← Chapters

အခန်း (၇၀)

Vol. 5 Ch. 70

အခန်း (၇၀)

Vol. 5 Ch. 70

တီ တီ တီ!

ကုတင်ပေါ်တွင်လှဲနေစဥ် ထန်ဝူလင်း၏ ဝိညာဉ်ဆက်သွယ်ကရိယာမှ အသံမြည်လာသည်။ နံပတ်တစ်ခုသည် ဆက်သွယ်ရေးကရိယာတွင် ပေါ်လာသည်။

“ဟယ်လို” ထန်ဝူလင်း ကိုင်လိုက်သည်။

“မင်းဘာလုပ်နေတာလဲ?”

ဆက်သွယ်ကိရိယာမှရင်းနှီးသောအသံတစ်သံထွက်လာသည်။ ထိုအသံကိုကြားသောအခါ ထန်ဝူလင်း ချက်ချင်းလျင်မြန်စွာထထိုင်လိုက်သည်။

“ ဆရာ။ ”

အသံပိုင်ရှင်မှာ မန်ထျန်းဖြစ်လေသည်။

“မင်းဘာြဖစ်နေတာလဲ? တစ်ပတ်ပြည့်တော့မှာနောင် ဒုတိယပန်းပဲဆရာအဆင့်အလုပ် လက်ခံထားတာကိုမပြီးသေးဘူးလား။ “

မန်ထျန်း ကကြမ်းတမ်းစွာပြောလိုက်သည်။ အမှန်ပင် ထန်ဝူလင်းသည် ကျောင်းတွင် အလုပ်များနေသဖြင့် ပန်းပဲအလုပ်များမပြီးသေးပေ။

ထန်ဝူလင်း ကအလျင်အမြန်

“ မဟုတ်ဘူးဆရာ။ ကျနော် လေ့ကျင့်ရေးတွေနဲ့ မအားလို့ အလုပ်ရုံကိုသွားဖို့အချိန်သိပ်မရှိတာပါ။ ဒါပေမယ့်မနက်ဖြန်အားလပ်ရက်မှာသွားဖို့စီစဉ်ထားပါတယ်။ ”

မန်ထျန်း ခဏတိတ်ဆိတ်သွားသည်။ “မင်းကပထမတန်းပဲရှိသေးပေမယ့် အရမ်းအလုပ်များနေပြီလား”

ထန်ဝူလင်း သည်သူရောက်ရှိချိန်မှ စတင်၍ သူဖြတ်သန်းခဲ့ရသည့်အဖြစ်အပျက်များကိုရှင်းပြလိုက်သည်။

“ အင်း ဒါဆိုမနက်ဖြန်လာခဲ့ပါ။ ငါလည်းအခု အရှေ့ပင်လယ် မြို့ကိုရောက်နေတယ် “

စကားအချို့ကိုပြောပြီးနောက် မန်ထျန်းဖုန်းချလိုက်သည်။

“ဟေ့ ထန်ဝူလင်း မင်းမှာပိုက်ဆံမရှိဘူးလို့ပြောခဲ့တယ်မဟုတ်လား။ ဝိညာဉ်ဆက်သွယ်ကရိယာကိုမင်းဘယ်လိုဝယ်နိုင်တာလဲ ”

ရှဲ့ရှဲ့ မေးခွန်းထုတ်လိုက်သည်။

ထန်ဝူလင်း က“ ဒါက အသင်းကို

၀ င်ပြီးတဲ့နောက်ရလာတဲ့အကျိုးအမြတ်တွေထဲကတစ်ခုပါ။ ငါမဝယ်ခဲ့ပါဘူး။ ငါ တကယ်မတတ်နိုင်ဘူး! “

“အသင်း? ဘယ်အဖွဲ့အစည်းလဲ “ ကျုံးကျန်စီကထူးဆန်းစွာမေးလိုက်သည်။ ယွမ်ရှောင် လည်းသိချင်စိတ်ပြင်းပြစွာဖြင့်သူ့ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်သည်။

ပြောစရာမလိုတော့ပါဘူး၊

“ ပန်းပဲဆရာအသင်းပါ။ ငါ့ရဲ့သိုင်းဝိညာဉ်ရဲ့ပင်ကိုယ်စွမ်းရည်ကမလုံလောက်ဘူး၊ ဒါကြောင့်ငါငယ်ငယ်ကတည်းကပန်းပဲပညာသင်ယူခဲ့တယ်။ ”

ယွမ်ရှောင်က ကမေးလိုက်သည်မှာ “ပန်းပဲလုပ်တာမင်းရဲ့ခွန်အားကြီးတာနဲ့ သက်ဆိုင်နေတာလား?”

