အခန်း (၈၉)
Vol. 6 Ch. 89
အစာစား...
ပညာရပ်များလေ့လာ....
အတန်းမြှင့်တင်ရေးပြိုင်ပွဲ.....
နေ့ရက်များသည် လျင်မြန်စွာကုန်ဆုံးသွားသည်။ ထန်ဝူလင်းတို့ သုံးယောက်လုံးသည် တစ်နေ့လုံး မရေမတွက်နိုင်သောလူအုပ်မှ သတိထားခြင်းကိုခံရသည်။ ထုံးစံအတိုင်း ထို့အရာများက မနေ့တစ်နေ့ကအကယ်ဒမီအဝင် တံခါးတွင် ဖြစ်ခဲ့သော အဖြစ်အပျက်များကြောင့် ဖြစ်သည်။
လူအတော်များများက ထန်ဝူလင်းတို့သုံးယောက်လုံးကို အကယ်ဒမီမှ အပြစ်မပေးသည်ကို ထူးဆန်းစွာ သိခဲ့ရသည်။ တကယ်တော့ အရာအားလုံးမှာ ဘာမှမဖြစ်ခဲ့သလိုပင် ပုံမှန်အတိုင်းဖြစ်နေသည်။
ဝူကျန်းခုံ၏ ပတ်ပတ်လည်၌ စုရုံးနေကြသောကျောင်းသားဦးရေသည် ယခင်ထက်သိသိသာသာ ပိုများလာသည်။
ဆရာများ မ၀င်နိုင်လောက်အောင် များပြားလာသည်။ ယခင်နေ့၏တိုက်ပွဲအပြီးတွင် ရေခဲမျက်နာမင်းသား ၏ကျော်ကြားမှုသည် အဆင့်အသစ်တစ်ခုသို့ ရောက်ရှိသွားသည်။ သူသည် ယခုအခါ ကျောင်းသူလေး၏ မင်းသားမဟုတ်တော့ဘဲ အကယ်ဒမီတစ်ခုလုံး၏ ဆွဲဆောင်မှုရှိသော မင်းသားဖြစ်လာခဲ့သည်။ ဤအရာများအားလုံးကြားမှ ဝူကျန်းခုံ သည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြဘဲ သူ့အရင်ပုံစံအတိုင်း နေနေခဲ့သည်။
မနက်ဖြန်သည် သူတို့၏ ကျောင်းပိတ်ရက်နေ့ ဖြစ်၍ ထိုနေ့တွင် အတန်း တစ် ကို စိန်ခေါ်ရန်အချိန်ရောက်လာလိမ့်မည် ဖြစ်သည်။ အတန်း တစ် သည် အခြားအတန်းများနှင့် လုံးဝ ကွဲပြား ခြားနားသည်။ အဘယ့်ကြောင့်ဆိုသော်အတန်း တစ် သည် ယခုနှစ်၏ အထူးချွန်ဆုံး ပါရမီရှင်များစုစည်းရာ ဖြစ်သောကြောင့်ဖြစ်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်းတွင် အတန်း တစ် သည် ၎င်းတို့အောက်အဆင့် အတန်းတစ်တန်းကိုမှ မရှုံးခဲ့ဖူးပေ။
ညနေစာ စားပြီးနောက် ထန်ဝူလင်းနဲ့ရှဲ့ရှဲ့တို့သည် သူတို့၏အဆောင်သို့ ပြန်ရန်ပြင်ဆင်ခဲ့သော်လည်း ဂူရွဲ့ က သူတို့ကိုတားထားသည်။
“မနက်ဖြန် မင်းတို့နှစ်ယောက် ဘယ်သွားကြမှာလဲ။ အမှန်တိုင်းပြော၊ မဟုတ်ရင် မင်းတို့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့ “
