အခန်း (၉၀)
Vol. 6 Ch. 90
နဂါးဝိညာဉ်မြက်..
ဆယ်နှစ်သက်တမ်း ရှားပါးအပင်..
၎င်းအား စတင်လေလံဈေးမှာဒင်္ဂါး ၂၆၀၀၀၀ ဖြစ်ပြီး ဒင်္ဂါးပြား ၃၀၀၀၀၀ မှ ၃၅၀၀၀၀ အကြားရောင်းချရန် မျှော်မှန်းထားသည်။
ရေကျောက်သစ်သီး ...
နှစ်နှစ်ဆယ်မှသုံးဆယ်သက်တမ်း....
ခန္ဓာကိုယ်ကိုအာဟာရဖြစ်စေသော ၀ိညာဉ်အသီးတစ်မျိုးဖြစ်သည်။
ဤအသီးအတွက် စတင်လေလံဈေးမှာ
ငွေဒင်္ဂါး ၁၅၀၀၀၀ ဖြစ်သည်။ မျှော်မှန်းထားသောစျေးမှာ ၁၈၀၀၀၀ မှ ၂၁၀၀၀၀ အထိရှိသည်။
“အားလုံးအရမ်းစျေးကြီးတယ် “
ထန်ဝူလင်း နောက်ဆုံးတွင် သူရှာနေသော ဝိညာဉ်အသီးကို တွေ့လိုက်ရသည်။
ရေခဲပုံဆောင်သစ်သီး...
နှစ်သုံးဆယ်သက်တမ်း.....
ရှားပါးရေခဲအမျိုးအစားဝိညာဉ်အသီး..
ရေအမျိုးအစားသိုင်းဝိညာဉ်များကိုအာဟာရဖြည့်ပေးသည်။
၎င်းသည် လူတစ်ဦး၏ ဝိညာဉ်စွမ်းအားကိုတိုးတက်စေရန် ကူညီနိုင်သည်။
ဤအသီးအတွက်လေလံဈေးကို ဒင်္ဂါး ၁၈၀၀၀၀ သတ်မှတ်ထားသည်။ မျှော်မှန်းထားသည့်စျေးနှုန်းမှာ ၂၂၀၀၀၀ မှ ၂၅၀၀၀၀ ဒင်္ဂါးကြား ဖြစ်သည်။
မီးတောက်သစ်သီး ...
နှစ်လေးဆယ်သက်တမ်း
ရှားပါးသည်။ မီးအမျိုးအစား သိုင်းဝိညာဥ်များကို အာဟာရဖြည့်ပေးပြီး ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်ကူညီနိုင်သည်။
ဤအသီးအတွက် လေလံစျေးမှာ ဒင်္ဂါး ၁၆၀၀၀၀ ဖြစ်ပြီး ဒင်္ဂါး ၂၂၀,၀၀၀ မှ ၂၃၀၀၀၀ အကြား ရောင်းချရန်မျှော်မှန်းထားသည်။
ရေခဲပုံဆောင်သစ်သီးသည်
အရောင်တောက်တောက်ရှိကာ ကြည်လင်ပြီး အပြာနုရောင်ရှိသောအသီးတစ်မျိုးဖြစ်သည်။ အလင်းရောင်အောက်တွင်ကြည့်လိုက်သောအခါ အဖြူရောင်လိုင်းများကိုပင် မြင်ရသည်။
မီးတောက်သစ်သီးသည် အနီရောင်ရင့်ရင့်နှင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် တောက်ပသောရွှေဖျော့ဖျော့ လှိုင်းအချို့နှင့် ၀င်းလက်တောက်ပသောဝိညာဉ်အသီးတစ်ခုဖြစ်သည်။
၎င်း၏အရွယ်အစားသည် ရေခဲပုံဆောင်သစ်သီးထက် အနည်းငယ်ပိုကြီးသည်။
