← Chapters

အခန်း (၁၉၀)

Vol. 14 Ch. 190

အခန်း (၁၉၀)

Vol. 14 Ch. 190

ဤကမ္ဘာတွင် ဒင်္ဂါးသွန်းလုပ်သည့် အဖွဲ့အစည်းများစွာ ရှိသည်။ ရွှဲ့တိုင်းပြည်တွင် ကြေးဒင်္ဂါးကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး တိုင်းပြည်၏ ဘဏ္ဍာရေးဌာနကသာ သွန်းလုပ်ခွင့်ရှိသည်။ တရားမဝင် သွန်းလုပ်ပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်၏။ သို့ပေမည့် ငွေဒင်္ဂါးကိုမူ ဘုရင့်ဘဏ္ဍာတိုက်၊ စစ်သူကြီးအိမ်တော်နှစ်ခု၊ ယင်ယွမ်အဖွဲ့အစည်းအစည်း နှင့် ကောင်းကင်တာအိုအဖွဲ့အစည်းဟူ၍ အဖွဲ့အစည်းငါးခုက သွန်းလုပ်ခွင့်ရှိသည်။

ရွှေဒင်္ဂါးမှာမူ ထိုထက်ပင် ပို၍ လွတ်လပ်၏။ ဈေးကွက်ထဲတွင် သာမန်အရောင်းအဝယ်အတွက် အသုံးမပြုဘဲ အထက်တန်းလွှာများကြား ကြီးမားသော အရောင်းအဝယ်များတွင်သာ အသုံးပြုသောကြောင့် ဖြစ်သည်။ မိမိတွင် ရွှေသတ္တုရိုင်း ရှိသရွေ့၊ သို့မဟုတ် ရွှေဟောင်းများကို အရည်ကျို၍ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ရွှေဒင်္ဂါးများ သွန်းလုပ်နိုင်၏။ အဓိကမှာ အလေးချိန်နှင့် ရွှေသန့်စင်မှုပင် ဖြစ်၏။

နှစ်ဦးနှစ်ဖက် ရွှေဒင်္ဂါးဖြင့် အရောင်းအဝယ်လုပ်သည့်အခါတိုင်း အလေးချိန်ချိန်တွယ်ခြင်း၊ သန့်စင်မှုကို စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ ထိုသို့ စစ်ဆေးရသည့် အလုပ်ရှုပ်မှုကို ရှောင်ရှားရန် လူများသည် ယုံကြည်ရသော အဖွဲ့အစည်းကြီးလေးခု၏ ရွှေဒင်္ဂါးများကိုသာ အသုံးပြုလေ့ရှိကြ၏။ မဟာယန်အင်ပါယာ ရွှေဒင်္ဂါး၊ ရွှဲ့တိုင်းပြည် ရွှေဒင်္ဂါး၊ ယင်ယွမ်အဖွဲ့အစည်းအစည်း၏ ရွှေဒင်္ဂါးနှင့် ကောင်းကင်တာအိုအဖွဲ့အစည်း၏ ရွှေဒင်္ဂါးတို့ ဖြစ်သည်။

ယခု ရွှေဒင်္ဂါးအားလုံးကို စစ်ဆေးပြီးစီးသွားပြီ ဖြစ်၏။။ အရေအတွက် မလျော့သည့်အပြင် သန့်စင်မှုမှာလည်း သတ်မှတ်ထားသော ၉၅% ထက်ပင် ပိုမိုမြင့်မားသည်။ ထို့နောက် ကျင်းဟွေ့၊ ကျင်းကျုံးနှင့် အခြားသူများသည် ရွှေတုံးအကြမ်း ဂျင်း ၂၀,၀၀၀ (ကီလိုဝက်) ကို ဝမ်ကျားကျွန်းသို့ ကိုယ်တိုင်ဦးဆောင်၍ ပို့ဆောင်ကြတော့၏။

ကောင်းကင်တာအိုအဖွဲ့အစည်း၏ သံတမန် ဟွမ်တုံသည် တစ်စုံတစ်ခုကို ပြောချင်သော်လည်း ချီတုံချတုံ ဖြစ်နေသည်။

ရှမ့်လန်က မေးလိုက်၏။ “မှန်လုပ်မယ့် ဖန်သားကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းချင်နေတာမလား”

ဟွမ်ထုံက ပြောလိုက်သည်။ “သခင်လေးရှမ့်က တကယ် ကြိုမြင်နိုင်စွမ်းရှိတာပဲ”

“လူကြီးမင်းဟွမ်... ကျုပ်နဲ့အတူ ကျုပ်ရဲ့ လျှို့ဝှက်အလုပ်ရုံကို လိုက်ခဲ့ပါ” ရှမ့်လန်က ခေါ်ဆောင်သွားလိုက်၏။

.....................

