← Chapters

အခန်း (၆၆)

Vol. 5 Ch. 66

အခန်း (၆၆)

Vol. 5 Ch. 66

“ သူမက ပါရမီရှင်တစ်ယောက်ပဲ၊ ငါ သူမကိုမှန်ကန်စွာသင်ကြားပေးနိုင်လိမ့်မယ်လို့ထင်တယ်။ ဒါကြောင့် ငါ့စာသင်ခန်းမှာပဲသူ့ကိုထားချင်တယ် ဆရာလုံ ကူညီမယ်လို့မျှော်လင့်ပါတယ် “

လုံဟိန်းစုက

“ ဒီသိုင်းဝိညာဉ်ကဘာလဲ “

ဝူကျန်ခုံ က “ ငါလည်းအခုမှမြင်ဖူးတာ။ သူ့သိုင်းဝိညာဥ်က ထူးဆန်းတယ်။ လာမယ့်အတန်းမြှင့်တင်ရေးပြိုင်ပွဲမှာ အဲဒါကို မင်းလက်တွေ့မြင်ရပါလိမ့်မယ်။ ”

အတန်းအဆင့်မြှင့်တင်ရေးပွဲလို့ကြားလိုက်တော့ ဒါရိုက်တာလုံက

“ အတန်းအဆင့်မြှင်တင်ရေးပွဲက အတန်းတိုင်းမှာရှိတဲ့ကျောင်းသားတိုင်းကို သူတို့အတန်းတွေအတွက်ကြိုးစားချင်းစိတ်ဖြစ်အောင်ပြုလုပ်တဲ့ပွဲပဲ။ မင်းရဲ့အတန်းက ပြိုင်ပွဲကိုယ်စားပြုတွေကို ရွေးချယ်ပြီးပြီလား “

"ဟုတ်ကဲ့၊ ငါစဉ်းစားပြီးပြီ။ "

ဝူကျန်ခုံ သည်သူ၏အတန်းသို့ပြန်လာသောအခါ ကျောင်းသားများမှာ အပြေးလေ့ကျင့်ခြင်းများ ပြီးဆုံး သွားပြီဖြစ်သည်။

"ဒီမှာစု!"

“ ငါတို့ဒီနေ့မနက်ပိုင်းလေ့ကျင့်မှုကိုဒီမှာပဲအဆုံးသတ်မယ်။ ဂူရွဲ့ ကျေးဇူးပြုပြီးနေခဲ့ပါ "

နောက်ဆုံးတော့ပြီးသွားပြီ !

ချက်ချင်းဆိုသလိုပင်ကျောင်းသားအားလုံးသည်သူတို့၏အိပ်ဆောင်များစီသို့အပြေးအလွှားပြန်သွားကြသည်။ နောက်ဆုံးသူတို့အနားယူဖို့အချိန်ရောက်လေပြီ။

လေ့ကျင့်မှုကြောင့် ဂူရွဲ့ ၏မျက်နှာသည်ယခင်ကထက်နီရဲနေသည်။

“ ငါ့နာမည် ဝူကျန်ခုံ၊ မင်း တက်ရမဲ့အတန်းရဲ့ အတန်းပိုင်ဆရာပဲ။ ဒါကမင်းအဆောင်အတွက်သော့ပဲ၊ ဒါတွေကမင်းရဲ့ယူနီဖောင်းနဲ့မင်းဖတ်စာအုပ်တွေပဲ။ ဒီနေ့ကစပြီးမင်းက အတန်းငါးရဲ့တရားဝင်ေကျာင်းသားတစ်ယောက်ဖြစ်သွားပြီ “

"ကျေးဇူးတင်ပါတယ် ဆရာ ဝူ" ဂူရွဲ့ သည် ဆရာ့ထံမှပစ္စည်းများကိုလက်ခံလိုက်သည်။

"အဆောင်ပြန်ပြီး အနားယူပါ။ နေ့လည်ကျ အတန်းဆက်တက်ရမယ် "

ရှဲ့ရှဲ့ သည် ထန်ဝူလင်း ကိုအဆောင်သို့အလျင်အမြန်ဆွဲခေါ်လာသည်။

"မင်းဘာလို့ဒီလောက်မြန်မြန်ဆွဲခေါ်လာတာ မင်းဘာပြောစရာရှိလို်လဲ၊ "