ဝိညာဉ်သစ်သီးနှစ်ခုစလုံးသည် အမှန်တကယ်တည်ရှိသည်ကို မိမိမျက်စိဖြင့်အတည်ပြုပြီးနောက် ရွှေရုပ်၏စကားများအပေါ် ထန်ဝူလင်း၏ယုံကြည်မှုသည်အနည်းငယ် တိုးလာသည်။ သို့သော်လည်း ဤအသီးနှစ်လုံး၏သက်တမ်းသည် သူလိုအပ်သောနှစ်တစ်ရာသစ်သီးများမဟုတ်ပေ။
“ မှန်တယ်၊ ဒါတွေပဲ”
ရှဲ့ရှဲ့ သည်မမျှော်လင့်ဘဲပေါ်လာပြီး ထန်ဝူလင်း ၏နံဘေးသို့လျှောက်သွားသည်။ “
ထန်ဝူလင်း က
“ဒါပေမယ့်သူတို့က နှစ်တစ်ရာအသီးတွေမဟုတ်ဘူး”
ရှဲ့ရှဲ့ က
“ ဒါကလေလံပွဲပါ။ ကောင်းလေပိုရှားလေလေ။ လေလံတင်တဲ့အဆင့်က ပိုများလေလေဘဲ။ ဒီအရာတွေကပထမအလွှာက သာမန်အဆင့် ပစ္စည်းတွေပဲ။ နှစ်တစ်ရာအသီးတွေကို ဒုတိယအလွှာမှာ တွေ့နိုင်တယ်၊ ဒါပေမယ့် ငါတို့ဒုတိယအဆင့်ကိုတက်လို့မရဘူး။ ”
ထန်ဝူလင်း က “ဘာ့ကြောင့်လဲ”
ရှဲ့ရှဲ့ က “ ဒုတိယအဆင့်ကို ၀င်ဖို့နဲ့ လေလံဆွဲဖို့အတွက် မင်း ငွေအရင်ပေးသွင်းရမယ်။ အဲဒါမှမဟုတ်ရင် မင်းကတတိယအဆင့်ပညာရှင်တစ်ယောက်ဖြစ်ရမယ်၊ အဲ့တာဆိုဝင်ပြီး လည်ပတ်လို့ရတယ်။ ”
“ငွေသွင်းရမယ် ဟုတ်လား။ ငွေဘယ်လောက်လဲ “
ထန်ဝူလင်းမေးလိုက်သည်။
ရှဲ့ရှဲ့ သည် ထူးဆန်းသောအမူအရာဖြင့်သူ့ကိုကြည့်လိုက်သည်။
“ မင်း ဒီနှစ်တစ်ရာရေခဲအသီးနဲ့မီးလျှံအသီးကိုရဖို့ အရမ်းစိတ်ထက်နေပုံရတယ်။ မင်းဘာလို့ ဒီလောက်လေးနက်နေရတာလဲ “
ထန်ဝူလင်း ကသက်ပြင်းချလိုက်ပြီး
“ ကျေးဇူးပြုပြီး ဆက်ပြီးရှင်းပြပါ”
ဝူလင်း၏အကြည့်တွင်ခါးသီးမှုကိုသတိပြုမိသောအခါ ရှဲ့ရှဲ့ မျက်မှောင်ကြုတ်လိုက်သည်။
“ဝူလင်၊ မင်းမှ ာတစ်ခုခုဖြစ်နေတာ လား “
ထန်ဝူလင်းခေါင်းယမ်းလိုက်သည်။
“ငါ မင်းကို မလိမ်ချင်ဘူး၊ ဒါပေမယ့် ငါ မင်းကို အခု မပြောနိုင်သေးဘူး။ မင်း
မရှင်းပြရင် ငါတခြားတစ်ယောက်ကိုမေးလိုက်မယ် “
ထန်ဝူလင်းအဝေးကိုထွက်သွားရန်လုပ်နေသည်ကို မြင်လိုက်တာနဲ့ ရှဲ့ရှဲ့ ကသူ့ကိုအမြန်တားလိုက်တယ်။
“ကောင်းပြီ၊ ငါ မင်းကိုပြောမယ်။ ဒုတိယအလွှာကို ဝင်ဖို့ စပေါ်သွင်းရမဲ့ ငွေက ၁၀၀၀၀၀ ပဲ။ မင်း ဒီထက် ပိုမြင့်မားတဲ့ အလွှာကို သွားချင်ရင် ပေးရမဲ့ စပေါ်က ပိုများလိမ့်မယ် “
တစ်သိန်းလား....
