အခန်း (၈၄)
Vol. 6 Ch. 84
စက်လက်နက်တပ်မဟာသည်
မဟာတပ်ရင်းအဆင့်တွင်ရှိနေပြီး
၎င်းသည် အရှေ့ပင်လယ်မြို့ ၏အမှုဆောင်အရာရှိချုပ်ထက် အဆင့်နိမ့်သည်။ တစ်ချိန်တည်းမှာပင် ဤအဆင့်နှစ်ခုအကြား လက်အောက်ခံဆက်ဆံရေးမရှိခဲ့ပေ။
လုံဟိန်းစု အမူအရာပြောင်းသွားသည်။
အရှေ့ပင်လယ်မြို့၏အမှုဆောင်အရာရှိချုပ်သည် ယခုဤနေရာတွင်ရှိနေလျှင်ပင် ကွမ်းပေါင် အားအမိန့်ပေးနိုင်စွမ်းမရှိပေ။
“ ငါ တပ်မဟာမှူးအဖြစ် လာတာမဟုတ်ဘူး။ အကိုတစ်ယောက်အနေနဲ့လာတာ။ ငါ့ညီကို ဒီလိုဖြစ်စေတဲ့ တရားခံတွေကိုထုတ်ပေးပါ "
ကွမ်းပေါင် ကအေးစက်စွာပြော သည်။
"ကွမ်းပေါင် ။ မင်းအနေနဲ့ ဒီမှာနားလည်မှုလွဲတာတွေရှိလိမ့်မယ်လို့ထင်တယ်"
လုံဟိန်းစု သည် လေသံကို အနည်းငယ်လျော့ကာ ပြောလိုက်သည်။
“ မင်းရဲ့ဓာတ်ပုံထဲကလူတွေက ကလေးသုံးယောက်ပဲ။ မင်းရဲ့ညီ ကို ဒီကလေးသုံးယောက်က ဒဏ်ရာရစေမယ်လို့ ငါတော့မထင်ဘူး "
ကွမ်းပေါင်သည် အသေးအဖွဲလူတစ်ယောက်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။ သူသည်စက်လက်နက် တပ်မဟာကိုထိန်းချုပ်ထားသူတစ် ဦး ဖြစ်သည်။ ဆိုလိုသည်မှာသူ၏နောက်မှ လူအားလုံးသည် စက်လက်နက်မာစတာများ ဖြစ်သည်။ သာမာန်လူများသည် စက်လက်နက်မာစတာ တစ်ယောက်ဖြစ်လာနိုင်သော်လည်း တွေ့ရခဲသည်။ စက်လက်နက်မာစတာ အများစုသည် ဝိညာဥ်မာစတာ များဖြစ်သည်။ သူတို့ရဲ့အဆင့်မမြင့်ရင်တောင် သူတို့မှာကြွယ်ဝတဲ့ တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ ဝိညာဉ်လက်နက်ကိရိယာများကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်သည်။ ဒီလိုလူမျိုးတွေရှေ့မှာ အကယ်ဒမီကသူတို့နဲ့ယှဥ်မတိုက်နိုင်ပေ။
ကွမ်းပေါင် ၏ဘဝအကြောင်းကိုလည်းကြားဖူးသည်။ ကွမ်ပေါင်သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် သာမန်မိသားစုမှဖြစ်ပြီး သူ၏မိဘနှစ် ဦး စလုံးသည် ငယ်စဉ်ကပင်သေဆုံးခဲ့သည်။ သူ၏ကိုယ်ပိုင်အရည်အချင်းနှင့် သူ၏ကြိုးစားအားထုတ်မှုကိုအားကိုးကာ သူသည် အသက် ၃၅ နှစ်တွင် သူ၏လက်ရှိနေရာကို ရောက်ရှိအောင် လုပ်နိုင်ခဲ့သည်။ ဤရာထူးနှင့် ကွမ်းပေါင်သည် ကွင်းခြောက်ကွင်းဖြင့် ဝိညာဉ်ဧကရာဇ်အဆင့်လည်း ဖြစ်သည်။ သူ၏ စက်လက်နက်မာစတာ ရာထူးသည်လည်း ဧကရာဇ်အဆင့် သို့ရောက်ခဲ့သည်။
