← Chapters

အခန်း (၁၈၅)

Vol. 14 Ch. 185

အခန်း (၁၈၅)

Vol. 14 Ch. 185

ရှမ့်လန်သည် ပထမဦးဆုံး လျှို့ဝှက်စာကို အသာဆွဲဖွင့်လိုက်၏။ ထိုစာထဲတွင် အငြှိုးအတေး ကြီးမားလွန်းသည့် အရိပ်အယောင်များ ပါဝင်လျက်ရှိနေသည်ကို သူမြင်လိုက်ရ၏။

“ကျွန်မ တစ်လလုံးလုံး တံမြက်စည်းလှည်းနေရတယ်။ သေးငယ်တဲ့ ခြံဝန်းသေးသေးလေးထဲမှာ မိန်းမချောလေး ဆယ်ယောက်လောက် ပေါင်းပြီးတော့ တံမြက်စည်းလှည်းနေရတဲ့ မြင်ကွင်းကို ရှင် မြင်ယောင်ကြည့်စမ်း။ သစ်ရွက်လေး တစ်ရွက် ကျလာဖို့ ထိုင်ဆုတောင်းနေရတယ်။ ကျလာပြီဆိုတာနဲ့ အလုပ်လုပ်ဖို့အတွက် ချက်ချင်းပြေးပြီး သိမ်းနေရတယ်လေ။ ချောင်ယောင်းအာ .... တကယ့်ကို မိစ္ဆာမ တစ်ယောက်ပဲ။ ဘာတစ်ခုမှ ဂရုမစိုက်တတ်တဲ့ မိစ္ဆာမအစစ်စစ်ပဲ”

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ပဲ ပြုံးလိုက်မိ၏။ ရှစ်ချင်းချင်းကဲ့သို့ ကောက်ကျစ်ပြီး ကြမ်းတမ်းလွန်းသည့် အမျိုးသမီးတစ်ယောက်ပင်လျှင် နစ်နာမှုကို ခံစားနေရ၏။ ဤချောင်ယောင်းအာသည် တကယ့်ကို သာမန်ထက် ပိုသော လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ရှမ့်လန်သည် သိုင်းကျင့်ကြံခြင်း လောက၏ အဆင့်အမြင့်ဆုံး ပါရမီရှင်တစ်ယောက်အနေနှင့် ဤကဲ့သို့ အနည်းနှင့်အများ ဆိုသလို ထူးဆန်းနေမည် ဖြစ်ကြောင်းကို သိရှိပြီးသား ဖြစ်၏။ ထိုသို့သောသူများသည် သာမန်လူများနှင့် ခြားနားလွန်းကြသည်။

ထို့ကြောင့် သူက စာကိုသာ ဆက်လက်ဖတ်ရှုလိုက်၏။

“ကျွန်မ နုရှောင့်မြို့ထဲကို ရောက်နေတာ နှစ်လနီးပါးလောက်ရှိနေပြီ။ အစတုန်းက ကျွန်မတွေးတောထားတာ အကုန်လုံးက တလွဲတွေကြီးပဲ။ သူက မိန်းမတွေကို မကြိုက်ဘူး။ ဒီတော့ ပျော်မနေနဲ့တော့။ သူ ယောင်္ကျားတွေကို ကြိုက်တယ်လို့လည်း ကျွန်မ မမြင်ဘူး။ သူ့ရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရတာ အနီးအနားမှာ ရှိတဲ့ လူပေါင်းများစွာကို သတ်ပစ်ဖို့ပဲ စိတ်ဝင်စားပုံပေါ်တယ်”

ရှမ့်လန်သည် ဇက်တစ်ခုလုံးပင် ပုဝင်သွားမိသည်။

“ချောင်ယောင်းအာရဲ့ ရဲတိုက်ထဲမှာ အလှပဂေးပေါင်း ၁၀၀ ကျော်လောက်ရှိတယ်။ အားလုံးဟာ သူမ ကယ်တင်ခဲ့တဲ့ သနားစရာကောင်းတဲ့ မိန်းမတွေချည်းပဲ။ တကယ့်ကို ဆိုးရွားတဲ့ နောက်ခံတွေ တည်ရှိခဲ့ ကြတာ။ ဒါပေမဲ့ သနားစရာကောင်းတဲ့ လူတွေအကုန်လုံးက မုန်းစရာကောင်းတဲ့ လူတွေချည်းပဲ။ ကျွန်မ အပါအဝင်ပေါ့”

ဤစာသားသည် အငြိုးအတေးများနှင့် ပြည့်နှက်လျက်ရှိနေ၏။

“ရှင် ဒီရဲတိုက်ကြီးရဲ့ စီမံအုပ်ချုပ်မှုက ဘယ်လောက်ထိ လေးနက်တယ်ဆိုတာ ခန့်မှန်းကြည့်လို့ရမှာ မဟုတ်ဘူး။ ဒီမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေက အရမ်းကို တင်းကျပ်တယ်။ ကျွန်မ ဒီနေရာကို ရောက်နေတာ နှစ်လလောက် ရှိပြီ။ ဒါပေမဲ့ ချောင်ယောင်းအာနဲ့ ထိတွေ့ဆက်ဆံဖို့ အရည်အသွေး ကျွန်မမှာ မရှိသေးဘူး။ ကျွန်မက သူမထက် အဆင့်လေးဆင့်နိမ့်တဲ့ နေရာမှာ ရောက်နေတယ်”

