အခန်း (၇၉)
Vol. 6 Ch. 79
အပြန်လမ်းတစ်လျောက်လုံး ထန်ဝူလင်းဖြစ်ပျက်သမျှကို စဥ်းစားလာခဲ့သည်။ ကျောင်းပြန်ရောက်တော့ ဂူရွဲ့သည် သူတို့ကိုနှုတ်ဆက်ပြီး ကောင်မလေးဆောင်သို့ပြန်သွားသည်။ သူတို့လည်း အဆောင်ကိုပြန်လာခဲ့သည်။
အခန်းသို့ ပြန်ရောက်သောအခါ
ထန်ဝူလင်းက ရှဲ့ရှဲ့ကို “ ရွှေကြေးခွံတွေဘယ်လိုပေါ်လာလဲဆိုတာ ငါစဥ်းစားမိပြီထင်တယ် “
“ ဘယ်လိုလဲ “
ထန်ဝူလင်းက “ မင်းမှတ်မိလား ။ အဲ့တာတွေ ပထမဆုံးထွက်တာတုန်းကလည်း မင်းငါ့ကို အလင်းနဂါးဓားနဲ့ထိုးခဲ့တယ်လေ။ အခုလည်း မင်းရဲ့ ဓားနဲ့ထိုးမိသွားတော့ ထပ်ထွက်လာလို့ ငါသတိထားမိတယ် “
ရှဲ့ရှဲ့က “ အ့တာဆိုမင်းမှာ ငွေပြာမြက်အပြင် အခြားသိုင်းဝိညာဥ်တစ်ခုရှိသေးတယ်လို့ပြောချင်တာလား
တစ်ခါတစ်လေမှာ အဲ့လိုသိုင်းဝိညာဥ် ကိုနှိုးထဖို့ အကူပစ္စည်းလိုသေးတယ်လို့ ငါကြားဖူးတယ် “
ထန်ဝူလင်းက “ အဲ့လိုတွေတော့ ငါနားမလည်ဘူး။ ငါသိတာက ငါ့ကြေးခွံတွေက မင်းရဲ့ အလင်းဓားနဲ့ပက်သက်နေတာတော့သေချာတယ်။ ဒါသာ ငါ့ရဲ့ သိုင်းဝိညာဥ်ဖြစ် လာမယ်ဆိုရင် ငါက ငွေပြာမြက်လို အသုံးမဝင်တဲ့ သိူင်းဝိညာဥ်မာစတာမဟုတ်တော့ဘူး။ “
ထန်ဝူလင်း နှလုံးခုန်နှုန်းများမြန်ဆန်လာသည်။
ထန်ဝူလင်းက “ မနက်ကျ ဆရာဝူကိုသွားမေးရအောင် “
ထိုအခါ ရှဲ့ရှဲ့က “ မနက်ထိစောင့်မနေဘူး။ အခုသွားကြမယ် ဆရာဝူ မအိပ်လောက်သေးဘူး “
ရှဲ့ရှဲ့မှာ ထန်ဝူလင်းကို ဆွဲခေါ်သွားပြီဖြစ်သည်။
ထန်ဝူလင်းကအကူအညီမဲ့စွာ
“မင်းကဘာလို့ ငါ့ထက်ပိုစိတ်လောနေတာလဲ”
ရှဲ့ရှဲ့ ကခပ်ယဲ့ယဲ့ရယ်လိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းရဲ့ခန္ဓာကိုယ်ကဒီလိုအခြေအနေ ပိုရှိနေနိုင်လို့ပဲ။ ဒီထက်ပိုတဲ့အရာတွေကို မင်းရဲ့ခန္ဓာကိုယ်မှာဝှက်ထားနိုင်တယ်၊ အဲဒါတွေသာရှိရင် ငါသေချာပေါက်အကျိုးကျေးဇူးရလိမ့်မယ်။ ”
ထန်ဝူလင်း ကသံသယရှိတဲ့အမူအရာနဲ့
“ မင်းဘာကိုဆိုလိုချင်တာလဲ”
ရှဲ့ရှဲ့ က
