← Chapters

ကြီးမြတ်သော

Vol. 155 Ch. 2207

ကြီးမြတ်သော

Vol. 155 Ch. 2207

ထိုသည်မှာ အမှန်တကယ် ထင်မှတ်မထားသောအရာဖြစ်သည်။

အပြင်ဘက်မှ ကျင့်ကြံသူများက ထိုမျှ အစွမ်းထက်ကြသည်လား။

ထိုလူသည် အခြားတစ်ဖက်မှ တိုက်ပွဲများကို တစ်ဖန်ကြည့်လိုက်ပြီး မည်သူမှ သူ့ကဲ့သို့ အခြေအနေမျိုး ဖြစ်မနေသည်ကို မြင်လိုက်ရသည်။ တိုက်ခိုက်မှုတစ်ခုချင်းစီတွင် ရှုံးနိမ့်သူနှင့် အနိုင်ရသူများ ရှိနေသော်လည်း သူတစ်ယောက်တည်းသာလျှင် တစ်ချက်တည်းနှင့် ခုခံကာကွယ်မှုကို ထိုးဖောက်ခံလိုက်ရခြင်း ဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းအားက ထိုမျှ နိမ့်ကျနေသည်လား။

သိသာစွာပင် ထိုသည်က အမှန်မဟုတ်ပေ။ သူက သူ့ခွန်အားအဆင့်ကို ကောင်းစွာ သိရှိသည်။ ထိပ်တန်းအဆင့်မဟုတ်သော်လည်း အဆိုးဆုံးလည်း မဟုတ်သည့်အတွက် ယခု ရလဒ်မှာ လုံးဝ ထင်မှတ်မထားသည့်အရာပင် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ ရင်ဆိုင်နေရသော ပြိုင်ဘက်က အားအကောင်းဆုံး ဖြစ်နေခြင်းသာ ဖြစ်ရပေမည်။

အင်ပါယာနန်းတော်အတွင်းက အဓိကပုဂ္ဂိုလ်က ရီဖူရှင်းထံသို့ လှမ်းကြည့်လိုက်ကာ အံ့အားသင့်မှုအချို့ကို ပြသလာသည်။ ရီဖူရှင်းက သူတို့ကို အံ့အားသင့်စေရုံမျှ မက သူ့အဖွဲ့မှလူများသည်လည်း အတူတူပင် ဖြစ်သည်။ သူတို့အရှေ့၌ ရောက်လာသူများထဲ၌ သတိပြုမိနိုင်ဖွယ် ပုဂ္ဂိုလ်တချို့ ရှိသော်လည်း ဤလူစုကဲ့သို့ သူတို့ရှေ့၌ ရပ်တည်နိုင်သူ မည်သူမှ မရှိခဲ့ပေ။ သူတို့တစ်ယောက်ချင်းစီက အစွမ်းထက်လှပေသည်။

သို့သော် အင်ပါယာနန်နှင့် အခြားလူများကို မြင်သည့်အခါ သူသည် အင်အားစုလေးတစ်ခုကိုသာ ရင်ဆိုင်နေရခြင်းမဟုတ်ဟု တွေးမိလိုက်သည်။ သူတို့က အစွမ်းထက်သူများစွာကို စုစည်းထားသည့် မဟာမိတ်အဖွဲ့တစ်ဖွဲ့ ဖြစ်ပေလိမ့်မည်။

အဝေးတွင် နောက်ထပ် ထူးခြားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး တောက်ပသည့် ကြယ်အလင်းက ရီဖူရှင်းပေါ် ဖြာကျလာသည်။ နောက်တခဏတွင် ရီဖူရှင်းသည် ကောင်းကင်၌ ကြယ်ရောင်များတောက်ပလာပြီး သူ့အထက်တွင် လူတစ်ယောက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုသူသည် နဂါးငွေ့တန်းတစ်ခုအတွင်း ရောက်နေသလို ထင်မှတ်ရပြီး နဂါးငွေ့တန်းအတွင်း ဥက္ကာမိုးများက အလွန် ထက်ရှသော ဓားမိုးကဲ့သို့ ဥက္ကာပျံမိုးကို ဖြစ်ပေါ်လာစေသည်။

ဘုန်း...

