံးကျန်းစီမှာ နောက်ကလိုက်နေသည်။ အ့တာသူ့အားသာချက်ပဲ ။
ထန်ဝူလင်းပြေးနေစဥ် အသစ်ရောက်လာတဲ့ကောင်မလေးကိုအာရုံစိုက်မိသွားသည်။
သူက ကျောင်းသူကောင်မလေးအသစ် ဂူရွဲ့ ကိုကြည့်ရင်း သူမကပြန်လှည့်လိုက်ရာ သူတို့ရဲ့အကြည့်များဆုံသွားခဲ့သည်။ ဂူရွဲ့၏မျက်လုံးများတွင်အဓိပ္ပါယ်ရှိသောအကြည့်တစ်ခုကို ထန်ဝူလင်းသတိထားမိသည်။
မကြာခင်မိနစ်နှစ်ဆယ်ကုန်ဆုံးသွားသည်။ရှဲ့ရှဲ့၏
ခန္ဓာကိုယ်သည်တစ်ဖန်စွမ်းအင်များပြည့်လာသည်။
ဝူကျန်ခုံ ခေါင်းညိတ်လိုက်သည်။
“ တစ်ယောက်နဲ့တစ်ယောက်မီတာသုံးဆယ်အကွာမှာရပ်ပြီးပြင်ဆင်ပါ။ ”
ရှဲ့ရှဲ့ သည်နောက်သို့ဆုတ်သွားပြီး အစမှအဆုံး ရှဲ့ရှဲ့၏အကြည့်သည် ဂူရွဲ့ပေါ်မှာပင်ဖြစ်သည်။
သူကဒီမိန်းကလေးကိုပထမဆုံးစတွေ့တဲ့အချိန်မှာသူခြိမ်းခြောက်ခံရသလိုခံစားခဲ့ရပြီးအခုတော့သူမကိုထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက်အဖြစ်သဘောထားခဲ့တယ်။
သူတို့နှစ် ဦး သည်တစ် ဦး နှင့်တစ် ဦး မီတာသုံးဆယ်အကွာအဝေးတွင်ရှိပြီး စတော့ဟု ဝူကျန်ခုံ ကကြေညာလိုက်သည်။ ဝူကျန်ခုံ ၏အော်သံကြောင့် ရှဲ့ရှဲ့ သည်သူ၏သိုင်းဝိညာဉ်ကိုချက်ချင်းလွှတ်လိုက်ပြီးသူ၏အလျင်အမြန်ဆုံးပြိုင်ဘက်ဆီသို့ပျံသန်းသွားသည်။
သူ့ရဲ့ပေါက်ကွဲအားကတကယ်ကိုအံ့မခန်းပါပဲ။ သူတို့အကြားမီတာသုံးဆယ်အကွာအဝေးသည်လျင်မြန်စွာပျောက်ကွယ်သွားသည်။ ဂူရွဲ့က ဘာမှမလုပ် ဆယ်မီတာအကွာရောက်မှ သူမ လက်ကိုမြှောက်လိုက်သည်။ နဂါးအလင်းဓားသည် တောက်ပနေဆဲ။ရှဲ့ရှဲ့တွင် ဝိညာဥ်ကွင်းတစ်ကွင်းသာရှိသည်။ ထိုကြောင့် ဝိညာဥ်စွမ်းရည်လည်းတစ်ခုပဲရှိသည်။ သူ့ပြိုင်ဘက်က နှေးကွေးတယ်လို့သူထင်မိတယ်။ သူအခြားစွမ်းအားတွေသုံးစရာမလိုဘူးပေါ့ ။ ပြေးကွင်းပေါ်ရှိ ကျောင်းသားတွေရဲ့အာရုံက တိုက်ပွဲစီကိုပြောင်းလာကြတယ်။ ရှဲ့ရှဲ့က သူတိုအတန်းထဲမှာ အတော်ဆုံးလေ။ ထို့ကြောင့် ကျောင်းသူအသစ်လေးကိုနိုင်မယ်လို့ သူတို့ထင်ကြတယ်။
ဂူရွဲ့ခြေထောက်နားမှ အဝါရောင်ဝိညာဥ်ကွင်းတက်လာတယ်။ ရှဲ့ရှဲ့လိုပဲ နှစ်တစ်ရာကွင်းပါ
သို့သော်လည်း ရှဲ့ရှဲ့က သူ့ရှေ့ကိုရောက်နေပြီလေ သူသာ လျင်မြန်တိုက်ခိုက်ရေးမာစတာမဟုတ်ရင် သူမ ရှုံးပြီ ။
သူမ၏ရင်ဘတ်မှအစိမ်းရောင်မီးခိုးထွက်ပေါ်လာသော်လည်း ရှဲ့ရှဲ့ သည်သူမ၏ရှေ့တွင်ရှိနေသည်။ သူ၏ နဂါးအလင်းဓား သည်သူမ၏ပခုံးကိုထိုးရန်အသင့်ဖြစ်နေသည်။
မမျှော်လင့်ပဲအစိမ်းရောင်လေမုန်တိုင်းတစ်ခုပေါ်လာပြီးဓားကိုရပ်တန့်စေလိုက်သည်။
ထိုနောက် ဂူရွဲ့၏ရှေ့မှာမီးလူံးတစ်လုံးပေါ်လာတော့ရှဲ့ရှဲ့မှင်သင့သွားသည်။