ထို့နောက် ရှဲ့ရှဲ့ သည်တတိယအဆင့်ပညာရှင်ဟု ပြောခဲ့သည်ကို ပြန်ပြောင်းသတိရသွားသည်။
“ဘယ်အလုပ်ဖြစ်ဖြစ် တတိယအဆင့်ကျွမ်းကျင်သူဆိုရင် ၀င်ခွင့်ရတာလား။ “
ရှဲ့ရှဲ့ က
“ ရတယ်။ တတိယအဆင့်ပညာရှင်တွေကို အထက်တန်းစားလူတန်းစားလို့ သတ်မှတ်ထားတယ်။ ဝိညာဥ်ဂရမ်းမာစတာအဆင့်တွေကလည်း (နှစ်ကွင်း) တတိယအဆင့်ပညာရှင်တွေနဲ့ညီမျှတယ် “
ဝိညာဥ်ဂရမ်းမာစတာလား..
ထန်ဝူလင်းသည် အဆင့် ၂၀ သို့ရောက်ရန် အနည်းငယ်ဝေးကွာနေသော်လည်း သူသည်ပန်းပဲသမားဖြစ်သည်။
ပန်းဘဲအသင်းအတွက် အလုပ်များစွာပြီးမြောက်ပြီးနောက် သူ၏အသင်းအပေါ်နားလည်မှုမှာတိုးလာသည်။ သန့်စင်မှုတစ်ထောင်လုပ်နိုင်သူအား တတိယအဆင့်ပန်းပဲသမားအဖြစ်ရန် သတ်မှတ်ထားကြောင်း သူသိထားသည်။
တစ်ခုတည်းသောအဟန့်အတားမှာ မန်ထျန်းသည် ထိုအရာကို ထုတ်ဖော်ရန် ခွင့်မပြုခြင်းဖြစ်သည်။
ယနေ့မွန်းလွဲပိုင်းတွင် မန်ထျန်း သည် အရှေ့ပင်လယ်မြို့ သို့ရောက်ရှိလာမည်။ တတိယအဆင့်ပန်းပဲသမားဖြစ်လာပြီးနောက် သူ၏အလုပ်လစာသည် ပိုမိုများပြားလိမ့်မည်။
ရှဲ့ရှဲ့ က ဆက်လက်၍
“ ဝူလင်း၊ မင်းငါ့ရဲ့အကူအညီလိုတဲ့နေရာရှိရင် ကျေးဇူးပြုပြီး ငါ့ကိုအသိပေးပါ။ ငါမင်းကိုအကောင်းဆုံးကူညီမယ်။ “
“ အင်း။ ကောင်းပြီ၊ ငါတို့ဆက်ပြီးတခြားပစ္စည်းတွေကိုကြည့်ရအောင်”
ထန်ဝူလင်းသည် သူ၏စိတ်ခံစားမှုကိုဖုံးကွယ်ထားလိုက်သည်။
နဂါးအမျိုးအစား နှစ်တစ်ရာဝိညာဉ်သားရဲ၏ သွေးဆယ်စက်နှင့် ပတ်သက်၍လည်း ဤနေရာတွင် ရှာတွေ့နိုင်သည်။ သို့သော်လည်း ဂူရွဲ့နှင့်ရှဲ့ရှဲ့ တို့ရှေ့တွင် သူသည် ထိုအကြောင်းကို မပြောတော့ပဲ တိတ်ဆိတ်နေခဲ့သည်။ ယနေ့အရေးအကြီးဆုံးတာဝန်မှာ သူ လိုအပ်သောအရာများ ရှိမရှိ စစ်ဆေးရန်ဖြစ်သည်။ နောက်မှ ဤနေရာတွင် လေလံ လာဆွဲမည်ဖြစ်သည်။
အဆုံး၌ ဤလေလံအိမ်ခရီးသည် အလဟသမဖြစ်ခဲ့ပေ။ သူတို့သုံးယောက်သည် ပထမအလွှာ၌လမ်းလျှောက်ပြီး ပစ္စည်းအသစ်များအကြောင်းလေ့လာခြင်းအပြင် ၎င်းတို့နှင့်ရင်းနှီးသောနေရာအချို့ကိုလည်းလေ့လာသည်။ ဥပမာအားဖြင့်သတ္တုများ။
