အခန်း (၈၅)
Vol. 6 Ch. 85
ကွမ်းပေါင်သည် ဝူကျန်းခုံ ကိုမှင်တက်သောအမူအရာဖြင့် ကြည့်လိုက်သည်။ ဝိညာဉ်သားရဲများ မျိုးသုဉ်းပျောက်ကွယ်ချိန် မှစ၍ တစ်နှစ်လျှင်တစ်သောင်းဝိညာဉ်ကွင်း တစ်ကွင်း ပေါ်လာရန် ခဲရင်းသည်။ ဝိညာဉ်စေတီတော်အတွက်ပင်
နှစ်တစ်သောင်းဝိညာဉ်များကို ထုတ်လုပ်ရန် လွန်စွာခက်ခဲသည်။
‘ဒါပေမယ့်ဘယ်လို? သူကနှစ်တစ်သောင်းဝိညာဉ်ကွင်း ဘယ်လိုရနိုင်မှာလဲ။ သူ့က ဘယ်သူလဲ။ သူက ဒီလို အသက်ငယ်ငယ်နဲ့ နှစ်တစ်သောင်းဝိညာဉ်ကွင်းတွေကို ရထားတယ်”
ထိုဖိအားသည် ကွမ်းပေါင် အပေါ်သက်ရောက်မှုရှိသည်။ နှစ်တစ်သောင်းဝိညာဉ်ကွင်း နှစ်ကွင်းပိုင်ဆိုင်ထားသော
ဝိညာဥ်ဧကရာဇ်နှင့် ရင်ဆိုင်ရသောအခါ သူနိုင်ရန် မဖြစ်နိုင်ပေ။
ဝူကျန်းခုံက သူ့ကိုကြည့်ဖို့တောင်စိတ်မဝင်စားပေ။ ထိုအစား သူ့ခေါင်းကို ငုံ့ထားပြီး သူ့လက်ထဲမှ ဓားရှည်ကိုသာ ကြည့်နေသည်။
မိုးမခဓားသည် သူ့သိုင်းဝိညာဉ်၏နာမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ထိုဓားကို သိမ်းထားခဲ့သည်။ ဤဓားပြန်လည်ပေါ်လာခြင်းက မိတ်ဆွေဟောင်းနှင့်ပြန်ဆုံရသလိုပင်။
သူ၏အမူအရာသည်လည်း ပုံမှန်အတိုင်းအေးစက်မနေပဲ နောင်တရနေသော အမူအရာများ ဖြစ်လာသည်။ သူသည်
သူ့ဓားကိုကြည့်နေပုံမှာ သူချစ်ရသူ တစ်ယောက်ကို ကြည့်နေသလိုပင်ဖြစ်သည်။
“ဟူး!”
ကွမ်းပေါင် သက်ပြင်းချလိုက်သည်။
သူ့လက်အောက်ငယ်သားအားလုံးရှေ့မှာသူကြောက်ပြနေရင် သူ့ကိုပျော့ညံ့သူလို့ထင်သွားလိမ့်မည်။ ထိုအခါ သူတို့ကိုဘယ်လိုဦးဆောင်နိုင်မှာလဲ။
ဒါကဒီတိုက်ပွဲကနေ သူနောက်မဆုတ်နိုင်ရတဲ့အကြောင်းရင်းဖြစ်သည်။
သူ၏ပထမဆုံးသောဝိညာဉ်ကွင်းတောက်ပသွားပြီး သူ၏သံချပ်ကာနဂါးကိုယ်ထည်ထွက်လာသည်။
သံချပ်ကာနဂါးကိုယ်ထည်......