“ကျွန်မရဲ့အထက်မှာ ခြံဝန်းတစ်ခုလုံးကို တံမြက်စည်းလှည်းတဲ့သူတွေကို ကြီးကြပ်တဲ့ ခေါင်းဆောင်ငယ် တစ်ယောက်ရှိတယ်။ ပြီးတော့ အဲ့ဒီခေါင်းဆောင်ငယ်တွေကိုမှ ပြန်ပြီးကြီးကြပ်တဲ့ ရဲတိုက်ရဲ့ အစေခံတွေ ရှိသေးတယ်။ နောက်ဆုံး အဲ့ဒီရဲတိုက်ရဲ့ အစေခံတွေ အကုန်လုံးကို ပြန်ပြီးတော့ အုပ်ထိန်းထားတဲ့ ချောင်ယောင်းအာရဲ့ သီးသန့်အစေခံ တစ်ယောက်ရှိသေးတယ်”

“ချောင်ယောင်းအာရဲ့ ဘေးနားကို ရှင် ကျွန်မကို ဘာကြောင့်သွားစေချင်တာလဲဆိုတာ ကျွန်မ မသိဘူးဆိုပေမဲ့ အနည်းဆုံး ကျွန်မအနေနဲ့ ချောင်ယောင်းအာရဲ့ သီးသန့်အစေခံတစ်ယောက်ဖြစ်လာဖို့ လိုအပ်နေမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်မ တစ်ခါမှ မထင်ခဲ့မိဘူး။ နုကျန့်စီရင်စုတစ်ခုလုံးဆီမှာ အလှပဆုံးနဲ့ ပါရမီအရှိဆုံး တတိယမြောက်နေရာမှာရှိတဲ့ ကျွန်မက ချောင်ယောင်းအာရဲ့ သီးသန့်အစေခံ တစ်ယောက်ဖြစ်လာဖို့ နေရာ အတွက် သေလုမျောပါး ကြိုးစားနေရတယ်”

“ဘဝရဲ့ အလှည့်အပြောင်း၊ အနိမ့်အမြင့်၊ အတက်အကျတွေက တကယ့်ကို ကြောက်စရာကောင်းပြီး စိတ်ပျက်ဖို့လည်း ကောင်းတယ်။ ချောင်ယောင်းအာရဲ့ သီးသန့်အစေခံရဲ့ နာမည်က လုရီလို့ခေါ်တယ်။ တကယ့်ကို အသုံးမကျတဲ့ကောင်မပေါ့။ အဆက်အသွယ်တွေကို အသုံးပြုပြီး အနားမှာရှိတဲ့လူတွေကို ဒုက္ခပေးတတ်သေးတယ်”

“ကျွန်မ ချောင်ယောင်းအာကို ဆွဲဆောင်ခဲ့တာကို မြင်ခဲ့တာကြောင့် ကျွန်မကို ပစ်မှတ်ထားပြီးတော့ အချိန်မရွေး နင်းချေပစ်ဖို့ ကြိုးစားနေတယ်။ ကျွန်မ သူမကို သတ်ချင်တယ်။ သတ်ပြီးတော့ သူမနေရာကို အစားဝင်ချင်တယ်။ ဒါပေမဲ့ အချိန်အခါ မကျသေးဘူး။ နှစ်လတိတိ သူလျှိုလုပ်ပြီးတဲ့နောက်မှာ ကျွန်မ အနည်းငယ် နားလည်မှု ရခဲ့တယ်”

“အဲဒါက ချောင်ယောင်းအာရဲ့ ကိုယ်ရည်ကိုယ်သွေးပဲ။ သူမက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းတဲ့ သိုင်းပညာ စွမ်းရည်နဲ့ ထက်မြက်လွန်းတဲ့ မိန်းမတစ်ယောက်ပဲ။ ဩဇာအာဏာနဲ့ ချမ်းသာမှုတွေကို စိတ်ဝင်စားမှု မရှိဘူး။ သတ်ဖြတ်ခြင်းနဲ့ အားအင်အဆင့် နောက်ကိုပဲ တစ်စိုက်မက်မက်လိုက်နေတဲ့ လူတစ်ယောက်”

“အဲဒါမျိုးကို ရဖို့အတွက်ဆိုရင် လူပေါင်းများစွာကို သတ်ဖြတ်ပစ်ရမယ်ဆိုရင်တောင် တစ်ချက် မှုမှာ မဟုတ်ဘူး။ သူမသာ လောကကြီးရဲ့ မတရားမှုတွေကို ရှင်းလင်းပစ်ချင်တဲ့ သူရဲကောင်းစိတ်ဓာတ်ကို ပိုင်ဆိုင်တယ်ဆိုရင်တော့ ကောင်းကင်ကိုတောင် ပုန်ကန်နိုင်တဲ့ သူတစ်ယောက်ဖြစ်လာလိမ့်မယ်။ ပြီးတော့ သူမက တကယ့်ကို ရက်စက်လွန်းတဲ့ နတ်ဆိုးမတစ်ယောက်ပဲ။”

