← Chapters

အခန်း (၁၈၄)

Vol. 14 Ch. 184

အခန်း (၁၈၄)

Vol. 14 Ch. 184

နင်ကျန်းသည် ရိုးရှင်းစွာ ပြောဆိုခဲ့ခြင်းဖြစ်၏။ အချက်အလက်အားဖြင့် သူသည် ဘုရင်မင်းမြတ်၏ နန်းတော်ရှေ့တွင် တစ်ရက်နှင့်တစ်ညတိုင်တိုင် ဒူးထောက်ကာဖြင့် တောင်းပန်ခဲ့ရခြင်းဖြစ်၏။ အတိတ် တုန်းက စုဖေ့ဖေ့သည် သူ၏အသက်ကို ကယ်တင်ခဲ့၏။ ယခု သူသည် ကျင်းမူကုန်းကို ပြန်လည်ကာ ကယ်တင်ရပေလိမ့်မည်။ အနည်းဆုံးအားဖြင့် ကျင်းမိသားစုတစ်ခုလုံး သေဆုံးသွားမည့်အခြေအနေမျိုး မရောက်တော့ချေ။

“မကြာသေးခင်မှာ အဖေ အမိန့်တော် ထုတ်ပြန်လိမ့်မယ်”

ရှမ့်လန်နှင့် စုဖေ့ဖေ့သည် တကယ့်ကို စိတ်လှုပ်ရှားသွားမိ၏။ ရွှမ်ဝူအိမ်တော်တစ်ခုလုံး ပျက်စီးခံရမည့် အခြေအနေသည် အတုအယောင် မဟုတ်ချေ။ ကျင်းမိသားစုသည်ကလည်း နေရာအနှံ့ဆီမှ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရပြီဖြစ်၏။ မိသားစုထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိခိုက်နာကျင်မှုကို ခံစားရမည်ဖြစ်၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ပဉ္စမမင်းသားသည် ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး ကျင်းမိသားစုကို တထောင့်တနေရာမှ ကူညီကယ်တင်လျက်ရှိနေ၏။ ဤကဲ့သို့ ကူညီခြင်းမျိုးကို မည်သူက စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ပြီးနောက် ပဉ္စမမင်းသား နင်ကျန်းသည် ကျင်းကျိုးကို သွားရောက်တွေ့ဆုံခဲ့၏။ ကျင်းကျိုးသည် အိပ်ရာထဲတွင် လဲလျက်ရှိနေလေ၏။ မည်သည့်စကားမှ မပြောနိုင်ချေ။

သူသည် အသာဦးညွှတ်ပြီးနောက် ထွက်ခွာသွားခဲ့၏။ သူသည် စကားပြောဆိုခြင်း၌ မကောင်းချေ။ သို့ပေမည့် သူ၏ပြုမူဆောင်ရွက်ပုံများမှာတော့ တကယ့်ကို လေးနက်လျက်ရှိနေ၏။ ရွှမ်ဝူအိမ်တော်တွင် နေ့လယ်စာကို စားသုံးပြီးသည့်နောက် ချက်ချင်းပဲ ပြန်လည်ထွက်ခွာသွားခဲ့၏။

မထွက်ခွာခင်တွင် နင်ကျန်းက ပြောလိုက်သည်။ “အရာကိစ္စတွေက အလုပ်မဖြစ်ဘူးဆိုရင် ရှမ့်လန်.. ဝမ်းကွဲအစ်မ မူလန်ကို ခေါ်ပြီး ရွှဲ့ပြည်နယ်ဆီကနေ ထွက်ပြေးသွားပါ။ ကျုပ်ရဲ့အစ်ကို အိမ်ရှေ့စံမင်းသားက ဝမ်းကွဲအစ်မ မူလန်ကို သဘောကျနေတယ်။ သူ့ကို ရဖို့အတွက် တစ်ခုခု ပြုလုပ်လိမ့်မယ်”

ရှမ့်လန်၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားခဲ့၏။ အိမ်ရှေ့စံမင်းသား နင်ယီသည် သူ၏မိန်းမကို ရယူရန် ဆုံးဖြတ်ထားလျက် ရှိနေသည်လား။ ထိုသို့ဆိုလျှင် အခုအချိန်မှစ၍ သူတို့သည် သေမျိုးရန်သူများ ဖြစ်သွားခဲ့ပြီ။ သူတို့ထဲမှ တစ်စုံတစ်ယောက် သေမှရပ်တန့်ပေမည်။

တစ်ချိန်တည်းမှာပဲ သူသည် ပဉ္စမမင်းသားကို အလွန်ပင် နှစ်သက်သွားခဲ့၏။ ဤလူငယ်လေးသည် တကယ်ကို ကောင်းမွန်လှသည့် လူမျိုးဖြစ်၏။ မည်သည့် မောက်မာဝင့်ကြွားမှုမှ မရှိချေ။ ကောင်းမွန်သည့် စကားများကို မပြောဆိုတတ်သော်လည်း သူ၏စိတ်နှလုံးသည် ဖြူစင်ပြီး ကြင်နာတတ်၏။

