အခန်း (၇၆)
Vol. 6 Ch. 76
"ငါတို့သွားကြည့်ရအောင်။ "
ရှဲ့ရှဲ့ အမြန်ပြေးထွက်သွားခဲ့သည်။ ထန်ဝူလင်းနဲ့ဂူရွဲ့ သည် သူ့နောက်သို့သာလိုက်သွားနိုင်တော့သည်။
"မင်းတို့ကောင်တွေ ဒီလိုမလုပ်ပါနဲ့။ ဒါငါရဲ့အသက်မွေးဝမ်းကြောင်းအလုပ်လေ " သူတို့မရောက်ခင်ကတည်းက ထန်ဝူလင်းတို့သည်
ဦး လေးလီရဲ့အသံကိုကြားနေသည်။
ရှဲ့ရှဲ့သည်လူအုပ်ကြားထဲတိုးသွားသည်။ ဦးလေးလီ၏ ဆိုင်ခန်းတံခါးမှာပျက်စီးနေပြီး စားပွဲများ ကြေမွနေကာ အမဲသားဟင်းအိုးများလည်း မြေပြင်ပေါ်တွင်မှောက်နေသည်။ လူသုံးယောက်သည် ဦးလေးလီရှေ့တွင်ရပ်နေပြီး လူတစ်ဦးက ဦးလေးလီကို ခြေထောက်ဖြင့်ဖိထားသည်။
ဘယ်သူမှဝင်မဆွဲရဲကြပေ။
ပြသနာမှာ ငွေကြေးကိစ္စဖြစ်ပုံရသည်။
ခေါင်းဆောင်ဖြစ်သူက အေးစက်နေသောရာသီဥတုတွင်ပင် အင်္ကျီ ရင်ဘက်ကို ဟထားကာ နဂါးပုံစံတက်တူးကို ဖော်ပြနေသည်။ အခြားနှစ်ဦးမှာလည်း အရပ်ရှည်ကာ ကြမ်းကြုတ်သော မျက်နာထားမျိုးဖြစ်သည်။
“ အဘိုးကြီး။ လမ်းထဲမှာဘယ်သူကမှ ငါ့ကို ကာကွယ်ကြေးကိုမပေးပဲမနေရဲဘူး။ ဒါပေမဲ့ မင်းကတော့ဆင်ခြေအမျိုးမျိုးနဲ့ ရှောင်နေတယ်။ ငါတောင်းတာများလို့လား။ ငါတစ်နေ့တစ်ခါလာတောင်းနေရမှာလား။ မင်းရဲ့အမဲသားခေါက်ဆွဲပြုတ်သာ အရသာမရှိဘူးဆိုရင် ငါ့အကိုက မင်းဆိုင်ကိုပိတ်ပစ်လိုက်တာကြာပြီး။ အဲ့တာကြောင့် မင်းလိမ်နေတာကိုရပ်ပြီး ဒီနေ့ ငွေပေးပါ။ မဟုတ်ရင် မင်းဆိုင်ကို ဆက်မဖွင့်နိုင်အောင်ငါလုပ်ရလိမ့်မယ် ”
“ အစ်ကိုကြီး ကွမ်လုံ၊ ငါအကာအကွယ်ကြေးတွေပေးဖို့ငြင်းခဲ့တာမဟုတ်ဘူး။ ငါ့မိန်းမကအရမ်းဖျားနေတယ်၊ ငါနေ့တိုင်းသူ့ကိုဆရာဝန်ဆီခေါ်သွားရတယ်။ မင်းကငါ့စီးပွားရေးကိုဖျက်စီးတယ်။ ငါ့မိန်းမအသက်ရှည်မှာမဟုတ်တော့ဘူး။ ဒါကြောင့် ငါလည်းအသက်မရှင်ချင်တော့ဘူး “
ဦးလေးလီက ငိုကြွေးရင်းပြောလိုက်သည်။
ကွမ်လုံကကျယ်လောင်စွာရယ်လိုက်သည်။
"ကောင်းကွာ ။ မင်းအသက်နဲ့ငါ့ကိုခြိမ်းခြောက်ဖို့ကြိုးစားနေတာလား။ ဒီအဖေကမင်းရဲ့စျေးပေါပေါအသက်ကို ဂရုစိုက်မယ်လို့ မင်းနေထင်လား။ မင်းသေသွားရင်တောင် ငါက မင်းနေရာ ကိုအခြားတစ်ယောက်နဲ့အစားထိုးလို့ရတယ်"
