← Chapters

အခန်း (၈၇)

Vol. 6 Ch. 87

အခန်း (၈၇)

Vol. 6 Ch. 87

ဝူကျန်းခုံသည် ကွမ်းပေါင်ကို ဓားဖြင့် ထိုးလိုက်တော့အခါ ထန်ဝူလင်း စိတ်ထဲတွင် နဂါးဟိန်းသံတစ်ခုကို ကြားလိုက်ရသည်။

အမှန်တကယ်ပင်

ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

ထိုနောက် နဂါးဟိန်းသံများက အဆက်မပြတ် ထွက်လာသည်။ ဝူကျန်းခုံ၏ ဓားရှည်သည် သူ့ကိုယ်ထဲရှိ တစ်စုံတစ်ခုကို သက်ရောက်နေသည်ဟု ခံစားခဲ့ရသည်။

ထန်ဝူလင်း နှလုံးများတုန်လာသည်။ သူ့ကိူယ်ထဲတွင် တစ်ခုခု ပုန်းနေသလို ခံစားနေရသည်။

ထိုလျှို့ဝှက်ချက်သည် သူ့ရဲ့ငွေပြာမြက်နဲ့လည်း ဆက်စပ်နေမယ်လို့ သူခံစားရသည်။

ပုံမှန်အားဖြင့် တရားစိတ်သွင်းရန် သူ့အတွက် အလွန်လွယ်ကူသည်။ သို့သော်ယနေ့တွင် သူသည် တည်ငြိမ်သောစိတ်ကိုကြာရှည်မထားနိုင်ပေ။

ယွမ်ရှောင်နဲ့ကျုံးကျန်စီတို့ ပြန်လာကြပြီး

ဝူကျန်းခုံ၏ ဓားတိုက်ခိုက်ပုံကို ဆွေးနွေးနေသည်ကို သူကြားနေရသည်။ သူသည်တရားထိုင်ခြင်းအခြေအနေကို ၀င်ရောက်ရန် ကြိုးစားစဉ် သူ၏စိတ်သည် ပို၍ ပို၍ အာရုံပျံ့လွင့်လာသည်။ ထိုစဉ်အဆက်မပြတ် နဂါးဟိန်းသံများသည် သူ့ခန္ဓာကိုယ်အား ပို၍စိတ်လှုပ်ရှားလာစေသည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ ထူးခြားသောအရာတစ်ခု ကြီးထွားလာပုံရသည်။

ထန်ဝူလင်းမှာ တဖြည်းဖြည်း အသိစိတ်များမှုန်ဝါးဝါးဖြစ်သွားပြီးနဂါးဟိန်းသံများလည်း ငြိမ်သွား သည်။ နောက်ဆုံးတွင်

သူသည် တရားထိုင်ခြင်းအခြေအနေကို ၀င်ရောက်သွားခဲ့သည်။

သူသည် သူ၏ဝိညာဉ်စွမ်းအားကို ညင်သာစွာ ဖြန့်လိုက်သည်။ အခြားသူများသည် ယခုအချိန်တွင် တရားထိုင်နေပြီ ဖြစ်သောကြောင့် ထန်ဝူလင်း၏လည်ပင်းရှိ ရွှေရောင်သွေးကြောများကို မမြင်လိုက်ရပေ။

လောင်ကျွမ်းနေသောအပူလှိုင်းသည် ရုတ်တရက် သူ့ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားပြီး သူ့တစ်ကိုယ်လုံးတုန်ရင်လာသည်။ သူ့မျက်ခုံးများကြားမှ နေရာသည်လည်း အလွန်နာကျင်နေသည်။

အမှောင်ထု. မှောင်မည်းနေသော အမှောင်ထု.. ....

ဤအမှောင်ထုထဲတွင် မည်သည့်အရာကိုမျှ မမြင်ရပေ။ ထန်ဝူလင်း သည်မှောင်မိုက်သော ကမ္ဘာတစ်ခုသို့ ရောက်နေသည်။

ရုတ်တရက်ဆိုသလို အဝေးမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းသည် အလွန်တောက်ပလွန်းလှသည်။

ရွှေရောင်အလင်းသည် ထန်ဝူလင်းနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ ပိုကြီးလာပြီး ပိုထင်ရှားလာသည်။ ထန်ဝူလင်း သည်နောက်ဆုံးတွင် ၎င်းကို ပြတ်ပြတ်သားသားမြင်နိုင်သောအခါ ၎င်းသည်အအလွန်ကြီးမားသော ရွှေနဂါးကြီးတစ်ကောင်ဖြစ်ကြောင်း သိလိုက်ရ၍ အံ့သြသွားမိသည်။

ရွှေနဂါးကြီးတွင် လက်ငါးချောင်းသဏ္ဍာန် လက်သည်းများရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်ကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။

ဟမ်....

အဲဒါနဂါးမှန်း ငါဘယ်လို့သိတာလဲ......