အဆင့်အတန်း၊ အမြန်နှုန်း (သို့) စွမ်းအား မခွဲခြားလျှင်ပင် သူတို့နှစ် ဦး စလုံးသည်အလွန်ကြောက်စရာကောင်းသည်။
ကွမ်းပေါင်သည်
သူ့ရဲ့ကြီးမားသောလက်သီးများဖြင့်
အရှေ့ သို့တက်လာသည်။
တစ်ယောက်ယောက်သာ ထိုလက်သီးနှင့် ထိမိရင်သေကောင်းသေသွားနိုင်သည်။ သို့သော်
ဝူကျန်းခုံသည်သူ၏ မိုးခမဓားရှည်ကိုသယကြည့်နေသည်။
သံချပ်ကာနဂါး၏လက်သီးသည်ဟာရီကိန်းကဲ့သို့အလွန်ကြီးမားသည်။
“ဆရာ၊ သတိထား!” ထန်ဝူလင်းကအဝေးကအော်လိုက်သည်။
ထိုအခါမှ ဝူကျန်းခုံ သတိပြန်ဝင်လာပြီး သူရဲ့မိုးမခဓားကိုဝှေ့ရမ်းလိုက်ကာ
နဂါးတစ်ကောင်ကဲ့သို့ အားမာန်အပြည့်နဲ့လာနေသော ကွမ်းပေါင်၏လက်သီးကို တားလိုက်သည်။ ကွမ်းပေါင်သည် နောက်ခြေတစ်လှမ်းဆုတ်သွားရသည်။
ကွမ်းပေါင် ပြန်တိုက်ရန်ပြင်လိုက်သော်လည်း ဝူကျန်းခုံ၏ ဓားက သူ့လက်သီးကိုထိသွားသောအခါ သူ့သွေးကြောများနှင့်ခန္တာကိုယ်တစ်ခုလုံးကို နာကျင်သွားရသည်။
ဝူကျန်းခုံ၏ မိုးမခဓားထံမှ
ဓားအရိပ်ခုနှစ်ချောင်းထွက်လာပြီး
ကွမ်းပေါင်ထံ ပစ်လွတ်လိုက်သည်။
ကွမ်းပေါင်သည် ထိုဓားများကို ခုခံရင်း နောက်သို့ ခုနှစ်လှမ်းပင် ထပ်ဆုတ်လိုက်ရသည်။
ကွမ်းပေါင်သည် ဝူကျန်းခုံကို ကြည့်လိုက်ရာ
ဝူကျန်းခုံ၏မျက်လုံးများသည် ခရမ်းရောင်တောက်နေသည်ကို မြင်လိုက်ရသည်။
အစမှအဆုံး ဝူကျန်းခုံသည် သူ့အကြည့်ကိုဓားမှမခွာခဲ့ပေ။ ထိုစဥ် ကွမ်းပေါင်ခန္တာကိုယ်မှ တစ်စုံတစ်ခုပေါက်ကွဲသွားသလိုခံစားလိုက်ရသည်။ သူရဲ့ မြင့်မြတ်တဲ့နဂါးသံချပ်ကာခန္တာကိုယ်သည် ဝူကျန်းခုံ၏ဓားအရိပ်တစ်ခုကိုတောင်ခံနိုင်ရည်မရှိခဲ့ပေ။
ကွမ်းပေါင်၏ခရမ်းရောင်ကွင်းများကို ပေးအပ်ထားသော မြွေစိတ်ဝိညာဉ်သည် ကွမ်းပေါင်၏ ကိုယ်ထဲမှ ထွက်လာကာ ဝူကျန်းခုံ ကိုအမြီးနဲ့ရိုက်ထုတ်လိုက်သည်။ ၎င်းသည် သူ့သခင်အားကယ်တင်ရန် ရန်သူအားတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
သို့သော်
ဝူကျန်းခုံ သည် ရှောင်တိမ်းရန်ပင် စိတ်မ ၀ င်စားသည်ကိုမြင်သောအခါကြည့်ရှုသူအားလုံးအံ့သြသွားကြသည်။
ဟုတ်ပါတယ်၊ သူ နည်းနည်းလေးတောင်မလှုပ်ပေ။ ဝူကျန်းခုံသည် နှစ်တစ်ထောင်စိတ်ဝိညာဉ်ကို သူ့အား တိုက်ရိုက်တိုက်ခိုက်ခွင့်ပေးလိုက်ထားသလိုပင်။