မဟာလမ်းစဥ်၏ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါက ရီဖူရှင်းထံမှ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ အရူးအမူး အော်မြည်သံများ ထွက်လာပြီး အတွင်းထဲကနေ ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ထွက်လာနေတော့၏။ ဥက္ကာဓားပျံမိုးက အတောက်ပဆုံးသော အလင်းများနှင့် ကျဆင်းလာပေသည်။

ထက်ရှကာ ပြင်းထန်သော အသံက ရွာကျလာသည့် ဓားမိုးမှ ထွက်ပေါ်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာသော်လည်း ၎င်းသည် သူ့ခန္ဓာကိုယ်အား ထိခိုက်မှု ဖြစ်ပေါ်စေရန် ကျရှုံးခဲ့သည်။ ထိုမြင်ကွင်းသည် သူ့အနီးမှ လူများစွာကို အတိုက်အခိုက်ရပ်စဲပြီး ရီဖူရှင်းအား ထိတ်လန့်တကြား လှည့်ကြည့်လာစေသည်။

...

သူ၏ ခုခံကာကွယ်မှုက မည်သို့ဖြစ်၍ ချိုးဖျက်နိုင်ခြင်း မရှိရသနည်း။

အပြင်ဘက်လောကမှ ကျင့်ကြံသူများက သူ၏ ခန္ဓာကိုယ်ကဲ့သို့ပင် ထိုမျှ အစွမ်းထက်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်လား။

ဤသို့သော တိုက်ခိုက်မှုအဆင့်တွင် အဆင့်ခြောက်မှ မည်သူမဆို သုတ်သင်ရှင်းလင်းခံလိုက်ရပေလိမ့်မည်။ သို့သော် တောက်ပသောနတ်အလင်းများ အောက်တွင် ရီဖူရှင်းက ရွာကျလာသည့် ဥက္ကာဓားပျံမိုး၏ အရှိန်အဟုန်ကို ဆန့်ကျင်ကာ အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ သူက လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

တိုက်ခိုက်လာသော ရန်ဟောင်သည် ကောင်းကင်ထက်၌ ရှိနေသော်လည်း လေထဲသို့ လွင့်စင်သွားခဲ့၏သည်။ သူသည် တခဏကြာသည့်တိုင်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်မထိန်းနိုင်ခဲ့ပေ။ သူ၏ မျက်လုံးများက ရီဖူရှင်းပေါ်၌ တည်မြဲနေခဲ့၏။

သူက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ​အံ့အားတသင့် ကြည့်လိုက်သည်။ ဤရုပ်ခန္ဓာက မည်သည့်အတွက် ထိုမျှ သန်မာနိုင်ရသနည်း။

သူသာလျှင် မဟုတ်ဘဲ လူတိုင်းကလည်း ရီဖူရှင်း၏ ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေခဲ့ကြသည်။ စီဝေ့အင်ပါယာနန်းတော်မှ အဓိကပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်သည်။ “စီဝေ့အင်ပါယာနန်းတော်ထဲက ကျင့်ကြံသူတွေကလည်း စီဝေ့မဟာအင်ပါယာရဲ့ ထက်ရှတဲ့ နတ်အလင်းတွေနဲ့ လွှမ်းခြုံခံထားရတာကြောင့် သူတို့ရဲ့ လမ်းစဥ်ပြီးပြည့်စုံပြီး သူတို့ခန္ဓာလမ်းစဥ်ကိုလည်း ဖြည့်စွက်နိုင်ခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ လမ်းစဥ်ကရော မင်းခန္ဓာကိုယ်ကို ဘယ်လို ထောက်ပံ့ပေးနိုင်တာလဲ။”

စီဝေ့အင်ပါယာနန်းတော်မှ ထူးချွန်သော ကျင့်ကြံသူအချို့သည်လည်း မဟာလမ်းစဥ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ သို့သော် ယခုတွင် သူတို့က ရီဖူရှင်းအား ယှဥ်ရန် မဖြစ်နိုင်ပုံရလေသည်။ သူသည် ရီဖူရှင်း၏ ရုပ်ခန္ဓာက လမ်းစဥ်အဖြစ်ပြောင်းလဲကာ ၎င်းနှင့် တသားတည်း ဖြစ်နေပြီ ဖြစ်ကြောင်း ပြောနိုင်ပေသည်။