ရှမ့်လန်သည် ဟွမ်ထုံကို မြို့စားအိမ်တော်၏ တောင်ကုန်းပေါ်ရှိ လျှို့ဝှက်အလုပ်ရုံတစ်ခုသို့ ခေါ်ဆောင်သွားပြီး မှန်ပြုလုပ်သည့် နည်းပညာကို ကိုယ်တိုင်ကိုယ်ကျ ပြသခဲ့သည်။

သို့နှင့် ဟွမ်တုံသည် လုံးဝ အံ့အားသင့်သွား၏။ “ဒီလောက်တောင် ရိုးရှင်းတာလား”

ဖန်သားပေါ်တွင် ငွေရည်ကို သုတ်လိမ်းခြင်းသာ ဖြစ်သည်။ သို့ပေမည့် သေချာကြည့်လျှင် ထိုမျှ မရိုးရှင်းပေ။ ငွေ၏ သန့်စင်မှုသည် အလွန်မြင့်မားရန် လိုအပ်ပြီး အညစ်အကြေးများ ပါဝင်ပါက မှန်သည် ကြည်လင်တောက်ပမည် မဟုတ်ပေ။ ထို့အပြင် ငွေရည်သုတ်လိမ်းသည့် လုပ်ငန်းစဉ်မှာလည်း ကျွမ်းကျင်မှု လိုအပ်သည်။

ရှမ့်လန်သည် ထူထဲသော စာအုပ်တစ်အုပ်ကို ကမ်းပေးရင်း ပြောလိုက်၏။ “ဒါက ဖန်မှန်ပြုလုပ်တဲ့ နည်းပညာပဲ။ လုပ်ငန်းစဉ်တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ရေးထားပြီး ပုံတွေနဲ့တောင် ရှင်းပြထားတယ်”

ဟွမ်တုံသည် စာမျက်နှာ ၂၀၀ ကျော်ရှိသော ထိုစာအုပ်ကို လက်ခံလိုက်သည်။ စာမျက်နှာတစ်ရာကျော်မှာ ပုံများဖြင့် ရှင်းပြထားပြီး အလွန်အသေးစိတ်ကျလှသည်။

ဤစာအုပ်တစ်အုပ်တည်းဖြင့် ရွှေဒင်္ဂါးတစ်သန်း ရရှိခဲ့၏။

ဗဟုသုတဆိုတာ တကယ်ပဲ တန်ဖိုးရှိတာပဲ’ ဟု ဟွမ်ထုံ စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

“သခင်လေးရှမ့်ကို ကျုပ် တကယ်ပဲ လေးစားမိပါတယ်” ဟွမ်ထုံက ပြောလိုက်သည်။ အခြားသူ တစ်ယောက်သာဆိုပါက ဖန်ပေါ်တွင် ငွေရည်လေးသုတ်လိမ်းခြင်းအတွက် ရွှေဒင်္ဂါးတစ်သန်းတောင် ယူရဲသည်ဟု ငြိုငြင်မိမှာ သေချာ၏။

ဤသည်မှာ စက်တစ်လုံး ပျက်သွားသောအခါ မည်သူမျှ မပြင်နိုင်ဘဲ ဆရာကြီးတစ်ယောက် ရောက်လာပြီး တူဖြင့် တစ်ချက်ထုလိုက်ရာ စက်ပြန်ကောင်းသွားသဖြင့် ဆုငွေ ၅၀၀၀ တောင်းသော ပုံပြင်နှင့်တူသည်။ အမှန်တကယ် တန်ဖိုးရှိသည်မှာ ထုလိုက်သော တစ်ချက်မဟုတ်ဘဲ ဘယ်နေရာကို ထုရမည်ကို သိခြင်းပင် ဖြစ်သည်။