၎င်းသည်ဝိညာဥ်ကုန်းမြေရှိနဂါးများနှင့် သိသိသာသာကွဲပြားသည်။ သူ့တွင် အတောင်ပံများရှိသလို သူ့ဝမ်းဗိုက်အောက်တွင်လည်း ခြေလက်များ ရှိသည်။ သို့သော် ၎င်းသည်နဂါးဖြစ်သည်ကို သူမည်သို့သိခဲ့သနည်း။

ရွှေရောင်အလင်းသည်ရုတ်တရက်ပွင့်လာပြီး ထန်ဝူလင်းကိုငုံ့ကြည့်လိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်မှာ ရှင်းလင်းလာပြီး

ထန်ဝူလင်းသည် သူရောက်နေသည်မှာ ပင်လယ်ပြာရောင် ကြွေပြားများ ခင်းထားသော ကြီးမားသောခန်းမတစ်ခုထဲတွင် ဖြစ်ကြောင်း ရှိနေသည်။ ထိုခန်းမကြီးရဲ့လေထဲတွင် လွင့်မျောနေတဲ့ ဧရာမရွှေနဂါးကြီးတစ်ကောင် ရှိနေသည်။

နဂါးကြီးသည် မီတာတစ်ထောင်ကျော်အောင် ကြီးမားနေပြီး အလင်းကွင်းတစ်ဆယ့်ရှစ်ကွင်းက ထိုနဂါးကြီးကို ချုပ်နှောင်ထားလေသည်။

အလင်းကွင်းတစ်ခုစီတိုင်းသည်

နူးညံ့သိမ်မွေ့ပုံရသော အပြာရောင်အလင်းများ ထုတ်လွှတ်နေသည်။

ဘာကြောင့်မှန်းမသိသော်လည်း ထန်ဝူလင်းသည် ထိုအပြာရောင်အလင်းများကို

မြင်လိုက်သောအခါ သူပထမဆုံးစဉ်းစားမိသည်မှာ သူ၏ငွေပြာမြက်များနှင့် အငွေ့အသက်များ အတူလွန်တူနေခြင်းပင်ဖြစ်သည်။

“မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့ “

ထိုအခိုက်အတန့်တွင် အေးစက်သောအသံတစ်ခုသည် ခန်းမတစ်ခုလုံးတွင်ပဲ့တင်ထပ်သ်ားသည်။ တစ်ခဏချင်းတွင် ခန်းမတစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများဖြင့်လင်းသွားပြီး အလယ်ဗဟို၌လူ့အသွင်အဖြစ်သို့ ပြောင်းသွားသည်။

“မင်းဘယ်သူလဲ။ ဒီနေရာကဘာလဲ။ ငါအိပ်မက်မက်နေတာလား “

ထန်ဝူလင်းက အလန့်တကြားမေးလိုက်သည်။

“ ငါဘယ်သူလဲဆိုတာ မင်းမသိတာ ဖြစ်သင့်ပါတယ် ..ငါ့ကိုငါလည်းမသိဘူး “

“ ငါဟာ စိတ်ဝိညာဥ် အပိုင်းအစတစ်ခုပဲ။ ငါဟာညမင်းကိုလမ်းပြဖို့ဖြစ်တည်လာတဲ့ ဝိညာဥ်အပိုင်းအစတစ်ခုပဲ။ ဒါကို အိမ်မက်တစ်ခုလို့လည်း မင်းပြောနိုင်တယ်၊ ဒါပေမယ့် ဒါကို မင်းရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို့လည်း ပြောနိုင်တယ်။ “

ထန်ဝူလင်းကစူးစမ်းစွာဖြင့်

“ဒါဆို မင်းပြောတာက ငါ့ကိုယ်ထဲမှာနဂါးတစ်ကောင်ရှိတယ်လို့ ပြောနေတာလား”

ရွှေရုပ်သွင်နှင့် အမျိုးသားက

“ နဂါးဆိုတာနဲ့တင်မကဘူး။ အဲ့တာ နဂါးဘုရင်တစ်ပါးဘဲ။ ပိုရှင်းအောင်ပြောရရင်အဲဒါက ရွှေနဂါးဘုရင်ရဲ့ဝိညာဉ်ပဲ “

ထန်ဝူလင်း က အံ့အားသင့်စွာ

“ဒါက ငါ့ရဲ့သိုင်းဝိညာဉ်လား”

“ မဟုတ်ဘူး” ရွှေရုပ်က ပြန်ဖြေလိုက်တယ်။

“ သေချာတာတစ်ခုကတော့ မင်းအတွက်ဘေးအန္တရာယ်တစ်ခုပဲ။ ရွှေနဂါးဘုရင်ရဲ့စွမ်းအင်က အလွန်ပြင်းထန်တာကြောင့် မင်းရဲ့အားနည်းတဲ့ ခန္ဓာကိုယ်က မခံနိုင်ဘူး။ သူ့ရဲ့စွမ်းအင်တွေ ပွင့်ထွက်သွားရင်မင်းသေရလိမ့်မယ် “

သေမှာလား...

