အခန်း (၈၈)
Vol. 6 Ch. 88
ရွှေရုပ်က “မင်း ငါပြောတာတွေ လုပ်ရင် မင်း ပထမတံဆိပ်ထဲမှာ ချုပ်နှောင်ထားတဲ့ ရွှေနဂါးဘုရင်ရဲ့ ပထမစွမ်းရည်ကို စုပ်ယူနိုင်လိမ့်မယ်၊ အခု မင်းလုပ်ရမဲ့ ပထမဆုံးအရာက မင်းကိုမင်း သန်မာအောင် အရင်လုပ်ရမယ်၊ ဒုတိယက မင်းမှာ ပြင်ပအကူအညီတွေ လိုသေးတယ်။ မင်း ပစ္စည်းသုံးခု ရှာရမယ်။ အဲ့တာက မင်းရဲ့ခန္ဓာကိုယ်ကို ခံနိုင်ရည်ရှိအောင် လုပ်ပေးလိမ့်မယ်။ အခုက ငါ နိုးလာပြီဆိုတော့ မင်းကို ငါကူညီမယ်။ အရင်ဆုံး အဲ့ပစ္စည်းသုံးခုကို အရင်လိုက်ရှာပါ။ အဲ့တာတွေက နှစ်တစ်ရာ ရေခဲသစ်သီး၊ နှစ်တစ်ရာ မီးတောက်အသီးနဲ့ နဂါးသွေးဆက်နွယ်မှုပါတဲ့ ဝိညာဥ်သားရဲရဲ့သွေးဆယ်စက်။
အဲ့သုံးခုက်ို သုံးပြီး မင်းရဲ့ပထမတံဆိပ်ဖြတ်ကျော်မှုကို ငါကူညီပေးမယ်။ မင်းမှတ်ထားရမှာက ရွှေနဂါးဘုရင်ရဲ့စွမ်းအားက အလွန်းကြီးတယ်။
မင်းအဲ့တာတွေကို မြန်မြန်မရှာပဲ နေမယ်ဆိုရင် ငါပထမဆုံးတံဆိပ်ရဲ့ဖိအားကို တားနိုင်မှာမဟုတ်ဘူး။ မင်းအသက်ဆယ်နှစ်မှာ မင်းသေရလိမ့်မယ် “
အသက် ဆယ်နှစ် လား?
သူသည် အသက်ဆယ်နှစ်ပြည့်ရန် နှစ်ဝက်သာရှိတော့သည်။
ပစ္စည်းများသည်ကြီးကြီးမားမားစျေးနှုန်းနှင့် ဝယ်ရလိမ့်မည်ကို ထန်ဝူလင်း သိသည်။ သူသည် အထက်ပါ အသီးနှစ်လုံးရဲ့နာမည်တွေကိုတောင် မကြားဖူးပေ။
နှစ်တစ်ရာ ဝိညာဉ်သားရဲရဲ့သွေးဆယ်စက်က ထိုအသီးများ၏ တန်ဖိုးထက် ပိုတောင်မှပိုများနိုင်သည်။
“နေပါဦး... ဒါပေမယ့် ၀ိညာဉ်သားရဲတွေမျိုးတုံးသွားပြီ။ ငါ သူတို့ကို ဘယ်မှာရှာလို့ရလဲ “
ထန်ဝူလင်းပြောတော့ ရွှေရုပ်သည်အတွေးထဲတွင် ခဏမျှ ငြိမ်သက်သွားသည်။
ထို့နောက်၎င်းက
“ ငါလည်းမသိဘူး။ ငါ့မှာရှိတဲ့အချက်အလက်တွေကိုပဲ မင်းကို ပြောနိုင်တယ်။ ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတာ မင်းကိစ္စပဲ။ ပစ္စည်းတွေရှာတာနဲ့ ပက်သက်ရင်တော့ မင်းကိုငါ မကူညီနိုင်ဘူး။ ငါ မင်းကို ပထမဆုံးသတိပေးချင်တာက မင်း အသက်ဆယ်နှစ်မပြည့်ခင် ပထမ တံဆိပ်က စွမ်းအားတွေစုပ်ယူရမယ်။ မဟုတ်ရင် မင်းသေလိမ့်မယ်။ မင်းအဲ့တာတွေကိုတွေ့ရင် ရွှေနဂါးရုပ်ပုံကိုအာရုံစိုက်လိုက်။ အဲ့အခါ ငါ့ကိုတွေ့လိမ့်မယ်။ အ ခုတော့ မင်းကိုအပြင်ပြန်ခေါ်သွားမယ်”
