Chapters

အခန်း (၆၇)

Vol. 5 Ch. 67

အခန်း (၆၇)

Vol. 5 Ch. 67

ဆရာဝူ၏လက်အောက်တွင် ရှဲ့ရှဲ့နှင့် ထန်ဝူလင်းတို့ပိုမိုရင်းနီးလာကြသည်။

ညစာမစားမီတစ်နာရီအလိုတွင်ကျောင်းသားအများစုသည်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြသည်။ ထန်ဝူလင်း မှာ ပင်ပန်းနေသော်လည်း မအိပ်သေးပေ။

ဤနှစ်ရက်တွင်သူသည် သူ၏တရားထိုင်နည်းကိုပြောင်းပြီးနောက်သူ၏ရုပ်ပိုင်းဆိုင်ရာပြန်လည်နာလန်ထူမှုတိုးတက်လာသည်ကိုခံစားရသည်။ ညံ့ဖျင်းသောငှက်တစ်ကောင်သည် စောစောပျံကာ အစာရှာရသည်။ အားနည်းသောကိုယ်ခံစွမ်းအားရှိသူများသည်လေ့ကျင့်ရာတွင် ပို၍ ကြိုးစားသင့်သည်။

ညစာစားပြီးနောက် ထန်ဝူလင်းသည်ရှဲ့ရှဲ့ ကိုကွင်းထဲသို့ဆွဲခေါ်သွားသည်။ ဂူရွဲ့လည်း ရောက်ရှိနေပြီဖြစ်သည်။

ဝူကျန်းခုံမှာ ကွင်းထဲတွင်စောင့်နေပြီး အဆင့်မြင့်အကယ်ဒမီမှမိန်းကလေးများသည် ဝူကျန်းခုံအား အဝေးမှ ခိုးကြည့်နေကြသည်။

"မင်းတို့သုံးယောက် ငါနဲ့လိုက်ခဲ့"

သုံးယောက်လုံးသည် ဝူကျန်းခုံ နောက်သို့လိုက်ကာအကယ်ဒမီ၏အတွင်းပိုင်းထဲသို့လိုက်သွားခဲ့ကြသည်။

ဝူကျန်းခုံသည် သူတို့ကို မိုးလုံလေလုံလေ့ကျင့်ရေးကွင်းထဲကိုခေါ်ဆောင်လာခြင်းဖြစ်သည်။ ၎င်းသည်အဆင့်မြင့်ကျောင်းသားများအတွက်လေ့ကျင့်ရေးနေရာများဖြစ်သော်လည်း ဝူကျန်းခုံကတော့ ထန်ဝူလင်းတို့ကို ခေါ်ဆောင်လာခဲ့သည်။

“ ဒီနေ့ကစပြီးမင်းတို့ ညတိုင်းငါနဲ့လေ့ကျင့်ရေးဆင်းရလိမ့်မယ်။ ဒါကနောက်သုံးလအတွင်းမှာ ကျင်းပမဲ့ အတန်းမြှင့်တင်ရေးပြိုင်ပွဲအတွက်ပြင်ဆင်နေတာပဲ “

ထို့နောက် ဝူကျန်းခုံက ထန်ဝူလင်းဘက်ကိုကြည့်ကာ

"ထန်ဝူလင်း၊ မင်းရဲ့သိုင်းဝိညာဉ်က ငွေပြာမြက် ပဲ။ ငါကအခြားရွေးချယ်စရာမရှိတာကြောင့် မင်းကိုအတန်းမြှင့်တင်ရေးပြိုင်ပွဲအတွက်ရွေးချယ်ခံခဲ့ရတယ်။ ဂူရွဲ့ အခုဒီမှာရှိနေပြီးတော့ သူမရဲ့အရည်အချင်းတွေ အစွမ်းအစတွေကို ငါမြင်ခဲ့ပြီးပြီဆိုပေမယ့် ငါအရင်ပြောသမျှကပြောင်းလဲမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့ကြိုးစားမှုနဲ့ ဒီပွဲမှာ မင်းက အတန်းငါးကိုကိုယ်စားပြုနိုင်စွမ်းရှိတယ်ဆိုတာငါ့ကိုပြလိမ့်မယ်လို့ငါမျှော်လင့်တယ်။ ဒါပေမယ့် မင်း ငါ သတ်မှတ်ထားတဲ့ အရည်အချင်းမပြည့်မီရင် အဲ့ဒီပွဲကိုပါဝင်ယှဉ်ပြိုင်ဖို့ ကျန်တဲ့နှစ်ယောက်ကိုငါလွှတ်ရလိမ့်မယ်။ “

“ ဟုတ် “ သိုင်းဝိညာဥ်ပါရမီ ချို့ယွင်းမှုသည် ထန်ဝူလင်းကိုအတွက် အမြဲနာကျင်စေသော အရာတစ်ခုဖြစ်ခဲ့သည်။

"ဆရာ ဝူ ဒီပွဲမှာငါမပါချင်ဘူး "

ဂူရွဲ့ သည်ချက်ချင်းပင်ပြောလိုက် သည်။

"ဘာလို့လဲ?" ဝူကျန်းခုံ က သူမကို ကြည့်လိုက်သည်။

ဂူရွဲ့ က

"ငါကကျောင်းသားသစ်တစ်ယောက်ပါ၊ ဒါကြောင့် တခြားသူတွေကိုဘာမှ မထိခိုက်စေချင်ဘူး။ ဒါကြောင့်ဒီပွဲကို ငါဝင်မပြိုင်တော့ပါဘူး “

ဝူက်န္ခုံ အံ့သြသွားသည်။သူလက်မခံနိုင်ပါ။

သူသည် ရှဲ့ရှဲ့၏အမွှာသိုင်းဝိညာဉ်များကိုအလွန်တန်ဖိုးထားသော်လည်း ဂူရွဲ့ ၏ ဒြပ်စင်များ နှင့်ယှဉ်လျှင် ရှဲ့ရှဲ့ ၏အဆင့်သည် ဂူရွဲ့ထက် တစ်ဆင့်နိမ့်သည်။

ထိုစဥ် ထန်ဝူလင်းက

" ဂူရွဲ့ ဆရာဝူပြောတာမှန်တယ်။ ငါလည်း ငါ့ကြောင့် ငါတို့အတန်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေချင်ဘူး။၊ ငါလည်းကောင်းကောင်းကြိုးစားပါ့မယ်။ ငါ ဒီသုံးလအတွင်းမှာ ပိုအားကောင်းအောင်လုပ်ရင် ဆရာကငါ့ကိုယှဉ်ပြိုင်ခွင့်ပေးလိမ့်မယ်ထင်ပါတယ် “

ဝူကျန်းခုံသည် ထန်ဝူလင်းကိုအနည်းငယ် ကျေနပ်စွာကြည့်လိုက်မိသည်။

ဝူကျန်းခုံက

" မနက်ဖြန်မင်းတို့ရဲ့ဝိညာဉ်ရေးရာစွမ်းအားကိုစစ်ဆေးဖို့မင်းတို့သုံးယောက်လုံးကိုငါလာခေါ်မယ် “

ထန်ဝူလင်း က “ ဆရာ၊ ငါအရင်တုန်းက ၀ိညာဉ်ရေးရာစွမ်းအားစစ်ဆေးမှုကိုလုပ်ခဲ့ပြီးပြီ “

ဝူကျန်ခုံ က ထန်ဝူလင်းကိုအေးစက်စွာကြည့်ရင်း

“ ငါမြင်တာကိုပဲငါယုံတယ် “