အခန်း (၇၈)
Vol. 6 Ch. 78
ဂူရွဲ့မှာ သူမ၏ ခါးကို ထန်ဝူလင်း ဖက်ထားသောကြောင့် အနည်းငယ်ရှက်သွားသည်။
ထန်ဝူလင်းသည် သူ့တူနှစ်ခုကို ကိုင်ကာ ကွမ်လုံစီသို့ ပြေးဝင်သွားသည်။ သို့သော် ကွမ်းလုံ၏ လက်သီးများဖြင့် နောက်သို့ပြန်လွင့်လာလေရာ ရှဲ့ရှဲ့သည် ထန်ဝူလင်းအား နောက်မှ စီးဖမ်းလိုက်သည်။ သို့သော် လွင့်လာသော အားကို မတားနိုင်ပဲ နှစ်ယောက်သာ နောက်သို့လွင့်ကာ မြေပြင်ပေါ် ထပ်ရက်သာ လဲကျသွားသည်။
ကွမ်းလုံက
“ မင်းတို့တွေ့တဲ့အတိုင်းပဲ ။ ငါ့ကို ဖီဆန်ရင် ဒီလိုပဲဖြစ်မှာပဲ ။ မင်းတို့ငါ့ကိုမယှဥ်နိုင်ပါဘူး။ ငါ့ရဲ့သံချပ်ကာနဂါးလက်သည်းတွေက မင်းတို့ကို တစ်စစီစုတ်ဖြဲပစ်လိမ့်မယ် ”
ထိုစဥ်တွင် မြေပြင်ပေါ်လဲနေသော ထန်ဝူလင်းက အသံတိုးတိုးဖြင့် ရှဲ့ရှဲ့အား
“ မင်းရဲ့ အလင်းနဂါးဓားက ငါ့ကျောကိုထိုးမိနေတယ်။ ငါနာနေပြီဟ “
“ တောင်းပန်ပါတယ်။ ငါ မရည်ရွယ်ပါဘူး။ ”
ရှဲ့ရှဲ့ သည် ထန်ဝူလင်း ကို ထူကာ မြေပြင်ပေါ်မှ ထလိုက်သည်။
ဂူရွဲ့သည် ထန်ဝူလင်းတို့နှစ်ယောက်လုံးကိုကုသရန် သူမရဲ့ရေဓာတ်စွမ်းအားကိုကြိုတင်ပြင်ဆင်ထားသည်။ သို့သော် ထန်ဝူလင်း အနားသို့ ရောက်သည်နှင့် သူမသည် ထန်ဝူလင်းခန္ဓာကိုယ်မှ ထူးဆန်းသောစွမ်းအင်များဖြာထွက်နေသည်ကိုတွေ့လိုက်ရသည်။
"အရမ်းပူတယ်!"
ထန်ဝူလင်း ၏ခန္ဓာကိုယ်သည်အနည်းငယ်တုန်လာသည်။
သူ့ကျောပြင်ပေါရှိ ဒဏ်ရာမှအပူသည် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသည်။
လွန်ခဲ့သော ရက်ပေါင်းများစွာက သူခံစားခဲ့ရော ခံစားချက်သည် သူ ဦး ကိုယ်ထဲတွင် တစ်ဖန်ပြန်ပေါ်လာပြီဖြစ်သည်။
သူ့ခန္ဓာကိုယ်သည် မီးတောက်များ တောက်လောင်နေသကဲ့သို့ ခံစားနေရသည်။ သူ့ခန္ဓာကိုယ်မှလည်း ပြင်းထန်သောအပူလှိုင်းများ ထွက်နေသည်။ သူ၏ခွန်အားသည်လည်း အဆမတန်တိုးလာနေသည်။ ။ထန်ဝူလင်း သည် သူ့ညာဘက်လက်ကိုမသိမသာစိတ်က ကြည့်လိုက်ရာ သူ့လက်တွင် ရွှေရောင်ကြေးခွံအကွက်များ ပေါ်လာသည်ကို မြင်လိုက်ရသည်။
ရွှေရောင်ကြေးခွံများ….