"နားလည်မှုလွဲတယ် ဟုတ်လား။ ကလေးတွေ ဟုတ်လား။ သူတို့လက်ထဲမှာ ငါ့ညီ သေလုမျောပါး ရိုက်နှက်ခံခဲ့ရတယ်။ သူ့အကိုတစ်ယောက်အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖို့ ငါ့မှာ တာဝန်ရှိတယ်။ အပိုပြောတာတွေကို ရပ်ပြီးဒီကလေး တွေကို ငါ့လက်ထဲအပ်ပါ။ ငါဒီမှာစောင့်နေတယ်ဆိုတာ မင်းတို့အကယ်ဒမီကို မျက်နှာပေးထားလို့ပဲ။ မင်း ဒီလူတွေကိုမိနစ် ၂၀ အတွင်း မလွှဲပေးဘူးဆိုရင် ငါတို့ကိုယ်တိုင် ဝင်ရှာမယ် "
လုံဟိန်းစုက ထိုစကားကြောင့် ဒေါသထွက်သွားပြီ
" ကွမ်းပေါင် ဒီနေရာက အကယ်ဒမီတစ်ခု။ ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာ။ မင်းတောင်းသလို ထည့်ချင်တိုင်းထည့်ပေးတဲ့နေရာမဟုတ်ဘူး။ မင်း အဲ့ကလေးတွေကို လိုချင်ရင် ငါ့အလောင်းကိုဖြတ်ကျော်သွားနိုင်မှ ရမယ်"
ဒါရိုက်တာလုံ၏စကားကို ကြားသောအခါ ကျောင်းသားများ သွေးများဆူပွက်လာပြီး အဆင့်မြင့်ကျောင်းသားများပင် တိုက်ခိုက်ရန် ရှေ့သို့တိုးကာ လုံဟိန်းစုနောက်တွင်ရပ်လိုက်ကြသည်။
ထိုအခါ
ကွမ်းပေါင်သည် အကယ်ဒမီ၏ မြေပြင်ကို တစ်ချက်ဆောင့်နင်းလိုက်ရာ မြေကြီးများတုန်သွားပြီး ကျောင်းသားအချို့ပင်လဲကျကုန်သည်။
“ငါ့ခွန်အားကိုငါယုံတယ်။ မင်းရဲ့တပည့်တွေက ငါ့ကိုတားနိုင်မယ်လို့ မင်းထင်လား။ ငါ့ညီ ကို နာကျင်အောင် လုပ်ခဲ့တဲ့တရားခံတွေကို လက်လွှဲဖို့ငြင်းတယ်။အမှန်တရားက ဘယ်မှာလဲ။ ငါ မင်းနဲ့အဆင်ပြေပြေပြောဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် မင်း လက်မခံတာကြောင့် ငါရှာမယ့်သူတွေကို ငါကိုယ်တိုင်ပဲ ဝင်ရှာမယ်။ တားတဲ့သူငါနဲ့တွေ့မယ်။ ”
ထိုအချိန်တွင်အကယ်ဒမီမှ အေးစက်သောအသံတစ်ခုထွက်ပေါ်လာသည်။
“ အကျိုးသင့်အကြောင်းသင့် ပြောရတာကို ငါမကြိုက်ဘူး။ ငါတို့ လက်သီးတွေနဲ့စကားပြောတာပိုကောင်းတယ် "
အရှေ့ပင်လယ် အကယ်ဒမီရှေ့တွင်လူတစ် ဦး ပေါ်လာသည်နှင့်အမျှ ရှိနေသူများသည် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်မှုန်ဝါးဝါးသွားသလို ခံစားလိုက်ရသည်။
အဖြူရောင် ဝတ်စုံကို ၀တ်ဆင်ထားသည့်လူတစ်ဦးဖြစ်ပြီး စိမ်းပြာသောမျက်လုံးများနှင့်သန္တာပြာရောင်ဆံပင်များက သူ့ကျောပေါ်သို့ ကျဆင်းနေသည်။
သူသည် ထိုနေရာတွင်မတ်တပ်ရပ်နေစဉ်လေထုအပူချိန်သည် ဒီဂရီအနည်းငယ်ကျဆင်းသွားသည်။
"ဆရာ ဝူ အဲ့ဒါ ..ဆရာ ဝူ…”
အရှေ့ပင်လယ်အကယ်ဒမီ ဘက်မှကျောင်းသားအချို့က သူ့ကိုစတင်အားပေးလာကြသည်။
"မင်းဘယ်သူလဲ?"