ဦး လေးလီကဝမ်းနည်းစွာအော်ဟစ်ရင်း
"ကွမ်လုံ၊ မင်းကိုပြန်ပေးဆပ်ရအောင် ငါလုပ်မယ်"
ကွမ်လုံသည် ဦးလေးလီစကားကြောင့် ဒေါသထွက်သွားပြီ ဦးလေးလီကို ဆောင့်ကန်ပစ်လိုက်သည်။
"မင်းရဲ့ဘဝကိုအဆုံးသတ်ချင်နေတာလား။ မင်းမှာ ငါ့ကို ထိဖို့ အရည်အချင်းတောင်မရှိဘူး။ ငါက ဝိညာဉ်မာစတာတစ်ယောက်ဆိုတာမမေ့နဲ့။ ”
ထိုစဥ်
"ဒါဆိုမင်းက ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်လို့ လူတွေကိုအနိုင်ကျင့်ပိုင်ခွင့်ရှိတယ်ပေါ့။ ဟုတ်လား"
ထန်ဝူလင်းတို့သုံး ဦး သည်လူအုပ်ကို တိုးဝှေ့ကာ ပြောလိုက်သည်။
ရှဲ့ရှဲ့ သည် ဦး လေးလီ၏အနားသို့ အလျင်အမြန်ပြေးသွားပြီး ဦးလေးလီကိုထူလိုက်သည်။ ကွမ်လုံသည် ထန်ဝူလင်းတို့အား မြင်လျှင်တဟားဟားရယ်မိသည်။
"ဒီလမ်းမှာကလေးတစ်ယောက်ပဲ ငါ့ကိုယှဥ်ပြောရဲတယ်ပေါ့။ ကလေး ငါမင်းကိုမရိုက်ချင်ဘူး။ မင်းလစ်လိုက်တော့”
ထန်ဝူလင်း သည်သာမန်မိသားစုတစ်ခုတွင်မွေးဖွားခဲ့သည်။ သူ့အတွက်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည်ကိုလုံးဝလက်မခံနိုင်ပေ။
ထန်ဝူလင်းသည် ကွမ်လုံရှေ့တွင်ရပ်လိုက်ကာ
"မင်း ဦးလေးလီကိုဒီလိုမျိုးဘာလို ဆက်ဆံနိုင်တာလဲ။ မင်းလူရောဟုတ်လား! "
ကွမ်လုံ ကအေးစက်စက်တုံ့ပြန်ကာ
“ ကြင်နာမှုက စားလို့ရလား ။ သူကသူ့မိန်းမကိုထောက်ပံ့ဖို့အတွက် အလုပ်လုပ်တယ်၊ ငါကငါ့အကိုအတွက် ဒီလိုအလုပ်လုပ်တယ်။ ရှင်းရှင်းလေးပါ "
ပြောပြီးသည်နှင့်လက်တစ်ဖက်ကိုမြှောက်ကာ ထန်ဝူလင်း၏ပုခုံးကိုတွန်းလိုက်သည်။
ထန်ဝူလင်းသည် ကွမ်လုံ၏ လက်ကိုဖမ်းကိုင်လိုက်သည်။
“ ကောင်းသားပဲ။ ကောင်လေး။ မင်းမှာခွန်အားတစ်ခုခုရှိနေပုံရတယ်။ ”
ကွမ်းလုံသည် သူ့လက်တစ်ဖက်ပြန်သိမ်းမရဖြစ်နေသဖြင့် ထန်ဝူလင်းအား ကျန်လက်တစ်ဖက်ဖြင့် ထိုးချလိုက်သည်။
ထန်ဝူလင်း၏အားသာအချက်မှာ သူ၏သိုင်းဝိညာဉ်မဟုတ်ဘဲ သူ၏ခွန်အားဖြစ်သည်။ ထန်ဝူလင်းသည် ကျန်လက်တစ်ဖက်ဖြင့် ကွမ်လုံ၏ လက်သီးကိုတားလိုက်သည်။
ဗွမ်း….