ဤအရာသည်ယခင်က ပေါ်ခဲ့ဖူးသောရွှေရောင်ကြေးခွံများဖြစ်သည်။
လအနည်းငယ်ကြာသွားပြီဖြစ်၍ ထန်ဝူလင်း သည် တစ်ချိန်က ပေါ်လာဖူးခဲ့သော ဤရွှေအကြေးခွံများနှင့် ပတ်သက်၍ မေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။
ယခုတော့ ပြန်သတိရလာသည်။
အင်အားများပြည့်လာကာ မိုးမြေကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည်ဟု ခံစားနေရသော ထန်ဝူလင်းသည် အားမန်အပြည့်ဖြင့်
အော်ဟစ်ပြီး ကွမ်းလုံ ဆီသို့အရှိန်အပြည့်ဖြင့် ပြေးဝင်သွားသည်။
“ မသွားနဲ့ “ ရှဲ့ရှဲ့ အော်လိုက်သော်လည်း ထန်ဝူလင်းမှာ ပြေးထွက်သွားပြီဖြစ်သည်။
ထန်ဝူလင်း ၏လည်ပင်းနှင့် ညာလက်တွင် ရွှေကြေးခွံများ ရုတ်တရက်ပေါ်လာခြင်းကို မြင်လိုက်ရသည့်အခါ ဂူရွဲ့ မှာတိတ်ဆိတ်နေခဲ့သည်။ သူမမျက်နှာအမူအရာမှာ အနည်းငယ် မှင်သက်သွားသည်။
' အဲဒါက …'
ထန်ဝူလင်းသည် သူ့ဆီသို့
ဦးတည်လာသည်ကိုမြင်သောအခါကွမ်းလုံသည်
“ မင်းက တော်တော်သတ္တိရှိ နေတယ်ပေါ့လေ။ မင်းသာ ကလေးမဟုတ်ရင် ငါ မင်းကို သေအောင်လုပ်ပြီး နေပြီ “
ယခုအခါ ကွမ်းလုံသည် ထန်ဝူလင်းထံမှ ဖိအားအချို့ကို ခံစားနေရသည်။ သို့သော် လည်း ထန်ဝူလင်း၏ လက်သီးကို မာနကြီးစွာ တားစီးလိုက်သည်။
ဘန်းးးး
ကွမ်လုံ၏ကြီးမားသောခန္ဓာကိုယ်သည် နောက်သို့လွင့်ကာ ကွမ်းလုံ၏ လက်မောင်းမှအရိုးများကျိုးကြေသွားသည်ကို ပတ်ဝန်ကျင်းရှိလူများ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
ကွမ်လုံ၏လူနှစ်ယောက်သည် ကွမ်းလုံအားဖမ်းရန် အတတ်နိုင်ဆုံးကြိုးစားသော်လည်း မအောင်မြင်ဘဲ လဲကျသွားသည်။
ထန်ဝူလင်းသည် သူ၏ညာလက်ကို အံ့သြစွာကြည့်လိုက်မိသည်။
ထိုအချိန်တွင်ရွှေရောင်ကြေးခွံများသည် သူ့လက်ကောက်ဝတ်အထိပျံ့နှံ့လာနေသည်။ သူ၏ညာလက်တစ်ခုလုံးတွင် ပူလောင်သောခံစားချက်များပြည့်နေသည်။
သူ၏ဝိညာဉ်စွမ်းအားသည်လည်း အံ့အားသင့်ဖွယ်အရှိန်ဖြင့် ကုန်ဆုံးလာသည်ကိုရှင်းရှင်းလင်းလင်းခံစားနိုင်သည်။ ထိုအရာကို တောင့်မခံနိုင်သော ထန်ဝူလင်းက
“ မြန်မြန်ရပ်စမ်း!”
ဟု စိတ်ထဲမှ အော်လိုက်သည်။ ထိုအခါ ရွှေရောင်အကြေးခွံများသည် ထန်ဝူလင်း၏ စကားကို နားထောင်သည့်အလား တဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
“ မင်း…မင်းရဲ့စွမ်းအားတွေပြန်ပေါ်လာပြီလား”
ရှဲ့ရှဲ့လည်း အနားရောက်လာသည်။ ထန်ဝူလင်း ၏လက်များပေါ်တွင် ပေါ်လာသော ရွှေရောင်ကြေးခွံများကို ရှဲ့ရှဲ့လည်း တွေ့လိုက်ရသကဲ့သို့ ကွမ်းလုံခံစားလိုက်ရသော ဖိအားကို ရှဲ့ရှဲ့လည်း ခံစားလိုက်ရသည်။
“ ငါလည်းဘယ်လိုဖြစ်လဲမသိဘူး။ တခြားသူတွေဘယ်မှာလဲ "
ကွမ်းလုံကို တစ်ဖန်ပြန်ကြည့်သောအခါ ကွမ်းလုံနှင့်သူ၏လူနှစ်ယောက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
“ ဒီကောင် လျော်ကြေးမပေးဘဲထွက်ပြေးသွားပြီ”
ရှဲ့ရှဲ့ ရေရွတ်လိုက်သည်။
“ မင်းရဲ့လက်…”
ဂူရွဲ့ သည် ထန်ဝူလင်း ကိုသံသယ ၀င်စွာကြည့်လိုက်သည်။
ထန်ဝူလင်းက အသက်မပါပဲ ပြုံးလိုက်ပြီး
“ ဘာဖြစ်သွားလဲ ငါလည်း သေချာမသိဘူး။ ဒါဟာ ဒုတိယအကြိမ်ပေါ်လာတာပဲ။ ဒီ အကြေးခွံတွေက ငါ့ခွန်အားနဲ့ဝိညာဉ်စွမ်းအားကို လျင်မြန်စွာကုန်စေပေမဲ့ ငါ့ကို အချိန်တိုအတွင်း ကြီးမားတဲ့ခွန်အားကိုပေးတယ်။ ဒါ ငါသိသမျှ အကုန်ပဲ။ "
"ငါတို့အရင်ပြန်ပြီးမှ ဆက်ပြောကြရအောင်"
သူတို့သုံး ဦးသည် ဦး လေးလီကိုနှုတ်ဆက်ခဲ့ကြသည်။ ရှဲ့ရှဲ့ သည် ဦး လေးလီကို ငွေအချို့ပေးခဲ့လိုက်ပြီး အကယ်ဒမီအမြန်ပြန်လာခဲ့ သည်။
"ဒီကောင်၊ ဦးလေးလီနောက်ကိုလက်စားချေဖို့ ထပ်လာမလား မသိဘူး " ဂူရွဲ့ က ရှဲ့ရှဲ့ကိုမေးလိုက်သည်။
ရှဲ့ရှဲ့ က
“ သူမှာ အဲ့လောက်မရှိလောက်ပါဘူး။ ထန်ဝူလင်းက သူ့လက်ကိုရိုက်ချိုးခဲ့တာပဲ ။ ငါ့မိသားစုကိုလည်း အဲ့ဒီဆိုင်ကို စောင့်ရှောက်ခိုင်းလိုက်မယ် “