← Chapters

အခန်း (၁၉၃)

Vol. 14 Ch. 193

အခန်း (၁၉၃)

Vol. 14 Ch. 193

ရှမ့်လန်သည် ဆရာကြီးများ၏ ရှေ့ဆီသို့ သွားလိုက်၏။ “ဂုဏ်ယူရပါတဲ့ ဦးရီးတော်.. ပြီးတော့ မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ တာဝန်ရှိသူတွေ.. ခင်ဗျားတို့အားလုံး မျက်မြင်ကိုယ်တွေ့ မြင်ပြီးပြီနော်။ ရွှမ်ဝူအိမ်တော်က ယင်ယွမ် အဖွဲ့အစည်းကို ပေးရမယ့် ရွှေဒင်္ဂါး ၇ သိန်းကျော်ရှိတယ်။ ဒီအရာတွေအားလုံးကို ကျုပ်တို့ ပေးခဲ့ပြီးပြီ”

သို့ပေမည့် သူသည် ဆဋ္ဌမမင်းသား နင်ကျင်းကိုတော့ လျစ်လျူရှုထားခဲ့၏။ တစ်ဖက်လူ၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့၏။ ‘မင်း.. ရှမ့်လန်က သမက်တော်လေးတစ်ယောက်လေ၊ ဘယ်လိုဖြစ်ပြီး ငါ့ကို အထင်အမြင်သေးပြီး ဂရုမစိုက်သလို ပြုမူသွားခဲ့တာလဲ’

ဦးရီးတော်နင်ချီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူသည် ရှမ့်လန်ကို လေးလေးနက်နက်နှင့် ကြည့်ရှု နေ၏။ သူသည် တကယ်လည်း တုန်လှုပ်နေ၏။ နောက်ဆုံးအကြိမ် ကျင်းချန်ကျွန်းတိုက်ပွဲတွင် ရှမ့်လန်သည် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပြီး ရှုံးနိမ့်မည့် အနေအထားဆီမှ အောင်မြင်မှုရအောင် ကြိုးစားသွားခဲ့၏။ သို့ပေမည့် ထိုအရာသည် ကိစ္စကြီးတစ်ခု မဟုတ်ဟု သူက ထင်မှတ်ခဲ့သည်။

အဓိကအားဖြင့် ပိုက်ဆံရှာရခြင်းဆိုသည်မှာ ခက်ခဲလှသည့်အရာမျိုး ဖြစ်၏။ ရှမ့်လန်တစ်ယောက် ရွှေဒင်္ဂါး ရှစ်သိန်းကျော်ကို လဝက်အတွင်း မည်ကဲ့သို့ ရှာဖွေသွားခဲ့ကြောင်းကို သူလုံးလုံး ခန့်မှန်းကြည့်၍ မရနိုင်ခဲ့ချေ။ တကယ့်ကို အံ့အားသင့်စရာပင်။

ရှမ့်လန်၏ မေးခွန်းကို ကြားရသည့် အချိန်မှာတော့ တော်ဝင်ဦးရီးတော် နင်ချီသည် ခေါင်းကိုညိတ်ကာ ပြောလိုက်၏။ “ဟုတ်ပါတယ်။ ရွှမ်ဝူအိမ်တော်နဲ့ ယင်ယွမ်အဖွဲ့အစည်းမှာ ရှိနေတဲ့ အကြွေးအားလုံးက ရှင်းလင်းသွားခဲ့ပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ဆိုလိုတာက ယင်ယွမ်အဖွဲ့အစည်းအနေနဲ့ ဝမ်ကျားကျွန်းကို သိမ်းပိုက်ဖို့အတွက် အခွင့်အာဏာ လုံးဝမရှိတော့ဘူးဆိုတဲ့ သဘောပဲ။ ဒီမှာ ကျုပ်တို့မိသားစုကို ဝမ်ကျားကျွန်းကို လွှဲပေးဖို့ ဖိအားပေးနိုင်တဲ့လူ လောကမှာ မရှိတော့ဘူး”

ဦးရီးတော် နင်ချီ၏ မျက်နှာပေါ်ရှိ ကြွက်သားများက အနည်းငယ် တုန်ယင်သွားခဲ့၏။ သူသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ဝမ်ကျားကျွန်းက မင်းတို့မိသားစုရဲ့ ပိုင်ဆိုင်မှုဖြစ်သွားပါပြီ”

ရှမ့်လန်သည် ယင်ယွမ်အဖွဲ့အစည်းဆီမှ ရှုတင်းယုကို လှမ်းကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ကြားလား။ ရှုတင်းယု.. ကျုပ်တို့ရဲ့ အကြွေးတွေအားလုံး ရှင်းသွားပြီ။ ကျုပ်တို့ရဲ့ ဝမ်ကျားကျွန်းကို လိုချင်သေးရဲ့လား။ အိမ်မက်ပဲ မက်နေလိုက်တော့။ ဒါက ကျုပ်တို့ရဲ့ ရွှေ... ရွှေကျွန်း.......”