အားလုံးသောသူတို့၏ မျက်လုံးထဲတွင် ရွှမ်ဝူအိမ်တော်သည် ပျက်စီးသွားခဲ့ပြီဖြစ်၏။ သို့ပေမည့် နင်ကျန်းသည် ဘေးတစ်ဖက်ဆီမှ မတ်မတ်ရပ်ကာ ကူညီကယ်တင်ခဲ့သည်။

အချိန်များ ကုန်ဆုံးသွားခဲ့၏။ ရွှမ်ဝူအိမ်တော်၏ အကြွေးမုန်တိုင်းသည် တဖြည်းဖြည်း ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။ နန်းတွင်းရှိ အရာရှိများသာမက တော်ဝင်မျိုးနွယ်အားလုံးကလည်း ထိုအကြောင်းကို သိရှိ၏။ သာမန်လူများပင်လျှင် ထိုအကြောင်းကို သိရှိကြ၏။

ကျင်းမိသားစုသည် ရွှေဒင်္ဂါးခုနစ်သိန်းကို အကြွေးတင်လျက်ရှိနေပြီး အကြွေးသံသရာထဲတွင် နှစ်မြုပ်လျက် ရှိနေ၏။ တော်ဝင်မိသားစုအားလုံး၊ အရာရှိ အားလုံးတို့သည် ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုလျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်အနေနှင့် ထိုအရာကို ပြန်လည်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ချေ။ နှစ်ပေါင်း ၁၀၀ လောက် စုဆောင်းလျှင်တောင် ရွှေဒင်္ဂါးခုနစ်သိန်း ရဖို့ လွယ်ကူမည် မဟုတ်ချေ။

လူပေါင်းများစွာတို့သည် ကောလဟာလပေါင်းများစွာကို ပြောဆိုလျက်ရှိသည်။

ရွှမ်ဝူအိမ်တော်၏ သမက်တော် ရှမ့်လန်သည် အလွန်ဝင့်ကြွားစွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်၏။ ၎င်းဝတ်ဆင်ထားသည့် ပိုးထည်ဝတ်စုံများကပင်လျှင် ဈေးက ခေါင်ခိုက်နေ၏။ ကျင်းချန်ကျွန်း တိုက်ပွဲတွင် လည်း ဝတ်စုံလေးခုကို သုံးရက်အတွင်း လဲလှယ်ဝတ်ခဲ့၏။ ဝတ်စုံတစ်ခုချင်းစီတိုင်း၏ တန်ဖိုးသည် ရွှေဒင်္ဂါး ၂၀၀ အောက် မလျော့ချေ။

ရှမ့်လန်သမက်တော်သည် ထမင်းတစါခါစားလျှင် ငါးအကောင် ၁၀၀ တိတိကို စားသုံး၏။ ထို့အပြင် ငါးနှုတ်သီးများကိုသာ စားသုံးသည်ဟုလည်း ကောလဟာလများ ထွက်ဖော်နေ၏။ ယခုအချိန်မှာတော့ မရှိရှိသည့် အစားအစာများကိုသာ စားသုံးနေရသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

“ချီးတဲ့မှ... သမက်တော်လေးတစ်ယောက်ပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလောက် မောက်မာဝင့်ကြွားပြီး နေနေရတာလဲ။ လောကမှာ လူတွေက စားရေးသောက်ရေး ဝဝလင်လင်တောင် မရှိဘူး။ မင်းက ဒီလောက်အထိ မျိုစို့နေမှတော့ သေတာတောင် နည်းသေးတယ်”

ရှမ့်လန်နှင့် ပတ်သက်သည့် သတင်းစကားများသည် အလုံးစုံ ပျံ့နှံ့လျက်ရှိနေ၏။ ထို့အပြင် ထျန်းဟန် သေဆုံးသွားခဲ့ခြင်း၊ ထို့အပြင် လင်းဝူကို ငွေညှစ်ခဲ့ခြင်း၊ အရာအားလုံးတို့သည် သူ၏ မကောင်းကြောင်း များသာလျှင် ဖြစ်၏။

ထိုသူတို့၏ အထင်အရဆိုလျှင် ရွှမ်ဝူအိမ်တော်သည် တဖြည်းဖြည်း အရှက်မဲ့လာခဲ့၏။ အားလုံးသော သူတို့သည် ရွှမ်ဝူအိမ်တော်ကို ဖိနှိပ်နိုင်ရန် ကြိုးစားလာခဲ့သည်။

ရှမ့်လန်သည် အားလုံးသောသူတို့၏ ရွံရှာစရာ ဖြစ်လာခဲ့၏။ ရွှဲ့ပြည်နယ်တွင် ရှိနေသည့် လူပေါင်း များစွာတို့သည် သူ့ကို သတ်ဖြတ်ပစ်ရန်ပင် အော်ဟစ်လျက်ရှိနေ၏။ တော်ဝင်မျိုးနွယ်အသစ်များ၊ နန်းတွင်းအဖွဲ့ဝင်အားလုံးတို့သည် တိုင်တန်းစာများကို ရေးသားကာဖြင့် ဘုရင်မင်းမြတ်ကို ရှမ့်လန်အား အပြစ်ပေးရန် တွန်းအားပေးကြ၏။

