အခန်း (၆၈)
Vol. 5 Ch. 68
ဝူကျန်းခုံသဘ် ဂူရွဲ့ ဘက်ကိုလှည့်လာပြီး
“အနာဂတ်မှာ မင်းရဲ့ကွဲပြားတဲ့ဒြပ်စင်တွေပေါင်းစပ်ပြီးသုံးနိုင်လိမ့်မယ်လို့ငါမျှော်လင့်ထားတယ်။ ငါမင်းရဲ့သိုင်းဝိညာဉ်ကိုတနေ့လုံးဂရုတစိုက်ပြန်သုံးသပ်ပြီးပြီ၊ မင်းရဲ့ဒြပ်စင် သိုင်းဝိညာဉ်ကဒြပ်စင်တိုင်းနဲ့ ထိန်းချုပ်နိုင်တယ်လို့ငါကောက်ချက်ချထားတယ်၊ ဒါပေမယ့်ဒီဒြပ်စင်တွေကိုဘယ်ဝိညာဉ်ကွင်းနဲ့မှ အဆင့်မြှင့်တင်လို့မရတဲ့အတွက် သူတို့က အခုထက်အင်အားကြီးလာမှာမဟုတ်တော့ဘူး။ ဒါကြောင့် မင်းရဲ့ အသုံးပြုတဲ့နည်းလမ်းတွေကိုပဲ ပိုကောင်းအောင်အမြဲလေ့ကျင့်ရမယ်။ မင်းရဲ့ ဝိညာဥ်ရေးရာစွမ်းအား တိုးလာတာတဲ့အမျှ မင်းရဲ့ဒြပ်စင်စွမ်းအားတွေအပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း တိုးလာမယ်လို့ ငါထင်တယ် ။ ရှဲ့ရှဲ့ ကိုထောင်ချောက်ဆင်ဖို့မြေကြီးနဲ့ရေခဲဒြပ်စင်တွေကိုမင်းပေါင်းစပ်လိုက်တာငါတွေ့ခဲ့တယ်။ ဒါကြောင့် မင်းမှာ ဒြပ်စင်အချို့ကို ပေါင်းစပ်ပြီးသုံးနိုင်နေပြီလို့ ငါထင်တယ်။ ပိုကြိုးစားပါ ”
“ ဟုတ်ကဲ့ပါဆရာ။ ” ဂူရွဲ့ ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတွင် ဝူကျန်ခုံ သည် ထန်ဝူလင်း ဘက်သို့လှည့်လာသည်။
“ မင်းအတွက်ပထမဆုံးလုပ်ရမှာကမင်းရဲ့သိုင်းဝိညာဉ်ကိုပိုပြီးထိန်းချုပ်နိုင်ဖို့ပဲ။ မင်းရဲ့ ငွေပြာမြက်ဟာသိုင်းဝိဉာဉ်တစ်ခုဖြစ်ပေမယ့် ငွေပြာမြက် ဖြစ်နေတုန်းပဲ။ ငါမင်းကိုရိုးသားစွာပြောမယ်။ မင်းအဲဒါကို စိတ်တိုင်းကျမထိန်းချုပ်နိုင်ရင် မင်းဟာ ဘယ်တော့မှ သန်မာလာမှာမဟုတ်ဘူး။ မင်းအရင်က တူတစ်စုံ သုံးတာတွေ့ဖူးတယ်။ မင်းရဲ့ခွန်အားက မင်းရဲ့အားသာချက်ဖြစ်ပြီး အခုလို အသက်ရွယ်တူတွေကြားမှာ အရမ်းအသုံးဝင်တုန်းပဲ။ အနာဂတ်မှာ မင်းရဲ့ တူတွေကိုမင်း ငွေပြာမြက် နဲ့ပေါင်းစပ်ပြီးတိုက်ခိုက်နိုင်ဖို့ကြိုးစားရမယ်။ ”
“ ဟုတ် ”ထန်ဝူလင်း သည်စကားလုံးတစ်လုံးတည်းဖြင့်သာတုံ့ပြန်ခဲ့သည်။
“ ငါတို့အခုအထူးသင်တန်းကိုစတော့မယ်”ဝူကျန်းခုံ ကပြောသည်။
ရှဲ့ရှဲ့ သည်ကာယလေ့ကျင့်မှုမဟုတ်ကြောင်း ကြားရသောကြောင့်သူသည်ချက်ချင်းပင်တက်ကြွလာသည်။ ရှဲ့ရှဲံကစိတ်ထက်သန်စွာဖြင့်
“ ဆရာ ဝူ ငါတို့ဘယ်လိုလေ့ကျင့်ရမှာလဲ”
ဝူကျန်ခုံ က“ မင်းတို့ ၃ ယောက်လုံး ငါ့ကို အတူတူတိုက်ရမယ်။ မင်းတို့ရဲ့ပြိုင်ဘက်ကငါပဲ! “
ထန်ဝူလင်းတို့ သုံးယောက်စလုံးကြောင်သွားသည်။ ဝူကျန်ခုံလက်ထဲတွင်သစ်သားဓားတစ်ခုပေါ်လာပြီး