“ရှင်က ချောပြီးတော့ မိန်းကလေးတွေကို ကိုင်တွယ်နိုင်တယ်ဆိုတာကို ကျွန်မ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ရှင် ဒီမိန်းမကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ သူမနဲ့ ထိုက်တန်တဲ့ ယောက်ျားမျိုးဆိုတာ ဘယ်လိုယောက်ျားမျိုးလဲ ဆိုတာတောင် ကျွန်မ မသိတော့ဘူး”

ဤအရာသည် အလုံးစုံချီးကျူးခြင်းနှင့် ကိုးကွယ်ခြင်းများသာလျှင် ဖြစ်၏။ ရှစ်ချင်းချင်းကဲ့သို့ မိန်းမမျိုး ၌ပင်လျှင် စံပြမိန်းမတစ်ယောက် ရှိနေသေးသည်လား။

“အခု ကျွန်မ ချောင်ယောင်းအာနားကို နီးကပ်ဖို့အတွက် အခွင့်အရေးတစ်ခု ရခဲ့တယ်။ သူမက စကား အနည်းငယ်ကိုသာ ပြောဆိုပြီး ရေခဲလိုအေးစက်တဲ့ မိန်းကလေး။ ပြီးတော့ ကြမ်းတမ်းပြီး ရက်စက်လွန်းတယ်။ ဘာဝါသနာမှလည်း မရှိဘူး။ ရဲတိုက်ထဲမှာ သူမရဲ့ နေ့စဉ် ဖြတ်သန်းမှုတွေက တကယ့်ကို ပျင်းရိစရာ ကောင်းတယ်။ သူမက စာဖတ်ရှု မှတ်သားခြင်းကိုလည်း မကြိုက်ဘူး။ သူမရဲ့ တစ်ခုတည်းသော ဝါသနာကတော့ ပုံပြင်တွေကို နားထောင်ရခြင်းပဲ”

‘ပုံပြင်တွေကို နားထောင်ရခြင်း ဟုတ်လား’

ဤနတ်ဆိုးမသည် တကယ်ပင် ပုံပြင်တွေကို နားထောင်ရခြင်းကို နှစ်သက်လေသည်လား။ သို့ပေမည့် ဤအရာက သာမန်သာလျှင်ဖြစ်၏။ သူမသည် လက်ဝတ်ရတနာများ ရတနာများကို မနှစ်သက်ချေ။ ဩဇာအာဏာကိုလည်း မနှစ်သက်သလို ပိုးထည်နှင့် ရွှေငွေပစ္စည်းများကိုလည်း မနှစ်သက်ချေ။ စာပေဖတ်ရှုရခြင်း ကိုလည်း မနှစ်သက်ချေ။ ထိုသို့ဆိုလျှင် အလွန်ပင် ပျင်းရိစရာကောင်းပြီ မဟုတ်ပါလား။

ပိုမို၍ အရေးကြီးမားသည်မှာ သူမသည် အရူးကြီးနှင့် ထန်ယင်တို့လို ရူးကြောင်ကြောင်လူမျိုးလည်း မဟုတ်ချေ။ ပုရွက်ဆိတ်လေးများ လမ်းလျှောက်သွားသည်ကို လေးနာရီလောက် ထိုင်ကြည့်ဖို့အတွက် ပျင်းရိနေမည့် အမျိုးအစားမျိုးပင်ဖြစ်၏။

ရှမ့်လန် သည် စာကိုသာ ဆက်လက်ဖတ်ရှုလိုက်သည်။

“ကျွန်မ ပုံပြင်အနည်းငယ် ပြင်ဆင်ထားခဲ့တယ်။ ပြီးတော့ သူမရဲ့ သီးသန့်အစေခံဆီကို ရောက်အောင် ကြိုးစားနေတယ်လေ။ ဒါပေမဲ့ ကျွန်မ ဒီထက်ပိုပြီးတော့ ပြင်ဆင်ရအုံးမယ်လို့ ထင်တယ်။ သူတို့အားလုံးက ပုံပြင်တွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ပြောခဲ့ကြပြီးပြီ။ ရှင်ရဲ့ မာယာမျဉ်းပြိုင်အကြောင်းကိုတောင်မှ တစ်စုံတစ်ယောက်က ပြောခဲ့သေးတယ်။ ဒါပေမဲ့ မာယာမျဉ်းပြိုင်အကြောင်းကို ပြောခဲ့တဲ့ မိန်းမက အိမ်သာဆေးတဲ့ အပြစ်ပေးခြင်းခံခဲ့ရတယ်”

မည်မျှကန်းနေသည့် မိန်းမဖြစ်သနည်း။ သူ၏ မာယာမျဉ်းပြိုင်စာအုပ်သည် တကယ့်ကို ကောင်းကောင်းမွန်မွန် ရေးသားထားခဲ့ခြင်းဖြစ်၏။ ဤကဲ့သို့ ဦးနှောက်မဲ့လွန်းသည့် အမျိုးသမီး တစ်ယောက်သည် မာယာမျဉ်းပြိုင်စာအုပ်ကို ဖတ်ရှုရန်အတွက် လုံလောက်သည့် အရည်အချင်း မရှိခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