ယင်ယွမ်အဖွဲ့အစည်းသည် ပိုက်ဆံများကို ပြန်မရပါက ဝမ်ကျားကျွန်းကို သိမ်းဆည်းရန် ပြင်ဆင်လျက် ရှိနေသည်။

ယင်ယွမ်အဖွဲ့အစည်းသည် သံတမန်များကိုပင် ရွှဲ့ပြည်နယ်ဆီသို့ ပေးပို့ခဲ့ပြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ စာချုပ်စာတမ်းများ ပြုလုပ်လျက် ရှိနေ၏။ ဝမ်ကျားကျွန်းတွင် ရှိနေသည့် စီးပွားရေးများကို ခွဲဝေရန် ညှိနှိုင်းလျက် ရှိနေကြ၏။

နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ်သည် အမိန့်တော်တစ်ခုကို ထုတ်လွှတ်လိုက်၏။ ရွှမ်ဝူအိမ်တော်သည် ရွှေဒင်္ဂါး ခုနစ်သိန်းကို နောက်ဆုံးရက်မတိုင်ခင် မပေးနိုင်ပါက ဝမ်ကျားကျွန်းကို ယင်ယွမ်အဖွဲ့အစည်း ဆီသို့ လက်လွှဲပေးလိုက်ရန်ပင်။

နောက်ဆုံးကျန်ရှိနေသော လှေသည် ရေထဲသို့ နစ်မြုပ်သွားခဲ့ပြီဖြစ်၏။ ဘုရင်မင်းမြတ် ကိုယ်တိုင် ရှေ့ဆီသို့ လှမ်းတက်လာပြီး ကျင်းမိသားစုအား အကြွေးဆပ်ရန် အမိန့်ပေးလျက်ရှိနေ၏။

နောက်ဆုံးနေ့သို့ ရောက်ရှိရန် ၁၃ ရက်သာလျှင် ကျန်ရှိတော့၏။ နတ်ဘုရားများပင် လာရောက် ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ရွှေဒင်္ဂါး ခုနစ်သိန်း ဖြစ်နေသောကြောင့်ပင်။

အားလုံး၏ အမြင်အရဆိုလျှင် ကျင်းမိသားစုသည် ဝမ်ကျားကျွန်းကို ရှုံးနိမ့်ပြီဖြစ်၏။ ဝမ်ကျားကျွန်းကို ရှုံးနိမ့်ပြီဆိုလျှင် ကျင်းမိသားစု၏ စီးပွားရေးထောက်တိုင်တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်၏။ ၁၃ ရက် အတွင်း ရွှေဒင်္ဂါး ခုနစ်သိန်းကို ပြန်လည်ကာ ပေးအပ်ဖို့ဆိုသည်မှာ နေ့အချိန် အိမ်မက်မက်နေသကဲ့သို့ပင်ဖြစ်၏။

ရွှမ်ဝူသည် ကြီးကြီးကျယ်ကျယ် နေမကောင်းဖြစ်နေ၏။ သူ၏မိန်းမ စုဖေ့ဖေ့သည် တော်ဝင်မိသားစုများ၊ အပေါင်းအသင်း မိတ်ဆွေများဆီသို့ သွားရောက်ကာ ငွေကြေးများကို ချေးငှားလျက် ရှိနေ၏။ သူမသည် နိမ့်နိမ့်ချချနှင့် ပြောဆိုပြီး နည်းလမ်းမျိုးစုံနှင့် တောင်းပန်ခဲ့၏။ သို့ပေမည့် အားလုံးသောသူတို့သည် ငြင်းပယ်ခဲ့ကြသည်။

ဆယ်ရက်ကျော်ကြာပြီးသည့်နောက် သူမသည် တော်ဝင်မျိုးနွယ်ဟောင်း ကိုးခုဆီသို့ သွားရောက်ပြီး တောင်းပန်ခဲ့ပြီး ဖြစ်၏။ သူမ၏ နှုတ်ခမ်းများသည် စေးကပ်လျက်ရှိနေလေပြီ။ မည်သူကမှလည်း အဖက်လုပ်ကာ ပြောဆိုခဲ့ခြင်း မရှိချေ။ နောက်ဆုံး သူမ ချေးငှားရရှိခဲ့သည့် ရွှေဒင်္ဂါးသည် ၁၀၀၀ တိတိ သာလျှင် ရှိ၏။

ဟုတ်ပေ၏။ မိသားစုကိုးခုသည် ရွှေဒင်္ဂါး ၁၀၀၀ ကိုသာလျှင် ပေးအပ်ခဲ့၏။ တကယ့်ကို ယုတ်ညံ့လွန်းသည့် ကိစ္စမျိုးပင်။

လောကရှိ တော်ဝင်မျိုးနွယ်များ၏ ပိုက်ဆံချေးငှားခြင်းကို မြင်ရသည့်အချိန်မှာတော့ ကျင်းမိသားစုသည် တကယ်ပင် ရယ်ချင်စိတ် ပေါက်လာခဲ့သည်။