“အခွင့်အရေးတချို့ကြောင့် ကျုပ်က မဟာအင်ပါယာတစ်ပါးရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို နားလည်သဘောပေါက်အောင် လေ့လာခဲ့ဖူးတယ်။ နားလည်သဘောပေါက်ခြင်း ကောင်းချီးကို ရရှိပြီးတော့ ဒီခန္ဓာလမ်းစဥ်ကို ဖန်တီးနိုင်ခဲ့တာပဲ။ ဒါကြောင့် မချိုးဖျက်နိုင်ရင်တောင် ဂရုစိုက်စရာမလိုပါဘူး။ အဆုံးမှာတော့ အပြင်ဘ​က်လောကမှာရှိတဲ့ ကျင့်ကြံသူတွေ အများစုထဲတောင် ဘယ်သူမှ ခင်ဗျားထက် ပိုမကောင်းနိုင်ဘူးလေ။” ရီဖူရှင်းက ပြောလိုက်သည်။

“မင်းက အတော်လေး ဘဝင်မြင့်တာပဲ။” ထိုပုဂ္ဂိုလ်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ သို့သော် ထိုစကား၌ ရှုတ်ချသည့် သဘောမပါပေ။ အပြင်ဘက်လောကမှ ထူးချွန်သည့် ပုဂ္ဂိုလ်များက ရီဖူရှင်းကဲ့သို့သာ ထူးချွန်နေလျှင် သူတို့အားလုံးအတွက် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ရီဖူရှင်းက အပြင်ဘက်လောက၌လည်း သူတို့ထက် သာသည့်သူမရှိဟု ပြောခဲ့သောကြောင့် သူ၏ ခွန်အားအစစ်အမှန်က သူ့ကြွေးကြော်မှုကို အထောက်အပံ့ ပြုနေခြင်း ဖြစ်ရပေမည်။ ဖြစ်တန်ရာသည်မှာ အပြင်ဘက်လောက၌ သူက ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေလိမ့်မည်။

“ကောင်းပြီ။ ကျုပ်နဲ့ လိုက်ခဲ့ကြ။” အင်ပါယာနန်းတော်မှ ထိုကျင့်ကြံသူက ကြေညာလိုက်သည်။ လူတိုင်းက တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်၏။ သို့သော် သောကျောက်က တိုက်ခိုက်မှုအား လုံလောက်သည်ဟု မထင်သေးပေ။

“စီနီယာ့ကို ဘယ်လိုခေါ်ရမလဲ။” ရီဖူရှင်း၏ ပုံရိပ်က လျင်မြန်စွာဖြင့် တစ်ဖက်လူ အနောက်မှ လိုက်သွားကာ ထိုထိပ်သီးပုဂ္ဂိုလ်အား မေးလိုက်သည်။

“အရှင်မု။” ရီဖူရှင်းကြောင့် ရှုံးနိမ့်သွားခဲ့သော ရန်ဟောင်က ပြန်ဖြေလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အရှင်မု လမ်းပြပေးသည့် နောက်မှ လိုက်ကာ ကျယ်ဝန်းကာ ခမ်းနားသည့် နန်းတော်ဆီ ရောက်လာသည်။ သူက ပြောလိုက်၏။ “မင်းတို့တွေ ဒီမှာ အရင် နေလို့ရတယ်။ နန်းတော်သခင် အားတဲ့အခါ သူ မင်းတို့ကို ဆင့်ခေါ်လိမ့်မယ်။”

လူတိုင်းသည် သူ့စကားလုံးများကို ကြားသည့်အခါ သူတို့၏ အမူအရာများက အနည်းငယ် လှုပ်ရှားသွားသည်။ သူက 'ဆင့်ခေါ်' ဟူသော စကားလုံးကို သုံးခဲ့သည်။

ကြည့်ရသည်မှာ အရှင်မုက စီဝေ့နန်းတော်သခင်ကို ရိုသေလေးစား၍ ကိုးကွယ်သင့်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် ရှုမြင်ပုံရလေသည်။ သို့သော် စီဝေ့ကြယ်ကမ္ဘာတွင် ဤလောက၏ နတ်ဘုရားတစ်ပါးဟု ယုံကြည်ထားကြသည့် စီဝေ့မဟာအင်ပါယာမှ လွဲ၍ စီဝေ့အင်ပါယာနန်းတော်မှ နန်းတော်သခင်ကသာ ဤကြယ်ကမ္ဘာကို အမှန်တကယ် အုပ်ချုပ်ပေသည်။ သူက ဤကမ္ဘာကို အုပ်စိုးသည့် အရှင်သခင်နှင့် တူညီသည်။ ကောင်းကင်ဒေသအတွင်းမှ အရှင်ဒွန်ဟောင်ကဲ့သို့ပင် သူ၏ အဆင့်အတန်းက မေးခွန်းထုတ်ဖွယ် မရှိပေ။