“ မင်းတို့ကိုတိုက်ဖို့ ငါ ဝိညာဥ်စွမ်းအားနဲ့သိုင်းဝိညာဥ်သုံးမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ ငါ့ကိုအစွမ်းကုန်တိုက်ရလိမ့်မယ် “
သူပြောသည့်အတိုင်း သူသည် ရှဲ့ရှဲ့ အနီးသို့သူ၏သစ်သားဓားဖြင့်ရောက်နေပြီဖြစ်သည်။
ရှဲ့ရှဲ့ သည်လျင်မြန်စွာနောက်သို့ပြန်ဆုတ်သွားသည်။ သူ၏ဆုတ်ခွာနှုန်းသည်အလွန်မြန်သော်လည်းသစ်သားဓားရှည်ကပိုမြန်သည်။
ဝူး! ကျယ်လောင်သောဆူညံသောအသံသည်လေထုထဲသို့ပျံ့နှံ့သွားသည်။ ထန်ဝူလင်း သည်သူ၏လှုပ်ရှားမှုကိုပြုလုပ်ခဲ့သည်။
သူသည် ဝူကျန်ခုံ ၏စကားများကိုနှလုံးသွင်းလိုက်ပြီးသူ၏အကြံကိုချက်ချင်းအကောင်အထည်ဖော်လိုက်သည်။ သံတူကိုဝူကျန်ခုံဆီသို့တည့်တည့်ပစ်လိုက်သည်။ သို့သော်လက်ကိုင်၏အဆုံး၌ ငွေပြာမြက်နွယ်ပင်သည် ထန်ဝူလင်း နှင့်တူအကြားဆက်သွယ်ထားသောကြိုးတစ်ချောင်းသဖွယ်ဖြစ်နေသည်။
ဝူကျန်ခုံအား သူ၏ ငွေပြာမြက် နှင့်တိုက်ရိုက်ချည်နှောင်ရန်မှာ အချည်းနှီးကြိုးစားခြင်းသာဖြစ်ကြောင်းသူသိသည်။ ဝူကျန်ခုံ ၏ဝိညာဉ်စွမ်းအားအဆင့်ဖြင့် ထိုချုပ်နှောင်မှုမှလွတ်မြောက်ရန် အချိန်ခဏဏသာလိုလိမ့်မည်။ ထိုသို့ဖြစ်လာသောအခါ ထန်ဝူလင်း၏ဝိညာဉ်စွမ်းအားသည်ကုန်ခန်းလုနီးပါးဖြစ်သွားပြီးသူ၏ ငွေပြာမြက် ကိုသုံးနိုင်တော့မည်မဟုတ်တော့ပေ။
သန့်စင်ထားသောသံတူကို ထန်ဝူလင်း ပစ်လွှတ်လိုက်သော ဝူကျန်းခုံသည် မရှောင်ပဲ သံတူကိုသစ်သားဓားဖြင့်ရိုက်ထုတ်လိုက်သည်။
ထန်ဝူလင်းမျက်နှာပျက်သွားသည်။ သူ၏တိုက်ခိုက်မှု မအောင်မြင်ခဲ့ပေ။
အေးမြသောလေနုအေးများတိုက်ခတ်လာပြီး ရှဲ့ရှဲ့သည် မူလနေရာမှပျောက်သွားကာ ဝူကျန်ခုံ၏ ဓားရှည်သည်လေ မှလွဲ၍ ဘာမျှမခုတ်မိပေ။
ဝူကျန်ခုံလိုက်ရှာသော်လည်းသူ၏ခြေဖဝါးအောက်ရှိမြေသည်လျင်မြန်စွာပျော့ပျောင်းလာပြီးရေခဲတုံးများသည်မြေပြင်သို့ပျံတက်လာသည်။ ဂူရွဲ့ သည် မနက်ကကဲ့သို့တူညီသောပေါင်းစပ်ပေါင်းစပ်နည်းကိုသုံးခဲ့သည်။
ဝူကျန်ခုံ သည်တည်ငြိမ်သောအပြုံးတစ်ခုကိုပြုံးလိုက်သည်။ သူ၏လက်ကောက်ဝတ်ကိုတစ်ချက်လှန်လိုက်သောအခါသစ်သားဓားသည် ရေခဲတုံးကိုများချောမောစွာရိုက်ထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည်ရွှံ့မှခုန်ထွက်ခဲ့သည်။
ဝူဝူး! ထန်ဝူလင်း ၏သန့်စင်ပြီးသော သံတူ များတစ်ဖန်ထပ်မံရောက်ရှိလာသည်။ ဒါပေမယ့်ဒီတခါတော့ တူတစ်ခုတည်းတင်မကဘဲ နှစ်ခုစလုံးဖြစ်နေသည်။ ။
ဝူကျန်ခုံ ၏သစ်သားဓားသည် သံတူများနှင့် ထိပ်တိုက်တွေ့ကာ ဝူကျန်းခုံရန်တန့်သွားသည်။
ထိတ်လန့်မှုတစ်ခုက ဝူကျန်ခုံ ၏မျက်လုံးများကိုအရောင်ပြောင်းစေသွားသည်။
‘ဒီကောင်လေးရဲ့အားကတော်တော်ကြီးတာပဲ ‘
ထိုစဥ်