မီးလုံးသေးသေးလေးသည် ရှဲ့ရှဲ့ မျက်နာစီကိုတည့်တည့်ဝင်လာသည်။ ရှဲ့ရှဲ့ကိုယ်ကိုလှည့်ကာရှောင်လိုက်သည်။ ထိုမီးလုံးသေးသေးလေးသည်မျက်နှာကိုလွဲချော်ခဲ့ပြီးသူ၏ခေါင်းပေါ်ရှိဆံပင်အနည်းငယ်ကိုသာလောင်ကျွမ်းစေခဲ့သည်။
မြေကြီးပေါ်သို့ရှဲ့ရှဲ့ရောက်သေးအခါနောက်ကိုဆုတ်ကာခွာလိုက်သည်
‘ဒီစွမ်းအားကဘာလဲ။ ‘
သူတို့နှစ် ဦး မီတာ ၂၀ ဝေးသွားသည်။ ဂူရွဲ့ ၏မျက်လုံးများသည်အံ့သြမှုတစ်စွန်းတစ်စနှင့်တောက်ပလာသည်။ ပုံမှန်အားဖြင့်သူမနှေးကွေးသောတုံ့ပြန်မှုကြောင့်သူမလက်ကိုမမြှင့်ဘဲတမင်လုပ်ခဲ့ခြင်းဖြစ်သည်။ ဒါဟာတစ်ချက်ထဲအနိုင်တိုက်ဖို့ပဲ။
သို့သော်လည်း ရှဲ့ရှဲ့ ၏တုန့်ပြန်မှုသည်သူမ ထင်ထားသည်ထက်ပိုမြန်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူသည်ထိုမီးလုံးပျံကိုအမှန်တကယ်ရှောင်နိုင်ခဲ့သည်။
ဝူကျန်ခုံကလည်းဂူရွဲ့ကို လေ့လာနေသည်။ သူ သည် ဂူရွဲ့ ၏သိုင်းဝိညာဉ်ကိုမည်သို့ခွဲခြားသိမြင်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ဒီကောင်မလေးရဲ့သိုင်းဝိညာဉ်ကဘာလဲ။
ထိုအစိမ်းရောင်အလင်းသည်လေဒြပ်စင်မှဖြစ်ပုံရသော်လည်းမီးလုံးသည်မီးဒြပ်စင်၏မီးတောက်ဖြစ်သည်။ ဖြစ်နိုင်မလား ... ? သူမတွင်လေနှင့်မီးဒြပ်စင်၏သိုင်းဝိညာဉ်နှစ်ခုရှိနေတာလား ဤအရာသည်သာဖြစ်ခဲ့လျှင်အဖိုးတန်ရတနာတစ်ခုကိုသူရလိုက်တာပဲ..
ရှဲ့ရှဲ့ အနည်းငယ်စိတ်တိုသွားကာ တစ်ဖန်ဂူရွဲ့ကိုတိုက်ခိုက်ပြန်သည်။ သူ၏အမြန်နှုန်းသည်ယခင်ကထက်သိသိသာသာပိုမြန်လာပြီးသူမယခုအချိန်၌ဖြောင့်ဖြောင့်ကြီးမသွားဘဲ ဂူရွဲ့ ကိုလျှပ်စီးအရှိန်ဖြင့်လှည့်ပတ်လိုက်သည်။ သူ၏အမြန်နှုန်းသည်အလွန်မြန်သဖြင့်အခြားသူများကသူ၏လှုပ်ရှားမှုများကိုအမီမလိုက်နိုင်ပေ။ ဤကဲ့သို့ပင်သူတို့နှစ် ဦး ကြားအကွာအဝေးသည်လျင်မြန်စွာနီးသွားခဲ့သည်။
ဂူရွဲ့၏ဝိညာဥ်ကွင်းသည်အရောင်မှိန်သွားသည်။ ရှဲ့ရှဲ့လည်း ဂူရွဲ့နဲ့နီးလာသောအခါသူရဲ့ ဝိညာဥ်ကွင်းက အရောင်ပိုတောက်လာပြီး အလင်းနဂါးဓားမှ အလင်းဓားတစ်ခုကိုဝှေ့ယမ်းထုတ်လိုက်ပြီး ဂူရွဲ့စီဦးတည်လိုက်သည်။ အလင်းဓားရိပ်သည် ဂူရွဲ့၏ပခုံးကိုထိမှန်ခါနီးတွင် အစိမ်းရောင်အလင်းတန်းတစ်ခုနဲ့တိကျစွာထိမှန်သွားသည်။ အ့တာကတော့အစိမ်းရောင်အလင်းဓားပါ အစိမ်းရောင်အလင်းဓားသည် အလင်းနဂါးဓားလောက်အစွမ်းထက်မှုမရှိသောကြောင့်ကွဲအက်သွားသည်။ အစိမ်းရောင်အလင်းဓားမှာ ကွဲအက်သွားသော် အလင်းနဂါးဓားရိပ်ကလည်း ဂူရွဲ့အားလွဲချော်သွားသည်။ ထို့ကြောင့် ဂူရွဲ့က အသာအယာပင်ရှောင်လိုက်သည်။