← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

ဝူကျန်းခုံမှာလည်း သူ့ကျောင်းသားသုံးယောက်ကို ခေါ်လာသည်။

အတန်းငါး၏ ကျောင်းသားများသည် အားမာန်ပြည့်အားပေးနေကြသည်။

ရဲရင့်ရုံသည် ဝူကျန်းခုံထံသို့ တည့်တည့်လျောက်လာသည်။

“မင်္ဂလာပါဆရာဝူ” သူမပြုံးပြီး နှုတ်ဆက်လိုက်သည်

ဆရာမရဲသည် အရပ်ရှည်ကာ လှပကျော့ရှင်းသည်။ ရှားရှားပါးပါးအစိမ်းရောင်ဆံနွယ်များရှိပြီး အထက်တန်းအကယ်ဒမီကျောင်းသူဟုပင် ထင်ရသည်။

“မင်္ဂလာပါ။” ဝူကျန်းခုံ ခေါင်းညိတ်လိုက်သည်။

“ ငါက အတန်းသုံးရဲ့ဆရာပါ၊ ရဲရင့်ရုံလို့ခေါ်ပါတယ် ”

ရဲရင့်ရုံသည် သူမနာမည်ကိုအထူးအလေးပေးပြောလိုက်သည်။ ဘာကြောင့်လဲဆိုတော့ ဤရေခဲ မင်းသားသည် သူမဘယ်သူလဲဆိုတာ မသိကြောင်း သေချာသိသည်။ ရေခဲမျက်နာမင်းသား သည်သူ၏ကိုယ်ပိုင်ကမ္ဘာတွင်သာ နေထိုင်သော အချေမင်းသားလေးဖြစ်သည်။ အကယ်ဒမီတစ်ခုလုံးတွင် သူနှင့်ရင်းနီးသော အမျိုးသမီး ကျောင်းဆရာမ မရှိပေ။

“ အင်း ” ဝူကျန်းခုံမှာ မထူးခြားသကဲ့သို့ ပြောလိုက်သည်။

ရဲရင့်ရုံ သည် ထိုတုန့်ပြန်မှုကို စိတ်မ ၀ င်စားပေ။ ထို အစား သူမသည် သူ၏အတန်းသုံးကိုအာရုံစိုက်လိုက်သည်။

အတန်းသုံးကျောင်းသားများသည် သူမစီသို့အလျင်လိုစွာပြေးလာပြီး သူမ၏ရှေ့တွင်သပ်ရပ်စွာရပ်လိုက်သည်။

သူမသည် သူမ၏အတန်းအား

“ ခင်မင်မှုကနံပါတ်တစ်ဖြစ်ပြီးတော့ ယှဉ်ပြိုင်မှုက ဒုတိယပဲ။

ဂူထျန်းရီ ၊ ဂူထျန်းယွဲ့ ၊ ဂူထျန်းမင် မင်းတို့နားလည်လား “

“ ဟုတ်ကဲ့ နားလည်ပါဆရာမ”

သုံးမွှာပူးများသည်တစ် ဦးတည်းသာစကားပြောသကဲ့သို့ ပြန်ဖြေလေသည်။

ဝူကျန်းခုံ က သူတို့ကိုတစ်ချက်ကြည့်လိုက်သည်။ သူတို့သုံးယောက်ရဲ့တူညီတဲ့အသွင်အပြင်ကိုမြင်တာနဲ့သူက ရဲရင့်ရုံနဲ့ဒီသုံးမွှာပူးတွေကို သိသိသာသာစိတ်ဝင်စားသွားသည်။

ထိုအချိန်တွင်သင်ကြားရေးဒါရိုက်တာ လုံဟိန်းစု သည်စင်မြင့်ပေါ်သို့ရောက်လာသည်။

“ အတန်းမြှင့်တင်ရေးပြိုင်ပွဲရဲ့ဒုတိယပွဲနေ့ကို ရောက်လာပြီ။ ပထမတန်းရဲ့အတန်းငါးကအရင်အတိုင်းပဲလား။ ”

ဝူကျန်ခုံ ခေါင်းညိတ်လိုက်သည်။ ထန်ဝူလင်းတို့သည်စင်မြင့်ပေါ်သို့အတူတကွတက်ကာအလယ်ဗဟိုသို့လျှောက်သွားကြသည်။ ရဲရင့်ရုံ ကအပြုံးဖြင့် သူ့ကျောင်းသားများဘက်သို့လှည့်ကာ

