Chapters

အခန်း (၇၄)

Vol. 5 Ch. 74

အခန်း (၇၄)

Vol. 5 Ch. 74

ပြိုင်ပွဲမှာ လျင်လျင်မြန့မြန်ပင် ပြီးဆုံသွားတယ်။ အတန်း ၄ ရှုံးသည် လုံဟိန်းစုကြေညာလိုက်သည်။

ဝူကျန်ခုံပြောတဲ့အတိုင်းပင် ထန်ဝူလင်း၏အားသည် ရွယ်တူများကိုအနိုင်ယူရန်လုံလောက်သည်။

ထန်ဝူလင်းတို့သုံးယောက် စင်ပေါ်မှဆင်းလာကြရင်း ရှဲ့ရှဲ့က

“ အတန်းမြှင့်တင်ရေးပြိုင်ပွဲကျင်းပတာကိုငါတကယ်ဝမ်းသာတယ်။ ဒါကြောင့် ညနေပိုင်းအထူးလေ့ကျင့်မှုကနေ ငါတို့နားရတာ။ ”

သူတို့၏ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့်စွမ်းအင်ကိုထိန်းသိမ်းရန် ဝူကျန်းခုံသည် သူတို့ကို အနားယူခွင့်ပေးထားခြင်းဖြစ်ပြီး ထိုအကြံမှာလည်း ရှဲ့ရှဲ့၏ အကြံပေးမှုမှတစ်ဆင့် ဖြစ်လာခြင်းဖြစ်သည်။

“ငါတို့အပြင်ထွက်ပြီးကစားရအောင်၊ ဘယ်လိုလဲ”

ရှဲ့ရှဲ့က ထန်ဝူလင်းကို တီးတိုးပြောလိုက်သည်။

ထန်ဝူလင်း ကခေါင်းယမ်းလိုက်ကာ

“ ငါမကစားချင်ဘူး။ ဗိုက်ဆာနေပြီ “

“မင်းရဲ့ ဦး နှောက်ထဲမှာ စားသောက်ဖို့အတွေးတစ်ခုတည်းရှိတာလား”

“ငါမစားရင် ဗိုက်ဆာနေမှာပေါ့”

ထန်ဝူလင်းကို ပြိုင်မငြင်းချင်သော ရှဲ့ရှဲ့က

“ ကောင်းပြီ၊ မင်း ငါနဲ့လိုက်ခဲ့ရင် ငါမင်းကိုထမင်းဝယ်ကျွေးမယ် ငါကျောင်းထဲမှာမွန်းကြပ်နေပြီ ”

အရှေ့ပင်လယ်အကယ်ဒမီသည်အလွန်တင်းကျပ်သည်သာမက အရှေ့ပင်လယ်မြို့သည်လည်း လုံခြုံရေးကောင်းမွန်ကာ သာယာဝပြောသောမြို့ဖြစ်သည်။

“ ကောင်းပြီ။ ”

ထန်ဝူလင်း သဘောတူလိုက်သည်။

ရှဲ့ရှဲ့ သူ့ကို ထမင်းဝယ်ေကျွးမယ်ဆိုသည့်စကားကိုကြားသောအခါ ထန်ဝူလင်း ချက်ချင်းသဘောတူလိုက်သည်။ အမှန်အားဖြင့်သူသည်ပန်းဘဲဆရာများအသင်းမှလွန်ခဲ့သောအပတ်က လက်ခံခဲ့သောတာဝန်ကို ပြီးမြောက်သွားပြီသည်။

ဒုတိယအဆင့် ပနပဲအလုပ်တစ်ခုလုပ်ခြင်းသည် ထန်ဝူလင်းအား

ဒင်္ဂါး ၁၀၀၀၀ မှ ၃၀၀၀၀ အထိရစေသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်းသူသည်စုစုပေါင်းဒင်္ဂါး ၁၀၀,၀၀၀အထိ စုဆောင်းနိုင်ခဲ့သည်။ သူ့အတွက် ထိူအရာကများပြားသောငွေပမာဏဖြစ်သည်။

သူသာဒီနှုန်းအတိုင်းဆက်သွားမည်ဆိုလျှင်သူသည်ဒုတိယကွင်းလိုအပ်သောအချိန်၌ သူသည်နှစ်တစ်ရာစိတ်ဝိညာဉ်အတွက်ငွေအလုံအလောက်စုဆောင်းနိုင်လိမ့်မည်ဟုယုံကြညထားသည်။

