အခန်း (၇၇)
Vol. 6 Ch. 77
ရှဲ့ရှဲ့ ကွမ်လောင်ထိုးသောထိုးချက်ကို ရှောင်လိုက်တယ် ကွမ်းလောင်ထံမှဝိညာဥ်ကွင်းနှစ်ကွင်းနဲ့အတူ စိတ်ဝိညာဥ်နှစ်ကောင် ထွက်လာတယ် တစ်ခုက မြေဝါရောင် အိမ်မြှောင်နဲ့ မထမတစ်ခုထက် နည်းနည်းပိုကြီးတဲ့ သတ္ထုရောင်အိမ်မြှောင်နှစ်ကောင်ပါ
ရှဲ့ရှဲ့က “ သူက အဆင့်20ကျော်တဲ့ လူတစ်ယောက်လား ဝိညာဥ်ဂရမ်းမာစတာပေါ့ “
ဝိညာဥ်ကွင်းတစ်ကွင်းနဲ့နှစ်ကွင်းရဲ့ ခြားနားချက်က တော်တော်သိသာတယ်
ဝိညာဥ်ကွင်းကြောင့် ကွမ်လောင် ခန္တာကိုယ်သိသိသာသာ ကြီးထွားလာတယ်သတ္ထုရောင်ကြေးခွံတွေထွက်လာတယ်
“ မင်းတို့ ခွေးကောင်လေးတွေ ဝိညာဥ်မာစတာ ဖြစ်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး။ မင်းက ငါ့ရဲ့စီးပွားရေးကို ၀ င်ရောက်စွက်ဖက်ဝံ့တာမဆန်းပါဘူး။ မင်းအဖေ ငါ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာသက်သေပြဖို့လိုမယ်ထင်တယ်။ " သူသည်သူ၏ခြေဖဝါးအောက်၌ပေါ်လာသောရွှံ့နွံကိုအလွယ်တကူချိုးပစ်လိုက်သည်။ ဂူရွဲ့ သည်သူ၏ခန္ဓာကိုယ်အားတိုက်ခိုက်မှုတစ်ခုကိုလွှတ်လိုက်သောအခါသူ၏ကြမ်းတမ်းသောအရေပြားသည် ၎င်းအား လွယ်ကူစွာကာကွယ်နိုင်ခဲ့သည်။
'ဒီကောင်ရဲ့သိုင်းဝိညာဉ်က တကယ်အစွမ်းထက်တာလား။ သူက သာမန် ဝိညာဥ်ဂရမ်းမာစတာ မဟုတ်နိုင်ဘူး... သူရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၂၅ အထက်ဖြစ်နိုင်တယ် “
ကွမ်လောင်း၏သိုင်းဝိညာဉ်သည်အမှန်မှာသံချပ်ကာနဂါးဖြစ်သည်။ မြေနဂါးအမျိုးအစားဖြစ်သည်။ မြေနဂါးများသည်စွမ်းအားနှင့်ကာကွယ်မှုတွင်သာလွန်သည့်အပြင်၊ ကွမ်လုံသည် ပင်ကိုအားဖြင့် အားအင်အလွန်ကြီးသည်။ တစ်နည်းအားဖြင့် သူသည် ထန်ဝူလင်းထက် ကာယဗလအား သာလွန်သည်။
ကွမ်လုံသည် ဂူရွဲ့ ၏တိုက်ခိုက်မှုကိုတားဆီးရန်သူ၏ပထမဆုံးသောဝိညာဉ်စွမ်းရည်ဖြစ်သော သံချပ်ကာခန္တာကိုယ် ကိုအသုံးပြုနေသည်။ ရှဲ့ရှဲ့၏ အလင်းနဂါးဓားပင် သူ၏အကာအကွယ်များကို ထိုးဖောက်ရန်မဖြစ်နိုင်ပေ။
သုံးယောက် တစ်ယောက်ဖြစ်သော်လည်း သူ စိတ်မပူပေ။
