အခန်း (၇၃)
Vol. 5 Ch. 73
ဒါရိုက်တာ လုံဟိန်းစု သည်ပြိုင်ပွဲကွင်းဆီသို့လျှောက်လာပြီး ဝူကျန်းခုံကိုမြင်သောအခါ
“ ဒီနေ့အတန်းမြှင့်တင်ရေးပြိုင်ပွဲစပြီ။ ငါတို့ပထမတန်းရဲ့အတန်း၅ နဲ့ပထမတန်းရဲ့အတန်း၄ ကြားပွဲနဲ့စမယ်လုပ်ထားတယ်။ ဆရာဝူကျန်ခုံ မင်းအတန်းထဲက ကိုယ်စားပြု ဘယ်နှစ်ယောက် လွှတ်မှာလဲ ”
ဝူကျန်ခုံ က “ငါတို့အတန်းက ကျောင်းသားသုံးယောက်လွှတ်ဖို့လုပ်ထားတယ်”
လုံဟိန်းစု သည်အတန်း ၄ ၏အတန်းပိုင်ဆရာ ခုံဟန်ဝမ်ဘက်သို့လှည့်လိုက်သည်။
“ အတန်း ၅ က ကျောင်းသားသုံးယောက်လွှတ်မယ်။ ဆရာ ခုံ မင်းအတန်းက ကိုယ်စားပြု ကျောင်းသားတွေကိုရွေးဖို့ အချိန်ငါးမိနစ်ရမယ် “
ထိုအခါ ဆရာခုံဆိုသူက သူ့ကျောင်းသားများကိုကြည့်ကာ
“ ကျားလုံ၊လင်ဇူးယွမ်၊မိုစီ မင်းတို့သုံးယောက်ပြိုင်ရမယ် မင်းအတန်း ၄ ရဲ့ဂုဏ်ကိုကိုယ်စားပြုနေတယ်ဆိုတာသတိရပါ။ မင်းတို့အတန်း၄ရဲ့အစွမ်းကို အားလုံးမြင်အောင်ပြရမယ်။ ”
ယေဘူယျအားဖြင့်အတန်း၅တစ်ဖွဲ့လုံးသည်အားနည်းပြီး ကျောင်းသား ဦး ရေအနည်းဆုံးဖြစ်သည်။ ယခင်နှစ်များတွင် ကျောင်းသား ၂ ဦးစီသာ အတန်းကိုယ်စားပြု အဖြစ် ပြိုင်သော်လည်း ယခုနှစ်တွင် ဆရာဝူ၏ သဘောအရ ကျောင်းသား ၃ ယောက်စီ ယှဥ်ပြိုင်ရမည်ဖြစ်သည်။
အတန်း ၄ မှ ထွက်လာသုံး ဦး အနက် ကျားလုံ သည်ရှေ့ဆုံးနေရာတွင်ရှိသည်။ သူသည်အရပ်မရှည်သော်လည်း ခန္ဓာကိုယ်တောင့်တင်းပြီးသန်မာပုံပေါ်သည်။
လင်ဇူယွမ် သည် မျက်နာထားတင်းမာသော ဆယ်ကျော်သက်တစ်ယောက်ဖြစ်သည်။ မိုစီကတော့ သာမန်ပုံစံသာရှိသည်။
အတန်း ၅ ဘက်တွင်
ထန်ဝူလင်းသည် ရှေ့ဆုံးနေရာတွင်ရပ်နေသည်။ ထန်ဝူလင်းသည် သူ့ကို သူ စစ်ပွဲတစ်ပွဲ၏ စစ်သေနာပတိချုပ်အဖြစ်ပင်ရောက်နေသည်ဟု ခံစားမိနေသည်။
“ အဆင်သင့်ပြင်!”
နှစ်သင်းသည်မီတာ ၅၀ အကွာတွင် အသီးသီးရပ်နေကြကာ လုံဟိန်းစု သည်သူ၏ညာလက်ကိုမြှောက်လိုက်သည်။
“ စာသင်နှစ်သစ် အတန်းမြှင့်တင်ရေးပြိုင်ပွဲပထမအပတ်၊ ပထမတန်းအတန်းနံပတ် ၄ နဲ့ ပထမတန်းအတန်းနံပတ် ၅ ပြိုင်ပွဲ စ!”