နှစ်တစ်ရာစိတ်ဝိညာဉ်သည်ဝိညာဉ်စွမ်းရည်နှစ်ခုပေးနိုင်သည်။ ထိုအရာက ၎င်းသည် ဝိညာဉ်ကွင်းနှစ်ကွင်းပေးနိုင်ကြောင်းလည်း ဆိုလိုသည်။ ဤအရာသည် ထန်ဝူလင်း အတွက်အလွန်အရေးကြီးသည်။

“ငါလည်းလိုက်မယ်!” ဂူရွဲ့ သူတို့အနားမှာ ဂူရွဲ့သည် ဘယ်ကမှန်းမသိပေါ်လာခဲ့သည်။

ရှဲ့ရှဲ့ ကစိတ်ပျက်သွားသော အမူအရာနဲ့

“ငါ မိန်းကလေးတွေကို ကစားဖို့ မခေါ်ဘူး။ “

ဂူရွဲ့ ကအေးစက်သောလေသံနှင့် ထန်ဝူလင်း ဆီသို့ကြည့်လိုက်သည်။

“မင်း သူနဲ့လိုက်မလား၊ ငါနဲ့လိုက်မလား”

ထိုစကားကြောင့် ရှဲ့ရှဲ့က လေသံမာသွားကာ

“သိသာပါတယ် ငါတို့ကအခန်းဖော်တွေ၊ သူငယ်ချင်းတွေ၊ မင်းကကော။ သူ့အတွက် ဘာမလို့လဲ “

ဂူရွဲ့ ကခေါင်းငြိမ့်လိုက်ပြီး ဝူကျန်ခုံ ရှိရာဘက်သို့ရုတ်တရက်လှည့်ထွက်သွားပြီး

“ ဆရာ ဝူ၊ ငါတို့အဖွဲ့ရဲ့ပူးပေါင်းစွမ်းရည် ကမလုံလောက်သေးဘူးထင်တယ်။ ငါတို့ပိုလေ့ကျင့်သင့်တယ်။ ”

“ ဟေ့!” လျှပ်တစ်ပြက်နှင့် ရှဲ့ရှဲ့သည် သူမရှေ့တွင်ပေါ်လာသည်။ သူမပါးစပ်ကိုအုပ်ရန်သူ့လက်ကိုမြှောက်လိုက်ရာ ဂူရွဲ့ ၏ခန္ဓာကိုယ်သည်ငွေရောင်အလင်းရောင်နှင့်အတူ ထန်ဝူလင်း ဘက်သို့ရှောင်ထွက်သွားသည်။

ရှဲ့ရှဲ့က စိတ်ပျက်နေသော လေသံဖြင့်

“ ကောင်းပြီ၊ ကောင်းပြီ။ မင်းလည်းလိုက်ခဲ့။ “

ထို့နောက်

သုံးယောက်သား အ ၀တ်များလဲပြီးအကယ်ဒမီမှ ထွက်လာခဲ့သည်။

“ငါတို့ဘယ်သွားမှာလဲ” ထန်ဝူလင်းက မြို့ထဲသို့ လျောက်မလည်ဖူးသဖြင့် ရှဲ့ရှဲ့ကိုမေးလိုက်သည်။

ရှဲ့ရှဲ့ က“ ငါတို့ တစ်ခုခုအရင်သွားစားရအောင်။ အဲဒါကို မင်းမျှော်နေတာမလား။ မြို့ထဲမှာ စားကောင်းတဲ့ဆိုင်တွေသိတယ် ။သွားစားရအောင်။ “

ထန်ဝူလက်း က “မင်းဝယ်ကျွေး မှာလား၊ “

ရှဲ့ရှဲ့ က “ ကျွေးမှာပေါ့” ထို့နောက် ဂူရွဲ့ကိုတစ်ချက်ကြည့်ပြီး

“ အချို့လူတွေတော့မပါဘူး “

ဂူရွဲ့က မဲရွဲ့က “ ကပ်စီးနဲကောင် “

ထန်ဝူလင်းက ရှဲ့ရှဲ့ကို ယောင်္ကျားလေးများက မိန်းခလေးတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်ကြောင်းပြောနေစဥ် ဂူရွဲ့ က

“ အဲ့တာကြောင့် မင်းက ငါ့ကိုကောင်းကောင်မွန်မွန်ဆက်ဆံနေတာလား။ မိန်းခလေးတိုင်းကို ဒီလိုပဲ ဆက်ဆံတာလား “

“………..”

ထန်ဝူလင်းသည် ထိုစကားကို မည်သို့ပြန်ရှင်းရမည်ကိုပင် မသိတော့ပေ။