“ဒီချောင်ယောင်းအာက အသစ်တွေကိုသာ ကြိုက်နှစ်သက်ပြီး အဟောင်းတွေကို နှစ်သက်တတ်တဲ့ မိန်းမမျိုး မဟုတ်ဘူး။ သူက ဘေးတစ်ဖက်မှာရှိတဲ့လူတွေကို ပုံပြင်ကောင်းကောင်း ပြောစေချင်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ အစေခံတွေပြောတဲ့ ပုံပြင်တွေက ရိုးအီလာခဲ့ပြီ။ ဒါ့ကြောင့် သူမက ပျင်းရိနေ ခဲ့တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် သူမက မေတ္တာတရားကြီးမားတဲ့ လူတစ်ယောက်တော့ ဟုတ်သေးတယ်။ သနားစရာမိန်းမတွေ အကုန်လုံးကို ကယ်တင်ခဲ့တယ်။ ဒီတော့ သူက အကျင့်သီလတရား ကင်းမဲ့တဲ့ မိန်းမတစ်ယောက် ဟုတ်ပုံ မပေါ်ဘူး”

အကြင်နာတရား ကြီးမားလွန်းသည့် လူတစ်ယောက်သည် လူအများအပြားကို ချစ်ခင်နှစ်သက်တတ်၏။ တစ်ဦးတစ်ယောက်တည်းကို သီးသန့်ချစ်မြတ်နိုးခြင်း မရှိချေ။ သူမကို ကြည့်ရသည်မှာ အကြင်နာတရား ကင်းမဲ့ပုံ မပေါ်ချေ။ ခံစားချက်များလည်း ရှိပုံပေါ်၏။ ဤအရာသည် ခေါင်းဆောင်တစ်ယောက်၏ ဟန်ပန် အမူအရာမျိုးပင်ဖြစ်၏။

“ကျွန်မဆီမှာ အခွင့်အရေး တစ်ခုပဲရတယ်။ ဒီတော့ အလျင်စလို မလုပ်ရဲဘူး။ ဒါကြောင့် သိုသိုသိပ်သိပ် နေနေရတာပဲ။ မြန်မြန် ... ကျွန်မကို ဇာတ်လမ်းတစ်ခုခု ရေးပေးအုံး။ အဲဒီဇာတ်လမ်းက ရဲရင့်ရမယ်။ စိတ်လှုပ်ရှားစရာ ကောင်းရမယ်။ ပြီးတော့ အရေးကြီးတာက လွတ်လပ်မှု ရှိရမယ်။ ဘောင်ခတ်မထားရဘူး”

“ဒီပုံပြင်က ရှည်ပြီးတော့ ချောင်ယောင်းအာရဲ့နားမှာ အနည်းဆုံး တစ်နှစ်လောက်နေပြီး ပြောရမယ့် အခြေအနေမျိုး ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါဆိုရင် ကျွန်မရဲ့ ရာထူးကလည်း တည်ငြိမ်သွား လိမ့်မယ်။ မှတ်ထားအုံး။ ရှင်ဒီပုံပြင်ကို ရေးသားခြင်းရဲ့ ကောင်းခြင်း၊ မကောင်းခြင်းက ကျွန်မသူ့ရဲ့ အစေခံ ဖြစ်လာဖို့၊ မဖြစ်လာဖို့အပေါ် တိုက်ရိုက်မူတည်နေတယ်နော်”

“ကျွန်မဆီမှာ ပြိုင်ဖက်တွေ အများကြီးရှိတယ်။ နေ့စဉ်နေ့တိုင်းဆိုသလို ချောင်ယောင်းအာကို ပုံပြင်ပြောပြဖို့ ကြိုးစားနေကြတဲ့ မိန်းကလေးတွေ ဒါဇင်နဲ့ချီပြီးရှိတယ်။ သူတို့ရဲ့ ပုံပြင်တွေက တကယ့်ကို ချီးလိုပဲလေ။ ရှင်အနေနဲ့ အားလုံးထက်ပိုပြီး ချွန်ထွက်သွားအောင် လုပ်ဖို့လိုတယ်။ ဒီပုံပြင်က ထူးခြားရမယ်။ မတူညီတဲ့လောကကြီး ဖြစ်နေရင် အကောင်းဆုံးပဲ။ သတ်ဖြတ်ချင်မှုတွေရှိရမယ်။ ချစ်ခြင်းမေတ္တာတွေကို ဖယ်ရှားထားရမယ်။ ဘာလို့လဲဆိုတော့ ရှင်ရဲ့ မာယာမျဉ်းပြိုင်စာအုပ်တောင်မှ အိမ်သာထဲကို လွှင့်ပစ် ခံရတာလေ”