လုံဟိန်းစု ၏စကားသံနှင့်အတူပထမတန်း အတန်း၄မှ ကျောင်းသားသုံး ဦး သည်သူတို့၏ဝိညာဉ်ကွင်းကိုထုတ်လိုက်ကြသည်။
ပါဝင်သူသုံး ဦး စီ၏အောက်၌အဖြူရောင်ဝိညာဉ်သုံးကွင်းပေါ်လာသည်။ ရှေ့တန်း၌ရပ်နေသော ကျားလုံ သည်ရှေ့သို့ကြီးမားသောခြေလှမ်းကိုလှမ်းလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အနည်းငယ်ကြီးလာသည်။
သူ၏အညိုရောင်မျက်လုံးများသည် အဝါရောင်သို့ပြောင်းသွားပြီး သူ၏လက်မောင်းများမှာ သိသိသာသာပိုတောင့်တင်းလာသည်။ ကြီးမားသောခြေလှမ်းများဖြင့်သူသည် ရှေ့သို့အမြန်ပြေးလာခဲ့သည်။
လင်ဇူယွမ်မှာလည်း ရှည်လျားသောတောင်ဝှေ့တစ်ချောင်းကိုထုတ်လိုက်သည်။ သူ၏တောင်ဝှေးထိပ်မှအနီရောင်အလင်းတန်းတစ်ခုထွက်လာပြီး ကျားလုံ ၏ကိုယ်ပေါ်သို့ထိသွားသည်။
ကျားလုံ ၏အဝါရောင်မျက်လုံးများတွင်သွေးနီရောင်အငွေ့အသက်တစ်ခုပေါ်လာပြီး ထန်ဝူလင်း ဆီသို့အပြေးအလွှားရောက်လာသောအခါ သူ၏ခန္ဓာကိုယ်သည် ပိုမိုကြီးမားလာသည်။
အခြားတစ်ဖက်၌ရပ်နေသော မိုစီ သည်ကျားလုံ၏ နောက်မှ ပျောက်ကွယ်သွားသည်။
အတန်း ၄ သည် ယှဉ်ပြိုင်ရန်ကျောင်းသားများကို ကျပန်းရွေးချယ်ခဲ့ခြင်းမဟုတ်ပါ။
အသေအချာလေ့ကျင့်ပေးထားသူများကိုရွေးခြင်းဖြစ်သည်။
ကျားလုံ သည် သတ်ဖြတ်ရေးဝိညာဥ်မာစတာ ဖြစ်ပြီးသူ၏သိုင်းဝိညာဉ်သည်ဝံပုလွေဖြစ်နိုင်သည်။ မိုစီ သည် လျင်မြန်တိုက်ခိုက်ရေမာစတာ ဖြစ်သော်လည်းသူ၏သိုင်းဝိညာဉ်ကဘာလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါ။ သို့သော် လင်ဇူယွမ် သည် အကူဝိညာဥ်မာစတာ ဖြစ်ခဲ့ပြီးသူ၏ပထမဆုံးဝိညာဉ်စွမ်းရည်မှာအစွမ်းတိုးချဲ့ခြင်း အမျိုးအစားဖြစ်သည်။
တိုက်ခိုက်သူတစ်ယောက် လျင်မြန်သူတစ်ယောက်နှင့် အကူတစ်ယောက်
အတန်း ၅ ကိုပြန်ကြည့်လျှင် ထန်ဝူလင်း နှင့်အခြားသူများသည်ပထမ ဦး ဆုံးအနေနှင့်သူတို့၏ကွင်းများကိုမထုတ်ဘဲ ပြိုင်ဘက်များ၏ ဦး တည်ချက်အတိုင်း အရှိန်မြှင့်ပြေးထွက်သွားခဲ့သည်။ ရှဲ့ရှဲ့ သည်ကျားလုံ အနီးတွင်ချက်ချင်းပေါ်လာသော်လည်း သူကို့မတိုက်ခိုက်ချေ။ ထိုအစား ကျားလုံ နောက်တွင် ရပ်နေသော လင်ဇူယွမ် ကို ဦး တည်လိုက်သည်။
“မိုစီ!” ကျားလုံ အော်လိုက်သည်။ သူ့နောက်မှာပုန်းနေသော မိုစီ ချက်ချင်းပေါ်လာပြီး ရှဲ့ရှဲ့ ဆီကိုဝင်လာလေသည်။
အကူဝိညာဥ်မာစတာများကို လျင်မြန်ဝိညာဥ်မာစတာများ တိုက်ခိုက်ပါက အကူဝိညာဥ်မာစတာများ ချက်ချင်းရှုံမည်ဖြစ်သည်။