ရွှမ်ဝူအိမ်တော်တစ်ခုလုံး၏ ပျက်စီးဆုံးရှုံးမည့်အခြေအနေသည် ပိုမိုကာ အတည်ပြုသွားခဲ့၏။ နောက်ဆုံး ရက်က မရောက်ရှိသေးချေ။ သို့ပေမည့် အားလုံးသောသူတို့၏ မျက်လုံးထဲတွင်တော့ ကျင်းမိသားစုသည် ပျက်စီးဆုံးရှုံး သွားခဲ့ပြီဖြစ်၏။ လဝက်အတွင်း ရွှေဒင်္ဂါး ခုနစ်သိန်းကို ရှာဖွေခြင်း .... တခြားသူများ အတွက်ဆိုလျှင် ထိုအရာသည် ယုံတမ်းပုံပြင်တစ်ခုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ထျန်းလန်စီရင်စုတစ်ခုလုံး၏ အခွန်အခပင်လျှင် ဤမျှ မရရှိချေ။ သို့ပေမည့် ရှမ့်လန်အတွက်တော့ အလွန်လွယ်ကူသည့် ကိစ္စရပ်သာဖြစ်၏။ သူသည် လွန်ခဲ့သည့် လအနည်းငယ်တည်းက ယနေ့အတွက် ကြိုတင်ကာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သူသည် ရွှေဒင်္ဂါး ခုနစ်သိန်းကို ရှာဖွေချင်ခြင်း မဟုတ်ချေ။ ရွှေဒင်္ဂါး ရှစ်သိန်း၊ ကိုးသိန်း .... ထို့ထက် ပိုမိုသည့် အရာများကို ရှာဖွေချင်ခြင်းသာဖြစ်၏။

တတိယအဆင့်သည် ဝမ်ကျားကျွန်းတစ်ခုလုံးအား ရွှေကျွန်းတစ်ခုသို့ ပြောင်းလဲမည့် မဟာဗျူဟာပင် ဖြစ်၏။ လဝက်နီးပါးခန့် အချိန်ရောက်ရှိလာသည့်အချိန်မှာတော့ ကျင်းမိသားစုသည် တိုက်ရိုက် ဆိုသလိုပင် ယင်ယွမ်အဖွဲ့အစည်းဆီသို့ ရွှေဒင်္ဂါး ခုနစ်သိန်းအကြွေးများကို ပေးအပ်ရမှာဖြစ်သည်။

ထိုအချိန်တွင် လောကကြီးတစ်ခုလုံးသည် ချက်ချင်းပဲ တုန်လှုပ်သွားပေလိမ့်မည်။ တစ်လောကလုံးတွင် ရှိနေသည့် တော်ဝင်မျိုးနွယ်များနှင့် ပြည်သူပြည်သားများအားလုံးတို့သည် အလုံးစုံ တုန်လှုပ်သွားပေ လိမ့်မည်။

အားလုံးသောသူတို့၏ အထင်တွင် ရှမ့်လန်နှင့် ကျင်းမိသားစုတို့သည် တိုက်ခိုက်ခြင်းကို ခံရမှာဖြစ်၏။ သို့ပေမည့် သူတို့သည် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ရပေလိမ့်မည်။

ရှမ့်လန်သည် လူထု၏ အမြင်ကို ပိုမိုကာ သဘောကျလျက်ရှိနေ၏။ သူ့အကြောင်း မကောင်းပြောလေ၊ အားလုံးသောသူတို့၏ အထင်အမြင်သေးမှုကို ရရှိလေ ..... သူ့အနေနှင့် လုပ်ရကိုင်ရ ပိုမိုကာ လွယ်ကူလေ ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရွှေဒင်္ဂါး ခုနစ်သိန်းကို အသာဖြန့်ကြဲပြီး ဂုဏ်ယူ မောက်မာစွာဖြင့် ပြောဆိုလိုက်မည်ဆိုလျှင် မည်မျှကောင်းလိမ့်မည်နည်း။

ထို့အပြင် သူ၏ ဝမ်ကျားကျွန်း ရွှေတွင်းစီမံကိန်းကလည်း ပိုမိုကာ အောင်မြင်လာပေလိမ့်မည်။ နုရှောင့်မြို့ကို အပိုင်စီး ရယူနိုင်ရန်အတွက် မဟာဗျူဟာသည် တစ်ဝက်နီးပါးခန့်ပင် အောင်မြင်သွားသည်ဟု ပြောဆိုရမှာ ဖြစ်၏။

နုရှောင့်မြို့ထဲမှ ရှစ်ချင်းချင်း၏ သတင်းကတော့ တစ်ခုမှ မကြားရသေးချေ။ အချိန်က အလွန်အမင်း ကြပ်တည်းလျက် ရှိနေ၏။ ချောင်ယောင်းအာ၏ အရေးကြီးမှုသည် ပိုမိုကာဖြင့် အရေးပါလာခဲ့၏။ နုရှောင့်မြို့ကို အပိုင်စီးရယူရန်အတွက် ချောင်ယောင်းအာသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိနေသည်။