“ သိုင်းဝိညာဉ်ပေါင်းစပ်မှုစွမ်းရည်! မင်းအရင်က မကြားဖူးဘူးလို့ ငါ့ကိုမပြောနဲ့။ လူနှစ် ဦးမှာ အလွန်လိုက်ဖက်တဲ့သိုင်းဝိညာဉ်တွေရှိပြီး အချင်းချင်းပေါင်းစပ်နိုင်ရင် အဲ့တာကိုသိုင်းဝိညာဉ်ပေါင်းစပ်စွမ်းရည်လို့ ခေါ်တယ်။ သိုင်းဝိညာဉ်နှစ်ခုအကြားလိုက်ဖက်မှုနှုန်းမြင့်လေလေ ပေါင်းစပ်မှုစွမ်းရည်ပိုမိုအားကောင်းလေပဲ။ ငါတို့မှာသာ သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည် တကယ်ရှိရင် တကယ်ကိုအံ့သြစရာကောင်းလာလိမ့်မယ်။ ”
သိုင်းဝိညာဉ်များနှင့်သူတို့၏စွမ်းရည်များနှင့် ပတ်သက်၍ ရှဲ့ရှဲ့သည် ထန်ဝူလင်း ထက်သိသိသာသာ ဗဟုသုတပိုများသည်။
ထန်ဝူလင်း သည်ဝိညာဉ်ပေါင်းစပ်မှုစွမ်းရည်များကိုကြားဖူးသည်။ ဝိညာဥ်မာစတာ လောကတွင်၎င်းသည်အထွတ်အထိပ်စွမ်းရည်ဖြစ်သည်။ အရှေ့ပင်လယ်မြို့ တစ်ခုလုံးတွင်ပင် သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည် ကို သုံးနိုင်သော ဝိညာဥ်မာစတာတစ်ယော က်မှမရှိဖူးပေ။
ဆရာများနေထိုင်ရာနေရာသည်လည်း ကျောင်းသားများအဆောင်၌သာ ရှိသည်။ ကျောင်းသာများကိုကြီးကြပ်ရခြင်းများ အဆင်ပြေစေဖို့အတွက် အတန်းပိုင်ဆရာများအားလုံးကို ကျောင်းသားအဆောင်များတွင် နေစေသည်။
ရှဲ့ရှဲ့ တံခါးခေါက်လိုက်သည်။
“ဘယ်သူလဲ?
” ဝူကျန်ခုံ ၏အေးစက်စက်အသံသည်အတွင်းမှထွက်ပေါ်လာသည်။
“ဆရာ ဝူ ငါက ရှဲ့ရှဲ့ပါ။ ထန်ဝူလင်း နဲ့ငါ မင်းနဲ့တိုင်ပင်စရာတစ်ခုရှိတယ်”
“ဒါဆိုအထဲကိုဝင်။ “
တံခါးဖွင့်လိုက်သောအခါဝူကျန်ခုံသည် ညဝတ်အင်္ကျီကို ၀ တ်ထားသည်။
သူ၏ဖြူဖျော့သောညဝတ်အင်္ကျီများကသူ၏သေးသွယ်သောပုံကိုဖော်ပြနေသည်။
ဆရာတစ်ယောက်အနေနဲ့ဝူကျန်ခုံသည်လည်း ကိုယ်ပိုင်အခန်းတစ်ခန်းရထားသည်။ တကယ်တော့သူ့အခန်းသည် ထန်ဝူလင်းနဲ့ရှဲ့ရှဲ့ တို့၏ အခန်းထက်နှစ်ဆခန့်ပိုကြီးသည်။ ၎င်းတွင်ကိုယ်ပိုင်ရေချိုးခန်း၊ အဝတ်လဲခန်း၊ အိပ်ခန်းနှင့်ဧည့်ခန်းငယ်ပင်ရှိသည်။
ရှဲ့ရှဲ့ က ပြုံးစိစိဖြင့်
“ဆရာ ဝူ၊ ငါတို့ မင်းတရားထိုင်တာကို အနှောက်အယှက်ပေးသလို ဖြစ်သွားလား”
ဝူကျန်ခုံ ကခေါင်းယမ်းလိုက်သည်။
“ ငါ တရားထိုင်ပြီးပြီ။ ဘာဖြစ်လာတာလဲ?”
