အခန်း (၈၂)
Vol. 6 Ch. 82
" ငါလည်းတက်မယ် "
ဂူရွဲ့သည် ထန်ဝူလင်း ရှေ့သိူ့ရောက်လာသည်။ ထန်ဝူလင်းလည်း ဂူရွဲ့ကို ခါးမှကိုင်ကာ လေပေါ်ပစ်တင်လိုက်သည်
ရှဲ့ရှဲ့ နှင့်ယှဉ်လျှင် ဂူရွဲ့၏ ခန္ဓာကိုယ်မှာ ပိုပေါ့ပါးသည်။
သူမ၏ခါးသည် သေးငယ်လွန်းသဖြင့် သူမကို လက်တစ်ဖက်တည်းဖြင့်
မြှောက်လိုက်သည်။
ရှဲ့ရှဲ့ နောက်သို့ ဂူရွဲ့ လိုက်သွားခဲ့သည်။
ကောင်းကင်တွင် ဂူထျန်းရီသည် ဝင်လာသော ရှဲ့ရှဲ့ကို ရှောင်လိုက်သည်။ ရှဲ့ရှဲ့မှာ နောက်သို့ ပြန်ကျသွားသည်။ သူတို့ရဲ့အားသာချက်မှာ ကောင်းကင်တွင် ပျံနိုင်နေခြင်းဖြစ်သည်။ လေထဲတွင် သူတို့ကို မည်သူမျှ မယှဥ်နိုင်ပေ။
ရဲရင့်ရုံသည် ထန်ဝူလင်းတို့ကို တစ်ချက်ကြည့်လိုက်သည်။ အတန်းငါးမှာ ကျောင်းသားများဖြစ်သော ထန်ဝူလင်းတို့ သုံးယောက်မှာ မပျံသန်းနိုင်ကျပေ။ သို့သော် သူတို့သည် လေပေါ်သို့ တက်ကာ တိုက်ခိုက်နေခြင်းသည် သူတို့ကို ပိုအားနည်းသွားစေသည် ရဲရင့်ရုံတွေးလိုက်မိသည်။ ထန်ဝူလင်းတို့လုပ်သင့်သည်မှာ မြေပြင်ပေါ်မှ တစ်ဆင့်တိုက်ခိုက်ရန် စောင့်နေသင့်သည်။ ပျံသန်းဝိညာဥ်မာစတာများ၏အားနည်းချက်မှာ ဝိညာဥ်စွမ်းအားကုန်ဆုံးနှုန်းမှာ အလွန်လျင်မြန်ခြင်းဖြစ်သည်။
ထန်ဝူလင်းတို့သာ စိတ်ရှည်ပါက ဂူညီနောင်များမှာ မြေပြင်သို့ ပြန်ဆင်းကျမည်ဖြစ်သည်။
ထိုစဥ် အောက်သို့ ပြန်ပြုတ်ကျနေသော
ရှဲ့ရှဲ့၏ ခြေထောက်အောက်မှ ဂူရွဲ့၏ ရေခဲတုံးတစ်ခုပေါ်လာလေသည်။ ထိုအခါ ရှဲ့ရှဲ့သည် ထိုအရာကို ခြေကန်အားယူကာ
ဂူထျန်းရီထံသိူ့ ပြန်ခုန်ဝင်သွားခဲ့သည်။
ပွဲတစ်ပွဲသည် အမြဲပြောင်းလဲနေသည်။ ပါဝင်သူ တစ်ဦးဦးသည် တစ်ခဏမျှသတိလွတ်သွားလျှင်ပင် တိုက်ပွဲတွင် ရှုံးသွားစေနိုင်သည်။
ဂူထျန်းမင်နဲ့ဂူထျန်းယွဲ့ တို့သည် နှစ်ဖက်စလုံးတွင်နေရာယူထားသည်။ သူတို့၏ အကြီးဆုံးအစ်ကိုမှာ ပြိုင်ဘက်ကိုရှောင်ရန်ရုန်းကန်နေရသည်ကို မြင်တဲ့အခါ ကူညီရန်ပျံသန်းလိုက်ကြသည်။ နှစ်ယောက်လုံးသည် သူတို့ရဲ့ပထမဆုံးဝိညာဉ်စွမ်းရည်ကို အသက်သွင်းလိုက်ကြတယ်။
သူတို့၏ ပထမ ဝိညာဥ်စွမ်းရည်မှာ သူတို့၏ အမြန်နှုန်းကို တိုးစေသော စွမ်းရည်ဖြစ်သည်။
ဂူရွဲ့သည်လက်ရှိတွင် လမ်းတစ်ဝက်သို့ ရောက်လာနေပြီဖြစ်သည်။ သူမသည် ဂူထျန်းမင်နှင့် ဂူထျန်းယွဲ့စီသို့ ရေခဲချွန်နှစ်ခုကို ပစ်လွှတ်လိုက်သည်။
နှစ်ဦးစလုံးသည် သူတို့၏ ဝေဟင်စွမ်းရည်များကို ကောင်းစွာထိန်းချုပ်နိုင်သည်။ ထို့ကြောင့် ရေခဲချွန်များကို မြင်သောအခါ ရှောင်ရှားရန်အလျင်စလိုကြိုးစားကြသည်။ သို့သော် နောက်ထပ်ရေခဲချွန်များသည် ဂူရွဲ့ ၏လက်ထဲတွင် ရှိနေပြီး သူတို့ထံသို့ ဆက်တိုက်ပစ်လိုက်သောအခါ သူတို့သည် ဂူထျန်းရီ ကိုကူညီရန်အခွင့်အလမ်းမရှိတော့ပေ။