“မင်းတို့လည်း တက်တော့”

သုံးမွှာပူးတို့သည် ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်လိုက်ကြသည်။

ဤညီအစ်ကိုသုံး ဦး သည် သေးသွယ်သောခန္ဓာကိုယ် အလွန်ထက်မြက်သောမျက်လုံးများကဲ့သို့ တူညီသောစရိုက်လက္ခဏာများရှိကြသည်။

တစ်ယောက်နှင့်တစ်ယောက်နားလည်မှု နက်ရှိုင်းကြောင့်သိသာစေသောအရာမှာ စင်မြင့်ပေါ်လမ်းလျှောက်လာစဉ် သူတို့၏လှုပ်ရှားမှုများသည် တစ်သားတည်းဖြစ်သည်။

ဝူကျန်းခုံမှာတော့ သူ့တပည့်များကို ညွှန်ပြချက်များ မပေးခဲ့ပေ။ သူတို့သည်အနာဂတ်တွင်ပြိုင်ဘက်အမျိုးမျိုးကိုတွေ့လိမ့်မည် ။ ထို့ကြောင့် အရာရာကို ကိုယ်ပိုင်အင်အားဖြင့်သာ ရင်ဆိုင်ရမည် ဟုသာ ပြောထားသည်။

ထန်ဝူလင်း ၏သုံး ဦး သည်တြိဂံပုံစံဖြင့်ရပ်နေခဲ့ပြီး ထန်ဝူလင်း သည်ရှေ့ဆုံးတွင် ရပ်နေသည်။

ဂူ ညီနောင်သုံးယောက်မှာတော့ တစ် ဦး နှင့်တစ် ဦးဘေးချင်းကပ် တန်းစီရပ်နေကြသည်။ ဂူထျန်းရီ သည်အလယ်၌ရှိနေပြီး ဂူထျန်းယွဲ သည်ဘယ်ဘက်နှင့် ဂူထျန်းမင်မှာညာဘက်တွင်ရှိသည်။

“မင်းတို့အားလုံးအဆင်သင့်ဖြစ်ပြီလား” လုံဟိန်းစုသည်ပုံမှန်အတိုင်းမေးမြန်းသည်။

နှစ်ဘက်စလုံးမှအဖြေများရရှိပြီးနောက် သူသည် လက်ကိုဝှေ့ယမ်းကာ ပွဲစတင်ကြောင်း ကိုကြေငြာခဲ့သည်။

ဂူညီအစ်ကိုများသည်သူတို့၏သိုင်းဝိညာဉ်များကိုတစ်ပြိုင်နက်လွှတ်လိုက်သည်။ ထန်ဝူလင်းတို့သုံးယောက်စလုံးသည် ထိုညီအကိုများ၏ သိုင်းဝိညာဉ်များကိုမြင်သောအခါ အံ့အားသင့်သွားသည်။

ညီအစ်ကိုသုံးယောက်မှာ သိုင်းဝိညာဉ်များပင်အတူတူဖြစ်သည်။ ညီအကို သုံးယောက်သည် တောင်ပံများကိုထုတ်ကာ လေပေါ်သို့တက်သွားသည်။

တစ် ဦး စီ၏အောက်၌အဖြူရောင်ဝိညာဉ်ကွင်း တစ်ကွင်းစီပေါ်လာသည်။

ဂူညီနောင်သုံးယောက်သည် အတူတကွလေထဲသို့ ပျံတက်ပြီး အမြင့်သို့ လျင်မြန်စွာ တက်သွားကြသည်။

ထိုကဲ့သို့သောမြင်ကွင်းမျိုးကို မြင်ရသောအခါ လုံဟိန်းစု အံ့ဩသွားသည်။

ပျံသန်းနိုင်တဲ့ သိုင်းဝိညာဉ်တွေလား….