ထန်ဝူလင်း ခေါင်းညိတ်လိုက်သည်။

ရှဲ့ရှဲ့ က“ ပန်းပဲသမား၊ သတ္တုကိုသန့်စင်ပေးတဲ့အမျိုးအစားလား “

ထန်ဝူလင်း ကနောက်တစ်ကြိမ်ခေါင်းညိတ်သည်။

ရှဲ့ရှဲ့ က“ အဲ့လမ်းကြောင်းပေါ်မှာကောင်းကောင်းလုပ်ပါ၊ ကောင်းမွန်တဲ့အနာဂတ်ရလိမ့်မယ်။ တစ်ခါတုန်းက သန့်စင်မှုတစ် ထောင်လုပ်ထားတဲ့ သတ္ထု စက်လက်နက် အစိတ်အပိုင်းတစ်ခုကို အဖေ ၀ ယ်တာြမင်ဖူးတယ်။ အရမ်းစျေးကြီးတယ်။ မင်း အဲ့အဆင့်ရောက်ရင် မင်းငါ့အတွက်သတ္တုအချို့ကိုသန့်စင်ပေးရမယ်”

ထန်ဝူလင်း က “မင်းက စက်လက်နက်မာစတာ ဒါမှမဟုတ် စက်ရုပ်မာစတာ တစ်ယောက်ဖြစ်ချင်တာလား”

ရှဲ့ရှဲ့ ကဂုဏ်ယူစွာ “ဟုတ်တယ်။ ငါကနာမည်ကြီး စက်ရုပ်မာစတာ စစ်တပ် မိသားစုကနေလာတာပဲ။ ငါလည်း သူတို့လိုဖြစ်ချင်တာသဘာဝပါဘဲ။ ”

“ ငါ့ကိုပြောပါ၊ တကယ့် စက်လက်နက်နဲ့စက်ရုပ်မာစတာတွေ ဆိုတာဘယ်လိုမျိုးလဲ။ အဲ့လိုဖြစ်ဖို့ ဘာတွေလိုအပ်လဲ “

ကျုံကျန်စီ သိချင်ဇောနဲ့မေးလိုက်သည်။

ရှဲ့ရှဲ့ သည် သူတို့နှင့်ရင်းနှီးလာခဲ့ပြီးနောက် မာနထောင်လွှားမှုမရှိတော့ပေ။ ထို့ကြောင့် အခန်းဖော်များနှင့် ရင်းနီးနေပြီဖြစ်သည်။

“ မရေမတွက်နိုင်တဲ့ခေတ်တွေဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက်မှာတော့ စက်လက်နက်တွေနဲ့ စက်ရုပ်တွေ ရှိနေတဲ့ ဒီနေ့ခေတ်ကို ရောက်လာခဲ့တယ်။ ဝိညာဥ်မာစတာတစ်ယောက်က စက်လက်နက် ဒါမှမဟုတ် စက်ရုပ်တစ်ခုကို အသုံးပြုပြီး အင်အားကြီး တိုက်ခိုက်ရေးသမားတွေဖြစ်လာနိုင်တယ်။ နတ်ဘုရားအဆင့် စက်လက်နက်နဲ့စက်ရုပ်မာစတာ တွေဆိုရင် သူတို့ရဲ့ စက်လက်နက်နဲ့စက်ရုပ် တွေကို သူတို့လက်နဲ့ကိုယ်တိုင်ဖန်တီးကျတယ်လို့ကြားဖူးတယ် “

ထန်ဝူလင်း က

“ဒါဆို နတ်ဘုရားအဆင့် စက်လက်နက်နဲ့စက်ရုပ်မာစတာအားလုံးက ပန်းပဲသမားတွေဘဲလို့ဆိုလိုတာမဟုတ်ဘူးလား”

ရှဲ့ရှဲ့မှာလည်း သေချာမသိသဖြင့် “ ဟုတ်မယ်ထင်တယ်၊ ဒါနဲ့ မင်းရဲ့ပန်းပဲအဆင့်ကဘယ်လောက်မြင့်လဲ “

ထန်ဝူလင်းမှာ တစ်ခဏတုံ့ဆိုင်းသွားခဲ့ပြီးနောက် သူငယ်ချင်းများကိုမလိမ်လိုဖြင့်

“ငါ သန့်စင်မှုတစ်ထောင်ကို လုပ်နိုင်တယ်”