ထိုအချိန်တွင် သူတို့က အံ့သြထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားပြီး သူတို့က အဝေးသို့ ခေါင်းမော့ကာ ကြည့်လိုက်ကြ၏။

အင်ပါယာနန်းတော်၏ အတွင်းပိုင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ အလွန် အစွမ်းထက်သော တည်ရှိမှုတစ်ခုက ကောင်းကင်အား ပြိုကွဲကာ နေကို ဖျက်ဆီးပစ်နိုင်သော မဟာလမ်းစဥ်ဖိအားကို ထုတ်လွှတ်၍ အင်ပါယာနန်းတော်တစ်ခွင်ကို စတင် ဖြန့်ကျက်ကာ အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံလာခဲ့သည်။

“အရူးပဲ။” အရှင်မုက အေးစက်သော အသံနှင့် ပြောလိုက်သည်။ ရီဖူရှင်းနှင့် အခြားလူများက သူကြည့်နေသော တူညီသည့် နေရာကို ကြည့်လိုက်ကြသည်။ စီဝေ့အင်ပါယာနန်းတော်ကို မူလဘုံမှ တစ်စုံတစ်ယောက် တိုက်ခိုက်လာသည်လား။

သို့သော် ၎င်းက မျှော်မှန်းထားပြီးသား ဖြစ်သည်။ ထိုလူများက မူလဘုံမှ အဓိကအင်အားစုများ ဖြစ်ပြီး ကောင်းကင်ဒေသမှ ထိပ်သီးအချို့လည်း ရှိနေသေးသည်။ စီဝေ့အင်ပါယာနန်းတော်က ဤကြယ်ကမ္ဘာကို အုပ်စိုးသည့် အင်အားစု ဖြစ်သောကြောင့် သူတို့နှင့် ပဋိပက္ခ ဖြစ်နိုင်ချေ ရှိပေသည်။

“ဒါက အင်ပါယာနန်းတော်ပဲ မျိုးမစစ်ရဲ့။” အချို့ရန်​ဟောင်များက အေးစက်စွာ ပြောလိုက်သည်။ အင်ပါယာနန်နှင့် အခြားလူများကလည်း သူတို့၏ နတ်အာရုံကို ထုတ်လွှတ်လိုက်၏။ သူတို့သည် ထိုတိုက်ခိုက်လာသူများက မူလဘုံမှ ထိပ်သီးကျင့်ကြံသူများ မဟုတ်ဘဲ ကောင်းကင်ဒေသမှ အဓိကကျင့်ကြံသူတချို့ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ထိုအချိန်တွင် သူတို့က ကြယ်ကမ္ဘာတစ်ခု ဖြစ်ပေါ်လာသလို ကောင်းကင်ဘုံကိုးဘုံသို့တိုင် ရောက်ရှိသွားသော နတ်အလင်းတို့က မြင့်မြတ်ရှေးဟောင်းနန်းဆောင်အတွင်းမှ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ မရေတွက်နိုင်သော ကြယ်များမှ ကျဆင်းလာသည့် ကြယ်အလင်းရောင်များသည် စွမ်းအားများ ထုတ်လွှတ်လိုက်သည့် လူအပေါ်၌ ထွန်းလင်းလာပေသည်။

ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းသည် ထိုမုန်တိုင်းက အရူးအမူး ထိုးဖောက် ဖျက်ဆီးခံရကာ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော် ကြယ်အလင်းများက ကျန်ရှိနေပြီး ဘုံကိုးဘုံ၌ တောက်ပနေပေသည်။ ထိုနေရာ၌ ကြယ်အလင်းရောင်နတ်ဓားတစ်လက် ပေါ်ပေါက်လာပြီးနောက် လေဟာနယ်ကို ထိုးဖောက်သွားခဲ့သည်။ ချက်ချင်းပင် ထိုလူက ရုန်းကန်ကာ အော်ဟစ်လိုက်၏။ “ကျေးဇူးပြုပြီး သက်ညှာပေးပါ။”

ဘုန်း...

