အခန်း (၈၀)
Vol. 6 Ch. 80
ဝူကျန်ခုံသည် ထန်ဝူလင်း ရဲ့လက်မှတစ်ဆင့် သူ့တပည့်ရဲ့ ခန္တာကိုယ်မှပြောင်းလဲမှုများကိုအာရုံခံနေသည်။
ထန်ဝူလင်းသည် ဝူကျန်ခုံ၏လက်ကိုဆုပ်ကိုင်ကာ အားကုန်ဆွဲနေရင်း 10 စက္ကန့် အကြာတွင် သူအားများလျော့လာသကဲ့သို့ ခံစားလိုက်ရသည်။ ဝူကျန်းခုံက ထိုအရာကို ခံစားမိ၍ လက်ကိုလွှတ်လိုက်သောအခါ ထန်ဝူလင်း ယိုင်သွားသည်။
“ ထူးဆန်းတယ်!”
ဝူကျန်ခုံ အကြည့်မှာ လေးနက်နေသည်။
ရှဲ့ရှဲ့တို့မမေးရဲပါ။
ခဏအကြာတွင် ဝူကျန်းခုံက
“ ဒီအရာကသိုင်းဝိညာဉ်တစ်ခုနဲ့မတူဘူး။ အကယ်၍ အမွှာသိုင်းဝိညာဉ်ဆိုရင်တောင် ဒီအရာကိုအသက်သွင်းတဲ့အခါ ဒုတိယသိုင်းဝိညာဉ်ကိုငါခံစားခဲ့ရလိမ့်မယ်။ အဲ့တာက ငွေပြာမြက်ကနေ ပြောင်းလဲလာတာလည်းမဟုတ်ပြန်ဘူး။ သိုင်းဝိညာဥ်စွမ်းရည်ပေါင်းစပ်မှုဆိုရင်လည်း ရှဲ့ရှဲ့မှာတစ်ခုခုပေါ်လာရမယ်။ အခုဟာက သိုင်းဝိညာဥ်ပေါင်းစပ်မှုလည်းမဟုတ်ဘူး “
“ ဆရာ၊ ငါ့ရွှေကြေးခွံတွေက…”
ဝူကျန်ခုံ က ထန်ဝူလင်းကိုကြည့်လိုက်သည်။
“ အရမ်းထူးဆန်းတယ်။ အဲ့တာကအလွန်အင်အားကြီးပုံလည်းရတယ်။ မင်းရဲ့ပင်ကိုယ်အင်အားက ရွှေကြေးခွံတွေရဲ့အကူအညီနဲ့ နဂိုကထက် အနည်းဆုံးသုံးဆလောက်ပိုတိုးလာတယ်။ ဒါက မင်းရဲ့ဝိညာဉ်စွမ်းအားက အလွန်လျင်မြန်စွာကုန်ဆုံးရတဲ့အကြောင်းရင်းလည်းဖြစ်တယ်။ ဒီရွှေအကြေးခွံတွေကိုထိန်းချုပ်ဖို့ အခုလက်ရှိ မင်းမှာအစွမ်းအစမရှိသေးဘူး။ ငါမင်းရဲ့ဝိညာဉ်စွမ်းအားရဲ့အပြောင်းအလဲတစ်ခုကိုခံစားခဲ့ရတယ်၊ ဒါပေမယ့် ဒီရွှေကြေးခွံတွေကမင်းရဲ့ဝိညာဉ်စွမ်းအားနဲ့အချိတ်အဆက်မရှိဘူးဆိုတာငါအတည်ပြုနိုင်တယ်။ မင်းရဲ့ ၀ိညာဉ်စွမ်းအား လျော့ကျသွားတယ်ဆိုပေမယ့် အဲ့တာကအဓိက အကြောင်းအရင်းမဟုတ်ဘူး။ မင်း အခြေအနေက တော်တော်ရှုပ်ထွေးတယ်။ ဒါပေမဲ့ ရိုးရိုးလေးပဲ ငါရှင်းပြမယ်။ မင်းရဲ့ ရွှေကြေးခွံတွေကို ဝိညာဉ်လက်နက်တစ်ခုအဖြစ်ယူဆလို့ရတယ်။ ဒီအရာကိုထုတ်ဖို့ ဝိညာဉ်စွမ်းအားကိုလိုတယ်။ ဒါပေမယ့် အသုံးပြုဖို့ကတော့ မင်းရဲ့ဝိညာဥ်စွမ်းအား မလိုဘူး။ မင်းရဲ့ ဝိညာဥ်စွမ်းအား ကုန်သွားတာက ဒီအကြေးခွံတွေကို ကိုယ်ပေါ်မှာ ဆက်ရှိနေအောင် အသက်သွင်းဖို့ ထိန်းထားရလို့ပဲ။ ဒီအရာကငါ့အတွက်လည်းပထမဆုံးပဲ။ အဲ့တာက ကောင်းတာလား ဆိုးတာလား ငါမပြောနိုင်ဘူး ။ ဒါပေမယ့် မင်းအတွက်တော့ ဒါကိုကျွမ်းကျင်အောင်လုပ်ရမယ်။ ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုခုကို မင်းစဉ်းစားရမယ်။ မင်းရဲ့ဝိညာဉ်စွမ်းအားတွေကြီးထွားလာရင် ဒီရွှေကြေးတွေကို အချိန်တော်တော်ကြာ ထိန်းထားနိုင်လိမ့်မယ်လို့ ငါခန့်မှန်းထားတယ်။ ”