ထန်ဝူလင်း အံ့သြသွားသည်။

သူသည်ငယ်သေးသည်။

မကြာမီ သေခြင်းတရားနှင့်ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သူသေသွားရင် သူ့အမေနဲ့အဖေ ဘာဖြစ်သွားမလဲ....

သူလည်း နာအယ်ကို ရှာဖို့ မလုပ်နိုင်တော့ ဘူး....

“ငါသေချာပေါက်သေမှာလား”

ထန်ဝူလင်း မေးလိုက်သည်။

“ အဲ့လိုသာဆိုရင် ငါပေါ်တောင် မလာဘူး ။ မင်းသာ ငါ့ရဲ့ညွှန်ကြားချက်တွေကိုလိုက်နာရင် မင်းမှာ အသက်ရှင်ဖို့အခွင့်အရေး ရလာလိမ့်မယ်။ ဒါပေမဲ့ မင်းအတွက်လည်း ငါခိုင်းတဲ့အတိုင်းလုပ်ဖို့ အလွန်ခက်ခဲလိမ့်မယ်။ ”

ရွှေရုပ်ပြောလိုက် သည်။

ထန်ဝူလင်း က “ဒါဆိုငါဘာလုပ်ရမလဲ”

ရွှေရုပ်က လေးနက်စွာ

“ မင်းဒီကို ရောက်ကတည်းက မင်းက ရွှေနဂါးဘုရင်ဝိညာဉ်ရဲ့စွမ်းအားကို သိနေပြီလို့ သတ်မှတ်ရမယ်။ အဲဒါက မင်းကို စပြီးလွှမ်းမိုးနေပြီဆိုတာ သက်သေပြနေတယ်။ ရွှေနဂါးဘုရင်က အကြီးမြတ်ဆုံးကာယဗလခွန်အားကို ပိုင်ဆိုင်ထားတာကြောင့် အဲ့စွမ်းအင်ကလည်း မင်းခန္ဓာကိုယ်ကို သက်ရောက်စေလိမ့်မယ်။ မင်းရဲ့ခွန်အားက သာမာန်လူတွေထက် ပိုမသန်မာနေဘူးလား “

ဤမတိုင်မီက ထန်ဝူလင်းသည် ယခုအရာကို အိမ်မက်တစ်ခုဟု ထင်ခဲ့သေးသည်။

သို့သော်လည်း ရွှေရုပ်၏စကားများကို ကြားရသောအခါ သူသည် အိပ်မက်လုံးဝမဖြစ်နိုင်ကြောင်းကို တဖြည်းဖြည်းနားလည်လာခဲ့သည်။

“ ဟုတ်တယ်။ ငါ့ခွန်အားက သာမန်လူတွေထက်အများကြီးပိုကြီးတယ် “

ထန်ဝူလင်း ကရိုးသားစွာပြောခဲ့သည်။

ရွှေရုပ်က “ အဲဒါက မင်းကရွှေနဂါးဘုရင်ရဲ့စွမ်းအားတွေ လွှမ်းမိုးနေပြီ မို့လို့ပဲ။

ရွှေနဂါးဘုရင်၏စွမ်းအားတွေက

မင်းခန္ဓာကိုယ်အတွင်းမှာ ရှိနေပြီး ချိန်ကိုက်ဗုံးတစ်ခုနဲ့တူတယ်။

မင်းရဲ့ခန္ဓာကိုယ်ပေါ်က တံဆိပ်ဆယ့်ရှစ်ခုကြောင့်သာ မင်းအသက်ရှင်နိုင်သေးတာ။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မင်း ကိုယ့်ကိုယ်ကို အားကိုးရမယ်။ရွှေနဂါးဘုရင်ရဲ့ စွမ်းအားကကြီးပေမဲ့ ဒီတံဆိပ်ဆယ့်ရှစ်ခုက ချုပ်ထားတယ်။ မင်း ရွှေနဂါးဘုရင်ရဲ့ စွမ်းအားတွေကို ဖျက်စီးဖို့ အဲ့ဒီ

တံဆပ်ဆယ့်ရှစ်ခုကို ပျက်ပျယ်အောင် မင်းလုပ်ရမယ်။ မင်း ရွှေနဂါးဘုရင်ရဲ့စွမ်းအင်တွေအားလုံးကို အပြည့်အ၀ စုပ်ယူနိုင်တဲ့နေ့ဟာ မင်းတကယ်လုံခြုံတဲ့နေ့ဘဲ။ ”

“စုပ်ယူရမယ်... ငါ သူ့ရဲ့စွမ်းအားတွေကို ဘယ်လို စုပ်ယူမလဲ “

ထန်ဝူလင်းအရေးတကြီးမေးလိုက်သည်။

All Chapters