ပျံသန်းနိုင်သော သိုင်းဝိညာဉ်များသည် အတော်လေးရှားပါးသည်ဟုဆိုရမည်။

ထိုကဲ့သို့ ကျောင်းသားများကို အတန်း တစ် သို့ပင် ပို့ရမည်ဖြစ်သော်လည်း ယခုတော့ အတန်း သုံးတွင် ရောက်နေသည်။

ထိုညီနောင်များ ကျောင်းအပ်စဥ်က တစ်ခုခုလွဲချော်ခဲ့ပုံရသည်။

လုံဟိန်းစု မသိသည်မှာ ထိုညီနောင်များသည် ကျောင်းသို့ အတူတကွလာအပ်ခြင်းမဟုတ်ပဲ တစ်ရက်လျင် တစ်ဦးစီ လာရောက်အပ်နှံခဲ့ခြင်းကြောင်း ဆရာများက သတိမထားမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုညီအစ်ကိုသုံး ဦးသည်လည်း ထန်ဝူလင်း နှင့်ဆင်တူသော ပြသနာတစ်ခုရှိသည်။ သူတို့မိသားစု၏ ငွေရေးကြေးရေးအခြေအနေေကြာင့် ဝိညာဥ်ကွင်းများ ရသော အချိန်မှာ မတူကျခြင်းဖြစ်သည်။ သားသုံးယောက်အတွက် ငွေစုရသည်မှာ မိဘများအတွက် မလွယ်ကူခဲ့ပေ။

ဂူ ညီအစ်ကိုတို့၏သိုင်းဝိညာဉ်ကို ပျံဝဲခြင်းတိုက်ပွဲသိန်းငှက် ဟုခေါ်သည်။ ၎င်းသည်မြန်နှုန်းမြင့်ငှက်အမျိုးအစားသိုင်းဝိညာဉ်အမျိုးအစားတစ်ခုဖြစ်သည်။

တိုက်ခိုက်ရေးသိန်းငှက်များ သည် ပြိုင်ဘက်များအား ၎င်း၏အရှိန်နှင့်ပင်လွှမ်းမိုးနိုင်သည့် အစွမ်းထက်ငှက်သားရဲတစ်မျိုးဖြစ်သည်။

“သူတို့က ပျံနိုင်တာလား။ ငါတို့ ဒါကိုဘယ်လိုကိုင်တွယ်မလဲ။ ”

ရှဲ့ရှဲ့ သည်စ ထန်ဝူလင်းဘက်သို့ကြည့်လိုက်သည်။

ထန်ဝူလင်း ကသူ့ကိုအနည်းငယ်ပြုံးပြလိုက်သည်။

“ ငါတို့ သူတို့ကိုအနိုင်ယူဖို့ပဲလိုတယ်။ ဂူရွဲ့၊ မင်းရဲ့လေဒြပ်စင်နဲ့ ငါ့ကိုကူညီပါ “

ထန်ဝူလင်းသည် ပြောရင်းဖြင့် ငွေပြာမြက် နွယ်ပင်တစ်ပင်ကို ရှဲ့ရှဲ့ ၏ခါးအား ရစ်ပတ်လိုက်သည်။

ရှဲ့ရှဲ့ က “ ငါအမြင့်တွေကိုကြောက်တယ်။ မင်းဘာလုပ်မလို့လဲ?”

ထန်ဝူလင်း ကစိတ်မကောင်းသောလေသံဖြင့်

“ငါလည်း နာကျင်မှာကြောက်တယ်၊ ဒါပေမယ့် မင်းမနေ့က ငါ့ကိုဓားနဲ့ ခဏခဏ ထိုးခဲ့တာပဲ မဟုတ်ဘူးလား”

ထန်ဝူလင်းသည် ရှဲ့ရှဲ့ ၏တုံ့ပြန်မှုကိုမစောင့်ဘဲ ရှဲ့ရှဲ့ ကိုချက်ချင်းဆွဲကာ ခါးအားလက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။

ထို့အတူ အစိမ်းရောင်မီးတောက်တစ်ခုက ရှဲ့ရှဲ့ ၏ခန္ဓာကိုယ်ကိုပေါ့ပါးသွားစေခဲ့သည်။

သူ၏ခန္ဓာကိုယ်အလေးချိန်သည် အနည်းငယ် ပေါ့သွားသည်ဟု ထင်ရသည်။ ထို့နောက် ထန်ဝူလင်းသည် ရှဲ့ရှဲ့ကို လေထဲသို့ ကိုင်မြှောက် ပစ်လိုက်သည်။

All Chapters