“ငါတို့ဘယ်သွားမှာလဲ၊ ငါတို့ဘာလုပ်မှာလဲဆိုတာ မင်းကိုပြောဖို့ ဘာကြောင့်လိုတာလဲ”
ရှဲ့ရှဲ့ က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
ဂူရွဲ့က
“ ငါတို့တွေ ထမင်းစားနေတုန်းက မင်းပြောနေတာတွေကို ငါကြားပြီးပြီ။ မင်းတို့လေးတွေ မနက်ဖြန်အပြင်ထွက်လိမ့်မယ်။ မင်းတို့ ငါ့ကိုမပြောရင်လည်း ရတယ်လေ။ ဒါပေမယ့် ငါ ဆရာဝူကို သွားတွေ့ပြီး နောက်ထပ်လေ့ကျင့်ခန်းတစ်ခုတောင်းဆိုလိုက်မယ်။ ဒါဆို မနက်ဖြန်ဆိုတာကိုမင်းနှစ်ကောင် မေ့ပစ်လိုက်တော့။ ဘာပဲဖြစ်ဖြစ် ငါတို့မကြာခင်အတန်း တစ် နဲ့ ပြိုင်ရလိမ့်မယ်၊ ဒါကြောင့် အပိုလေ့ကျင့်မှုကို တောင်းဆိုတာ သင့်တော်ပါတယ်”
“မင်းဘာလို့ ဒီလောက် မုန်းစရာကောင်းနေတာလဲ”
ရှဲ့ရှဲ့ ကသူမကိုမျက်လုံးပြူးကြီးနဲ့ကြည့်သည်။
ဂူရွဲ့ သည်အေးစက်စွာ
“ ငါကအနှောင့်အယှက်ပဲ။ ပြသနာရှိလား။ မင်းငါ့ကိုပြောပြမှာလား၊ မပြောဘူးလား “
ထန်ဝူလင်းက
“ဂူရွဲ့ ငါ ရှဲ့ရှဲ့ကို မနက်ဖြန်လေလံပွဲခေါ်သွားဖို့တောင်းဆိုထားတာပါ ။ ငါတစ်ခေါက် မှမရောက်ဖူးဘူး။ “
ဂူရွဲ့ ပြုံးလိုက်သည်။
“ ကောင်းတယ်။ ဒါဆို ငါတို့အားလုံးအတူသွားကြမယ်။ “
ရှဲ့ရှဲ့ ကသူမကို
“မင်းကိုဘယ်သူခေါ်လို့လဲ။ ဒါကယောက်ျားတွေရဲ့ကိစ္စ “
ဂူရွဲ့က
“ ငါမင်းနဲ့အတူတူသွားမယ်လို့ ငါမပြောခဲ့ဘူး။ ငါက ဝူလင်းနဲ့သွားမှာ”
ရှဲ့ရှဲ့ ကသူမကိုသံသယမျက်လုံးနဲ့ကြည့်တယ်။ သူသည်ကိုးနှစ်သာရှိသေးသော်လည်း
“မင်း ဝူလင်းကိုကြိုက်နေတာ မလား။ မင်းက ဒီအသက်ပဲရှိသေးပေမဲ့ တော်တော်ရွတတ်နေပြီ “
“မင်းသေချင်နေတာလား?”
ဂူရွဲ့ က သူမလက်ကို မြှောက်ကာ ရှဲ့ရှဲ့ ဆီကို ရေခဲလုံးတစ်လုံး ပစ်လိုက်သည်။ ရှဲ့ရှဲ့ မှာ ထိုအရာကိုပျာယာခတ်စွာ ရှောင်လိုက်ရသည်။
“ဟားဟား။ ငါပြောတာ မှန်ပုံရတယ်။ မင်းက ဒီအသက်ငယ်ငယ်မှာမကောင်းတဲ့ စိတ်တွေနေတာကို ဆရာဝူ ကိုငါသွားပြောမယ်! “
“မင်းသေချင်ရင်သွားပြော”
ဂူရွဲ့လက်မှာ အရောင်တောက်တောက် နောက်တစ်ခု....