“နားလည်ပါပြီ”
ထန်ဝူလင်း စိတ်ပျက်စွာပြောလိုက်သည်။
ဆရာဝူသည်အကယ်ဒမီတွင် ဗဟုသုတအရှိဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း ထန်ဝူလင်း ၏ ထူးဆန်းသောပြောင်းလဲမှုအတွက် အကြောင်းအရင်းကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
ရှဲ့ရှဲ့ ကစိတ်ပျက်လက်ပျက်နဲ့
“ ဒါက သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည် မဟုတ်ဘူးလား။ ဒါပေမယ့် ငါမရှိရင် သူကဒီဟာကိုထုတ်နိုင်ခဲ့မှာမဟုတ်ဘူး! “
ဝူကျန်းခုံ က ထိုစကားကို သဘောမတူဘဲခေါင်းယမ်းလိုက်သည်။
“ ဒါကသိုင်းဝိညာဉ်ပေါင်းစပ်စွမ်းရည်မဟုတ်ဘူး။ ဒီစွမ်းအားက မင်းရဲ့အလင်းနဂါးဓားနဲ့ ဆက်စပ်မှုရှိနိုင်လောက်တယ်။ တစ်နည်းအားဖြင့်မင်းရဲ့ ဓားက သူ့ခန္ဓာကိုယ်အတွင်းက ဒီ စွမ်းအားကို ဖွင့်ပေးပြီး ရွှေကြေးခွံတွေပေါ်စေနိုင်ပုံရတယ်။ တကယ်လို့ တစ်နေ့မှာ သူကဒီစွမ်းအားကို ထိန်းချုပ်သွားနိုင်ရင် မင်းရဲ့အကူအညီမပါဘဲနဲ့ သူ အသက်သွင်းနိုင်လိမ့်မယ်။ ဒီစွမ်းအားက ထူးခြားတယ်။ ဒီအရာသာ သိုင်းဝိညာဉ်တစ်ခုဖြစ်ခဲ့ရင် ငါမြင်ဖူးသမျှထဲမှာ အဆင့်အမြင့်ဆုံးသိုင်းဝိညာဉ်များထဲမှတစ်ခုဖြစ်လာလိမ့်မယ်။ အခု သူ့မှာ ဝိညာဉ်ကွင်းတစ်ကွင်းပဲရှိတယ်။ ဒါတောင် ဒီရွှေကြေးခွံတွေက ငါ့ကိုဖိနှိပ်ထားသလိုခံစားစေတယ်။ သိုင်းဝိညာဉ်ကပိုအားကောင်းလေ၊ ဖိနှိပ်တဲ့အင်အားကပိုများလေပဲ။ ”
“ ဟုတ်တယ်။ ဟုတ်တယ်၊ ငါလည်း အဲ့လိုခံစားရတယ်” ရှဲ့ရှဲ့ ကလျင်မြန်စွာထပ်ပြောသည်။
ထန်ဝူလင်း ကမျက်မှောင်ကြုတ်ကြည့်လိုက်ပြီး “ဆရာ ဝူ၊ ဒါဆိုငါအခုဘာလုပ်ရမလဲ”
ဝူကျန်းခုံ က“ ပထမဦးဆုံး မင်းရဲ့ ဝိညာဉ်စွမ်းအားကိုမြှင့်တင်ရမယ်။ နောက်ပြီး ဝိညာဥ်ရေးရာစွမ်းအားကိုလည်း တိုးတက်အောင်လုပ်ရမယ်။ ဒါဆိုရင် ဒီစွမ်းအားကို ထိန်းချုပ်လာနိုင်မယ်ထင်တယ်။ ဒါအပြင် ဒီစွမ်းအားကိုမကြာခဏ ထုတ်သုံးဖို့လိုအပ်တယ်။ အဲ့တာကိုတော့ ရှဲ့ရှဲ့ကိုကူညီခိုင်းပါ ။ မင်းသာ ဒီအရာနဲ့ရင်းနီးလာရင် ဒီစွမ်းအားကို ပိုထိန်းချုပ်လာနိုင်လိမ့်မယ်။ “
“ ဟုတ်!”