ဟွမ်ထုံက ပြောလိုက်၏။ “နောက်ထပ် သတင်းကောင်းတစ်ခု ပြောပြချင်ပါတယ်။ ခင်ဗျားကျေးဇူးကြောင့် ကျုပ် မကြာခင်မှာ ကောင်းကင်တာအိုအဖွဲ့အစည်း အကြီးအကဲကောင်စီရဲ့ အရံအဖွဲ့ဝင် ဖြစ်တော့မှာပါ”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ဂုဏ်ယူပါတယ်”

ဟွမ်ထုံသည် တစ်လှမ်းဆုတ်ကာ ဦးညွှတ်အရိုအသေပေးရင်း ရိုးသားစွာ ပြောလိုက်၏။ “ဒီနေ့ကစပြီး ကျုပ်ဟာ သခင်လေးရှမ့်နဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ချင်ပါတယ်”

ဤသည်မှာ အလွန်အရေးကြီးသော ကတိကဝတ် တစ်ခု ဖြစ်သည်။

ရှမ့်လန်သည် ထွေထွေထူးထူး ပြောမနေချေ။ လက်ကို ဆန့်တန်းလိုက်သည်။ နှစ်ယောက်သား လက်ချင်းဆုပ်ကိုင်ကာ ယမ်းခါလိုက်ကြ၏။

ထို့နောက် ဟွမ်ထုံသည် တစ်ဖန် ချီတုံချတုံ ဖြစ်သွားပြန်သည်။

ရှမ့်လန်က မေးလိုက်၏။ “ဖန်သားထောက်ပံ့ရေးကိစ္စ ဟုတ်တယ်မလား”

ဟွမ်ထုံက ပြောလိုက်သည်။ “သခင်လေးရှမ့် တကယ်တော်တာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ငါးနှစ် ... ကောင်းကင်တာအိုအဖွဲ့အစည်းက ကျုပ်မိသားစုဆီကနေ ငါးနှစ်တိတိ ဖန်သားဝယ်ရမယ်။ ငါးနှစ်ပြည့်ရင် ဖန်သားထုတ်လုပ်တဲ့ နည်းပညာနဲ့ အလုပ်ရုံအားလုံးကို ကောင်းကင်တာအိုအဖွဲ့အစည်းကို ပေးမယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ထုတ်လုပ်ရောင်းချတဲ့ ဖန်သားထုတ်ကုန်တိုင်း ရဲ့ ရောင်းဈေး ၃% ကို ကျုပ် ယူမယ်”

ဟွမ်ထုံက ချက်ချင်း ခေါင်းညိတ်လိုက်သည် “သဘောတူတယ်”

...............

ယင်ယွမ်အဖွဲ့အစည်းသို့ အကြွေးပေးရန် သုံးရက်အလို...

လူထုအမြင်မှာ ငြိမ်သက်သွားသည်။ ဤသည်မှာ မိုးမလင်းမီ အမှောင်နှင့်တူပြီး မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်းနှင့် ဆင်တူ၏။ လူတိုင်း၏ စိတ်ဝင်စားမှုကို နှိုးဆွပြီးနောက် အားလုံးသည် တစ်ခုတည်းကိုသာ စောင့်မျှော်နေကြသည်။ ထိုအရာမှာ ရွှမ်ဝူမြို့စားအိမ်တော်၏ ပြိုလဲခြင်းပင်။

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မိသားစုကြီးတစ်ခု၏ ပျက်စီးခြင်းသည် အမှန်ပင် ကြီးကျယ် ခမ်းနားသော ပြဇာတ်တစ်ပုဒ် ဖြစ်လိမ့်မည်။ ရွှမ်ဝူမြို့စားအိမ်တော်သည် သေခါနီး ဆင်ကြီးတစ်ကောင်နှင့် တူနေပြီး ပတ်ပတ်လည်တွင် လင်းတ ဒါဇင်ပေါင်းများစွာက ဝိုင်းဖွဲ့နေကြသည်။ ထိုဆင်ကြီး သေဆုံးသွားသည်နှင့် ချက်ချင်းပင် ထိုးဆင်းလာပြီး ဆင်သေကောင်ကို အလုအယက် စားသောက်ကြမည် ဖြစ်၏။