ဝမ်ကျားကျွန်း၏ ရွှေတွင်းအစီအရင်သည် စတင်တော့မှာ ဖြစ်လေ၏။ သို့ပေမည့် ရှစ်ချင်းချင်းသည် ချောင်ယောင်းအာ၏ အနားသို့ပင် ကပ်၍မရသေးချေ။ ရှမ့်လန်အနေနှင့် ထိုသို့ဆိုလျှင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရတော့မည် ဖြစ်၏။ သူ့အနေနှင့် ချောင်ယောင်းအားကိုပါ အနိုင် မယူနိုင်သည်ဆိုလျှင် အစီအစဉ်တစ်ခုလုံးက ပျက်စီးဆုံးရှုံးသွားမှာ ဖြစ်၏။

“ရှစ်ချင်းချင်း... ရှစ်ချင်းချင်း မင်း အရင်ကလိုမျိုး ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ဖို့ မျှော်လင့်မိတယ်”

ထိုအချိန်မှာပင် ကျင်းဟွေ့သည် ထူးဆန်းသည့် ပုံပန်းသဏ္ဍာန်ဖြင့် ပြောဆိုလိုက်လေ၏။ “သခင်လေး.. ဟုန်ရှန်က တွေ့ခွင့်တောင်းနေပါတယ်”

ရှမ့်လန်က ကြောင်အသွားခဲ့သည်။ “မင်းမိန်းမလား”

ကျင်းဟွေ့၏ မျက်နှာက နီမြန်းသွားခဲ့၏။ ယခုအထိ သူသည် ထိုမိန်းမကို ရရှိခဲ့ခြင်းအတွက် အိမ်မက် မက်နေသကဲ့သို့ပင် ခံစားနေရ၏။ ဤလှပပြီး ခေါင်းမာလွန်းသည့် သခင်မလေးသည် သူ၏မိန်းမ ဖြစ်လာခဲ့၏။ သူမနှင့် ဆယ်ကြိမ်ကျော်လောက် အိပ်စက်ပြီးပြီဆိုလျှင်တောင်မှ သူသည် ထိုကိစ္စကို မယုံကြည်နိုင်သလိုပင် ခံစားနေမိ၏။ လွန်ခဲ့သည့် လဝက်လောက်က ဤမိန်းကလေးသည် သူနှင့်အတူ စတင်ကာ အိပ်စက်ခဲ့၏။

ရွှမ်ဝူအိမ်တော်တစ်ခုလုံး ဆိုးဝါးဆုတ်ယုတ်သွားမည့် အခြေအနေမျိုးကို ကျရောက်နေသည်ဆိုလျှင်တောင်မှ သူမသည် ခေါင်းမာမာနှင့် သူ၏မိသားစုထဲသို့ ဝင်ရောက်လာခဲ့၏။ ရွှမ်ဝူနှင့် မြို့စားကတော်သည် သူ၏မိဘများ အဖြစ် တာဝန်ယူခဲ့ပြီး ရှမ့်လန်၏ မိဘများမှာတော့ ဤမိန်းကလေး၏ မိဘများအဖြစ် တာဝန်ယူခဲ့၏။ သူတို့၏ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ပြုလုပ်ခဲ့သည်။

ဤကဲ့သို့ မင်္ဂလာဆောင်သည့် တလျှောက်လုံး ခေါင်းမာလွန်းသည့် သူ၏မိန်းမသည် ရှမ့်လန်ကို တစ်ချက်ကလေးမှ အမြင်မကြည်ခဲ့ချေ။ ရှမ့်လန် ကျင်းဟွေ့ကို ဆူငေါက်ခဲ့စဉ်တည်းက သူမသည် ရှမ့်လန်အပေါ်တွင် အငြိုးအတေး ထားခဲ့ခြင်းဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဝင်ခိုင်းလိုက်လေ”

ခဏလောက်ကြာပြီးနောက် မိန်းကလေးက ဝင်ရောက်လာခဲ့၏။ လက်ထပ်ပြီး သည့်နောက် သူမ၏ နှလုံးရောဂါသည် အနည်းငယ် ပိုမိုကာ သက်သာလာခဲ့၏။ သူမ၏နှုတ်ခမ်းများသည် ယခင်ကလိုမျိုး ညိုမည်း မနေတော့ချေ။

အထဲသို့ ဝင်ရောက်ပြီးနောက် သူမသည် မျက်နှာချင်းဆိုင်တွင် အသာကာ ထိုင်ချလိုက်၏။ ကျင်းဟွေ့ ကဲ့သို့ လေးစားသမှု မရှိချေ။ ခဏလောက်ကြာပြီးသည့်နောက် ဘာလုပ်ရမှန်း ကျင်းဟွေ့က မသိချေ။ သူ့အနေနှင့် သခင့်လေးကိုလည်း ပြဿနာရှာ၍ မဖြစ်ချေ။ သူ၏မိန်းမကိုလည်း အပြစ်တင်၍ မဖြစ်ချေ။ သမက်တော်သည် မြှောက်ပင့်ပြောဆိုခြင်းကို နှစ်သက်၏။ သို့ပေမည့် သူ၏မိန်းမသည် ဘယ်တော့မှ ထိုကဲ့သို့ ပြုလုပ်မည် မဟုတ်ချေ။

“ကျင်းဟွေ့ အရင်အပြင်ထွက်လိုက်အုံး။ ကျွန်မ သခင်လေးရှမ့်နဲ့ စကားပြောစရာရှိတယ်” မိန်းကလေးက ပြောလိုက်၏။