“ကျေးဇူးပြုပြီးခဏနေပါဦး “
ထန်ဝူလင်း ကအလျင်စလို တားလိုက်သည်။
“ ငါဟာ အသိစိတ်တစ်ခုသာဖြစ်ပြီး ငါဒီမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတဲ့ ကန့်သတ်ချက်တစ်ခုရှိတယ်။ ကျေးဇူးပြုပြီးမကြာပါနဲ့ “
ထန်ဝူလင်း က
“ တစ်ချို့အရာဝတ္ထုတွေနဲ့ ငါထိတွေ့တဲ့အခါ အကြေးခွံတွေ ဘာကြောင့်ပေါ်လာတာလဲ။ ရှဲ့ရှဲ့ရဲ့နဂါးဓားက ငါ့ကိုထိုးလိုက်တုန်းကလိုမျိုး။ ဒါကရွှေနဂါးဘုရင်နဲ့တစ်ခုခုပက်သက်လား “
ရွှေရောင်အလင်းက
“ ဟုတ်တယ်။ မင်းရဲ့သွေးကအခြားနဂါးအမျိုးအစားအရာဝတ္ထုတွေ ဒါမှမဟုတ် နဂါးသွေးပါတဲ့ သတ္တဝါတွေနဲ့ ထိတွေ့မိတဲ့အခါ ရွှေနဂါးဘုရင်ရဲ့စွမ်းအားက ယာယီပေါ်လာလိမ့်မယ်။ ပထမတံဆိပ်ကို မစုပ်ရသေးတာကြောင့် ဒီစွမ်းအားကို မင်း မထိန်းချုပ်နိုင်သေးဘူး။ အဲ့တာကြောင့် ငါပေးတဲ့ သုံးမျိုးကို အမြန်ရှာရမယ်။ ”
ထန်ဝူလင်း နိုးလာသည့်အခိုက်အတန့်....
သူ၏ခန္ဓာကိုယ်သည် ချွေးများဖြင့် စိုစွတ်နေပြီး မဖော်ပြနိုင်သောနာကျင်မှုကို သူခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အပူချိန်မြင့်လာသည်နှင့်အမျှ သူ၏ စိတ်မှာ အပြင်နှင့်မဆိုင်သလို အေးခဲ့လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။
ဒါအိပ်မက်လား...အိပ်မက်ဟုတ်ရဲ့လား....
မဟုတ်ဘူး....
အကယ်၍ သူသည် သူ၏ယခင်အတွေ့အကြုံများကြောင့်သာ မဟုတ်ခဲ့လျှင် ၎င်းသည် အိမ်မက်တစ်မျိုးဟုထင်လိမ့်မည်။ သို့သော် အိပ်မက်သည် အမှန်တကယ် ဖြစ်နေသည်။
အိပ်မက်သာဖြစ်ခဲ့ရင် သူ့ဘာကြောင့်ဒီလောက်ခံစားနေရမှာလဲ။ သူက ငယ်ငယ်တုန်းက ဘာလို့ ဒီလောက်တောင်ပျော့ညံ့နေရတာလဲ.. ဒါပေမယ့် သူ့ရဲ့သိုင်းဝိညာဉ်နိုးထပြီးတဲ့နောက်မှာပိုသန်မာလာတယ်။
ဒါပေမယ့် ဒါဟာ အိပ်မက်တစ်ခုမဟုတ်ရင် သူ့ကိုယ်ထဲမှာ အမြဲတစ်စေ အန္တရာယ်ဖြစ်စေနိုင်တဲ့ နဂါးတစ်ကောင်ရဲ့ဝိညာဉ်ရှိနေတာလား.....