ထိုအရာကို ဖတ်ရှုပြီးသည့်နောက် ရှမ့်လန်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ ပထမဦးဆုံး ဤလျှို့ဝှက်စာ သည် ရှည်လွန်းနေခြင်းပင် ဖြစ်၏။ ဤအရာက သက်သေပြနေသည်မှာ ရှစ်ချင်းချင်း၏ လွတ်လပ်မှုသည် ပြဿနာတစ်ခု မရှိနေခြင်းပင်။ ထို့အပြင် သူမသည် အလွန်အမင်း ပျင်းရိလွန်းနေခဲ့၏။ ထို့ကြောင့် ရှမ့်လန်ဆီသို့ လွယ်လွယ်ကူကူနှင့် သူလျှိုနှင့် ဆက်သွယ်ကာ စာပို့နိုင်ခြင်းပင်ဖြစ်၏။

သို့ပေမည့် သူမရဲ့ စကားလုံးများတွင် ထူးဆန်းသည့် အကြောင်းအရာများ ပါဝင်လျက် ရှိနေ၏။ ရှစ်ချင်းချင်း ကဲ့သို့ ကောက်ကျစ်ပြီး ကြမ်းတမ်းလွန်းသည့် အမျိုးသမီးတစ်ယောက်သည် ချောင်ယောင်းအာ၏ ဘေးနားကို ရောက်ရှိဖို့အတွက် ပုံပြင်ဇာတ်ကြောင်းများကို ပြောဆိုရန် ကြိုးစားနေမည်ဟု မည်သူ ထင်မှတ်မည်နည်း။

“သတ်ဖြတ်ခြင်း၊ ရဲတင်းခြင်း၊ သူရဲကောင်းဆန်ခြင်း… ငါ ဘာအကြောင်းကို ရေးရမလဲ။ အနောက်အရပ်သို့ ခရီးသွားခြင်းအကြောင်းကို ရေးရမလား။ ဒါမှမဟုတ် ကောင်းကင်ဘုံသို့ စစ်တိုက်ခြင်းကို ရေးရမလား။ အင်း… ဒီဇာတ်ကြောင်းနှစ်ခုလုံးက စာလုံးပေါင်း သိန်းချီရေးရမှာပဲ။

နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် အနောက်ဘက်သို့ ခရီးသွားခြင်းက ချောင်ယောင်းအာရဲ့ သူရဲကောင်းဆန်တဲ့ အမူအကျင့်၊ အပြုအမူနဲ့ တကယ့်ကို လိုက်ဖက်တယ်။ ငါ ဒဏ္ဍာရီလာ ဝူခုန်းအကြောင်းကို သေသေချာချာ ရေးပေးလိုက်မယ်ဆိုရင် သူကြိုက်မှာပဲ။ ဟုတ်ပြီ။ ငါ ကျိန်းသေပေါက် အနောက်အရပ်သို့ ခရီးသွားခြင်းအကြောင်းကို ပြန်ကူးရေးပေးရမယ်”

မည်ကဲ့သို့ ကူးရေးရမည်နည်း။ ဟုတ်ပေ၏။ သူသည် ကျင်းမူကုန်းကို ခေါ်ဆောင်ကာ ရေးသားခြင်းဖြစ်၏။ ရှစ်ချင်းချင်း၏ လျှို့ဝှက်စာကို ဖတ်ရှု၍ ပြီးသွားပြီဖြစ်၏။ သို့သော်လည်း လျှို့ဝှက်စာ၏ အဆုံးသတ်တွင် အစက်ကလေး အနည်းငယ် တည်ရှိနေ၏။

အချက်ပြခဲ့ခြင်းပင်ဖြစ်ပေမည်။ ထို့ကြောင့် ရှမ့်လန်သည် လျှို့ဝှက်စာကို ကောက်ယူပြီး မီးနှင့် အသားမြိုက်လိုက်၏။ ထင်မှတ်ထားသည့်အတိုင်းပင် စာလုံးများ ပေါ်ပေါက်လာခဲ့၏။ ဤအရာသည် လျှို့ဝှက်စာ၏ အစစ်အမှန်အကြောင်းအရာပင်ဖြစ်သည်။

“ချောင်ယောင်းအာမှာ ရောဂါတစ်ခုရှိနေတယ်။ သူမရဲ့ ပါးစပ်နဲ့ နှာခေါင်းဆီကနေ ရုတ်တရက် သွေးတွေ ထွက်တတ်တယ်။ ဦးခေါင်းကလည်း တစ်ခါတစ်လေ မူးဝေတတ်တယ်။ အမြင်ကလည်း တစ်ခါတစ်လေ အရိပ်အရိပ်တွေနဲ့ နှစ်ခုမြင်နေရသလိုဖြစ်တယ်။ ရောဂါပြင်းရင် သတိပါ မေ့သွားတတ်တယ်။ ဆေးစာအုပ်တွေ ထဲမှာ ရှိတဲ့အရာတွေ ကျွန်မလိုက်ပြီး ရှာဖတ်ကြည့်သေးတယ်။ ဒါပေမဲ့ အကြောင်းအရင်းကို ရှာမတွေ့ခဲ့ဘူး။ သူမကလည်း သမားတော်ကောင်းများစွာနဲ့ ပြသခဲ့တယ်။ ဒါပေမဲ့ ဘာတစ်ခုမှ ထူးမလာခဲ့ဘူး”