ကျင်းဟွေ့သည် ရှမ့်လန်ကို လှမ်းကြည့်လိုက်၏။ ရှမ့်လန်သည် လက်ကိုယမ်းခါပြီး ကျင်းဟွေ့ကို ထွက်ခွာသွားရန် ခိုင်းစေလိုက်သည်။

“မူလအားဖြင့် ကျွန်မရဲ့ဘဝတစ်လျှောက်လုံးမှာ အိမ်မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမဲ့ ရွှမ်ဝူအိမ်တော် က ဒီလိုအခြေအနေမျိုး ဖြစ်နေပြီဆိုတော့ ကျွန်မ.. ကျွန်မ အိမ်ပြန်ပြီးတော့ မိဘတွေကို အကူအညီ တောင်းပါ့မယ်။ အသုံးဝင်မလား၊ အသုံးမဝင်ဘူးလားဆိုတာတော့ အာမမခံနိုင်ဘူး”

ဤမိန်းကလေး၏ အမည်သည် ကျန့်ဟုန်ရှန် ဖြစ်၏။ သူမ၏အဖေသည် ရွှဲ့ပြည်နယ် စစ်တပ်၏ ပဉ္စမ စစ်သူကြီး တစ်ယောက်ဖြစ်ပြီး အနောက်ဘက်ပိုင်းမှ တိုင်းပြည်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် စစ်သူကြီးပင် ဖြစ်၏။ ရှင်းချန်မြို့စားအိမ်တော်၏ ကျန့်တုံပင်ဖြစ်၏။

ရွှဲ့ပြည်နယ် အနောက်ဘက်ပိုင်း စစ်တပ်ကြီးသည် ကျုံးမိသားစု၏ လက်ထဲတွင် ရှိ၏။ ဤစစ်သူကြီး ကျန်းတုံသည် အနောက်ဘက်ပိုင်း စစ်တပ်၏ ဒုတိယမြောက် အာဏာအရှိဆုံး လူတစ်ယောက်လည်း ဖြစ်ပြီး ဘုရင်မင်းမြတ်အနေနှင့် ကျုံးမိသားစုကို စောင့်ကြည့်ရန် စေလွှတ်ထားသည့် လူလည်း ဖြစ်သည်။

တော်ဝင်မျိုးနွယ်အသစ်စာရင်းထဲ၌ ထည့်သွင်း၍ ရနိုင်၏။ ၎င်း၌ မြေပိုင်နက်များ မရှိသော်လည်း စစ်အင်အားက တည်ရှိ၏။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ တိုက်ရိုက်မျိုးဆက်ဟူ၍ပင် သုံးသပ်၍ ရ၏။

အစောတုန်းက ပြောဆိုသည့်အတိုင်း မြို့စားလေး ကျူးလန်ထင်၏ သား ကျူးဝမ်ထိုင်သည် စစ်တပ်ထဲသို့ ဝင်ရောက်ရန် စီစဉ်ခဲ့ပြီးသည့်နောက် ကျရှုံးခဲ့လေ၏။ ကျူးမိသားစု၏ ဂုဏ်သိက္ခာသည် စစ်သူကြီး ကျန်းတုံနှင့် နီးစပ်ခွင့်ရရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ပေမည့် ကျန့်ဟုန်ရှန်သည် နှလုံးရောဂါနှင့် မွေးဖွားလာခဲ့လိမ့်မည်ဟု မည်သူကထင်မှတ်မည်နည်း။ သူမကို မွေးဖွေးပြီးခြင်းတွင် ဤမိန်းကလေးသည် လက်ထပ်၍ မရသည့် လူတစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့၏။ ကျူးလန်ထင်သည် အခွင့်အရေးကို ရရှိပြီးသည့်နောက် သူမကို ကျူးဝမ်ထိုင်နှင့် လက်ထပ်ပေးရန် တောင်းဆိုခဲ့၏။

ကျန့်တုံသည် များများစားစား မတွေးခဲ့ချေ။ သို့ပေမဲ့ ကျူးမိသားစုသည် ရာစုနှင့်နီးပါးရှိနေသာ တော်ဝင်မျိုးနွယ်ဖြစ်၏။ ထို့အပြင် ကျူးဝမ်ထိုင်သည် သိုင်းပညာ၌လည်း ပါရမီရှိသူဖြစ်၏။ သူ၏ သမီးကို အထင်အမြင်သေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လက်ထပ်ပွဲကို ခွင့်ပြုခဲ့၏။

ထိုကဲ့သို့ အဆင့်နှိမ့်ချကာ သဘောတူခြင်းဆိုသည်မှာ ကျန့်ဟုန်ရှန်တစ်ယောက် နှလုံးရောဂါကို ခံစားနေရ သောကြောင့်ပင်။ တခြားကြီးကြီးမားမားကို မမျှော်လင့်ထားနိုင်တော့သောကြောင့်ပင်ဖြစ်သည်။

သူမသည် သူမ၏ စေ့စပ်ထားသည့် အမျိုးသားကို လာရောက် ကြည့်ရှုချင်၏။ ထို့ကြောင့်ပင်လျှင် ချက်ချင်း အပြင်လောကသို့ တစ်ယောက်တည်း ထွက်ခွာလာခဲ့၏။