ထန်ဝူလင်းသည် အရွယ်နှင့်မလိုက်အောင်တည်ငြိမ်သည်။ သူနောက်ဆုတ်လိုက်ရင် ဂူရွဲ့ကိုထိခိုက်စေမှာသေချာနေသည်။ သူတို့သုံးယောက်အုပ်စုတွင် ဝူကျန်ခုံက ထန်ဝူလင်း ၏အရေးအကြီးဆုံးတာဝန်မှာရှေ့ဆောင်အဖြစ်ဆောင်ရွက်ရန်ဖြစ်ကြောင်းပြောကြားခဲ့သည်။
သူ၏တုန်ခါနေသောလက်နှစ်ဘက်၌ သံတူနှစ်ချောင်းပေါ်လာသည်။ သူနောက်မဆုတ်နိုင်လျှင် သူရှေ့ဆက်တိုးရလိမ့်မည်။ ထို့ကြောင့် ထန်ဝူလင်းသည် သံတူ ၁ ချောင်းကို ကွမ်လုံစီသို့ဦးတည်ပစ်လွှတ်လိုက်သည်။
ကွမ်လုံက လက်သီးကိုဝှေ့ယမ်းကာ သံတူကိုကာလိုက်သည် ။
ဘန်! သတ္ထုတိုက်မိသံများကြောင့် လူအုပ်သည်ကြောက်လန့်တကြားအော်ဟစ်လိုက်ကြသည်။
တော်တော်များများမှာ သူတို့၏နားများကိုပင် ဖုံးလိုက်မိကြသည်။
ထန်ဝူလင်းလည်း နောက် သို့ခြေလှမ်းခုနစ်လှမ်းမျှ ဆုတ်သွားရသည်။ သိုင်းဝိညာဉ်ကို ထုတ်သုံးပြီးနောက် ကွမ်လုံ၏အင်အားသည် ပို၍ ရက်စက်ကာ အင်အားကြီးမားလာသည်။
ရှဲ့ရှဲ့သည် ကွမ်လုံနောက်သို့ အပြေးအလွှားရောက်လာပြီး သူ၏ နဂါးဓား ဖြင့် ကွမ်းလုံ၏ နောက်ကျောသို့ ခုတ်ပိုင်ချလိုက်သည်။ ကွမ်လုံမှာ လှည့်ပင် မကြည့်ပေ။
အလင်းနဂါးဓားသည် ကွမ်းလုံကို ကို ထိသွားသော အခါ အဖြူရောင်ခြစ်ရာအနည်းငယ်သာ ထင်ကျန်စေသည်။
အရေပြားကိုပင် ထိုးဖောက်နိုင်စွမ်းမရှိခဲ့ပေ။
ဂူရွဲ့ မှာလည်း လေးနက်သောအမူအရာဖြင့်သူမ၏လက်ကိုမြှောက်လိုက်သည်။ သူမ၏ညာလက်၌မီးတောက်တစ်ခုတောက်လောင်နေပြီး သူမ၏ဘယ်ဘက်လက်၌အစိမ်းရောင်လေပွေတစ်ခု ထုတ်လိုက်သည်။
ထို့နောက် လက်နှစ်ဖက်ကို ပေါင်းစည်းကာ အစိမ်းရောင်နှင့်အနီရောင်မီးတောက်များ ပေါင်းစပ်ထားသော လေဆင်နှာမောင်းကို ကွမ်းလုံ ဆီသို့ ပစ်လိုက်သည်။
ဤအရာသည် သူမ လုပ်နိုင်သောမီးနှင့်လေတို့ပေါ င်းစပ်ထားသော စွမ်းရည်တစ်ခုဖြစ်သည်။
ကွမ်လုံသည် ထန်ဝူလင်း ကိုဆက်လက်တိုက်ခိုက်လိုသော်လည်း သူ၏အရေပြားတစ်ဝိုက်တွင်အက်ကွဲကြောင်းများပေါ်ထွက်လာသဖြင့်
ရုတ်တရက်နှေးကွေးသွားသည်။ ဂူရွဲ့၏ လေဓားရှည်များသည်သူ့ခန္ဓာကိုယ်ကိုအရူးအမူးထိုးဖောက်နေသကဲ့သို့ မီးတောက်များမှာလည်း အဆက်မပြတ်လောင်ကျွမ်းနေလေသည်။
ထိုအခါ ကွမ်လုံ၏ လက်များမှ ရှည်လျားသော လက်သည်းများထွက်လာသည်။ ဤသည်မှာ ကွမ်းလုံ၏
ဒုတိယဝိညာဉ်စွမ်းရည်…
သံချပ်ကာနဂါးကိုယ်ထည်….