ရှစ်ချင်းချင်းသည် တကယ့်ကို စီစဉ်ကျနလွန်း၏။ ရှမ့်လန်ဆီသို့ ပေးပို့သည့် စာလွှာထဲတွင် လျှို့ဝှက်စာကို ထပ်မံထည့်သွင်းထားခဲ့ခြင်း ဖြစ်၏။ သူမသည် တကယ့်ကိုသင်ယူနိုင်စွမ်းရှိပြီး ထိုအရာကို ကောင်းကောင်းလည်း အသုံးချနိုင်ခဲ့၏။

ချောင်ယောင်းအာ၏ ရောဂါကို အခြေခံကာ ကြည့်ရမည်ဆိုလျှင် ဤအရာသည် ကျိန်းသေပေါက် အဆိပ်သင့်ခြင်း သာလျှင်ဖြစ်ပေလိမ့်မည်။ ရှမ့်လန်သည် အရင်တုန်းက အဆိပ်သင့်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံ ရရှိပြီးသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မင်းသမီးနင်လော့ပင်ကြောင့်ပင်

သို့ပေမည့် ချောင်ယောင်းအာပုံစံက ရှုပ်ထွေး၏။ ကျိန်းသေပေါက် ရှုပ်ထွေးသည့် အကြောင်းအရာများ ပါဝင်နေမှာ သေချာ၏။ သို့ပေမည့် ရှစ်ချင်းချင်းသည် အပြင်လူတစ်ယောက်သာဖြစ်၏။ ရှင်းရှင်းလင်းလင်း ဖော်ညွှန်းပြသခြင်း မရှိနိုင်ချေ။ ချောင်ယောင်းအာ၏ ရောဂါအကြောင်းကို သိရှိနိုင်ရန်အတွက် သူ့အနေနှင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ စစ်ဆေးကြည့်ရှုဖို့ လိုအပ်သည်။

အဆိပ်ဖြစ်သလား။ ထိုသို့ဆိုလျှင် သူမကို မည်သူက အဆိပ်ခတ်သနည်း။ အဆိပ်ခတ်သူအတွက် မည်သည့် အကျိုးအမြတ်ကို ရရှိမည်နည်း။

ထိုသို့ဆိုလျှင် ချောင်ရှောင်းဖြစ်မလား။ သို့မဟုတ် ချောင်ဟောင်များဖြစ်မလား။ သို့ပေမည့် သေချာသည့် အမြင်အရဆိုလျှင် ရှမ့်လန်အတွက် သတင်းကောင်းတစ်ခုသာလျှင်ဖြစ်၏။ အနည်းဆုံး သူ့အနေနှင့် ထိုနေရာဆီသို့ သွားရောက်ကာ ကုသခြင်းကို ပြုလုပ်ပေးနိုင်၏။

“အင်း…”

သူ ဆေးမကုသည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်၏။ ထို့ကြောင့် သူ ဆရာဝန် ဖြစ်ခဲ့သည်ဆိုခြင်းကိုပင် မေ့လျော့လို့နေသည်။

ကျင်းဟွေ့က ပြောလိုက်၏။ “သခင်လေး… ကောင်းကင်တာအိုအဖွဲ့အစည်းက ဧည့်သည်တွေကို ကျွန်တော်တို့ ဘယ်နေရာမှာ ဧည့်ခံကြမလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… မြေအောက်ခန်း၊ လျှို့ဝှက်ခန်းထဲပေါ့”

ကောင်းကင်တာအိုအဖွဲ့အစည်းသည် လောက၏ ဒုတိယမြောက် အကြီးဆုံး စီးပွားရေး အဖွဲ့အစည်းတစ်ခုဖြစ်၏။

ရွှမ်ဝူအိမ်တော်၏ မြေအောက်ခန်းကြီးသည် ကြီးမားလွန်း၏။ အနည်းဆုံး စတုရန်းမီတာ ၂၀၀၊ ၃၀၀ နီးပါးခန့် ကျယ်ပြန့်လွန်းလှ၏။ သက်တောင့်သက်သာနှင့် နေထိုင်၍လည်းရနေ၏။ အထဲတွင်တော့ စာအုပ်တစ်ထောင် ကျော် ရှိလို့နေ၏။ သို့ပေမည့် ထိုအရာအားလုံးသည် မြို့စားအိမ်တော်၏ အခြေခံများသာလျှင်ဖြစ်သည်။

မြေအောက်ခန်းတစ်ခုလုံးတွင် ဖယောင်းတိုင်ပေါင်း ၁၀၀ ကျော်ခန့် ထွန်းထားခဲ့ပြီး နေ့အလား လင်းထိန်လျက် ရှိနေ၏။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ လူနှစ်ယောက် ရောက်ရှိလာခဲ့၏။ တစ်ယောက်သည် အာရှမျိုးနွယ်ဖြစ်ပြီး အခြားသောတစ်ယောက်မှာတော့ ဥရောပနှင့် အာရှအစပ်ပင်ဖြစ်သည်။