ရှဲ့ရှဲ့ ၏အမြန်နှုန်းသည်အလွန်မြန်ဆန်သည်။ သူသည်လေထဲတွင်ပျံနေစဉ် သူ၏အလင်းနဂါးဓားကို ထုတ်လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုထွက်လာသည်။ ဂူထျန်းရီသည် မြေပြင်သို့ဆင်းရန်ကြံလိုက်သော်လည်း
ရှဲ့ရှဲ့က အလင်းနဂါးဓားဖြင့်
သူ့လွတ်မြောက်ရာလမ်းကြောင်းကို ပိတ်ဆို့ထားသည်။
ရှဲ့ရှဲ့သည် ဂူထျန်းရီ၏ ခြေထောက်ကိုဘယ်ဖက်လက်ဖြင့် ဆွဲလိုက်သည်။ ထိုမှတစ်ဆင့် လေပေါ်သို့ခုန်တက်ပြီး ဂူထျန်းရီကို သူ၏ အလင်းနဂါးဓား အပြားနှင့်ခေါင်းကိုရိုက်ချလိုက်သည်။
ထို့နောက် သူသည် ဂူထျန်းရီ ၏ပခုံးပေါ်မှတစ်ဆင့် မနီးမဝေးနေရာရှိ ဂူထျန်းယွဲ့
ဆီသို့ ငှက်ကြီးတစ်ကောင်ကဲ့သို့ ခုန်ဝင်သွားသည်။
"ဂူထျန်းရီ ထွက် "
လုံဟိန်းစုသည် မြေပြင်ပေါ်မှ ကြည့်နေပြီး ဂူထျန်းရီ ထွက်ကြောင်းကြေငြာခဲ့သည်။ ရှဲ့ရှဲ့သာသတ်လိုလျှင် ဂူထျန်းရီမှာ လည်ပင်းပြတ်နေပြီဖြစ်သည်။
ရှဲ့ရှဲ့စီမှ အလင်းတန်းသုံးခုထွက်လာပြီး ထိုအလင်းတန်းများမှတစ်ဆင့် ဂူထျန်းယွဲ့ရှေ့ကိုရောက်လာသည်။
ယခုအချိန်တွင် ဂူရွဲ့သည် လေထဲမှဆင်းသွားသည်။ သူမ၏ခန္ဓာကိုယ်သည်အစိမ်းရောင်စွမ်းအားများဖြင့် တောက်ပနေသည်။ လေစွမ်းအား၏ အကူအညီဖြင့် မြေပြင်ပေါ် အသာအယာ ဆင်းနိုင်လေသည်။
ပွဲစတင်သည့် အချိန်မှစ၍ ယခုအချိန်အထိ အချိန်အနည်းငယ်သာ ကြာသေးသော်လည်း တိုက်ပွဲသည်ပရိသတ်များကိုအံ့အားသင့်စေခဲ့သည်။
ဂူရွဲ့နှင့်ရှဲ့ရှဲ့တို့၏ အံ့သြဖွယ်ပေါင်းစပ်မှုက မြေပြင်၌တိုက်သကဲ့သို့ လွယ်ကူနေပုံသည်။ ဂူထျန်းမင်သည် တဖြည်းဖြည်း မြေပြင်ပေါ်သို့ ဆင်းနေသော ဂူရွဲ့ကို တိုက်ခိုက်ရန်ပြင်လိုက်သည်။ ဂူရွဲ့ကလည်းမလောပေ။ ဂူရွဲသည် ရေခဲလုံးသုံးလုံးက်ို ထုတ်ထားသော်လည်း မပစ်သေး။
ဂူထျန်းမင်သည် ဂူရွဲ့ထံပျံဝင်လာသည်။
အနားရောက်သောအခါ ဂူရွဲ့သည် ဘေးသို့အသာ ရှောင်လိုက်သည်။ ဂူထျန်းမင်မှာ ဂူရွဲ့ထံမှ ချော်ထွက်သွားကာ ပြန်အလှည့်တွင် သူ့ခါးကို တစ်စုံတစ်ခုက တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်သည်ကို ခံစားလိုက်ရသည်။ ဟုတ်ပါတယ် ထန်ဝူလင်းသည် ငွေပြာမြက်ချုပ်နှောင်ခြင်းကိုမြေပြင်မှ သုံးလိုက်ခြင်းဖြစ်သည်။ တစ်ဖက်တွင် ရှဲ့ရှဲ့သည် ဂူထျန်းယွဲ့၏ ပခုံးပေါ်တွင် မတ်တပ်ရပ်၍ မြေပြင်ပေါ်ဆင်းလာသည်။ ရှဲ့ရှဲ့သည် ဂူထျန်းယွဲ့၏ခေါင်းကိုဓားဖြင့်ထောက်ထားသောကြောင့် ဂူထျန်းယွဲ့မှာ မလှုပ်ရဲပေ။ ထန်ဝူလင်းမှာလည သူ့ရဲ့ ငွေပြာမြက်နွယ်ပင်ကိုဆွဲကာ ဂူထျန်းမင်ကို မြေပြင်ပေါ်ပြုတ်ကျစေခဲ့သည်။
ဂူထျန်းရီတို့ အားလုံးရှုံးသွားပြီဖြစ်သည်။
"ပထမတန်း အတန်း ငါး အနိုင်ရတယ်!"