ကွမ်းလုံနောက်သို့ ဆုတ်သွားသကဲ့သို့ ထန်ဝူလင်းလည်း နောက်သို့ ဆုတ်လိုက်ရသည်။
"ကောင်းတယ်ကောင်လေး! မင်းရဲ့ခွန်အားကမသေးဘူးပဲ "
ကွမ်လုံသည်ရှေ့သို့ ပြန်တိုးလာပြီး ထန်ဝူလင်းကို တစ်ဖန်ဖမ်းရန်ကြိုးစားခဲ့သည်။
ထိုအခိုက်အတန့်တွင် ငွေပြာမြက် နွယ်ပင်တစ်ပင်သည် ထန်ဝူလင်း ၏ညာဘက်လက်မှ ထွက်လာပြီး မျက်လုံးတစ်မှိတ်အတွင်း၌ ကွမ်းလုံကို ချုပ်နှောင်လိုက်သည်။ ထို့အတူ ကွမ်းလုံအောက်ရှိ မြေပြင်သည် ရုတ်တရက်ပျော့သွားပြီး ကွမ်းလုံ၏ ခြေထောက်နှစ်ချောင်းမှာ မြေကြီးထဲတွင် နစ်မြုပ်သွားသည်။ ထို့နောက် အရိပ်တစ်ခုသည် ကွမ်းလုံ၏ ရှေ့သို့ရောက်လာကာ ကွမ်းလုံ၏ လည်ပင်းကို ဓားဖြင့်ထောက်လိုက်သည်။
ထန်ဝူလင်းတို့သုံးဦးသည် လွန်ခဲ့သောသုံးလအတွင်းတွင် အထူးသင်တန်းကိုအတူတကွတက်ခဲ့ရသည်။
ယခုဆိုရင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်အဝရှိနေကြသည်။ ထန်ဝူလင်း သည် အင်အားအရာတွင် ကွမ်းလုံအားရှုံးနေသည်ကို မြင်သည်နှင့်တပြိုင်နက် ဂူရွဲ့နှင့်ရှဲ့ရှဲ့ တို့သည် သူ့ကိုကူရန် သူတို့၏တိုက်ခိုက်မှုကို ချက်ချင်းစတင်ခဲ့သည်။
“ဦးလေးလီကို တောင်းပန်ပြီး ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးပါ။ မဟုတ်ရင်ငါမင်းကိုသတ်မယ်! "
ရှဲ့ရှဲ့က လေသံမာမာ ဖြင့်ပြောလိုက်သည်။
"စိတ်မတိုပါနဲ့ညီလေး။ ငါတို့ စကားကကောင်းကောင်းပြောလို့ရပါတယ် ”
ကွမ်းလုံ၏ နောက်လိုက် ၂ ဦးက ရှဲ့ရှဲ့ကို ချိုသာစွာပြောလေသည်။
ရှဲ့ရှဲ့ ကအေးစက်စွာ
“မင်းတို့လိုကောင်တွေနဲ့ စကားပြောရင်လည်း ကောင်းတဲ့အရာ ထွက်လာမှာမဟုတ်ဘူး။ ဦး လေးလီရဲ့ ဆုံးရှုံးမှုတွေ အပြင် သူ့ရဲ့ဆေးဖိုးအတွက်ပါလျော်ကြေးပေးပါ၊ မဟုတ်ရင် ငါဒီကောင့် ကိုသတ်ပစ်မယ် "
ထိုအခါကွမ်လောင် ရုတ်တရက်ရယ်လိုက်သည်။
“ မင်းမှာ ဝိညာဥ်ကွင်း တစ်ကွင်းပဲရှိတာပါ။ ငါကဒီလမ်းကို ဒီနှစ်တွေမှာ ဘာအစွမ်းအစမှမရှိဘဲ ထိန်းချုပ်နေခဲ့တယ်လို့ မင်းထင်နေ လား။ ငါ့မှာ အင်အားမရှိပဲ ငါဒီလိုအကာအကွယ်အခကြေးတွေ လိုက်တောင်းနိုင်မယ်လို့ မင်းထင်လား။လုပ်ပါ မင်းငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါကြည့်ချင်တယ်။ "
ရှဲ့ရှဲ့အံ့သြသွားသည်။
သူသည် အလင်းနဂါးဓားကို ကွမ်းလုံ၏ လည်ပင်းပေါ်ဖိချလိုက်သောအခါ ကွမ်းလုံ၏ လည်ပင်းသည် အလွန်မာကြောနေကြောင်း တွေ့ရှိခဲ့သည်။
"သတိထား" ဂူရွဲက မီးလုံးနဲ့ပစ်လိုက်ရင်း ထန်ဝူလင်းနှင့် ရှဲ့ရှဲ့ကို သတိပေးလိုက်သည်။ ရှဲ့ရှဲ့သည် ကွမ်လုံ အနားမှ အလျင်အမြန် ခွာလိုက်သည်။
ဤသို့ဖြစ်ပျက်နေစ ဉ်ကွမ်လုံ၏ ခြေအောက်၌ တောက်ပသောကွင်း နှစ်ကွင်း ပေါ်လာသည်။ အဖြူရောင် တစ်ကွင်းနှင့် အဝါရောင် တစ်ကွင်းဖြစ်သည်။
အကြေးခွံများသည်လည်း သူ့လည်ပင်းမှတစ်ဆင့် အရေပြားပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်ထွက်လာသည်။