ကျားလုံသည် သန်မာသော်လည်း အင်အားချင်းယှဥ်လျင် ထန်ဝူလင်းကိုမနိုင်ပေ။ထိုအရာကို မသိသော ကျားလုံသည် ထန်ဝူလင်း၏လက်သီးကို ဖမ်းရန်ပြင်လိုက်သည်။
ထန်ဝူလင်း ၏လက်သီးချက်တွင် ဝိညာဉ်စွမ်းအားပင်မပါရှိချေ။
တိုက်ခိုက်ရေးဝိညာဉ်မာစတာတစ် ဦး အနေနှင့် ကျာလုံ သည်သူ၏အစွမ်းအစကိုအလွန်ယုံကြည်ထားသည်။ ထန်ဝူလင်း ထံမှ ထွက်လာသောလက်သီးကိုဖမ်းရန် သူ၏ညာလက်ကို အသင့်ပြင်လိုက်သည်။
သို့သော်
ထန်ဝူလင်း၏ လက်သီးသည် ကျားလုံ၏ ဖမ်းစီးမှုတွင် ရပ်တန့်မသွားပဲ ကျားလုံ၏ ရင်ဖက်ကို တိုက်ခိုက်ထိမှန်သွားသည်။
ပြိုင်ပွဲစင်မြင့်အောက်မှကြည့်နေသော ကျုံကျန်စီ သည်ချက်ချင်းပင်သူ၏မျက်လုံးများကိုမှိတ်လိုက်သည်။ ကျားလုံ ကို ထန်ဝူလင်း လက်သီးဖြင့်ထိုးလိုက်မြင်ကွင်းက သူ့ကိုပြတင်းပေါက်မှ လွင့်သွားသည်အထိရိုက်ထုတ်လိုက်သော ထန်ဝူလင်းနှင့် ပထမဆုံးတွေ့ဆုံစဥ်က ဖြစ်ရပ်ကိုသတိရသွားစေခဲ့သည်။
ဖုန်း!
ကျာလုံ သည် ထန်ဝူလင်း ၏ထိုးချက်ကိုခံရပြီးနောက် ၈ မီတာအကွာသို့လွင့်ပျံသွားသည်။
အခြားတစ်ဖက်မှတိုက်ပွဲသည်ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ရှဲ့ရှဲ့ မှာ ကျောင်းတက်ခါစကထက် ပိုမြန်လာသည်။ မိုစီသည် လျင်မြန်ဝိညာဥ်မာစတာဖြစ်သော်လည်း ရှဲ့ရှဲ့ကိုမယှဥ်နိုင်ပေ။
ရှဲ့ရှဲ့ သည် သူ၏ဓားဖြင့် လင်ဇူးယွဲ့ နဖူးကိုထောက်ထားသည်။ လုံဟိန်းစုသည် လင်ဇူးယွမ်ကို ပြိုင်ပွဲမှထွက်ခိုင်းလိုက်သည်။
မိုစီရဲ့သိုင်းဝိညာဥ်ကလည်း ဓားတစ်ချောင်း ပင်ဖြစ်သည်။ ရှဲ့ရှဲ့နှင့်ရင်ဆိုင်ရန် သူ၏ သိုင်းဝိညာဥ်ကိုထုတ်လိုက်သည်။ ထိုအခါ ရှဲ့ရှဲ့ တို့တစ်ဖွဲလုံးသည် သူတို့၏ ဝိညာဥ်ကွင်းများထုတ်လိုက်သည်။
အဖြူဝိညာဥ်ကွင်း ၁ ကွင်နှင့် အဝါရောင်ဝိညာဥ်ကွင်း ၂ ကွင်းဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ကြည့်နေသူများပင်
ကြောင်သွားသည်။
သူတို့မြင်နေသည်မှယ အတန်း၅ ဟုတ်ရဲ့လားဟုပင် ပြန်မေးယူရသည်။
အတန်း ၅ တွင် နှစ်တစ်ရာကွင်း ရှိသူ ၂ ဦးပင်ရှိနေလေသည်။ တစ်ခဏကြာပြီးနောက် ရှဲ့ရှဲ့သည် မိုစီ၏ လည်ပင်းကို ဓားထောက်လျက် အနိုင်ယူလိုက်သည်။ ပြိုင်ပွဲ ပြီးသွားပြီးဖြစ်သည်။
အတန်း ၅ သည် အတန်း ၄ အဖြစ်သို့ရောက်သွားပြီဖြစ်သည်။ ပြိုင်ပွဲများအားလုံး ပြီးဆုံးပါက သူတို့အတန်းအား နာမည်ပြောင်းပေးရတော့မည်ဖြစ်သည်။