“ ရွှေရောင်ရုပ်သွင်းပြောတာက
ဒါကအကျပ်အတည်းတစ်ခုဆိုပေမယ့် ဒါဟာ အခွင့်အလမ်းတစ်ခုလို့လည်းပြောခဲ့တယ်။ နဂါးတစ်ကောင်ရဲ့ ၀ိညာဉ်ကိုစုပ်ယူရင်သူဘယ်လိုဖြစ်လာမလဲ.... “
သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာရှိနေပြီး ရွှေရောင်ရုပ်သွင်က ထိုအရာများအတွက် အဖြေမပေးခဲ့ချေ။
ထန်ဝူလင်း ခေါင်းကို ပြင်းပြင်းထန်ထန်
ခါလိုက်ပြီး အတွေးများကိုငြိမ်သက်စေကာ အိပ်ရာမှ ထလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို သန့်ရှင်းဖို့အတွက် အဝတ်လျှော်ခန်းကိုသွားပြီး ခြောက်သွေ့တဲ့အ ၀ တ်တွေကိုပြောင်းလိုက်သည်။ ထို့နောက်သူသည် အိပ်ရာသို့ပြန်သွားလေသည်။
“ ငါ စိတ်ကိုငြိမ်ငြိမ်ထားရမယ် “
ထန်ဝူလင်း သူ့ကိုယ်သူပြောလိုက်သည်။
သူ၏ အခြေအနေကို
အချက်နှစ်ချက်ဖြင့် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ပထမဦးစွာ သူ၏ခန္ဓာကိုယ်ထဲတွင် နဂါးဝိညာဉ်တစ်ခုရှိနေပြီး သူ့ကိုအသက်သေစေနိုင်သည်။ ဒုတိယအနေနှင့် သူသည် ထိုနဂါး၏ဝိညာဉ်ကို စုပ်ယူနိုင်လျှင် သူ၏ခွန်အားသည် တဖြည်းဖြည်း ပို၍ ပိုသန်မာလာလိမ့်မည်။
ထို့ကြောင့် သူပထမဆုံးလုပ်ရမည့်အချက်မှာ ရွှေရောင်ရုပ်သွင် သူ့အားပြော ခဲ့သော အရာဝတ္ထုသုံးခုကို ရှာရမည်ဖြစ်သည်။
ထို့နောက်သူသည် ပထမတံဆိပ်ဖိနှိပ်ထားသော စွမ်းအားကို စုပ်ယူရန်ကြိုးစားရမည်။ သူစမ်းကြည့်မှသာ အဲဒါကဘာလဲဆိုတာကို သူနားလည်နိုင်လိမ့်မည်။
သူသည် နဂါးဘုရင်၏ဝိညာဉ်ကို စုပ်ယူပါက ထိုအကြေးခွံများ၏စွမ်းအားကို ထိန်းချုပ်နိုင်တော့မှာလား.....
သူသည် အသက်ကိုးနှစ်သာ ရှိသေးပြီး သူ၏စိတ်သဘောထားသည် မရင့်ကျက်သေးပေ။ သူ့အတွက် သေခြင်းတရားသည် လူကြီးများထင်သည့်အတိုင်း ကြောက်စရာမဟုတ်ပေ။ သူ့နှလုံးသားမှာအကြောက်တရားရှိနေရင်တောင် ကြောက်စိတ်ကသိပ်မပြင်းထန်ပေ။
နှစ်တစ်ရာ ရေခဲအသီး၊ နှစ်တစ်ရာ မီးတောက်သစ်သီးနဲ့ နဂါးအမျိုးအစားဝိညာဉ်သားရဲမှသွေးဆယ်စက်....
ထိုအရာဝတ္ထုများ၏ အမည်များကို ပုံမှန်တွေ့ရလေ့မရှိသောကြောင့် သူ့ကိုခေါင်းခြောက်စေသည်။
သူတို့ကိုဘယ်မှာရှာတွေ့နိုင်လဲ....
မျှော်လင့်ချက်မဲ့နေသည့်
ထန်ဝူလင်းသည် ဤအချိန်၌
သူသည်တရားထိုင်ခြင်းအခြေအနေကိုအောင်မြင်စွာဝင်ရောက်ခဲ့သည်။
မနက်ရောက်ပြီးအဆောင်၌ နေထိုင်သူလေးယောက် အားအပြည့်နဲ့နိုးလာသည်။
“သွားကြရအောင်! ဝူလင်း၊ ထမင်းသွားစားရအောင် “
ရှဲ့ရှဲ့သည် သူ့ကုတင်ပေါ်ကနေခုန်ဆင်းလိုက်သည်။
ထန်ဝူလင်းက
“ မင်းမျက်နာမသစ်တော့ဘူးလား”
“ အင်း…ငါနည်းနည်းဗိုက်ဆာတယ်။ ငါတို့မြန်မြန်သွားသစ်ပြီး ထမင်းသွားစားရအောင်! “
ထန်ဝူလင်း က
“ ရှဲ့ရှဲ့ ငါမေးစရာရှိတယ်။ ရေခဲသစ်သီးနဲ့မီးတောက်သစ်သီးအကြောင်း မင်းကြားဖူလား။ ”
ထန်ဝူလင်းမေးတော့ ရှဲ့ရှဲ့က “ ငါကြားဖူးတယ် အဲ့တာက သာမန်ဝိညာဥ်သစ်သီးတွေပဲလေ ။ အလွယ်ဝယ်လို့ရပါတယ် “
ထန်ဝူလင်းမှာ ထိုအရာကိုကြားတော့ဝမ်းသာသွားသည်။
“ဒါဆိုဒီဝိညာဉ်အသီးတွေကစျေးကြီးလား” ထန်ဝူလင်း ထပ်မေးလိုက်သည်။
ရှဲ့ရှဲ့ က“ မဆိုးပါဘူး၊ အရည်အသွေးပေါ်မူတည်ပြီးတစ်ခုစီအတွက် ၁၀၀၀၀ ကနေ ၂၀၀၀၀ လောက်ရှိတယ်”
တစ်သောင်းမှနှစ်သောင်းလား...
