← Chapters

အခန်း (၈၃)

Vol. 6 Ch. 83

အခန်း (၈၃)

Vol. 6 Ch. 83

ရှဲ့ရှဲ့က ဂူရွဲ့ပြောသည်အတိုင်း ထန်ဝူလင်းအား

“ မင်း စိတ်မြန်လွန်းတယ် ငါ့က်ိုနောက်တစ်ခါ အဲ့လိုမလုပ်နဲ့ ငါမကြိုက်ဘူး”

ထန်ဝူလင်းက ဂူရွဲ့ကို

“ငါပထမဆုံး ပျံသန်းနိုင်တဲ့ ဝိညာဥ်မာစတာနဲ့ ရင်ဆိုင်တာမလို့ ငါစိတ်လောသွားတယ်။ ငါတောင်းပန်ပါတယ်”

ရှဲ့ရှဲ့ က “ ဟေ့၊ မင်းစိတ်က သူ့အပေါ်တော်တော်ကောင်းတာပဲ။ သူမက မင်းကိုဝေဖန်နေတောင် မင်းက လွယ်လွယ်ကူကူတောင်းပန်နေတာပဲ။ “

ဂူရွဲ့ ရယ်သည်။

“ ငါတို့နှစ်ယောက်ကြား သွေးထိုးဖို့ကြိုးစားတာအကျိုးမရှိဘူး။ တစ်စုံတစ်ယောက်က သေးငယ်တဲ့အမှားတစ်ခုကို ထောက်ပြရင် မင်းရဲ့အမှားတွေကို ၀ န်ခံပြီးပြောင်းလဲပါ။ လူကြီးလူကောင်းပီသစမ်းပါ။ လူတိုင်းကမင်းလိုပဲ ဦးနောက်သေးသေးလေးလို့ ထင်လား။ ဝူလင်း၊ ငါဒီည ပထမကောင်တာ မှာ မင်းကိုညစာကျွေးမယ်။ ဒါပေမဲ့ ထမင်းတစ်နပ်ပဲနော်! “

ထန်ဝူလင်း ပြုံးလိုက်သည်။

“ကောင်းသားပဲ! ။ ပြီးရင်သွားကြစို့။ ငါဗိုက်ဆာနေပြီ။ “

ရဲရင့်ရုံသည် ထိုသုံးယောက်ကို ရပ်ကြည့်နေသည်။

“ သူတို့ကရန်သူကိုဘယ်လိုခုခံရမလဲ မစဥ်းစားဘူး။ အဲ့ဒီ အစား တန်ပြန်တိုက်ခိုက်ခဲ့တယ်။ နောက်ပီး သူတို့က စင်ပေါ်မှာအချိတ်ဆက်မိမိ ကစားသွားခဲ့တယ်။ သူတို့ ဘယ်လိုတောင်အစွမ်းထက်တာလဲ သူတို့ရဲ့ပူးပေါင်းတိုက်ကွက်တွေက တော်တော်အစွမ်းထက်တာပဲ “

သူမသည်အိတ်ဲမှဝိညာဉ်ဆက်သွယ်ကိရိယာထုတ်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုကိသည်။

သိပ်မကြာခင်မှာပဲဖြူစင်သန့်ရှင်းပုံရသည့်အမျိုးသမီးအသံကိုကြားလိုက်ရသည်။

“ဘာလဲ ညီမလေး”

ရဲရင့်ရုံ က “အစ်မ၊ ငါရှုံးပြီ”