ပထမအလွှာတွင် တွေ့ရသောရှားပါးသတ္တုများသည် သန့်စင်မှုတစ်ရာအဆင့်သာဖြစ်သည်။ ပထမလွှာတွင် အကြိမ်တစ်ရာသန့်စင်မှုအဆင့်ကိုသာ တွေ့ရခြင်းသည် အကြိမ်တစ်ထောင်သန့်စင်ထားသော သတ္ထုများကို ဒုတိယအလွှာတွင် တွေ့နိုင်သည်ဟုဆိုလိုသည်။
ထိုရှာဖွေတွေ့ရှိမှုက ထန်ဝူလင်း၏ နှလုံးသားကို မျှော်လင့်ချက်များပြည့်စေခဲ့သည်။ သူသည် တတိယအဆင့် ပန်းပဲသမားအဖြစ် အရည်အချင်းပြည့်မီပြီး တတိယအဆင့် ပန်းပဲလုပ်ငန်းများကို လက်ခံနိုင်လျှင် သူ့အတွက် လုံလောက်သောငွေများကို အချိန်မှီစုဆောင်းနိုင်လိမ့်မည်။
“ငါ ဒီနေ့လည် ပန်းပဲရုံကိုသွားလိုက် ဦး မယ်။ မင်းတို့လည်း အခန်းပြန်ပြီးလေ့ကျင့်သင့်တယ် “
ရှဲ့ရှဲ့ သည် ထန်ဝူလင်းမှာ အားလပ်ရက်များတွင် အလုပ်ရုံသို့သွားတတ်ကြောင်း သိထားသည်။
“ ကောင်းပြီ၊ မင်းသွား။ ငါတို့ ရင်ဆိုင်ရမှာ အတန်းတစ် ပဲ မလား။ ငါတို့ သူတို့ကို အနိုင်ယူနိုင်ပါတယ်”
ရှဲ့ရှဲ့က ဝင့်ကြွားစွာပြောလိုက်သည်။
ထိုအချိန်တွင် အသံတစ်ခုထွက်ပေါ်လာသည်။
“အတန်းငါးက ငါးသေးသေးလေးသုံးကောင်ပါလား “
ထန်ဝူလင်း ရှဲ့ရှဲ့ နှင့် ဂူရွဲ့ တို့သည် အသံလာရ ကို တစ်ပြိုင်နက်တည်းလှည့်ကြည့်လိုက်ရာ အတန်း တစ် မှ သူတို့နှင့် ရွယ်တူ ကျောင်းသားများ ဖြစ်သည်ကို တွေ့လိုက်ရ သည်။
သူတို့အား ပြောသောသူမှာ ဆံပင်ကိုအလယ်ခွဲထားသောပုံစံနှင့် ကောင်လေးတစ်ယောက်ဖြစ်သည်။
သူ၏ရုပ်ရည်သည် ကြည့်ကောင်းသော်လည်း စိတ်ထားမှာတော့ မကောင်းပုံရသည်။
ရှဲ့ရှဲ့က ဒေါသထွက်သွားပြီး ရှေ့သို့ တက်ရန်ပြင်လိုက်သည်။
ထိုအခါ ထန်ဝူလင်းက
“ရှဲ့ရှဲ့တော်တော့ ။ ငါတို့ ဆရာဝူကို ဒုက္ခပေးတာများနေပြီး။ ထပ်မပေးနဲ့တော့”
ရှဲ့ရှဲ့ က
“မင်းတို့ အတန်းတစ်က မလား။ မှတ်ထား မနက်ဖြန်ပြီးရင် မင်းတို့က အတန်းနှစ်ပဲ ။ မင်းတို့ကို ငါအနိုင်ယူပြမယ်”