ထန်ဝူလင်းကသူတို့နှစ် ဦး အားအကူအညီမဲ့စွာကြည့်လိုက်သည်။ သူသည် သူတို့၏ ရန်ဖြစ် စကားများသည့် မြင်ကွင်းကိုအကျွမ်းတဝင်ဖြစ်သည်မှာကြာပြီဖြစ်သည်။
သူလုပ်နိုင်တာက သူ့လက်ကိုမြှင့်ပြီး သူတို့ရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ဘဲ။
နောက်ဆုံးမှာတော့သူတို့သုံးယောက်ဟာနောက်နေ့မနက်စောစောစီးစီး အကယ်ဒမီမှ ထွက်ခွာခဲ့ကြသည်။ ရှဲ့ရှဲ့ သည် ဂူရွဲ့ ကို ထားခဲ့ရန်စောစောစီးစီးထွက်ချင်သော်လည်း ဂူရွဲ့ သည် တံခါးဝတွင် စောင့်နေပြီး သူတို့ကို အမိဖမ်းလိုက်သည်။
“ရှဲ့ရှဲ့ လေလံအိမ်ကဘယ်မှာလဲ”
ထန်ဝူလင်းမှာ သူတို့လမ်းလျှောက်လာစဉ်မေးလိုက်သည်။
ရှဲ့ရှဲ့ ကပြုံးနေတဲ့ ဂူရွဲ့ ကိုတစ်ချက်ကြည့်လိုက်တယ်။
“အဲ့ ဒါက အရှေ့ပင်လယ် ပြတိုက်မှာပဲ။ ငါတို့ အရှေ့ပင်လယ်မြို့ လေလံအိမ်ကို ပြတိုက်နပေါင်းစပ်ထားတယ်။ ပြတိုက်မှာ လေလံတင်ရောင်းချတဲ့ အထူးနေရာရှိတယ်။ လေလံပွဲတွေကို အခါအားလျော်စွာ ကျင်းပပေးတယ်။ ”
ဂူရွဲ့က ထန်ဝူလင်းကို
“ဝူလင်း မင်း ဘာလို့ လေလံပွဲကိုသွားချင်နေတာလဲ။ မင်း ဒီလောက်စိတ်ဝင်စားတဲ့ ပုံစံဖြစ်နေတာကို ငါ တစ်ခါမှမမြင်ဖူးဘူး။ “
ထန်ဝူလင်း က
“ ရုတ်တရက်စိတ်ကူးရလို့ပါ။ ငါတို့ခဏလောက်သွားကြည့်ရအောင်။ “
အရှေ့ပင်လယ် ပြတိုက်သည် အရှေ့ပင်လယ်မြို့ ၏တောင်ဘက်တွင်တည်ရှိသည်။ ၎င်းသည်ရိုးရှင်းသည့် အဆောက်အအုံတစ်ခုဖြစ်ပြီးအဓိကအဆောက်အအုံတစ်ခုနှင့်ဒုတိယအဆောက်အအုံ တစ်ခုအဖြစ် နှစ်ခု ခွဲထားသည်။
ပင်မအဆောက်အဦးသည် ရှားပါးဝိညာဉ်သားရဲနမူနာအမျိုးအစားအားလုံးကို ပြသသော ပြခန်းဖြစ်သည်။
ရှဲ့ရှဲ့ ပြောခဲ့သောလေလံအိမ် ဒုတိယအဆောက်အအုံတွင် ဖြစ်သည်။
ဒုတိယအဆောက်အဦး လေလံအိမ်သည်ဝင်ရန် လက်မှတ်မလိုအပ်ပေ။ အလိုရှိသည်အတိုင်း တိုက်ရိုက်၀င်နိုင်သည်။ လေလံအိမ်အတွင်းတွင်လည်း ကြည့်ရှုသူ ဦးရေသည်လည်း အနည်းငယ်သာရှိသည်။
ဒုတိယအဆောက်အအုံတွင် စုစုပေါင်း လေးထပ်ရှိသည်။ ၎င်းသည် ဒုတိယအဆောက်အဦးတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏အရွယ်အစားမှာကြီးမားနေဆဲဖြစ်သည်။ ၎င်းကိုအပြင်ဘက်မှ ကြည့်လျှင် အဆောက်အအုံသည်အနည်းဆုံးမီတာနှစ်ရာကျယ်သည်။
အရှေ့ပင်လယ်မြို့သည် အရှေ့ဘက်ကမ်းရိုးတန်းတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဤနေရာသည် မြို့၏တစ်ခုတည်းသော လေလံအိမ်ဖြစ်သည်။ ပစ္စည်းများကို အထပ်လေးထပ်လုံးတွင် ခင်းကျင်းပြသထားသည်။ သို့သော် အလွှာများကို ပစ္စည်း အတန်းအစားအလိုက် ခွဲထားလေသည်။ ရှားပါးပြီး စျေးကြီးသောပစ္စည်းအချို့ကို မည်သူ့ကိုမျှ မဖွင့်ပြဘဲ အထူးနေရာများတွင်သာ ပြသလေ့ရှိသည်။
“ဘယ်ကို အရင်သွားကြည့်ကြမလဲ?”