ဒါကသူတတ်နိုင်သည့်ပမာဏဖြစ်သည်။ ထန်ဝူလင်းအပြုံးသည် ပိုမိုတောက်ပလာသည်။
“သူ့ရဲ့အရည်အသွေးကောင်းရင်
နှစ်တစ်ရာရေခဲပြင်အသီးလို့ဆိုလိုတာလား။ “
ရှဲ့ရှဲ့ မျက်လုံးပြူးသွားသည်။
“ကျေးဇူးပြုပြီးအသိဥာဏ်ရှိစမ်းပါ။ ဆယ်နှစ်ဝိညာဉ်အသီးကိုတော်တော်ကောင်းတယ်လို့ယူဆရမယ်။ နှစ်တစ်ရာအသီးကို လေလံပွဲတွေမှာသာ တွေ့ရပြီးဝိညာဉ်ရတနာအသီးအဖြစ် သတ်မှတ်ကြတယ်။ နှစ်တစ်ထောင်အသီးဆိုရင် ကောင်းကင်နဲ့မြေကြီးရတနာအဖြစ် သတ်မှတ်တယ်။ ကောင်းကင်နဲ့မြေကြီးရတနာရဲ့အဓိပ္ပာယ်က ၎င်းကိုအဖိုးမဖြတ်နိုင်ဟုယူဆတာပဲ ”
ထန်ဝူလင်းကရယ်ရယ်မောမောပြောလိုက်တယ်။
“ ဒါဆိုနှစ်တစ်ရာရေခဲပြင်အသီးနှင့်မီးတောက်အသီးကဘယ်လောက်ကုန်ကျနိုင်မလဲ။ ”
ရှဲ့ရှဲ့ က“ ဒီအသီးနှစ်လုံးကို အခြားအသီးတွေထက် ပိုတွေ့ရများပေမယ့် ဝယ်လိုအားက တော်တော်မြင့်တယ်။ အဲ့ကြောင့်စျေးနှုန်းကလည်း သင့်တင့်ပါတယ်။ လေလံပွဲမှာဆိုရင် တစ်ခုစီအတွက် ၈၀၀၀၀ ကနေ ၁၀၀၀၀၀ ကြား ကုန်ကျလိမ့်မယ်လို့ ငါထင်တယ်။”
ထန်ဝူလင်းသည်စျေးနှုန်းကိုကြားရသောအခါအံ့သြထိတ်လန့်သွားသည်။ ရှစ်သောင်းကနေတစ်သိန်းလား။ တစ်ခုစီအတွက်လား?