ထန်ဝူလင်း သည် ဝူကျန်းခုံထံမှ အဖြေမရခဲ့သဖြင့် ၀မ်းနည်းသွားသည်၊ သို့သော်ရွှေကြေးခွံများ ပြန်လည်ပေါ်လာခြင်းသည် သူ့အား မျှော်လင့်ချက်တစ်ခုပေးခဲ့သည်။ ဆရာဝူကပင် ဤစွမ်းအားသည် အဆင့်မြင့်မားကြောင်းအသိအမှတ်ပြုထားသည်။ ဆိုလိုသည်မှာ သူသည် ဤစွမ်းအားကို ကောင်းကောင်းထိန်းချုပ်နိုင်လျှင် ၎င်းသည် သူ၏ခွန်အားကို သိသိသာသာတိုးတက်စေမည်မှာ သေချာသည်။
ထန်ဝူလင်း ဘဝသည်ပုံမှန်အခြေအနေကိုပြန်ရောက်ရှိ ခဲ့သည်။
ပထမတန်း အတန်းနံပတ်ငါးနှင့်အတန်းနံပတ်လေးကြားမှ ပြိုင်ပွဲသည် လွန်ခဲ့သောတစ်ရက်ကဖြစ်ပွားခဲ့သော်လည်း အကယ်ဒမီ၏ ပထမတန်းများသာဖြစ်သောကြောင့် လူများစွာ အာရုံမစိုက်ခဲ့ပေ။
သို့သော် ထိုပွဲစဉ်သည်အချို့သူများ၏အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ ဥပမာအားဖြင့် ပထမတန်း အတန်း နံပတ် ၃ မှာ ဆရာနှင့် ကျောင်းသားအပေါ်တွင်ဖြစ်သည်။
ပထမတန်း၏အတန်းသုံး အတန်းပိုင်သည် အသက်အားဖြင့်တော်တော်ငယ်ရွယ်ပြီး ဆရာဝူထက်ပင် နှစ်အနည်းငယ် ငယ်ရွယ်သည်။ သူမသည် အကယ်ဒမီတွင် ဆရာသစ်တစ် ဦး ဖြစ်ပြီး သူမ၏ရုပ်ရည်ချောမောမှုနှင့် ကောင်းမွန်စွာသင်ကြားမှုတို့ကြောင့် သူမ၏အတန်းရှိကျောင်းသားများကြား အတော်လေးရေပန်းစားသည်။
သူမသည် ဝိညာဥ်ဘုရင်အဆင့် ကွင်းငါးကွင်းဟုပင် ပြောကြသည်။
ရဲရင်ရုံသည် သူမ၏အတန်းမှ အတန်းသားများနှင့်အတူ လွန်ခဲ့သောတစ်ရက်က ပွဲကိုသတိပြုကြည့်ခဲ့သည်။
ရှဲ့ရှဲ့နှင့်ဂူရွဲ့ တို့သည် သူတို့၏နှစ်တစ်ရာဝိညာဉ်ကွင်းကို ထုတ်လိုက်သောအခါ သူမလန့်သွားသည်။
ထိုအရာက နှစ်တစ်ရာဝိညာဉ်ကွင်းပင်…
ဤအဆင့်ကျောင်းသားများသည်အဘယ်ကြောင့်နောက်ဆုံးအတန်း၌ရှိနေကြသနည်း။
သူမ၏ တတိယအတန်း၌ပင် နှစ်တစ်ရာဝိညာဉ်ကွင်းရှိ သောကျောင်းသားတစ် ဦး မျှမရှိချေ။
တိုက်ပွဲအချိန်သည် ယခင်နေ့များနှင့်အတူတူပင်။ နေ့ခင်းသင်တန်းများပြီးဆုံးပြီးနောက် အလယ်တန်းအကယ်ဒမီ၏ကွင်းသည် ပွဲကျင်းပမည့်နေရာဖြစ်သည်။
ဒါကပြိုင်ပွဲရဲ့ဒုတိယနေ့ဖြစ်ပေမယ့်အရင်တုန်းကလိုမျိုးလူသိပ်မရှိဘူး။
ရဲရင့်ရုံ သည် သူမ၏ ကျောင်းသားများနှင့် စောစောစီးစီးပင် ရောက်လာသည်။