ဝူကျန်းခုံ က
“ မင်းရှာနေတဲ့ ကျောင်းသားသုံးယောက်က ငါ့ကျောင်းသားတွေဘဲ။ မင်းငါ့ကိုအနိုင်ယူနိုင်ရင် မင်းရှေ့ဆက်နိုင်တယ်။ မဟုတ်ရင် လာလမ်းအတိုင်း ပြန်လိုက်တော့ ”
"ဟားဟားဟားဟား! ကောင်းပြီ၊အရင်တုန်းက ဒီလိုပုံစံနဲ့ ငါ့ကိုစကားပြောရဲတဲ့သူကို မတွေ့ခဲ့ဖူးဘူး။ မင်းက ငါ့ရဲ့စိတ်ဝင်စားမှုပေးတာပဲ "
ကွမ်းပေါင် ပြုံးနေသော်လည်းသူ့အတွင်း၌မီးတောက်တစ်ခုကဒေါသတကြီးတောက်လောင်နေသည်။
သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သောအဝါရောင်အလင်းတန်းတစ်ခုထွက်လာသည်။ အဝါရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ ခရမ်းရောင်၊ ခရမ်းရောင်၊ ခရမ်းရောင်။ ကွမ်းပေါင်အောက်မှ ဝိညာဉ်ခြောက်ကွင်းပေါ်လာသည်။
ဝိညာဉ်ဧကရာဇ်..
ကွင်းခြောက်ကွင်း ဝိညာဉ်ဧကရာဇ်...
ကျောင်းသားများထံမှရုတ်တရက်အာမေဋိတ်သံတစ်ခုထွက်ပေါ်လာသည်။
သူ၏သိုင်းဝိညာဉ်ကိုလွှတ်လိုက်သောအခါ ကွမ်းပေါင်အရပ်သည် မီတာဝက် သို့မဟုတ် ၁ ပေခွဲ ခန့် အရပ်ပိုရှည်သွားသည်။
ကွမ်းပေါင် ၏သိုင်းဝိညာဉ်သည် ကွမ်းလုံ၏ သံချပ်ကာနဂါးနှင့်ဆင်တူသည်၊ သို့သော် ထုတ်လွှတ်လိုက်သော အငွေ့အသက်များသည် ကွမ်းလုံထက် ပိုမိုအစွမ်းထက်သည်။
ဝူကျန်းခုံသည်လည်း လေပေါ်သို့ ဖြည်းညှင်းစွာ မြှောက်တက်သွားကာ အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။
ထိုအခိုက်အတန့်တွင်
အကယ်ဒီရှေ့၌ ရှိနေသူအားလုံးသည်ဆောင်းရာသီရောက်သွားသကဲ့သို့ သူတို့ခန္ဓာကိုယ်များ ရုတ်တရက်အေးစက်လာသည်။
ဝူကျန်းခုံ သည် သူ၏ ညာလက်ကိုလေထဲသို့မြှောက်လိုက်သည်။ သူ၏လက်၌ အပြာရောင်ဖျော့ဖျော့ ဓားရှည်တစ်ခု ပေါ်လာလေသည်။
ဆောင်းဦးပေါက်ကဲ့သို့ ဓားဖျားမှဓား၏အလင်းရောင်သည် ရေတံခွန်ကဲ့သို့စီးဆင်းနေသည်။
အဖြူရောင်ဝတ်စုံ နှင့် အပြာရောင်
ဓားရှည်...
အရှေ့ပင်လယ်အကယ်ဒမီ၌ ဝူကျန်းခုံတိုက်ခိုက်သည်ကို လက်တစ်ဆုပ်စာသာမြင်တွေ့ဖူးသည်။ ထို့ကြောင့်ကြည့်ရှုသူအားလုံးသည် ထိုဓားကိုသာ အာရုံစိုက်မိနေသည်။
ဝူကျန်းခုံ၏ အောက်မှဝိညာဥ်ကွင်းများပေါ်လာသည်။ တောက်ပပြီးဆွဲဆောင်မှုရှိသောဝိညာဉ်ကွင်းအရောင်များဖြစ်သည်။ အဝါရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ ခရမ်းရောင်၊ အနက်ရောင်၊ အနက်ရောင်
နောက်ဆုံး ဝိညာဉ်ကွင်းနှစ်ကွင်းမှာအနက်ရောင်များဖြစ်သည်။ အနက်ရောင်သည်နှစ်တစ်သောင်းကိုကိုယ်စားပြုသည်။ ထိုအရာများသည်နှစ်တစ်သောင်း ဝိညာဉ်ကွင်းများဖြစ်သည်။
ဝူကျန်းခုံသည် လေထဲတွင် တိတ်ဆိတ်စွာရပ်နေသော်လည်း ကွမ်းပေါင်၏ယခင်ကပြင်းထန်သောအရှိန်အဝါများမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
" နှစ်တစ်သောင်း…နှစ်တစ်သောင်း ဝိညာဉ်ကွင်း…အဲဒါဘယ်လိုလုပ်ဖြစ်နိုင်လဲ…နှစ်တစ်သောင်း ဝိညာဉ်ကွင်းတွေဘယ်လိုဖြစ်နိုင်လဲ "