ရှဲ့ရှဲ့ သည် ထန်ဝူလင်း၏လေလံပွဲသို့လာရခြင်း၏ ရည်ရွယ်ချက်ကို မှန်းဆနိုင်သော်လည်းမေးခဲ့သေးသည်။
ထန်ဝူလင်းက “ ဝိညာဥ်ဆေးပင် သစ်သီးတွေပြတဲ့ နေရာကို အရင်သွားကြစို့။ ငါ အဲ့ဒီအသီးနှစ်လုံးကို သူတို့လေလံပစ်မှာလား ငါကြည့်ချင်တယ်။ ”
“ဝိညာဉ်အသီး။ မင်း ဝိညာဉ်သစ်သီး ၀ ယ်ချင်လို့လား။ “ ဂူရွဲ့ ကထူးဆန်းစွာမေးလိုက်သည်။
ထန်ဝူလင်း က
“ ငါမလိုချင်ပါဘူး။ ငါနည်းနည်းစပ်စုကြည့်ချင်ရုံပါပဲ “
ရှဲ့ရှဲ့နှင့်ဂူရွဲ့သည် သူ၏သူငယ်ချင်းများ ဖြစ်သော်လည်း ရွှေနဂါးဘုရင်နှင့်ပတ်သက်သော ကိစ္စက သူတို့ကို ပြောပြရန် အလွန်ကြောင်စီလွန်းသည်။
သူသည် အလွန်ငယ်ရွယ်သော်လည်း
ဤအရာသည် မည်သူ့ကိုမျှ မပြောပြနိုင်သော လျှို့ဝှက်ချက်ဖြစ်သည်ကို သူသိသည်။
“ဒါဆိုသွားကြည့်ရအောင်”
သူတို့၏ပတ် ၀ န်းကျင်တွင်ကြီးမားသောမှန်မျက်နှာပြင်များဖြင့်ပြည့်နှက်နေသည်။ မှန်ဘောင်များအထဲတွင် ထန်ဝူလင်း တစ်ခါမှ မကြားဖူးသော ဆေးပင်များ ရှိလေသည်။ ထိုပစ္စည်းများ၏ စျေးအသက်သာဆုံး အရာသည်ပင် အနည်းဆုံးငွေဒင်္ဂါးတစ်သိန်း သတ်မှတ်ထားသည်။
“ ဒါက ဝိညာဉ်အသီး အပိုင်း ပဲ။ မင်းသွားပြီးသွားပြီးကြည့်ကြည့်။ ” ကျယ်ဝန်းသောစတုဂံပုံစံခန်းမထဲသို့ သူတို့ဝင်ပြီးနောက် ရှဲ့ရှဲ့ရပ်တန့်သွားသည်။
ခန်းမသည် စတုရန်းမီတာသုံးရာခန့် ကျယ်ဝန်းသည်။ ခန်းမထဲတွင် ဝိညာဉ်အသီးမျိုးစုံနှင့်ရှားပါးအပင်များ ရှိသည်။