ပြိုင်ဘက်ကင်း လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအားတစ်ခုက လွှမ်းခြုံလာကာ ထိုရှုံ့မဲ့နေသည့် မျက်နှာက တဖြေးဖြေး ပျောက်ကွယ်လာတော့သည်။ အပြင်းထန်ဆုံး စွမ်းအား၏ အောက်တွင် ကျူးလွန်သူက ပျောက်ကွယ်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် မဟာလမ်းစဥ် နှစ်ခုလုံးက ဖျက်ဆီးခံလိုက်ရသည်။ အရာအားလုံးက ဖုန်မှုန့်များအဖြစ် လွင့်ပါးသွားပေသည်။ ယခု သူက စီဝေ့အင်ပါယာနန်းတော်၏ နယ်မြေအတွင်း ကျဆုံးသွားခဲ့သည့် သမိုင်းတစ်ခု ဖြစ်လာပေတော့မည်။

အရှင်မုနှင့် အခြားလူများက အေးစက်သည့် နှာမှုတ်သံမှအပ ထိုနေရာတွင် ငြိမ်သက်စွာပင် ရပ်နေခဲ့ကြသည်။ ထိုသည်မှာ စီဝေ့အင်ပါယာနန်းတော်အတွင်း ပြဿနာရှာရဲသည့် တစ်စုံတစ်ယောက်၏ အဆုံးသတ်ပင် ဖြစ်သည်။

သို့သော် ရီဖူရှင်းနှင့် အခြားလူများ၏ နှလုံးသားက အတော်လေး လေးလံသွားခဲ့ပေသည်။ ရိုးရှင်းလှစွာ ပျောက်ကွယ်သွားခဲ့သော ထိုလူသည် ကောင်းကင်ဒေသမှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ထိုလူက အခြားသူများ၏ နယ်မြေတွင် ထိုကဲ့သို့ ပြုမူရဲလောက်အောင် မောက်မာလွန်းလှသည်။ တစ်ဖက်လူက သူ့ကို သက်ညှာခြင်းမရှိသည်မှာ အံ့သြစရာမရှိတော့ပေ။

သူတို့သည် နတ်ဓားက ထိုမြင့်မားသော အဆောက်အအုံသို့ ပြန်လည် ပျံသန်းဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ကြရသည်။ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သလိုမျိုး အင်ပါယာနန်းတော်က အနှောင့်အယှက်ကင်းကင်းနှင့် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ အခြားနေရာမှ လူများသည်လည်း ဤနေရာရှိ အရှင်မုကဲ့သို့ပင် တည်ငြိမ်နေကြပေသည်။

အရှင်မုက ခေါင်းကို လှည့်ကည အင်ပါယာနန်နှင့် အခြားလူများကို ကြည့်လိုက်၏။ သူက ပြောလိုက်သည်။ “ခင်ဗျားတို့ မရောက်ခင် ကျုပ်တို့ အပြင်လောကအကြောင်း အနည်းအကျဥ်း လေ့လာထားခဲ့တယ်။ မူလဘုံကို အရှင်ဒွန်ဟောင်က အုပ်စိုးပြီး ကောင်းကင်ဒေသမှာ မဟာအင်ပါယာတစ်ပါးပဲ ရှိတယ်။ ပြီးတော့ နေရာအသီးသီးမှာ ရှိတဲ့ ထိပ်သီးအင်အားစုတွေ အားလုံးက သာမန် ကျင့်ကြံသူတွေပါပဲ။ ရိုးရိုးသားသား ပြောရရင် အပြင်ဘက်လောကမှာ အဓိကအင်အားစုတွေ အများကြီးရှိပေမယ့် စီဝေ့အင်ပါယာနန်းတော်မှာ လုပ်ချင်တာ လုပ်နိုင်တဲ့သူကတော့ သေချာပေါက် အများကြီး မရှိဘူး။ အခု အဲဒီလူက အရူးလုပ်ရပ်တွေ လုပ်သွားခဲ့တာပဲ။”

သူ၏ စကားလုံးများတွင် ပြင်းထန်သော ယုံကြည်ချက်များ ရှိနေပြီး ထိုသည်က ရီဖူရှင်းနှင့် အခြားလူများကို အင်ပါယာနန်းတော်အတွင်း အတင့်ရဲစွာ မပြုမူရန် သတိပေးခြင်းလည်း ဖြစ်နိုင်သည်။