သူကအံ့သြစွာဖြင့်

“ ဒါဆို မင်းက အဆင့် ၃ ပန်းပဲဆရာအဆင့်ရောက်နေပြီလို့ပြောနေတာလား။ ”

ထန်ဝူလင်းကခေါင်းယမ်းလိုက်သည်။

“ ငါမရောက် သေးပါဘူး။ ငါကဒုတိယအဆင့်ပန်းပဲသမားပဲရှိသေးတယ်။ ”

“အလို!” ယွမ်ရှောင် သည်ကြောက်လန့်တကြားအော်လိုက်သည်။ သူသည်ပန်းပဲလုပ်ခြင်းနှင့် ပတ်သက်၍ ဗဟုသုတအနည်းငယ်ရှိကာ ပန်းပဲဆရာများ၏အဆင့်အတန်းကိုနားလည်သေးသည်။

“မင်းအသက်က ၉ နှစ်ပဲရှိသေးတယ်။ ဒါတောင် မင်း က ဒုတိယအဆင့်ကိုရောက်နေပြီလား။ “

ရှဲ့ရှဲ့ ၏မျက်လုံးများဝိုင်းသွားပြီး ထန်ဝူလင်း ၏လည်ပင်းကိုဖက်လိုက်ကာ

“ထန်ဝူလင်း၊ ငါတို့ကညီအစ်ကိုတွေမလား”

ရှဲ့ရှဲ့ ကရယ်ရယ်မောမောရယ်ရင်း

“ အနာဂတ်မှာစက်လက်နက် အစိတ်အပိုင်းတွေကိုပုံဖော်ဖို့မင်းငါ့ကိုကူညီမယ်မလား။ ငါမင်းကိုစျေးနှုန်းကောင်းကောင်း ပေးမှာပာ။ ”

ထန်ဝူလင်း ကမယုံသင်္ကာနဲ့

“ မင်းအတွက် ငါ့ကိုဘာလိုအပ်မှာလဲ။ ပန်းပဲဆရာအသင်းကိုသွားရုံနဲ့တိုက်ရိုက်ဝယ်လို့မရဘူးလား ”

ရှဲ့ရှဲ့ ကသူ့ကိုတအံ့တသြကြည့်သည်။

“မင်းကပန်းပဲလုပ်ငန်းကိုကောင်းကောင်းနားမလည်သေးပုံရတယ်။ ပန်းပဲအသင်းက အလုပ်ကိုလက်ခံနိုင်တာနဲ့ အောင်မြင်အောင်လုပ်နိုင်မယ်လို့အာမမခံဘူး။ ငါ့အဖေဆိုသူရဲ့ လက်နက်တွေကို အဆင့်မြှင့်ဖို့ လေးနှစ်တောင်စောင်ခဲ့ရတယ်။ ဒါတောင် သူက ပန်းပဲဆရာအဖွဲ့အစည်းနဲ့ရင်းနှီးတယ်နော်၊မင်းအခုသန့်စင်မှုတစ်ထောင်ကိုလုပ်နိုင်တယ်၊ နှစ်အနည်းငယ်အတွင်း၊ မင်းက အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ ကိုရောက်သွားနိုင်တယ်။ မင်းသာငါ့ရဲ့ကိုယ်ပိုင်ပန်းပဲဆရာဖြစ်လာရင် ငါကသန့်စင်ပြီးပြည့်စုံတဲ့စက်လက်နက်တွေနဲ့စက်ရုပ်တွေကို အခြားသူတွေထက် မြန်မြန်ရနိုင်မယ်မဟုတ်လား။ ဟားဟား”

ထန်ဝူလင်း

သည်အကူအညီမဲ့စွာခေါင်းညိတ်လိုက်ရသည်။

“ ကောင်းပါပြီ။ ငါ အဲ့ဒီအဆင့်ရောက်ရင်မင်းကိုကူညီမယ် “

“ ကောင်းပြီ ညီအစ်ကို!”

ရှဲ့ရှဲ့ သည် ထန်ဝူလင်းကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး

“ ဒီနေ့ကစပြီး ထန်ဝူလင်း က ငါဆိုတဲ့ ရှဲ့ရှဲ့ ရဲ့ကာကွယ်မှုအောက်မှာရှိနေတယ်။ သူ့ကိုစော်ကားဝံ့တဲ့သူရှိရင် ငါ့ရဲ့အလင်းနဂါးဓားနဲ့တွေ့မယ် ”

“ဟားဟား” ယွမ်ရှောင်က ရီကာ

“မင်း ဂူရွဲ့ကိုအနိုင်ယူပြီးမှအ့စကားတွေကိုပြော”

All Chapters