ထိုအာရှအမျိုးသားသည် ချည်ဝတ်စုံကိုသာလျှင် ဝတ်ဆင်ထားခဲ့ပြီး ဥရောပအစပ်လူကတော့ ပိုးဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ဥရောပအစပ်သည် ထိုင်လျက်ရှိနေပြီး အာရှသားမှာတော့ အနောက်၌ မတ်မတ်ရပ်လျက်ရှိနေ၏။

“ရွှမ်ဝူအိမ်တော်က ငွေကြေးပိုင်းဆိုင်ရာ ပြိုလဲလုမတတ် ဖြစ်နေတယ်ဆိုတဲ့ ကောလဟာလတွေ ကြားခဲ့ရတယ်။ အကြွေးတွေလည်း တင်နေတယ်။ ဒါပေမဲ့ သမက်တော် ရှမ့်လန်ကိုကြည့်ရတာ ဝင့်ဝင့်ကြွားကြွား နေထိုင်နေတာပဲ”

ဥရောပသား၏ စကားသည် ရှမ့်လန်ထက်ပင် ပိုမိုကာ ဌာန်ကရိုဏ်း ကျနလျက်ရှိနေ၏။ မှန်ပေသည်။ ရှမ့်လန်သည် ဝတ်စုံအသစ်တစ်ခုကို ဝတ်ဆင်ထားခဲ့ပြီး ထိုဝတ်စုံသည် အနည်းဆုံး ရွှေဒင်္ဂါး ၂၇၀ ကျော်တန်၏။

သူ့အနေနှင့် အလွန်ဈေးကြီးသော ပစ္စည်းများကို ရှာဖွေတွေ့ရှိထား၏။ ထိုအရာသည် ဥက္ကာခဲ အမျိုးအစား တစ်ခုပင်ဖြစ်၏။ ထိုဥက္ကာခဲအမျိုးအစားဆီမှ နန်းမျှင်ကြိုးများကို ဆွဲထုတ်ပြီးသည့်နောက် ထိုအရာသည် အလွန်မာကြောကြောင်း သတိပြုမိခဲ့၏။ ထို့ကြောင့် ရှမ့်လန်သည် သူ၏ဝတ်စုံများတွင် ထိုအရာများကို ချည်ထိုးကာဖြင့် ဝတ်ဆင်ထားခဲ့ခြင်းဖြစ်သည်။

ဤအရာသည် ဟိတ်ဟန်ထုတ်၍ ကောင်းသည့် အရာဖြစ်သလို မိမိကိုယ်ကို ကာကွယ်ရန်အတွက်လည်း သင့်တော်သည့် အရာပင်ဖြစ်၏။ ထို့အပြင် ဤဝတ်စုံသည် သူ့၏အမေကိုယ်တိုင် သေသေချာချာ ပိုးချည်ထိုး ကာ ဖန်တီးချုပ်လုပ်ပေးထားခြင်းဖြစ်၏။

“အင်း… ကျုပ်က အကြွေးတင်နေတယ်ဆိုရင်တောင်မှ သပ်သပ်ရပ်ရပ်တော့ နေရအုံးမှာပေါ့”

ရှမ့်လန်က ပြုံးလိုက်၏။ ပြီးနောက် သူသည် အဓိကထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ “ကျေးဇူးပြုပြီး ထိုင်ကြပါအုံး။ ပြီးတော့ လက်ဖက်ရည် သောက်ပါအုံး”

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ လူနှစ်ယောက်တို့က ထိုင်ချလိုက်၏။

ကျင်းဟွေ့သည် ရေနွေးများကို အသာငှဲ့ပေးလေ၏။ ထိုနှစ်ယောက်တို့သည် အားပတ်ဝန်းကျင်ကို လှည့်လည် ကြည့်ရှုကာ ပြောလိုက်သည်။ “ရွှမ်ဝူ ဘယ်ရောက်သွားတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားတို့နှစ်ယောက်နဲ့ ဆွေးနွေးညှိနှိုင်းမဲ့လူက ကျုပ်ပါပဲ”

အားလုံးတို့သည် အံ့အားသင့်သွားခဲ့သည်။ “သခင်လေးရှမ့်… ကျေးဇူးပြုပြီး မနောက်ပါနဲ့။ ကျုပ်တို့ အရေးကြီးတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အဓိကလူနဲ့ စကားပြောချင်ပါတယ်”

ဆိုလိုရင်းမှာ ရှင်းလင်းလှချေ၏။ သမက်တော်တစ်ယောက်အနေနှင့် ဆုံးဖြတ်ချက်ချရန် မထိုက်တန်ဟူသည့် အဓိပ္ပာယ်ပင်။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ရွှမ်ဝူအိမ်တော်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ဆုံးဖြတ်ချက်ချနိုင်ပါတယ်”

ကောင်းကင်တာအိုအဖွဲ့အစည်းမှ လူများသည် လှမ်းကာ ပြောလိုက်သည်။ “အင်း… ရွှမ်ဝူအိမ်တော်ရဲ့ ရဲတိုက်ကြီးကို ရောင်းချဖို့နဲ့ ပတ်သက်ပြီးတော့လား”