ကွမ်လုံတွင် အလွန်သန်မာသောသိုင်းဝိညာဉ်ဖြစ်သည့် သံချပ်ကာနဂါးသိုင်းဝိညာဥ်ရှိ လေသည်။
သို့သော် မိသားစု၏ ဆင်းရဲနွမ်းပါးမှုကြောင့် သူသည် အသက်ဆယ့်ရှစ်နှစ်ကျော်သည်အထိ စိတ်ဝိညာဉ်ကို ဝယ်ယူနိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူသည် လူတစ်ယောက်၏ဘ ၀ တွင်အကောင်းဆုံးသောတိုးတက်ချိန်ကိုလက်လွှတ်ခဲ့ရသည်။ ဤအရာသည် သူ၏ရက်စက်ယုတ်မာတတ်လာသောစရိုက်လက္ခဏာများ၏
အကြောင်းရင်းဖြစ်ခဲ့သည်။ ထို့နောက်သူသည် ဝိညာဥ်ဂရမ်းမာစတာ တစ်ယောက်အဆင့်သို့ တက်နိုင်ခဲ့ရုံသာမက ဒုတိယ ၀ိညာဉ်တစ်ခုကိုရယူနိုင်ခဲ့သည်။ သို့သော် အသက်ကြီးလာသည်နှင့်အမျှ အဆင့်တိုးမြှင့်ရန် အခက်အခဲများရှိလာမှုကြောင့် အခြားနည်းလမ်းများဖြင့် ချမ်းသာရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သံချပ်ကာနဂါးသိုင်းဝိညာဉ်ကို အဆင့်မြင့်သိုင်းဝိညာဉ်အဖြစ်အမှန်သတ်မှတ်နိုင်သည်။ သူရွေးချယ်ခဲ့သော ၀ိညာဉ်နှစ်ခုသည်လည်း အလွန်လိုက်ဖက်သည်။ သူ၏ဒုတိယဝိညာဉ်စွမ်းရည်သည် သူ၏ထိုးစစ် (သို့) ခုခံစွမ်းအား (သို့) ပေါက်ကွဲနိုင်စွမ်းတို့အား အဆင့်တစ်ခုသို့မြှင့်တင်ပေးခဲ့သည်။
ကွမ်းလုံ၏အဆင့် ၂၇ ဝိညာဉ်စွမ်းအားသည် အထိန်းအကွပ်မရှိ ထွက်လာကာ ထန်ဝူလင်းတို့ သုံးယောက်ကိုဖိနှိပ်လိုက်သည်။
ဂူရွဲ့ရဲ့ပေါင်းစပ်မီးမုန်တိုင်းသည်လည်း ကွမ်းလုံ၏ဒုတိယဝိညာဉ်စွမ်းရည်နှင့်တွေ့ဆုံပြီးခဏအကြာတွင် ကွဲထွက်သွားသည်။
ထန်ဝူလင်းသည် သံတူများကို သန်စင်မှုတစ်ထောင် ငွေစင်သံတူများနှင့်လဲလိုက်သည်။
သူ၏ညာလက်ရှိ ငွေစင်တူကို သူ၏ငွေမြက်မြက် နွယ်တစ်ချောင်းနှင့် ချိတ်လိုက်ပြီး ကွမ်းလုံထံ သို့ ပစ်လိုက်သည်။
ကွမ်းလုံကလည်း ငွေတူကိုဖယ်ရန်လက်ဖဝါးကိုမြှောက်လိုက်သည်။
ဘန်! ဘန်! ဘန်! ပေါက်ကွဲမှုသုံးကြိမ်သည် ကွမ်းလုံ၏လက်ဖဝါးတွင် ပဲ့တင်ထပ်နေသော်လည်း အံ့သြထိတ်လန့်စရာအကောင်းဆုံးမှာ သူ့လက်ဖဝါးလုံးဝမထိခိုက်ခဲ့ပေ။ ထန်ဝူလင်း အနည်းငယ်တုန်လှုပ်သွားသည်။
အလွန်ကြောက်စရာကောင်းသောခွန်အားဖြစ်သည်။ ငွေစင်တူ၏ စုပေါင်းရိုက်ချက်ပင် ကွမ်းလုံအား မထိခိုက်နိုင်ပေ။
ကွမ်းလုံသည် ယခင်ကထက် ပိုမြန်လာသည်။ ထို့နောက် ထန်ဝူလင်းကို ခန္ဓာကိုယ်ဖြင့် ပြေးတိုက်လိုက်ရာ
ဘန်းးး
ထန်ဝူလင်း ဆိုင်နရံများစီသို့လွင့်သွားသည်။ ထန်ဝူလင်း သွေးတစ်လုပ်ပင် အန်လိုက်ရသည်။
"ဝူလင်!" ဂူရွဲ့ အော်ဟစ်လိုက်ပြီး လျှပ်တပြက်အတွင်း သူမသည် ထန်ဝူလင်း ရှေ့တွင်ရှိနေပြီး ကွမ်လုံအား ဆက်လက်မတိုက်ရန်တားဆီးခဲ့သည်။ ကွမ်လုံး၏မျက်စိကွယ်သွားရန် အလင်းရောင်အလင်းလုံးတစ်လုံးကို ပစ်ထုတ်လိုက်သည်။
ရှဲ့ရှဲ့ သည်လည်း အရှေ့ဘက်သို့လှည့်ပတ်၏ ဓားဖြင့် ဝင်ထိုးရန် လုပ်လိုက်သော်လည်း ကွမ်းလုံက တွန်းထုတ်လိုက်သည်။
ထို့နောက် ဂူရွဲ့အား ဆက်လက်တိုက်ခိုက်လေရာ ဂူရွဲ့သည် မြေနံရံတစ်ခုကို ထုတ်လိုက်ပြီး ကာလိုက်ရသည်။ သို့သော် မြေနံရံမှာလည်း ကွမ်းလုံကို ခဏသာ တားနိုင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဂူရွဲ့ သည် သူမ၏တစ်ကိုယ်လုံးကိုချက်ချင်းမြှောက်တက်သွားပြီး သူမ၏ခါးမှာ တင်းကျပ်လာသည်ကိုသာခံစားလိုက်ရသည်။
ခွန်အားရှိသောလက်နှစ်ဖက်ကသူမကိုခါးတွင်ဆုပ်ကိုင်ထားသည်။ ထိုအရာနှင့်အတူ ထန်ဝူလင်း ရဲ့အသံက
" ငါပဲ သူ့ကိုရင်ဆိုင်မယ် "