“မင်းရှုံးပြီဟုတ်လား? ပြိုင်ဘက်တွေကလည်း ပျံသန်းဝိညာဥ်မာစတာတွေလား။ “

ရဲရင့်ရုံ ကရယ်ရယ်မောမောပြောပြီး

“ မဟုတ်ဘူး။ သူတို့ရဲ့အဖွဲ့လိုက်လုပ်ဆောင်ချက်တွေက ထူးခြားတယ်၊ သူတို့အဖွဲ့က ထူးချွန်တဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတယ်။ အမ၊ မင်းသတိထားဖို့လိုတယ်။ မင်းရဲ့အတန်းက ဒီတစ်ခါ ထိုက်တန်တဲ့ပြိုင်ဘက်တွေနဲ့ တွေ့နိုင်တယ်။ ရေခဲမျက်နာမင်းသားရဲ့ကျောင်းသားတွေကကိုင်တွယ်ဖို့ မလွယ်ဘူး။ မင်းသေချာပြင်ဆင်ထားရမယ်! “

ဆက်သွယ်ကိရိယာသည်တခဏတိတ်ဆိတ်သွားပြီးနောက် အေးစက်သောအသံတစ်ခုထွက်လာကာ

“ငါဒီနေ့ကိုစောင့်နေတာကြာပြီ။ အဲဒီအချိန်က သူ ငါ့ကိုအရှက်ခွဲခဲ့တယ်၊ ဒါပေမယ့် ဒီတခါ ငါသူ့ကိုပြန်ပေးဆပ်ခိုင်းရလိမ့်မယ်။ ”

“အမ၊ မင်း…”

ရဲရင့်ရုံသည် သူ့အစ်မကိုပြန်ပြောဖို့အခွင့်မရှိပေ။

ရဲရင့်ရုံ သက်ပြင်းချလိုက်ပြီး

“ မင်းကအရမ်းပြိုင်လွန်းတယ်။ အဲဒီအချိန်တုန်းက သူ မင်းကိုငြင်းပယ်တာ။ သူမမှားခဲ့ဘူး၊ ဒါပေမယ့်မင်းဒေါသထွက်ခဲ့တာ နှစ်နှစ်ရှိနေပြီ! တန်လို့လား.. “

ညနေစာစားပြီးနောက် ရှဲ့ရှဲ့ က သူတို့နှစ်ယောက် အကယ်ဒမီကနေ အပြင်ထွက်လည်ဖို့အကြံပေးခဲ့ပေမယ့် ထန်ဝူလင်း ကချက်ချင်းငြင်းဆန်ခဲ့တယ်။ သူ့အကြောင်းပြချက်ကရိုးရှင်းပါတယ်၊ ဝိညာဥ်စွမ်းအားတိုးတက်အောင် လေကျင့်ချင်သေးသည်။

ဝိညာဉ်စွမ်းအားသည် အရာအားလုံးအတွက် အခြေခံဖြစ်သည်။ ဤအရာသည် ပထမဆုံးနှင့်အရေးအကြီးဆုံးသင်ခန်းစာဖြစ်သည်။

ထို့ပြင် လူတစ် ဦး၏ဝိညာဉ်စွမ်းအားကိုတိုးတက်စေရန် ဖြတ်လမ်းများမရှိချေ။ တိုးတက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အဆက်မပြတ်တရားထိုင်ခြင်းအားဖြင့်ဖြစ်သည်။

ထို့ကြောင့် ထန်ဝူလင်းသည် တရားထိုင်ခြင်းကို ပြုလုပ်ပြီး သူ၏ဒုတိယဝိညာဥ်ကွင်းကို ရရှိရန်အစွမ်းကုန်ကြိုးစားနေရသည်။ ၀မ်းနည်းစရာကောင်းသည်မှာ

သူတို့၏တံခါးမဖွင့်မီ အချိန်အနည်းငယ်တွင်ကျုံးကျန်စီ ပြေးလာသည်။

“မကောင်းဘူး။ ရှဲ့ရှဲ့ ၊ဝူလင်း မင်းတို့ မြန်မြန်လာကြည့် ။ လူတစ်စု အကယ်ဒမီဂိတ်မှာ ရောက်နေ တယ်။ သူတို့ရဲ့ခေါင်းဆောင်က တော်တော်အစွမ်းထက်ပုံရတယ်။ ပြီးတော့ သူတို့နှစ်ယောက်က မင်းတို့ နဲ့ ဂူရွဲ့ ရဲ့ပုံကိုကိုင်ထားတယ်။ သူတို့က မင်းတို့သုံးယောက်ကို သူတို့လက်ထဲအပ်ဖို့ အကယ်ဒမီကိုတောင်းဆိုနေတယ်။ ဆရာတွေ ထွက်လာမှာကြောက်ရတယ် “

ထိုအခါ ထန်ဝူလင်းတို့အချင်းချင်းတစ်ချက်ကြည့်လိုက်သည်။

‘ဖြစ်နိုင်လား ... ?’