ရှမ့်လန်က အံ့အားသင့်သွားခဲ့၏။ “ဒီရဲတိုက်ကြီးကို ရောင်းချမယ်လို့ ခင်ဗျားကို ဘယ်သူ ပြောလဲ”

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ လူက ပြောလိုက်သည်။ “မြို့စားကြီးကိုယ်တိုင်က ကျုပ်တို့ဆီကို စာပို့ခဲ့ တယ်လေ။ သူက ရွှေဒင်္ဂါးသိန်းနဲ့ချီတဲ့ စီးပွားရေးကိစ္စရပ်တစ်ခုကို ပြုလုပ်ချင်တယ်တဲ့။ ကျင်းမိသားစုက ဝမ်ကျားကျွန်းကိုလည်း ဆုံးရှုံးသွားတော့ အခုသူတို့ဆီမှာ တန်ဖိုးအကြီးဆုံးအရာဆိုလို့ ဒီရဲတိုက်ကြီးနဲ့ သူတို့ပိုင်ဆိုင်တဲ့ မြေ ဧက ၃၀၀၀၀ ကျော်ပဲရှိတယ်မလား”

ရှမ့်လန်သည် မည်သို့မှ မနေနိုင်တော့ချေ။ စိတ်ထဲတွင် ကျိန်ဆဲကာ ရယ်မောလိုက်၏။

ဤလူများသည် တကယ်ပင် ဤကဲ့သို့ တွေးတောရဲ၏။ ဝမ်ကျားကျွန်းကို ဆုံးရှုံးသည်နှင့် တစ်ပြိုင်နက် ကျင်းမိသားစုသည် ပြီးဆုံးသွားခဲ့သည်ဟု အားလုံးတို့က ထင်မှတ်ထားခဲ့၏။ မိသားစု၏ ရဲတိုက်ကြီးနှင့် မြေပိုင်နက် ၃၀၀၀၀ ကျော်ကိုပင် တစ်ခါတည်းဝယ်ယူရန် တွေးခေါ်လျက်ရှိနေ၏။ ထိုအရာသည် ရွှမ်ဝူအိမ်တော် ပြီးဆုံးသွားခြင်းမဟုတ်ချေ။ ရွှမ်ဝူအိမ်တော် အလုံးစုံသေဆုံးသွားခြင်း ဖြစ်ပေလိမ့်မည်။

“ကျုပ်တို့က ကျင်းမိသားစုရဲ့ မြေပိုင်နက် ဧက ၃၀၀၀၀ ကျော်အတွက် ရွှေဒင်္ဂါး ၉၀၀၀၀ ကျော်ကို ပေးဖို့ စိတ်ဆန္ဒရှိပါတယ်။ ပြီးတော့ မိသားစုရဲ့ ရဲတိုက်ကြီးအနေနဲ့တော့ ကျုပ်တို့က ရွှေဒင်္ဂါး နှစ်သိန်းတိတိကို ပေးဖို့ မျှော်လင့်ပါတယ်” ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်များက ပြောလိုက်သည်။

“စုစုပေါင်း ရွှေဒင်္ဂါး နှစ်သိန်းကိုးသောင်းကျော်ပေါ့။ ဒါက အကြွေးတွေ ပြန်ပေးဖို့အတွက် လုံလောက်တဲ့အရာ မဟုတ်ဘူးဆိုရင်တောင် ကျင်းမိသားစုအနေနဲ့ တခြားသော နိုင်ငံတစ်ခုခုကို သွားပြီး အသက်ရှင်နေထိုင်ဖို့ အတွက်တော့ လုံလောက်တဲ့အရာဖြစ်လိမ့်မယ်”

မျိုးဆက် အသီးသီးတို့၏ ပြုပြင်မွမ်းမံမှုကြောင့် ရွှမ်ဝူအိမ်တော်၏ ရဲတိုက်ကြီးသည် ဧကရာနှင့်ချီ ကျယ်ပြီး ဖောက်ထွင်းဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာသည့် အဆောက်အအုံ ဖြစ်၏။ နှစ်ပေါင်းရာချီ ကြာမြင့်ပြီးသည့်နောက် ကျင်းမိသားစုသည် များပြားလွန်းသည့် လူ့အင်အားနှင့် ပစ္စည်းအရင်းအမြစ်များကို အသုံးပြုကာ ဤရဲတိုက်ကြီးကို မွန်းမံခဲ့သည်။

သမိုင်းမှတ်တမ်းနှင့် တန်ဖိုးအရဆိုလျှင် ထိုအိမ်တစ်လုံးတည်း၏ တန်ဖိုးကလျှင်ပင် ရွှေဒင်္ဂါး နှစ်သိန်းကျော် တန်နေပြီဖြစ်၏။ သို့ပေမည့် မိသားစု၏ ရဲတိုက်ကြီးကို ရောင်းချလျှင်တောင် ကျင်းမိသားစုသည် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့အ၏ နောက်ဆုံးအဆုံးသတ်လမ်းသည် သေဆုံးခြင်း ဖြစ်နေသောကြောင့်ပင်။

All Chapters