လုံဟိန်းစု ကြေညာလိုက်သည်။
ထန်ဝူလင်းတို့သုံးယောက် သည်အံ့အားသင့်ဖွယ်များဖြင့်အနိုင်ရရှိခဲ့သည်။
ပိုအံ့သြစရာကောင်းသည်မှာ ဂူရွဲ့သည်သူမ၏ရေခဲဒြပ်စင်စွမ်းရည်များကိုပြသခဲ့သည်။ မြေကြီးဒြပ်စင်မဟုတ်တော့ပေ။
အမွှာသိုင်းဝိညာဉ်လား။
ထိုအရာက ဆရာများ အကြားတွင် အံသြစရာတစ်ခုဖြစ်သွားခဲ့သည်။ အထူးသဖြင့်ပတ်ဝန်းကျင်အခြေအနေများကိုသုံးသပ်သည့်အခါ အထူးသဖြင့် လုံဟိန်းစု ၏နှလုံးသားသည် နောင်တများနှင့်ပြည့်နေသည်။ ဝူကျန်းခုံသည် သူ့အား ဂူရွဲ့ကိုအတန်းငါးတန်းသို့ဝင်ခွင့်ပြုရန်လှည့်စားသွားခဲ့သည်။
ရဲရင့်ရွဲ့ လည်းအံ့သြသွားသည်။ သူမသည်လွန်ခဲ့သောလအနည်းငယ်က ဂူညီအကိုများကို လေ့ကျင့်ပေးခဲ့ပြီး ဤသုံးမွှာပူးတို့သည် လေထဲတွင်ရှိနေစဉ် တစ်ပြိုင်နက်တည်းလက်တွေ့ကျကျလုပ်ဆောင်နိုင်သည်ဟု သူမကိုယ်တိုင်ပြောခဲ့သည်။
ရဲရင့်ရုံ အသက်ပြင်းပြင်းရှူလိုက်ပြီး
သူမစိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် အားတင်းပြုံးကာ ဝူကျန်းခုံ ဘက်သို့လှည့်ရင်း
“ ဂုဏ်ယူပါတယ်ဆရာဝူ ။ မင်းတို့ အခုအတန်း သုံး အဆင့်ကို တက်သွားပြီ။ "
ဝူကျန်းခုံ က " ဒါငါ့ပန်းတိုင်မဟုတ်ဘူး။ ကျေးဇူးပြုပီး”
ဝူကျန်းခုံသည် ထန်ဝူလင်းတို့ သုံးယောက်ကို အေးစက်စက်တစ်ချက်ကြည့်ကာ စင်မြင့်ပေါ်မှထွက်သွားသည်။
"ဆရာ ဝူ က ငါတို့ကိုမကျေနပ်ဘူးလား၊ ငါတို့နိုင်တာကို သဘောမကျဘူးလား"
ရှဲ့ရှဲ့ က ထန်ဝူလင်းကိုမေးလိုက်သည်။
ထန်ဝူလင်းကပခုံးတွန့်ပြသည်။
"ငါဘယ်လိုလုပ်သိမှာလဲ? ဒါပေမယ့် ဆရာဝူရဲ့ အမူအရာအရ
ငါတို့ဒီပွဲကို ပြန်သုံးသပ်ဖို့ လိုတယ်ထင်တယ် ”
ဂူရွဲ့ ကခေါင်းငြိမ့်လိုက်သည်။
“ ငါတို့ အရင်မတိုက်ခိုက်သင့်ဘူး။ အဲဒီအစား ငါတို့ကအခွင့်အလမ်းကိုစောင့်ခဲ့ရမှာ။ ငါတို့မြေပေါ်မှာ ရပ်ပြီးကာကွယ်ခဲ့ရင်
သူတို့က ငါတို့ကို တိုက်ခိုက်ဖို့ မြေပြင်ပေါ် ပြန်ဆင်းလာဖို့ လိုလိမ့်မယ်။ ငါတို့နောက်တစ်ခါ ဒီလိုမှားလို့မရတော့ဘူး "