ထိုရက်များတွင် ရွှမ်ဝူမြို့တော်သို့ ချမ်းသာကြွယ်ဝသော မိသားစုများ၊ နန်းတွင်းအရာရှိ၊ အရာခံများ ရောက်ရှိလာကြသည်။ အရေအတွက်သည် တဖြည်းဖြည်း များပြားလာ၏။ ဤဝံပုလွေများသည် အဆီတုံးကို အမြန်ဆုံး လုယက်နိုင်ရန် အနီးဆုံးနေရာတွင် စောင့်ဆိုင်းနေကြခြင်းပင်။

..............

အကြွေးဆပ်ရန် နှစ်ရက်အလို...

ရွှမ်ဝူမြို့စားအိမ်တော်သို့ ဧည့်သည်တစ်ဦး ရောက်ရှိလာ၏။ ထိုသူမှာ ဝူအန်းမြို့စား၏ အမွေဆက်ခံသူ ရွှယ်ဖန် ဖြစ်သည်။ သူသည် အလွန်တည်ငြိမ်ပြီး စိတ်ခံစားချက်ကင်းမဲ့ပုံရ၏။

သူက ပြောလိုက်သည်။ “ကျုပ်ညီမက ရုတ်တရက် နာမကျန်းဖြစ်တဲ့အတွက် အမွေဆက်ခံသူ ကျင်းမူကုန်းကို မထိခိုက်စေဖို့ စေ့စပ်ပွဲကို ဒီမှာပဲ ရပ်စဲလိုက်ပါတော့မယ်”

နောက်ဆုံးတွင် စေ့စပ်ပွဲသည် တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်၏။

“တစ်နေ့နေ့မှာ ခင်ဗျားတို့ ရွှယ်မိသားစု နောင်တမရဖို့ မျှော်လင့်ပါတယ်” မြို့စားကတော် စူးဖေ့ဖေ့က ပြောလိုက်သည်။

ရွှယ်ဖန်က ပြန်ပြောလိုက်၏။ “မြို့စားကတော် ... စကားအပိုတွေ ပြောနေတာပဲ”

ဘေးတစ်ဖက်ရှိ ရှမ့်လန်က ပြောလိုက်သည်။ “အမေ... ဘိုးဘေး ကျင်းကျူးက တကယ် အလုပ်ရှုပ်ခံခဲ့တာပဲ၊ ရွှယ်မိသားစုတစ်စုလုံးကို သေခိုင်းခဲ့သင့်တာ။ အခုတော့ ကျေးဇူးကန်းတဲ့ ဝံပုလွေတစ်အုပ်ကို မွေးမြူထားသလို ဖြစ်ပြီး ကျုပ်တို့ကို ပြန်ကိုက်နေကြတယ်”

ရွှယ်ဖန်သည် မည်သို့မျှ ပြန်မပြောဘဲ ဦးညွှတ်ကာ ထွက်ခွာသွား၏။

...................

ဝူအန်းမြို့စား၏ အမွေဆက်ခံသူ ထွက်သွားသည်နှင့် ဧည့်သည်တစ်ဦး ထပ်မံရောက်ရှိလာပြန်၏။ ထိုသူမှာ ကျန်းကျင်းနှင့် စေ့စပ်မည့် မိန်းကလေးအသစ်၊ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်း၏ သမီး ချီယွီဖြစ်သည်။

“လင်းဝူ သေသွားပြီ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်နဲ့ မဆိုင်ပါဘူး”

ချီယွီက ပြောလိုက်သည်။ “ကျွန်မတို့ ချီမိသားစုက ပိုးမွေးတောင်သူ သိန်းပေါင်းများစွာရဲ့ ဆိုးရွားတဲ့ အခြေအနေကို မကြည့်ရက်တဲ့အတွက် ပိုးထည်လုပ်ငန်းတစ်ခုလုံးကို လက်ခံဖို့ ဆန္ဒရှိပါတယ်”