ရွှေရောင်ရုပ်သွင်၏ရှင်းပြချက်အရ
သူသည် ဤအရာများကို ရှာဖွေရန်နှစ်ဝက်သာအချိန်ရှိပြီး ဤမျှများပြားသောငွေကို သူမည်သို့ရရှိနိုင်စွမ်းရှိမည်နည်း။
“ဝူလင်း မင်းဘာဖြစ်နေတာလဲ။ မင်းကဘာလို့ ရုတ်တရက်ဒီလိုမေးတာလဲ။ ဝိညာဉ်အသီးတွေက ငါတို့အတွက် အာနိသင်အလွန်ပြင်းထန်တာကြောင့် ငါတို့အတွက်အသုံးမ ၀င်ဘူး။ သူတို့ကအသက်ကိုတောင် အန္တရာယ်ဖြစ်စေနိုင်တယ်။ အဲ့တာတွေကို ထူးခြားတဲ့ အခြေအနေတစ်ခုမှာသာ မဟုတ်ရင် ပုံမှန်သုံးလေ့မရှိဘူး။ သူတို့က ငါတို့ရဲ့အခြေခံအုတ်မြစ်ကိုထိခိုက်စေနိုင်တယ်။ ဘေးထွက်ဆိုးကျိုးတောင်ရှိနိုင်တယ်။ နှစ်တစ်ထောင်သစ်သီးတွေကိုကတော့ ပြောမနေနဲ့။ အဲ့တာတွေက အလွယ်တကူရနိုင်တဲ့အရာမဟုတ်ဘူး။ နှစ်တစ်ထောင်ဝိညာဉ်အသီးကို ဝိညာဉ်သားရဲတွေလို ရှားပါးပစ္စည်းအဖြစ်တောင် သတ်မှတ်နိုင်တယ်။ နှစ်ပေါင်းတစ်သောင်းပြည့်သွားရင်တော့ အသီးတွေက ကိုယ်ပိုင်အသက်ဝိညာဉ်ပင်ရှိလာတယ်”
ထန်ဝူလင်း ၏စိတ်သည်တဖြည်းဖြည်းငြိမ်သက်သွားပြီး ရှဲ့ရှဲ့ ဘက်သို့ကြည့်လိုက်သည်။
“ ရှဲ့ရှဲ့ မင်း ငါ့ကို ဒီအပတ်အားလပ်ရက်မှာလေလံပွဲကို ခေါ်သွားလို့ရလား။ လေလံပွဲကို ငါဘယ်တုန်းကမှမသွားဖူးဘူး ”
“ ရတယ်!”
ရှဲ့ရှဲ့ ကဒုတိယအတွေးမရှိဘဲသဘောတူလိုက်တယ်။ သူသည် သူစိမ်းတစ်ယောက်ကိုအေးစက်စွာ ဆက်ဆံတတ်ပေမယ့် သူငယ်ချင်းတစ်ယောက်ကိုဆက်ဆံသောအခါတွင်တော့ သိသိသာသာ သဘောကောင်းလေသည်။ ရှဲ့ရှဲ့ သည်အမှန်တော့ ပွင့်လင်းသောဝိသေသလက္ခဏာ ရှိသူတစ်ဦး ဖြစ်သည်။
ထန်ဝူလင်းသည် ဆက်သွယ်ရေးကိရိယာထဲတွင် သိမ်းထားသော ပထမဆုံးနံပတ်ကိုခေါ်လိုက်သည်။
တူ..တူ!
“ဝူလင်း... ဘာဖြစ်တာလဲ?”
မန်ထျန်း၏ရင်းနှီးသောအသံသည်ဆက်သွယ်ကိရိယာ၏ အခြားတစ်ဘက်မှ ထွက်လာသည်။
“ ဆရာ မင်း ဒီအပတ်အားလပ်ရက်မှာ အရှေ့ပင်လယ်မြို့ကို လာမှာလား။ ”
ထန်ဝူလင်း ကမေးသည်။
မန်ထျန်း က
“ ဘာဖြစ်လို့လဲ။ ပန်းပဲလုပ်ရင်း မသိတာရှိလို့လား။ ”
ထန်ဝူလင်း က
“ မဟုတ်ဘူး။ ဒါပေမယ့် ငါမင်းနဲ့ဆွေးနွေးချင်တာ တစ်ခုရှိတယ်။ “
မန်ထျန်းက ဘာမှမပြောခင် ခဏလောက်တိတ်ဆိတ်သွားပြီး
“အရမ်းကောင်းတယ်။ ဆရာလည်းမင်းနဲ့ဆွေးနွေးစရာရှိတယ်။ ဒီတစ်ပတ် ပိတ်ရက် ငါလာခဲ့မယ်။ ”
“ဟုတ်ကဲ့၊ ငါ အလုပ်ရုံမှာစောင့်နေမယ်” ထန်ဝူလင်း ကလေးစားစွာပြန်ဖြေသည်။
ထန်ဝူလင်း ၏မျက်လုံးများသည်
ဆက်သွယ်မှုပြီးဆုံးသည်နှင့် တပြိုင်နက်နက်နက်နဲနဲ စဉ်းစားလိုက်မိသည်။
သူသည်နှစ်ဝက်သာအချိန်ရှိသည်။
သူအလိုအပ်ဆုံးအရာမှာ ငွေဖြစ်သည်။ သူကငွေပိုရဖို့လိုသည်။ သို့သော်လည်း သူ၏လက်ရှိအခြေအနေနှင့် ဤအရာသည် မဖြစ်နိုင်ကြောင်း သူကောင်းကောင်းသိသည်။ သူသည် အခြားနည်းလမ်းအချို့ကိုစဉ်းစားခဲ့ရသည်။