ဝူကျန်ခုံ ၏နံဘေး၌မီးလုံးတစ်လုံးပေါ်လာသည်။ ဂူရွဲ့ ၏တိုက်ခိုက်မှုသည်အချိန်ကိုက်ပေါ်လာခြင်းပင်ဖြစ်သည်။
ဝူကျန်ခုံ ၏လက်နက်သည်သစ်သားဓားရှည်ဖြစ်သဖြင့်၎င်းကိုမီးရှို့ရန်သည် ဂူရွဲ့တို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်မှာသေချာသည်။
သစ်သားဓားရှည်သည်လေထဲတွင်စက်ဝိုင်းတစ်ခုကိုဆွဲလိုက်ရာ ထူးထူးဆန်းဆန်းလေစီးကြောင်းတစ်ခုထွက်ပေါ်လာသည်။ မီးလုံးသည် ၎င်း၏လမ်းကြောင်းမှရုတ်တရက်လမ်းလွဲသွားခဲ့ပြီး ရှဲ့ရှဲ့ ဆီသို့ ဦး တည်သွားခဲ့သည်။
ရှဲ့ရှဲ့၏အလင်းနဂါးဓားသည် မီးလုံးကိုခွဲပြစ်လိုက်သည်။ သူသည် ဝူကျန်းခုံ ၏အနီး၌ရှိနေသောကြောင့်သူ၏ခန္ဓာကိုယ်ကိုလေထဲတွင် ဝေ့ဝိုက်ကာ သူ၏ အလင်နဂါးဓားနှင့် နှင့်မမြင်နိုင်သောဓါးအရိပ်တစ်ခုကိုထုတ်ပြီး ဝူကျန်ခံအား ခုတ်ပိုင်းလိုက်သည်။
ထန်ဝူလင်း ၏သန့်စင်ပြီးသော သံတူ များသည် ဝူကျန်ခုံ အား တစ်ဖန်ပြန်လည်ပစ်ခတ်ခဲ့သည်။
ထိုအချိန်တွင် ဂူရွဲ့လည်း မီးလုံးသုံးလုံးလည်းပစ်ခဲ့သည်။ သူတို့သုံးဦး တို့သည်သူတို့၏တိုက်ခိုက်မှုများကိုတပြိုင်နက်တည်းပြုလုပ်ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့်သူတို့၏ပြိုင်ဘက်သည်အလွန်အစွမ်းထက်လွန်းသည်။
ဝူကျန်ခုံ ၏လက်၌သစ်သားဓားသည်မြောက်များစွာသောဓားအရိပ်များအဖြစ်သို့ပြောင်းလဲသွားသည်။ ဓားအရိပ်များသည် ရှဲ့ရှဲ့ ၏ပုခုံးကိုထိမှန်ရုံသာမက မီးလုံးသုံးခု၏လမ်းကြောင်းကိုလည်း လမ်းကြောင်းပြောင်းသွားစေသည်။ ထို့အတူ သံတူနှစ်ခုကို ရပ်တန့်သွားသည်အထိ ရိုက်ချပစ်လိုက်သည်။ ဝူကျန်ခုံ သည်ကောင်းကင်မှ ဆင်းလာသည်။ ဤတစ်ကြိမ်တွင်သူ၏ပစ်မှတ်မှာ ထန်ဝူလင်းဖြစ်သည်။ သစ်သားဓားသည် ထန်ဝူလင်းကို ချိန်ရွယ်လိုက်သည်။
ထန်ဝူလင်းနောက်မဆုတ်ပေ။ ထိုအစား ထန်ဝူလင်းသည် သူ၏ ငွေပြာမြက် ကိုထုတ်လိုက်ပြီး ဝူကျန်ခုံကို ချုပ်နှောင်ရင်ပတ်လိုက်သည်။ သို့သော် ဝူကျန်ခုံ အနည်းငယ်ရုန်းလိုက်ရုံဖြင့် ငွေပြာမြက်များ ပြတ်တောက်သွားရာ ထန်ဝူလင်း၏ ဝိညာဥ်စွမ်းအားများလည်းကျဆင်းသွားလေသည်။ ဝူကျန်းခုံ၏ သစ်သားဓားမှာလည်း သူ့ပခုံးကို ထိုးမိတော့မည်ဖြစ်သည်။ သူ၏ သံတူများမှာလည်း အဝေးသို့ရောက်နေသဖြင့် ပြန်ယူရန်မလွယ်ပေ။ ထိုအချိန်တွင် ထန်ဝူလင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ တူတစ်စုံကို ထပ်မံထုတ်ယူလိုက်သည်။ ထိုတူများမှာ သူ၏ ကိုယ်ပိုင် သွေးစတေးမှုဖြင့်ပြုလုပ်ထားသော တူတစ်စုံပင်ဖြစ်သည်။
ဗွမ်း!!!
သစ်သားဓားသည် တူတစ်စုံ၏ ရိုက်ချက်ကြောင့် ချက်ချင်းပင် ကြေမွသွားလေသည်။