ဤသည်မှာ အခွင့်အရေး ယူခြင်းပင်။ ရှစ်မိသားစုနှင့် လင်းမိသားစု ပြိုလဲသွားသည်နှင့် ချီမိသားစုက အားလုံးကို မျိုချလိုက်၏။

ချီယွီက ထပ်ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားအိမ်တော်မှာ ပိုးစာခင်း ဧကသောင်းချီ ရှိပါတယ်။ တကယ်လို့ ရှင်တို့ မိသားစုက ရောင်းမယ်ဆိုရင် ကျွန်မတို့ ချီမိသားစုက အမြင့်ဆုံးဈေးနဲ့ ဝယ်ယူဖို့ ဆန္ဒရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်ကျရင် ရှင်တို့မိသားစု ပိုက်ဆံလိုအပ်လောက်မှာမို့လို့ပါ”

ဤသည်မှာ အသားကို လာစားခြင်းဖြစ်သည်။

‘ကျုပ်တို့မိသားစု မပြိုလဲသေးဘူး။ ဒီလောက်တောင် စိတ်မရှည်ဖြစ်နေကြပြီလား’ ရှမ့်လန် စိတ်ထဲမှ တွေးလိုက်၏။

……………..

ချီယွီ ပြန်သွားသည်နှင့် ဧည့်သည်တစ်ဦး ထပ်မံရောက်ရှိလာပြန်သည်။ ဤတစ်ကြိမ် ရောက်ရှိလာသော ဧည့်သည်၏ နောက်ခံမှာ ပို၍ကြီးမားသည်။ ဘုရင်မင်းမြတ်၏ ဆဋ္ဌမမြောက် သားတော် နင်ကျင်းပင်။ သူသည် အသက် ၁၇ နှစ်သာ ရှိသေးပြီး အလွန်ချောမောခန့်ညားသော်လည်း အပေါ့ပျက်ဆုံးသော မင်းသားတစ်ပါး ဖြစ်သည်။

“ဦးရီးတော် နေမကောင်းဘူးကြားလို့ နင်ကျင်း အထူးလာရောက် ဂါရဝပြုတာပါ”

ထို့နောက် သူ၏ မျက်လုံးများက နေရာအနှံ့ ကြည့်ရှုနေသည်။ ရှမ့်လန်အပေါ်သို့ အကြည့်ရောက်သောအခါ သူ၏ မျက်လုံးများ အေးစက်သွား၏။ မင်းက သာမန် သမက်တစ်ယောက်ပဲ။ ဒီလောက် ခမ်းနားအောင် ဝတ်ဆင်ရဲတယ် ဟုတ်လား။

စူးဖေ့ဖေ့က မေးလိုက်သည်။ “ဆဋ္ဌမမင်းသား၊ ကိစ္စ ရှိလို့လား”

နင်ကျင်းက ပြောလိုက်၏။ “ရွှမ်ဝူမြို့စားအိမ်တော်က ငွေကြေးကျပ်တည်းနေပြီး ယင်ယွမ်အဖွဲ့အစည်းဆီ အကြွေးတွေတင်နေတယ်။ မနက်ဖြန် ပြန်ဆပ်ရတော့မယ်ကြားလို့ ကျုပ် တကယ်ပဲ စိတ်ပူပြီး အဒေါ် အတွက် ပိုက်ဆံ လာပေးတာပါ”

ထို့နောက် စစ်သည် ဒါဇင်ပေါင်းများစွာက သေတ္တာ ဒါဇင်ပေါင်းများစွာကို သယ်ဆောင်လာကြသည်။ သို့ပေမည့် သေတ္တာများကို ဖွင့်လိုက်သောအခါ ရှမ့်လန်နှင့် စူးဖေ့ဖေ့တို့ ဒေါသပေါက်ကွဲမတတ် ဖြစ်သွားကြသည်။

သေတ္တာ နှစ်လုံးမှလွဲ၍ ကျန်သေတ္တာအားလုံးမှာ ကြေးဒင်္ဂါးများသာ ဖြစ်သည်။ ဤသည်မှာ သူတောင်းစားကို ပေးကမ်းစွန့်ကြဲနေခြင်းလား။