သို့ပေမည့် မထင်မှတ်ထားလောက်အောင်ပင် ကျူးမိသားစု၏ တည်နေရာထဲသို့ ဝင်ဝင်ချင်းမှာပဲ ကင်းမျှော်စင်တွင် ရှိနေသည့် စစ်သည်များ၏ ဖမ်းဆီး မဒိန်းကျင့်ခြင်းကို ခံခဲ့ရ၏။ မူလအားဖြင့် သူမသည် တစ်ခါတည်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန် စီစဉ်ခဲ့၏။ ကျင်းဟွေ့ သူမကို ကယ်တင်ခဲ့ သောကြောင့်သာ ယခုအချိန်ထိ အသက် ရှင်သန်ခဲ့ခြင်းပင်။

ကျင်းဟွေ့သည် သူမ တွေ့ကြုံခဲ့ဖူးသည့် ယောက်ျားများထဲတွင် သူမကို အလေးမြတ်ထားဆုံးနှင့် နတ်မိမယ် တစ်ပါးကဲ့သို့ပင် စောင့်ရှောက်ကာကွယ်တတ်သူ တစ်ယောက်ဖြစ်၏။ မူလအားဖြင့် သူမသည် သူမ၏ မိသားစုနှင့် ထပ်မံ မတွေ့တော့ဟု ဆုံးဖြတ်ထားခဲ့၏။ ယခု ရွှမ်ဝူအိမ်တော် ဆိုးဆိုးဝါးဝါး အခြေအနေဆီသို့ ရောက်ရှိနေသည့်အချိန်မှာတော့ ကူညီပေးရန် စဉ်းစားလိုက်သည်။

ရှမ့်လန်သည် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်၏။ နောက်ထပ် အချိန်ကိုက် အကူအညီတစ်ခုက ရောက်ရှိလာခဲ့၏။ သူမသည် နူးညံ့လွန်းသည့် နှလုံးသားကို ပိုင်ဆိုင်သော်လည်း လုပ်နိုင်ကိုင်နိုင်ခြင်း စွမ်းရည် မှာတော့ ကင်းမဲ့လွန်း၏။ သို့ပေမည့် နှလုံးသားမှာတော့ မာကျောလျက် ရှိနေသေး၏။

ရှမ့်လန်သည် ချက်ချင်းပင် မတ်တပ်ထရပ်ပြီးသည့်နောက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “မိန်းကလေးကျန့်.. ခင်ဗျားက အံ့အားသင့်စရာ မိန်းကလေးတစ်ယောက်ပါပဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ခင်ဗျား အေးအေးဆေးဆေး နေလို့ရပါတယ်။ ပြီးတော့ ကျင်းဟွေ့နှင့် လက်ထပ်တဲ့အတွက် ကျုပ်ကလည်း ကျေးဇူးတင်ပါတယ်။ ရွှမ်ဝူအိမ်တော်အတွက် ဘာမှပူပန်နေစရာမလိုဘူး။ အိမ်တော်ထဲမှာနေပြီး ကျင်းဟွေ့နှင့် ပျော်ပျော်ရွှင်ရွှင် နေပါ”

ကျန့်ဟုန်ရှန်သည် ရှမ့်လန်ကို အချိန်အတော်ကြာသည်အထိ စူးစိုက်ကြည့်လိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ရှင် တကယ်ပဲ ကျွန်မရဲ့အကူအညီ မလိုဘူးလား”

“မလိုပါဘူး” ရှမ့်လန်က ပြောလိုက်သည်။

ကျန့်ဟုန်ရှန်က ထွက်ခွာသွားခဲ့၏။ ကျင်းဟွေ့သည် အလောတကြီးပင် နောက်မှလိုက်ပါသွားခဲ့၏။

“ဟုန်ရှန် ရေဆာနေသေးလား” ပြီးနောက် ကျင်းဟွေ့သည် ရေနွေးနွေး တစ်ခွက်ကို ထည့်လိုက်၏။ ပြီးနောက် အပူချိန်ကို စမ်းသပ်လိုက်၏။ နွေးနွေးလေးရှိနေသေး၏။ ဤအပူချိန်သည် ဟုန်ရှန်၏ အကြိုက်ပင်ဖြစ်သည်။

“ကျင်းဟွေ့.. ရှင် ကျွန်မကို တစ်စုံတစ်ခု ဖုံးကွယ်ထားသေးလား” ကျန့်ဟုန်ရှန်က ပြောဆိုလိုက်၏။

ကျင်းဟွေ့၏ မျက်နှာသွင်ပြင်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူသည် သူ၏အမှားကို ဝန်ခံသည့် အနေဖြင့် ဦးညွှတ်လိုက်သည်။ “တောင်းပန်ပါတယ် ဟုန်ရှန်... တချို့ကိစ္စတွေကို ပြောလို့မရပါဘူး”

ကျန့်ဟုန်ရှန်သည် သူ၏ယောက်ျားကို အချိန်တော်ကြာ စိုက်ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ထားလိုက်တော့။ သစ္စာတရားဆိုတာ အရမ်းကောင်းတဲ့ အရာပဲလေ”