သို့သော် မိုးမခဓားထံမှ
နူးညံ့သောအသံတစ်ခုကိုကြားလိုက်ရသည်။ ဝူကျန်းခုံ ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားတစ်လက်ဖြစ်သွားပြီး မိုးမခဓားနှင့်အတိအကျတူသည်ဟုပင် ကြည့်နေသူများ ခံစားရသည်။
ခရမ်းရောင်မြွေစိတ်ဝိညာဉ်၏အမြီးသည်ထိုဓား၏ထိပ်ဖျားသို့ပွတ်တိုက်သွားသည်။
ထိုအခါ မြွေ
စိတ်ဝိညာဉ်၏ခန္ဓာကိုယ်မှ သွေးများထွက်လာကာ အော်သံတစ်ခုပင် ထွက်လာသည်။ ထို့ပြင် ထိုအခိုက်အတန့်တွင် မိုးမခဓားသည် ကွမ်းပေါင် ၏ရှေ့သို့ရောက်နေပြီဖြစ်သည်။
ကွမ်းပေါင်သည် အံကိုတင်းတင်းကြိတ်လိုက်သည်။ ယခုအချိန်တွင် သူသည် သူ့ရဲ့သိုင်းဝိညာဉ်ကိုမသုံးနိုင်တော့ပေ။
ပြိုင်ဖက်၏ဓားသည် သူ၏စိတ်ဝိညာဉ်ကိုသတ်သွားခဲ့သည်။ ထို့ကြောင့် သူလုပ်နိုင်သည်များကို ဖြည်းဖြည်းချင်းစဉ်းစားလိုက်ပြီးနောက် အဆုံး၌ သူသည် သူ့ရှေ့မှ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏လက်ကိုမြှောက်ကာ သူ၏ဝိညာဉ်စွမ်းအား အားလုံးကိုလက်ဖဝါးများသို့ဖြန့်ဝေလိုက်သည်။ သို့သော် ဝူကျန်းခုံ၏ မျက်လုံးများကို ပြန်သတိရသွားကာ
“ မင်းရဲ့မျက်လုံး.... မင်းက.... အဲ့နေရာကပဲ….....”
ကွမ်းပေါင် အံ့သြစွာပြောလိုက်သည်။ သူ့အသံမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးသွားပြီဆိုတာသိသာနေသည်။
ထိုအရာက အအေးလွန်ကဲခြင်းကြောင်းလား ဒါမှမဟုတ် ကြောက်စိတ်ကြောင့်လား ဆိုတာတော့ သေချာမသိရပေ။
ဝူကျန်းခုံ ကဘာမှမထူးခြားသကဲ့သို့
“ငါ အဲ့ဒီနေရာကနေ နှင်ထုတ်ခံရပြီးပြီ။
အဲ့အကြောင်းတွေကို ငါပြန်မတွေးချင်ဘူး။ ငါ မင်းကို ဒီနေရာမှာ ထပ်မတွေ့ချင်တော့ဘူး။”
အပြာရောင်အလင်းတန်းများပျောက်ကွယ်သွားပြီး ဝူကျန်းခုံဆီသို့ စီးဆင်းသွားပြီးသူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်သွားပုံရသည်။ သူ၏ မိုးမခဓားသည်လည်း ပျောက်ကွယ်သွားပြီး သူသည် အရှေ့ပင်လယ်အကယ်ဒမီစီသို့ ဦးတည်လျှောက်ကာ အကယ်ဒမီထဲသို့ပြန်ဝင်သွားသည်။
ကွမ်းပေါင်၏ ခန္တာကိုယ်ထဲသို့ထိုးသွင်းခဲ့သော ဓားအရိပ်သည်လည်း ဝူကျန်းခုံထံပြန်ရောက်သွားသည်။
အဖြူရောင်ဝတ်ရုံ.......အပြာရောင်ဓား... ကောင်းကင်ရေခဲနှင့်နှင်းစက်.... ဝူကျန်းခုံ........