“သွား! သွားကြည့်ရအောင်! “

ထန်ဝူလင်းတို့နှစ်ယောက် အပြင်ကိုအမြန်ထွက်ခဲ့ကြသည်။ သူတို့အိပ်ဆောင်မှထွက်သည်နှင့် ဂူရွဲ့ ကိုတွေ့လိုက်ရသည်။

“မင်းလည်းကြားပြီးပြီလား?”

ထန်ဝူလင်းကဂူရွဲ့ ကိုမေးသည်။

ဂူရွဲ့က ခေါင်းငြိမ့်လိုက်ပေမယ့်သူမရဲ့အမူအရာကမပြောင်းလဲခဲ့ပေ။

“မနေ့ကဖြစ်ပျက်ခဲ့တာတွေကြောင့်မလား”

ရှဲ့ရှဲ့ ရဲ့မျက်လုံးထဲတွင်အေးစက်သောအလင်းတန်းတစ်ခုထွက်ပေါ်လာသည်။

“သွားကြရအောင်!”

ထိုစကားကိုပြောပြီး သူသည် ထန်ဝူလင်း ကိုဆွဲကာ အကယ်ဒမီရဲ့ပင်မတံခါးဆီ ဦး တည်လျှောက်သွားလေသည်။

“နေဦး!” ထန်ဝူလင်း ကပြောသည်။

ရှဲ့ရှဲ့ ကဒေါသတကြီးဖြင့်

“ငါတို့ ဘာကိုစောင့်နေရမှာလဲ။ ဒီကောင်တွေက မနေ့က လူတွေဆိုရင် ငါတို့ သူတို့ကိုထပ်ပြီးအနိုင်ယူတယ်။ လူတွေကိုအကာအကွယ်အတွက် အခကြေးငွေပေးဖို့အနိုင်ကျင့်တဲ့ သူခိုးတွေက အကယ်ဒမီကိုလာပြီး ပြသနာရှာရဲတယ် ”

ထန်ဝူလင်းသည် ရှဲ့ရှဲ့ကိုဆွဲထားသည်

“မင်းစဥ်းစားကြည့် ဒါကအကယ်ဒမီဆိုတာ သိသိကြီးနဲ့လာတာဆိုတော့ သူတို့နောက်က တော်တော်အင်အားကြီးမှာပဲ မင်း သေချာစဥ်းစား ရှဲ့ရှဲ့”

ထန်ဝူလင်း၏စကားများကိုနားထောင်နေစဉ် ရှဲ့ရှဲ့သည် သူ၏တည်ငြိမ်မှုကိုပြန်ရလာသည်။ သူသည်ထက်မြက်သောကောင်လေးတစ်ယောက်ဖြစ်ပြီး ထန်ဝူလင်း ၏အဓိပ္ပါယ်ကိုနားလည်ပြီးနောက်စိတ်မြန်သောအတွေးများမရှိတော့ပါ။

ဂူရွဲ့ ကခေါင်းညိတ်သဘောတူလိုက်သည်။

“ ဒီကိစ္စမှာငါတို့ ဆရာဝူနဲ့အရင်တိုင်ပင်သင့်တယ် ။ ငါတို့ဆရာဝူကိုအရင်သွားတွေ့သင့်တယ် “