ကျင်းဟွေ့က ပျော်ရွှင်သွားခဲ့သည်။ “ကျေးဇူးပါပဲ ဟုန်ရှန်.. နားလည်ပေးတဲ့အတွက်ပါ”

ကျန့်ဟုန်ရှန်က ပြောလိုက်၏။ “ကျွန်မ အခု စိတ်ဝင်စားနေတယ်။ ရှမ့်လန်က ဘယ်လိုပုံစံမျိုးနဲ့ ဒီအခြေအနေကို ပြောင်းပြန်လှန်မှာလဲ။ ဘယ်လိုပဲကြည့်ကြည့် ကျွန်မတို့မိသားစုက ဒုက္ခ ရောက်နေပြီ မဟုတ်လား”

ကျင်းဟွေ့သည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ မည်သည့်စကားမှ မဆိုချေ။

ကျန့်ဟုန်ရှန်သည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ “သွားတော့ ရှင့်ရဲ့သခင်လေးက ရှင့်ကို လိုနေပြီ”

“ကောင်းပါပြီ” ကျင်းဟွေ့က ပြောဆိုလိုက်၏။ သို့သော်ငြား သူသည် မည်သို့မှ မနေနိုင်ဘဲ သူ့မိန်းမ၏ လည်ကုတ်ကို အနည်းငယ် နှိပ်ပေးလိုက်သေး၏။ ပြီးနောက် ရှမ့်လန်၏ အမိန့်ပေးမှုကို နာခံရန် ထွက်ခွာသွားခဲ့၏။

ကျန့်ဟုန်ရှန်သည် သူမယောက်ျား၏ နောက်ကျောကို လှမ်းကာကြည့်ရှုလိုက်၏။ သူမသည် ကြည်နူးသလို၊ ပျော်ရွှင်မှုမျိုးကိုလည်း ခံစားရ၏။ သူမ၏ အထင်အရဆိုလျှင် ယောက်ျား တစ်ယောက်၏ နောက်ခံသည် အရေးမကြီးချေ။ ယောက်ျားတစ်ယောက်၏ လုပ်နိုင်ကိုင်နိုင်စွမ်းနှင့် ထိုသူ၏ နွေးထွေးစွာ ဆက်ဆံ တတ်မှုသည် မိန်းမသားများအတွက် အကောင်းဆုံးသာလျှင်ဖြစ်သည်။

ဤအရာသည် ဖိနပ်ဝတ်ခြင်းနှင့် ဆင်တူ၏။ ကြည့်၍ကောင်းခြင်းထက် ဝတ်၍ကောင်းခြင်းက ပိုမိုကာ အရေးကြီး၏။ ဤကဲ့သို့ မိသားစု၏ အခြေအနေဆိုးဝါးမှုသည် ယောက်ျားတစ်ယောက်၏ နှလုံးသားကို ထင်ရှားစွာ မြင်နိုင်သည့် အခွင့်အရေးမျိုးပင်ဖြစ်၏။

.........

ရှမ့်လန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤကဲ့သို့ အကူအညီမဲ့နေသည့် အခြေအနေမျိုးတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထွက်ပေါ်လာခဲ့သည့် လေးနက်သည့် နှလုံးသားနှစ်စုံကို သူက မြင်ခဲ့ရသောကြောင့်ပင်။

ရှစ်ချင်းချင်းဘက်က မည်သို့နေမည်နည်း သူ့ကို စိတ်ဓာတ်မကျအောင် ဖန်တီးပေးထားပြီလား။

ထိုအချိန်မှာတော့ ကျင်းဟွေ့နှင့် ကျင်းကျုံးတို့သည် တစ်ပြိုင်နက်တည်း ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ “သမက်တော်.... မိန်းကလေး ရှစ်ချင်းချင်းဆီက လျှို့ဝှက်စာ ရောက်လာပါတယ်”

“သမက်တော် ကောင်းကင်တာအို အဖွဲ့အစည်းဆီကနေပြီးတော့ လူတွေ ရောက်လာပါတယ်”

ရှမ့်လန်က ပျော်ရွှင်သွားမိ၏။ ကောင်းသော အရာသည် ပြိုင်တူ ရောက်ရှိလာခဲ့သည်လား။ အရေးကြီးသည့် အချက်အလက် နှစ်ခုသည် တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့၏။

ကောင်းကင်တာအိုအဖွဲ့အစည်း - ယင်ယွမ်အဖွဲ့အစည်းနှင့် နှိုင်းယှဉ်၍ရနိုင်သည့် တကယ်ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်၏။ ခဏအတွင်း ရွှေဒင်္ဂါး ကိုးသိန်း၊ ရှစ်သိန်းလောက် ရှာဖွေနိုင်သည့် အခြေအနေမျိုးကို ဖန်တီးပေးနိုင်မည့် အဖွဲ့အစည်းမျိုးပင်။

သို့ပေမည့် ထိုအရာသည် ရှမ့်လန်၏ ပြုမူဆောင်ရွက်မှုနှင့် အရောင်းစွမ်းရည် အပေါ်တွင် မူတည်လျက် ရှိနေသေးသည်။

All Chapters