ရှဲ့ရှဲ့က “ မင်းအတွက်ပြောမလို့ပါ။ မင်းဂူရွဲ့နဲ့ မနီးစပ်စေနဲ့”

ထန်ဝူလင်းကသံသယ ၀ င်စွာဖြင့်

“ ငါသူမနဲ့ဘယ်လိုနီးစပ်ရမှာလဲ။ ငါတို့သူ့ကိုခဏလေးပဲ သိသေးတာမဟုတ်ဘူးလား။ "

ရှဲ့ရှဲ့က “ မင်းကြောင်သွားပြီလား။ မင်းမကြားဘူးလား အတန်းမြှင့်တင်ရေးပွဲက လူနှစ်ယောက်ပဲလိုတာ သူရောက်လာတော့ မင်းအတွက်နေရာရှိမယ်ထင်လား “

ထိုအခါ ထန်ဝူလင်းက ပြုံး၍ “ ရပါတယ် ငါ သူ့ကိုပေးပြိုင်လိုက်မယ် “

ရှဲ့ရှဲ့ ၏မျက်လုံးများပြူးကျယ်သွားပြီး

"မင်းကအရူးတစ်ယောက်လား။ အတန်းမြှင့်တင်ရေးပြိုင်ပွဲမှာ ဆုတစ်ခုရှိတယ်။ အဲ့တာက ပထမကောင်တာကနေ အစားအသောက်တွေစားရမှာပဲ။ မင်းမစားချင်ဘူးလား "

“ ဒါက…” အစားအစာစီသို့ဦးတည်သွားသောအခါ ထန်ဝူလင်း သည်ပိတ်မိနေသလိုခံစားလိုက်ရသည်။ သူသည် မုရှီ ကြောင့်ယနေ့နံနက်ကတည်းက ဘာမှမစားခဲ့ပေ၊ နံနက်လေ့ကျင့်ခန်းကလည်း သူ့အားပိုဆာလောင်စေသည်။

"ထန်ဝူလင်းနဲ့ဂူရွဲ့ က အဲ့ဒီပွဲမှာအတူတူပါဝင်လိမ့်မယ်လို့ငါထင်တယ်။ "

ကျုံးကျန်စီ ဝင်လာပြီးစကားပြောလေသည်။

ရှဲ့ရှဲ့ ကသူ့ကိုယ်သူလက်ညှိုးထိုးပြပြီး

"မင်းက ငါမပါရတော့ဘူးလို့ပြောနေတာလား"

ကျုံကျန်စီ ကရှင်းပြသည်

"မင်း ထန်ဝူလင်း နဲ့မင်း သုံးကြိမ်ယှဥ်ပြိုင်ရာမှာ မင်းသူ့ကိုနှစ်ခါရှုံးပြီး မင်းရဲ့ပါးတွေတောင်ဖူးရောင်လာတယ်။ ကဲ၊ မင်းဒီနေ့ ဂူရွဲ့ ကိုရှုံးပြီ။ ဖယ်ထုတ်ခံရတဲ့သူက ထန်ဝူလင်း မဟုတ်ပဲ မင်းဖြစ်နိုင်တယ်လို့ မထင်ဘူးလား။ "

သူက ရှဲ့ရှဲ့ ကိုအစကတည်းကြည့်မရသောကြောင့် ရှဲ့ရှဲ့အား နှိပ်ကွက်ရန် အခွင့်အရေးကို လက်မလွှတ်ပေ။

ရှဲ့ရှဲ့ သည် ကျုံးကျန်စီ ၏စကားကြောင့် အံ့အားသင့်သွားပြီး စကားပင်မပြောနိုင်တော့ပေ။ သူပြောသည်မှာလည်း သဘာဝကျနေလေသည်။

“ တော်လောက်ပြီ။ မင်းတို့မစဥ်းစားမိဘူးလား။ ဆရာဝူက ပြိုင်ပွဲဝင် နှစ်ယောက်မဟုတ်ပဲ သုံးယောက်ရွေးမှာလည်းဖြစ်နိုင်တာပဲ “ ယွမ်ရှောင်လည်း အခန်းထဲဝင်လာပြီးပြောလိုက်သည် ။