ရီဖူရှင်းနှင့် သူ့လူများက အသိအမှတ်ပြုစွာနှင့် ခေါင်းညိတ်လိုက်သည်။ အင်ပါယာနန်ထင်ထားသလိုပင် စီဝေ့အင်ပါယာနန်းတော်အတွင်း အားအကောင်းဆုံးပုဂ္ဂိုလ်များမှာ သူတို့ထဲမှ မည်သူထက်မဆို ပို၍ အစွမ်းထက်ပေသည်။ အကယ်၍ တစ်ဖက်လူက ထိုမျှ ရဲတင်းစွာ ပြုမူရဲပါက စီဝေ့အင်ပါယာနန်းတော်က သူတို့၏ ရပ်တည်မှုကို ဖော်ပြရန် သေကြေပျက်စီးသည်ထိ အပြစ်ပေးခံရနိုင်သည်။ ဤသည်မှာ အလွန်အမင်း ယုံကြည်ချက်လွန်ကဲနေသော ဖော်ပြချက် ဖြစ်ပေသည်။

ရီဖူရှင်းသည် အင်ပါယာနန်းတော်အတွင်းမှ စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သော နတ်ရတနာများ ရှိနိုင်ပြီး နန်းတော်က ၎င်းတို့ကို အသုံးပြုနေသည်ဟု ခန့်မှန်းမိပေသည်။ ဤနေရာက စီဝေ့မဟာအင်ပါယာ ကျင့်ကြံခဲ့သော နေရာဖြစ်လေရာ ထိုဖြစ်နိုင်ချေက အလွန် မြင့်မားလှသည်။

ထိုလူစုက နန်းတော်အတွင်း ဆင်းသက်လာသည်နှင့် အရှင်မုက ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့က ဘယ်သူတွေလဲ ဒီကို ဘာကြောင့် လာလဲဆိုတာ ကျုပ် သိတယ်။ အပြင်ဘက်လောကရဲ့ ကျင့်ကြံသူတွေက အချိန်အကြာကြီး ချိပ်ပိတ်ထားခဲ့တဲ့ နေရာကို ရှာတွေ့ခဲ့တာကြောင့် စူးစမ်းရှာဖွေကြည့်ချင်တာ သဘာဝပဲ။ ပြီးတော့ ဒါက မဟာအင်ပါယာ ချန်ရစ်ထားခဲ့တဲ့ အမွေအနှစ်ဖြစ်ပြီး လူတိုင်းက အင်ပါယာနန်းတော်မှာ စီဝေ့မဟာအင်ပါယာ ချန်ထားခဲ့တဲ့ အရာတွေကို ရှာဖွေရင်း ကံစမ်းချင်ကြတယ်။ ဒါပေမယ့် အရာအားလုံးကို နန်းတော်သခင်က စီစဥ်ဖို့ လိုအပ်နေတုန်းပဲ။ ဒါကြောင့် ခင်ဗျားတို့အားလုံး အင်ပါယာနန်းတော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။”

“ကျုပ်တို့ နားလည်ပါတယ်။” အင်ပါယာနန်က ခေါင်းညိတ်လိုက်သည်။ ထိုထိပ်သီးကျင့်ကြံသူတစ်ဦး အသတ်ခံရခြင်းက စီဝေ့အင်ပါယာနန်းဆတာ်သည် ကျင့်ကြံသူအားလုံးကို ခြိမ်းခြောက်ရန် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရပေမည်။ အဆုံးမှာတော့ အပြင်ဘက်လောကမှ ထိပ်သီးအင်အားစုများ အားလုံးက ဤနေရာ၌ စုဝေးနေကြပြီး စီဝေ့အင်ပါယာနန်းတော်သည်ပင် ထိုကိစ္စကြောင့် ကြီးမားသော ဖိအားအောက် ရောက်ရှိသွားရပေသည်။

သူတို့အနေနှင့် တစ်ဦးတစ်ယောက် အင်အားစုတစ်ခုကို စီဝေ့အင်ပါယာနန်းတော်အနေနှင့် ရင်ဆိုင်နိုင်သော်လည်း အပြင်ဘက်မှ ကျင့်ကြံသူများက အားလုံး အတူတကွ ပေါင်းစုလိုက်လျှင် မည်သို့ လုပ်ရမည်နည်း။

စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က မည်မျှ အစွမ်းထက်နေပါစေ ကောင်းကင်ဒေသ၌ အလွန် အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးများလည်း ရှိနေသေးပေသည်။ အင်ပါယာနန်းတော်သည် ထိုကိစ္စနှင့် ပတ်သတ်၍ စဥ်းစားတွက်ချက်ထားသင့်ပေသည်။

***

All Chapters