ကျုံးကျန်စီက “ အပြင်မှာ လူနှစ်ရာလောက်ရှိတယ်။ မင်းတို့တွေဘာလုပ်ထားကြတာလဲ “

ထန်ဝူလင်း က“ ငါနောက်မှပြောမယ်။ သွားကြရအောင်။ ငါတို့ဆရာဝူကိုအရင်ရှာရမယ် “

“ ဆရာဝူက ထမင်းစားပြီး တရားထိုင်လေ့ရှိတယ် ငါတို့ အမှီသွားရမယ် “

ရိုးရာအဖြူရောင် အကျီ ၀ တ်ထားသော ဝူကျန်ခုံသည် တံခါးကိုဖွင့်လိုက်သည်။ သူသည် ထန်ဝူလင်းတို့သုံးယောက်ကိုမြင်သောအခါ

“မင်းတို့ဘာမေးစရာရှိလို့လဲ”

ရှဲ့ရှဲ့မှာ မောက်မာတတ်သော်လည်း ဝူကျန်ခုံ နှင့်ရင်ဆိုင်ရသောအခါ စကားပြောရန်ပင် သတ္တိမရှိချေ။ ထိုအစားသူက

ထန်ဝူလင်းကို မျှော်လင့်တကြီးကြည့်လိုက်သည်။

ထန်ဝူလင်း က

“ ဆရာဝူ ငါတို့ဒုက္ခရောက်ပြီ…”

ထို့နောက် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။

ဝူကျန်းခုံသည်ဂရုမစိုက်သောအမူအရာဖြင့်နားထောင်နေကာ ထန်ဝူလင်းစကားပြီးသည်နှင့် အေးစက်စွာ

“မင်းတို့က တကယ် အစွမ်းအစရှိပုံရတယ်!”

ထိုစကားကိုပြောပြီးသည်နှင့် ဝူကျန်းခုံသည် အကယ်ဒမီပင်မတံခါးရှိရာသို့ လျှောက်သွားလေသည်။

ထန်ဝူလင်းတို့သုံး ဦး သည် ဝူကျန်းခုံ နောက်သို့လိုက်သွားပြီးအကယ်ဒမီ၏တံခါးဆီသို့ ဦး တည်ခဲ့သည်။

အရှေ့ပင်လယ်အကယ်ဒမီ၏တံခါးအပြင်ဘက်တွင် အနည်းဆုံးလက်နက်နှစ်လက် ကိုင်ဆောင်ထားသည့် ရက်စက်ကြမ်းကြုတ်သောပုံစံရှိသည့် လူနှစ်ရာထက် မနည်းသောလူအုပ်ကြီး ရှိနေသည်။ ၎င်းတို့အနက် အစိုးရအဖွဲ့ချုပ်ကတားမြစ်ထားသောဝိညာဉ်လက်နက်ပစ္စည်းများ ကိုင်ဆောင်ထားသော လူအနည်းစုလည်းပါသည်။

ဝိညာဉ်နည်းပညာတိုးတက်မှုနောက်တွင်၊ ဝိညာဉ်ပစ္စည်းများသည်သာမန်လူများပင် သုံးနိုင်အောင် တီထွင်နိုင်လာကြသည်။

ဝိညာဥ်မာစတာသည် မြင့်မြတ်သောရာထူးများရှိနေသော်လည်း နည်းပညာကြောင့် သူတို့နှင့်သာမန်လူတို့အကြားကွာဟချက်သည် နည်းပါးလာသည်။

အရှေ့ပင်လယ်အကယ်ဒမီတွင်အလယ်တန်းနှင့်အဆင့်မြင့်ကျောင်းသားများသည် ဂိတ်အနီးတွင်စည်ကားလျက်ရှိသည်။ အကယ်ဒမီကို ဝိုင်းထားသော လူများမှာ ထန်ဝူလင်းတို့ သုံးယောက်ဓာတ်ပုံကိုကိုင်ထားလေသည်။ ထို့နောက်