နေ့လည်စာစားချိန်တွင် ထန်ဝူလင်းသည် စံချိန်တင် စားပွဲကြီးကို ပြုလုပ်လိုက်ပြန်သည် ။

ရှဲ့ရှဲ့ က "အနာဂတ်မှာ ငါ မင်းကိုအစားပြိုင်စားဖို့ပြောရင် ငါကအရူးဘဲ"

ထန်ဝူလင်း က“ ဒီအရာကလွဲရင်ငါမင်းနဲ့ဘာကိုမှလောင်းမှာမဟုတ်ဘူး။ စိတ်မဝင်စားဘူး ”

ထိုအချိန်တွင် ဂူရွဲ့ရောက်လာပြီး သူရဲ့ပေါင်မုန့်နှစ်လုံးကို ထန်ဝူလင်းပန်းကန်ထဲသို့ထည့်ကာ “ ငါစားမကုန်တော့ဘူး။ ငါ့ကိုကူစားပေး။ “

ထန်ဝူလင်းခေါင်းကိုမော့လိုက်ပြီး ကြည့်လိုက်ရာ ဂူရွဲ့ကိုတွေ့လိုက်သည်။

"ကျေးဇူးတင်ပါတယ်။"

ဂူရွဲ့ကသူ့အားခေါင်းညိတ်ပြပြီးထွက်သွားလေသည်။

ထိုအခါ ကျုံကျန်စီက ထန်ဝူလင်းအနားကိုကပ်လာပြီး

“ သူမက မင်းကိုကြိုက်နေတာများလား စလာကတည်းက မင်းကိုပဲစကားပြောတယ်။ ခုလည်းမုန့်ပေးပြန်ပြီ။ “

ထန်ဝူလင်း ကအကူအညီမဲ့နေသောမျက်နှာဖြင့်

“ မင်းကြပ်မပြည့်ဘူးလား။ မင်းရဲ့ ဦး နှောက်ထဲမှာဘယ်လိုအတွေးမျိုးတွေရှိနေတာလဲ။ "

ထန်ဝူလင်း သည် အခြားသူများကို အာရုံမထားတော့ပဲ သူ၏ စားစရာများကိုသာ ငုံကာစားနေလိုက်သည်။

နေ့ခင်းပိုင်းအတန်းသည်နံနက်ခင်းထက် ပို၍ ပင်ပြင်းထန်သောကာယလေ့ကျင့်ခန်းအစီအစဉ်တစ်ခုဖြင့်ပြန်လည်စတင်ခဲ့သည်။ သီအိုရီနှင့်အသိပညာအတန်းသည် မည်သည့်နေရာသို့ရောက်သွားသနည်း။ ပုံမှန်ဆိုလျှင် နေ့ခင်းပိုင်းသည် ကျင့်ကြံခြင်းနည်းလမ်းများ ဗဟုသုတများ သီအိုရီများကို သင်ကြားပေးမည်ဖြစ်သည်။ သို့သော် ဝူကျန်းခုံကတော့ ထိုသို့မဟုတ်ခဲ့ပေ။ ဝူကျန်ခုံ၏ရှင်းလင်းချက်သည်ရိုးရှင်းသည်။ အတန်း၏လက်ရှိအနေအထားအရ ထိုအရာများသင်ကြားပေးလည်း အသုံးမဝင်ပေ။ ထို့ကြောင့် ကြံခိုင်မှုကိုသာ ဦးစားပေးမည်ဖြစ်သည်။

"ထန်ဝူလင်း ရှဲ့ရှဲ့ ဂူရွဲ့ မင်းတို့ညစာစားပြီးတာနဲ့ငါ့ကို လေ့ကျင့်ရေးကွင်းမှာ လာတွေ့ပါ။ "

အတန်းပြီးဆုံးချိန်တွင် ဝူကျန်ခုံ ကအေးဆေးစွာပြောခဲ့သည်။

ရှဲ့ရှဲ့သည် ထန်ဝူလင်း ထံမှအကူအညီဖြင့်တည်ငြိမ်စွာရပ်နေသော်လည်းသူ၏ခြေထောက်များမှာတုန်ယင်နေဆဲဖြစ်သည်။ ဂူရွဲ့မှာလည်း အနည်းငယ်သက်သာလာသော်လည်းသူမ၏လက်များကဒူးနှစ်ဖက်ကိုထောက်ထားသည်။ ဝူကျန်းခုံ၏ လေ့ကျင့်မှုများမှာ ပြင်းထန်လွန်းသည်။

All Chapters