နင်ကျင်းက ပြောလိုက်၏။ “ကျုပ်နဲ့ ရွှမ်ဝူမြို့စားအိမ်တော်က ဆွေမျိုးတွေပါ။ အဒေါ်က ကျုပ်အဒေါ်ပဲ။ ဒီရဲတိုက်ကို ကျုပ် သိပ်ကြိုက်တယ်။ ခမည်းတော်ကို ကျုပ်အတွက် ပေးဖို့ တောင်းဆိုရမယ်”

ဤစကားကြောင့် စူးဖေ့ဖေ့ ဒေါသပေါက်ကွဲမတတ် ဖြစ်သွားသည်။ ငါတို့ ရွှမ်ဝူမြို့စားအိမ်တော် မပြိုလဲသေးဘူး၊ မင်းက ငါတို့မိသားစုရဲ့ ရဲတိုက်ကို မျက်စိကျနေပြီလား။

ယင်ယွမ်အဖွဲ့အစည်းက ဤရဲတိုက်ကို ရွှေဒင်္ဂါး သိန်းပေါင်းများစွာဖြင့် ဝယ်ယူရန် စီစဉ်နေချိန်တွင် သူက ငွေဒင်္ဂါးနှင့် ကြေးဒင်္ဂါး သေတ္တာအနည်းငယ်ဖြင့် ဤနှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော ရဲတိုက်ကို ရယူရန် ကြိုးစားနေ၏။

“အဒေါ်... ကျုပ် နှုတ်ဆက်ပါတယ်။ မနက်ဖြန် ကျုပ် ထပ်လာခဲ့မယ်”

မနက်ဖြန်သည် ရွှမ်ဝူမြို့စားအိမ်တော် နောက်ဆုံးအကြွေးဆပ်ရမည့်နေ့ဖြစ်ပြီး ထိုကဲ့သို့ ကောင်းမွန်သော ပြဇာတ်ကို သူ နင်ကျင်းက လက်လွှတ်ခံမည် မဟုတ်ပေ။

..............

အကြွေးဆပ်ရမည့်နေ့မှ တစ်ရက်အလို...

ယနေ့ ရွှမ်ဝူမြို့စားအိမ်တော်သည် အထူးသဖြင့် ငြိမ်သက်နေသည်။ လောဘကြီးသော လင်းတအားလုံးသည် တည်ငြိမ်စွာ စောင့်ဆိုင်းနေကြ၏။ သူတို့၏ လောဘကြီးသော သွေးဆာနေသည့် မျက်လုံးများသည် ရွှမ်ဝူမြို့စား အိမ်တော်ကို စူးစိုက်ကြည့်ရှုနေကြသည်။ မနက်ဖြန်တွင် ပြဇာတ်ကောင်းတစ်ပုဒ် ရှိမည်ဖြစ်၏။

.................

ရွှမ်ဝူမြို့စားအိမ်တော် အကြွေးဆပ်ရမည့် နောက်ဆုံးရက်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယနေ့ ရာသီဥတုသည် မှိုင်းညို့နေပြီး နေမထွက်၊ မိုးမရွာပေ။ လူတစ်စုသည် ကြီးမားသော အင်အားဖြင့် ရွှမ်ဝူမြို့စားအိမ်တော် ရဲတိုက်သို့ ဝင်ရောက်လာကြသည်။

ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲ ရှူပိုတောက်က ဦးဆောင်လာပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးချုပ် ကျူးကျွင်း၊ ရွှဲ့တိုင်းပြည်၏ ဘဏ္ဍာရေးဝန်ကြီးနှင့် အခြားသော အရာရှိကြီးများလည်း ပါဝင်လာကြ၏။ နောက်ဆုံးတွင် ဤအခြေအနေတစ်ခုလုံးကို စီမံခန့်ခွဲသူမှာ ဘုရင့်ဦးရီးတော် နင်ချီပင် ဖြစ်၏။

ရွှမ်ဝူမြို့စားအိမ်တော်၏ ရဲတိုက်တံခါးမကြီးသည် ဖြည်းညင်းစွာ ပွင့်လာ၏။ ပြဇာတ်သည် တရားဝင် စတင်တော့မည် ဖြစ်သည်။

All Chapters