← Chapters

အခန်း (၇၅)

Vol. 5 Ch. 75

အခန်း (၇၅)

Vol. 5 Ch. 75

ထန်ဝူလင်းတို့သည် လမ်းမဘေးတစ်နေရာရှိ အမဲသားခေါက်ဆွဲဆိုင်သို့ ဝင်ကာ နေရာယူလိုက်ကြသည်။

ဆိုင်အတွင်း၌စားပွဲလေးငါးလုံးသာရှိသောကြောင့် ဆိုင်ကြီးတစ်ဆိုင်ဟု ပြောမရပေ။ သာမန် လမ်းဘေးဆိုင်တစ်ဆိုင်ပုံစံသာဖြစ်သည်။

ဂူရွဲ့က ရှဲ့ရှဲ့အား “မင်းလိုချမ်းသာတဲ့လူငယ်သခင်တစ်ယောက်ကလမ်းဘေးဆိုင်မှာစားတာငါအံ့သြတယ်!”

ရှဲ့ရှဲ့ သည် ယခုတစ်ခါ ဂူရွဲ့နှင့်ငြင်းခုန်ရန်စိတ်မ ၀ င်စားခဲ့ပေ။ “ဒီဆိုင်ကအမဲသားခေါက်ဆွဲပြုတ်က ငါ့အမေအကြိုက်ဆုံးအစားအစာတွေထဲက တစ်ခုဘဲ၊ ငါဒီမှာခဏခဏ လာစားလေ့ရှိတယ်”

“ အိုး! ရှဲ့ရှဲ့ ရောက်လာတာပဲ။ သူငယ်ချင်းတွေတောင် ခေါ်လာသေးတယ်။ ပုံမှန်လိုပဲလား? “

ဆိုင်ရှင် သူဋ္ဌေး ဦးလေးကြီးသည် ရှဲ့ရှဲ့ကိုမြင်သောအခါ မီးဖိုချောင်ထဲမှထွက်လာပြီ နှုတ်ဆက်လေသည်။

“ ဟုတ်တယ် ဦးလေးလီ။ မြန်မြန်လေးလုပ်ပေးပါဦး “ ရှဲ့ရှဲ့ ကပြောပြီးပြုံးလိုက်သည်။

ဦးလေးလီဆိုသူသည်အမဲသာခေါက်ဆွဲများသာမက ထမင်းနှင့်ဟင်းပွဲများကိုပင် ချက်ပြုတ်၍ ထန်ဝူလင်းတို့ကို ကျွေးမွေးလေသည်။

“ မင်းသူငယ်ချင်းတွေကို ဒီကိုခေါ်လာတာ ဒါပထမဆုံးပဲ။ ဟင်းတွေ လိုချင်ရင် ရှိသေးတယ်။”

ဦး လေးလီကပြုံးကာပြောရင်း ရှဲ့ရှဲ့၏ခေါင်းကိုပုတ်လိုက်သည်။

ထန်ဝူလင်းသည် ရှဲ့ရှဲ့ ကိုကြည့်ရင်းထူးဆန်းသွားသည်။

ရှဲ့ရှဲ့သည်သန့်ရှင်းမှုကိုနှစ်သက်ပြီးသူ၏အိပ်ရာသည်အဆောင်၌အသန့်ရှင်းဆုံးဖြစ်သည်။ သို့သော် မီးသွေးများပေပွနေသော ဆိုင်ရှင်သည် သူ့ခေါင်းအား ပွတ်သပ်သွားသော်လည်း ရှဲ့ရှဲ့မှာ ထူးခြားသော အမူအရာမရှိပေ။

ရှဲ့ရှဲ့ ကသူ့ကိုကြည်နေသော ထန်ဝူလင်းတို့အား

“ မင်းတို့ဘာကိုစောင့်နေတာလဲ။ စားကျလေ “

ဟင်းလျာများသည် ကျောင်းထမင်းခန်းမှ အစားသောက်များထက်ပင် အရသာရှိနေလေသည်။ ထို့ကြောင့် ထန်ဝူလင်းမှာ ခေါင်းမဖော်တန်း စားသောက်လေသည်။

“ဦး လေးလီ၊ နောက်ထပ် ဟင်းဆယ်ပွဲလောက်လိုချင်သေးတယ်”

ရှဲ့ရှဲ့ သည်တစ်စုံတစ်ယောက်၏အစားစွမ်းရည်ကိုကောင်းစွာသိသည်နှင့် ဦး လေးလီဆီသို့ လှမ်းအော်ပြောလိုက်သည်။

ထန်ဝူလင်းကခေါင်းကိုမသိမသာကုတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

ရှဲ့ရှဲ့သည် ထန်ဝူလင်းကိုကြောင်ကြည့်နေလေရာ ထန်ဝူလင်းသည် ရှဲ့ရှဲ့မှာ သူ့နာမည်ကို ခေါ်သည်ဟု အထင်မှားနေကြောင်းနားလည်သွားပြီ

“ မင်းနာမည်ကလုံးဝမကောင်းဘူး။ မင်းနာမည်ကိုခေါ်တာမဟုတ်ဘူး။ ငါမင်းကိုကျေးဇူးတင်တာပါ “

ထိုစကားကြောင့်

ရှဲ့ရှဲ့ မှာ ခါးသီးသောအပြုံးတစ်ခုပြုံးလိုက်ပြီး သူ့မျက်လုံးများမှနီရဲလာတယ်။

“ ငါ့အမေကငါ့ကိုဒီနာမည်ပေးထားတာ။ သူမအတွက်ကျေးဇူးတင်ရတဲ့အရာတစ်ခုခုကို အမြဲသတိရနေအောင်ဆိုပြီးဒီနာမည်ကိုရွေးခဲ့တယ်လို့ပြောခဲ့တယ်။ သူမဘဝမှာဖြစ်ပျက်ခဲ့တဲ့အကောင်းဆုံးအရာက အဖေနဲ့တွေ့ခဲ့တာဘဲ၊ ဒါပေမယ့် ... ”

ရှဲ့ရှဲ့၏မျက်နှာသည်ယခုအချိန်တွင်အနည်းငယ်ညိုးနွမ်းသွားသည်။

“မင်းအမေပေးခဲ့တာလား?”