လူလေးယောက်သည် ကွမ်းလုံက်ို ထမ်းစင်ပေါ်တင်ကာ ပိတ်ကျဲစနှင့်ဖုံးအုပ်ထားသည်။

အခြားလူတစ်စုက

“ အသက်ကိုအသက်နဲ့ပေးဆပ်ရမယ်”

ဟူသောစာတန်းပါသည့်ဆိုင်းဘုတ်ကြီးတစ်ခုကိုကိုင်ထားသည်။

“ တရားခံကိုလွှဲပေးပါ ”

ကံကောင်းထောက်မစွာပင် ဤနေရာသည် ဝိညာဥ်မာစတာအကယ်ဒမီဖြစ်သည်။

ဤလူများသည် သူတို့၏ကျောထောက်နောက်ခံကို ယုံကြည်မှုရှိသော်လည်း အကယ်ဒမီကို ချက်ချင်းမတိုက်ခိုက်ဝံ့ပေ။ သူတို့၏ခေါင်းဆောင်သည်အရပ်နှစ်မီတာကျော် ( ၆ ပေ) နီးပါးရှိပြီး အလွန်ကြံ့ခိုင်တောင့်တင်းသောခ န္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ရုပ်ရည်မှာလည်း ကွမ်လုံနှင့်ဆင်တူသည်။ ခေါင်းဆောင်ဖြစ်သူမှာ အနည်းငယ်ထိပ်ပြောင်နေပြီး ဘေးနှစ်ဖက်တွင်သာ ဆံပင်အနည်းငယ်ရှိသည်။

သူ၏ကြောက်စရာကောင်းသောအသွင်အပြင်ကြောင့် သူသည် ကွမ်းလုံ ၏အဆင့်မြှင့်ထားသော လူတစ်ယောက်နှင့်တူသည်။ ထိုသူ၏ မှိုင်းညို့နေသောမျက်လုံးများသည် ဓာတ်ပုံထဲမှလူသုံး ဦး ကို အဆင်မပြတ် ရှာဖွေနေ သည်။

ထိုအချိန်တွင်ဒေါသတကြီးအသံတစ်ခုထွက်လာသည်။ လုံဟိန်းစု သည်သူ့နောက်တွင်ဆရာ ၁၀ ယောက်ကျော်နှင့်အတူပေါ်လာသည်။

“ ဘယ်သူက သတ္တိကောင်းပြီး ငါ့အကယ်ဒမီကို လာဝိုင်းထားတာလဲ “

ထိုအခါ ခေါင်းဆောင်ဖြစ်သူက

“ငါ့နာမည်က ကွမ်းပေါင် ။ ထမ်းစင်ပေါ်ကတစ်ယောက်က ငါ့ညီလေးပဲ”

သူ၏ အသံသည်လူတိုင်း၏နားထဲတွင်ပဲ့တင်ထပ်နေသောမိုးခြိမ်းသံကဲ့သို့ဖြစ်သည်။

‘ဒီလောက်အစွမ်းထက်တဲ့ဝိညာဉ်စွမ်းအား! ဒီကောင်ရဲ့ဝိညာဥ်အဆင့်က ... “

“ကွမ်းပေါင်၊ မင်းက အရှေ့ပင်လယ်မြို့ ရဲ့စက်လက်နက်တပ်မဟာရဲ့ကပ္ပတိန်လား။ အဲဒီ ကွမ်းပေါင် လား “

မြို့တိုင်းတွင်ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့များရှိသည်။ မြို့အတွင်းတွင် ရဲအင်အားများအပြင် စစ်တပ်များလည်းရှိသည်။

အရှေ့ပင်လယ်မြို့သည် အဓိကကမ်းရိုးတန်းမြို့ ဖြစ်သဖြင့် အစိုးရအဖွဲ့ချုပ်သည် စက်လက်နက်စစ်တပ် ကိုဖွဲ့စည်းခဲ့သည်။ ဤမြို့ တွင် စက်လက်နက်တပ်သား ငါးရာကိုတပ်ဖြန့်ထားသည်။

All Chapters