အချိန်အနည်းငယ်ယူပြီးနောက် ထန်ဝူလင်း က ဝူကျန်ခုံ အား
“ ဆရာ ဝူ ငါ့ရဲ့သိုင်းဝိညာဉ်နဲ့ပက်သက်ပြီး ပြဿနာတစ်ခုခုရှိနေပုံရတယ်”
“အိုးဟုတ်လား”
ဝူကျန်းခုံ၏မူလက ရှိနေသော တည်တည်ငြိမ်ငြိမ်အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားသည်။ ထန်ဝူလင်း၏ငွေပြာမြက်သည်မျိုးကွဲတစ်ခုဖြစ်သည်၊ ထို့ပြင် ၎င်းသည် ကောင်းသောနည်းလမ်းဖြင့်ပြောင်းလဲထားသည်။
ယခုချိန်မှာတော့ ထန်ဝူလင်းက သူ့ရဲ့သိုင်းဝိညာဉ်နဲ့ပတ်သက်ပြီးပြဿနာတစ်ခုရှိနေတယ်လို့ပြောနေသည်။ ဆိုလိုသည်မှာသူ၏ ငွေပြာမြက် သည် ပို၍ ပင်ပြောင်းလဲသွားသည်ဟုဆိုလိုသည်။ ဒါကကျိန်းသေကောင်းသောအရာဖြစ်သည်။
“ဘယ်လိုကိစ္စမျိုးလဲ” ဝူကျန်းခုံကမေးလိုက်သည်။
ထန်ဝူလင်းသည်သူ၏ရွှေကြေးခွံ များနှင့်နောက်ဆုံးနှစ်ကြိမ်ဖြစ်ပျက်ခဲ့သည့်အရာတို့ကိုရှင်းပြခဲ့သည်။
“ရွှေရောင်အကြေးခွံတွေ ဟုတ်လား”
ဝူကျန်းခုံ အချက်အလက်များစဥ်းစားနေသည်။ ထန်ဝူလင်း ၏အခြေအနေသည် အမှန်တကယ်တွေ့ရခဲသည်။
ထို့ပြင် ရှဲ့ရှဲ့ ပြောသည်များကလည်း အလွန်မှန်သည်။ ဤသို့သောအခြေအနေနှင့်အတူ မြုံနေသောဒုတိယသိုင်းဝိညာဉ် (သို့) ဝိညာဉ်ပေါင်းစပ်မှုစွမ်းရည် များ ပေါ်လာတတ်သည်။
“ရှဲ့ရှဲ့ မင်း သူ့ကိုဓားနဲ့ထိုးစမ်း။ တူညီတဲ့အရာ ထပ်ဖြစ်မလားဆိုတာကြည့်ရအောင် “
“ ဟုတ်” ရှဲ့ရှဲ့ သည်သူ၏ အလင်းနဂါးဓားကို ထုတ်လိုက် ပြီးပျော်ရွှင်စွာရယ်မောလိုက်သည်။
“ဝူလင်း ။ မင်းကိုဓားနဲ့ထိုးမှာ ပျော်ဖို့ကောင်းသလိုပဲ ”
ဝူကျန်းခုံ က ရှဲ့ ရှဲ့ ကို စိုက်ကြည့်လိုက်သည်။
“ လေ ရှည်မနေနဲ့ မြန်မြန်လုပ် “
ထန်ဝူလင်းးသည် လက်ကိုဆန့်ပေးလိုက်ရာ
ရှဲ့ရှဲ့ သည် လက်ကိုသူ၏ အလင်းနဂါးဓားဖြင့်ဂရုတစိုက်ထိုးလိုက်သည်။
ထန်ဝူလင်း သည်သူ၏လက်မှနာကျင်မှုများကိုခံစားခဲ့ရသော်လည်း အလင်းနဂါးဓားမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့အလင်းရောင်များစီးဆင်းလာသည်ကို တွေ့ရှိခဲ့သဖြင့် အံ့သြသွားသည်။
သူ၏ခန္ဓာကိုယ်သည် ယခင်ကဲ့သို့လောင်ကျွမ်းလာပြီး အပူလှိုင်းသည်သူ၏ကျောရိုးမှတစ်ဆင့် တကိုယ်လုံးသို့ပျံ့နှံ့သွားသည်။ ထို့နောက် သူ၏လက်မောင်းတွင် ရွှေရောင်ကြေးခွံများ စတင်ပေါ်ထွက်လာသည်။
ဝူကျန်းခုံ ကသူ့လက်ကိုမြှောက်လိုက်ပြီး ထန်ဝူလင်း ကို ရိုက်လိုက်သည်။ ထန်ဝူလင်း၏အင်္ကျီမှာစုတ်ပြတ်သတ်သွားသည်။
ရွှေအကြေးခွံများသည် ထန်ဝူလင်း ၏ညာလက်ကိုဖုံးအုပ်လာသည်။ ထို့အပြင် ထန်ဝူလင်း၏လက်သည်လည်း စတင်ပြောင်းလဲလာသည်။ နဂါးလက်သည်းကဲ့သို့ လက်သည်များ စတင် ပေါ်လာသည်။
ဝူကျန်းခုံ သည်လက်ကိုဆန့်လိုက်ပြီး ထန်ဝူလင်း၏လက်ဖဝါးကိုဆုပ်ကိုင်လိုက်သည်။
“ အင်အားသုံးပြီး ငါ့ကိုဆွဲပါ”
ထန်ဝူလင်းသည် သူ့ဆရာမှာ သူ့အင်အားလောက်ဖြင့် ဒဏ်ရာရရန် မဖြစ်နိုင်ကြောင်း သိထား၍ ဝူကျန်းခုံရဲ့ ညာလက်ကိုဆုပ်ကိုင်ကာ အားကုန်ဆွဲလိုက်သည်။