ရှဲ့ရှဲ့ ၏မိသားစုသည်ချမ်းသာသည်ကို ထန်ဝူလင်းသိသော်လည်း ဤသည်မှာ ရှဲ့ရှဲ့မိသားစုအကြောင်းကိုသူပထမဆုံးကြားဖူးခြင်းဖြစ်သည်။

ရှဲ့ရှဲ့ က “ အဖေကအမြဲအလုပ်များတယ်။ အမေနေမကောင်းဖြစ်နေတာတောင်အိမ်ပြန်မလာခဲ့ဘူး။ သူမဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာ အမေက အဖေကိုနောက်ဆုံးအကြိမ်တွေ့ချင်ခဲ့ပေမယ့် အရမ်းနောက်ကျသွားခဲ့တယ်။ အဲဒီညကို ငါမမေ့နိုင်ဘူး။ အမေကမျက်ရည်တွေနဲ့ ငါ့လက်ကိုဆုပ်ကိုင်ရင်အသက်ဆုံးသွားရတယ်။ ငါ အဖေ့ကိုမုန်းတယ်။ ငါသူ့ကိုမုန်းတယ်! ငါ့နာမည်ကိုလည်းမုန်းတယ်... “

ထိုအချိန်တွင် ဦးလေးလီသည် ဟင်းပွဲများကို ယူဆောင်လာကာ စားပွဲပေါ်တင်ပေးရင် ရှဲ့ရှဲ့၏ ပုံစံကိုမြင်လိုက်ရသဖြင့်

“ ဒီကလေးက တကယ်သနားစရာကောင်းတယ်။ သူ့အမေက သူ့ကိုငါ့ဆိုင်ကိုခေါ်လာြပီး အမဲသားခေါက်ဆွဲဝယ်ကျွေးတတ်တယ်။ ဒါပေမယ့်သူ့အမေထွက်သွားပြီးနောက် ဒီကိုလာရင် သူ့ဖို့ ဒီနေရာက သူ့အမေရဲ့အမှတ်ရစရာတွေချည်းပဲ။ မင်းသူ့ကိုအပြစ်မြင်ပါနဲ့! သူငယ်ချင်းတွေနဲ့သူ့ကိုဒီမှာတွေ့ရတာရှားတယ်။ ငါသူ့အတွက်အရမ်းပျော်တယ်။ သူက ကလေးပဲ ရှိသေးပေမဲ့ နှလုံးသားမှာ ဒဏ်ရာတွေပြည့်နေခဲ့တယ်။ ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပေးဖို့ တောင်းဆိုပါရစေ။ “

ထန်ဝူလင်းသည် ရှဲ့ရှဲ့ ၏ကျောကိုညင်သာစွာပုတ်သည်။

“ ဟေ့၊ မငိုပါနဲ့။ ငါ နင်နဲ့ ရန်မဖြစ်တော့ဘူးနော် ”

ဂူရွဲ့ ကလည်း နှစ်သိမ့်လိုက်သည်။

ရှဲ့ရှဲ့သည်ခေါင်းကိုမော့လိုက်ပြီး မျက်ရည်များကိုအင်္ကျီလက်များနှင့်သုတ်လိုက်သည်။ ထို့နောက်

“ငါက အာပုပ်နံ့နံတဲ့ လူတွေနဲ့ စကားမပြောဘူး!”

ဂူရွဲ့မှာ ချက်ချင်း မျက်နာပြောင်းသွားပြီ “ ဒီအရူးကောင်ကတော့ “

သုံးယောက်သားအမဲသားဆိုင်မှထွက်လာသောအခါ ဦး လေးလီသည်သူတို့စားထားသောပန်ကန်များကိုကြည့်ရင်

“ ဒီခေတ်ကလေးတွေက အတော်စားနိုင်တာပဲ “

ထန်ဝူလင်းတို့သည် နေစောင်းသည်အထိ မြို့ထဲတွင် လှည့်ပတ်စားသောက်နေလေသည်။ ယနေ့မှစ၍ သူတို့ ၃ယောက်အကြား နှောင်ကြိုးလေးမှာ စတင်အမြစ်တွယ်လာသည်ကိုတော့ ထန်ဝူလင်းတို့ သတိမထားမိခဲ့ပေ။

ထန်ဝူလင်းတို့သည် လည်ပတ်ပြီးနောက် အကယ်ဒမီသို့ ပြန်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင် ဦးလေးလီ၏ ဆိုင်ရှေ့တွင် လူများအုံနေသည်ကို မြင်လိုက်ရသဖြင့် ထန်ဝူလင်းတို့ အာရုံစိုက်မိသွားသည်။

All Chapters