ထိုအချိန်မှာပဲ ရှမ့်လန်သည် ချက်ချင်းပါးစပ်ကို ပိတ်လိုက်၏။ “အင်း.. ကျုပ် အရမ်းလုပ်များနေတယ်။ ခင်ဗျားတို့ကို ဧည့်မခံနိုင်တော့ဘူး”

ပြီးနောက် ရှမ့်လန်သည် အလျင်အမြန်ဖြင့် နောက်ဘက်သို့ ထွက်ခွာသွားခဲ့၏။ ကျင်းမူကုန်းနှင့် ကျင်းမူလန် တို့ကလည်း ထွက်ခွာသွားခဲ့သည်။

ဤနေရာတွင် တည်ရှိနေသည့် လူများတွေ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြ၏။

ဦးရီးတော် နင်ချီ၊ ဘဏ္ဍာရေးဝန်ကြီးနှင့် အစိုးရအရာရှိအားလုံးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ ပြီးနောက် မည်သည့်စကားတစ်လုံးကိုမှ မဆိုဘဲ ထွက်ခွာသွားခဲ့ကြ၏။ ယနေ့တွင် သူတို့သည် မျက်နှာကို ပိတ်ရိုက်ခံခဲ့ရပြီဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူတို့သည် အကျိုးသက်ရောက်မှုကိုတော့ ခံစားနေရ၏။ ပြီးနောက် အုပ်ချုပ်ရေးမှူး ကျူးကျွင်းကလည်း ထွက်ခွာသွားခဲ့သည်။

ဆဋ္ဌမမင်းသား နင်ကျင်းသည် ရုတ်တရက် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။

“စိတ်ဝင်စားစရာ။ စိတ်ဝင်စားစရာပဲ။ သမက်တော်လေးတစ်ယောက်က ဒီလောက်မောက်မာရဲနေတယ်။ ပိုက်ဆံတွေကို မသုံးဖြုန်းရသေးခင် သေသွားမှာကို မစိုးရိမ်ဘူးလားမသိဘူး” ပြီးနောက် သူက ထွက်ခွာသွားခဲ့၏။ သူသည် တကယ့်ကို မနာလိုဝန်တို ကြီးစွာဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ဤနေရာတွင်တော့ ယင်ယွမ်အဖွဲ့အစည်းဆီမှ လူများနှင့် အကြွေးရှင်အနည်းငယ်တို့သာလျှင် ကျန်ရှိခဲ့၏။

ရှုတင်းယုက ပြောလိုက်သည်။ “အားလုံးပဲ။ ကိုယ်ရမယ့်အရာကို ကိုယ်ယူ။ ပြီးတော့.. ကျုပ် ရထားလုံးတွေ သွားစီစဉ်လိုက်မယ်။ ဒါတွေ သယ်ဖို့အတွက်”

ချင်းကန်မြို့စားအိမ်တော်ဆီမှ ဆက်ခံသူ ဝူယွမ်ဟွာသည် မြေပေါ်တွင် ရှိနေသည့် ရွှေဒင်္ဂါးများကို ကြည့်ရှုပြီးနောက် ထွက်ခွာသွားခဲ့၏။ သူသည် သူ၏ရွှေဒင်္ဂါး ၃၅၀၀ ကိုပင် မယူသွားချေ။

ဝူအန်းမြို့စားအိမ်တော်မှ ဆက်ခံသူ ရွှယ်ဖန်ကလည်း ထွက်ခွာသွားခဲ့၏။ သူသည်လည်း ရွှေဒင်္ဂါး ၅၁၀၀၀ ကျော်ကို ယူဆောင်မသွားခဲ့ပေ။

သူတို့သည် အဓိကအားဖြင့် ပိုက်ဆံယူရန် လာရောက်ခဲ့ခြင်းမဟုတ်ချေ။ အခွင့်အရေးယူပြီး ရွှမ်ဝူအိမ်တော်တစ်ခုလုံးကို ပျက်စီးစေမည့်အပြင် ရှိသမျှသော မြေပိုင်နက်အားလုံးကို ရောင်းချရန်အတွက် အတင်းဖိအားပေးချင်သောကြောင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ယခု ရှမ့်လန်၏ မျက်နှာပိတ်ရိုက်ခြင်းကို ခံခဲ့ရသောကြောင့် သူတို့အနေနှင့် ဤနေရာမှ ပိုက်ဆံများကို ယူဆောင်ရန် အဘယ်သို့ စိတ်ရှိတော့မည်နည်း။

ဟောခန်း၏ အတွင်းမှာတော့ ယင်ယွမ်အဖွဲ့အစည်းနှင့် ပင်လယ်ဓားပြသား ချောင်ရှောင်းတို့သာလျှင် ကျန်ရှိတော့၏။

“သခင်လေး.. ခင်ဗျားရဲ့ ရွှေဒင်္ဂါး ၉၀၀၀ ကို ယူသွားတော့” ရှုတင်းယုက ပြောလိုက်သည်။

ပင်လယ်ဓားပြ ချောင်ရှောင်းက ဘာတစ်ခုမှ မပြောချေ။ ထိုအစား မြေပေါ်တွင် ရှိနေသည့် ရွှေဒင်္ဂါးတွေကို လက်တစ်ဆုပ်စာ လှမ်းဆွဲပြီးသည့်နောက် ပြောလိုက်၏။ “ဒီရွှေဒင်္ဂါးတွေက အသစ်တွေ။ သန့်စင်မှုကလည်း အရမ်းကို မြင့်တယ်။ ထုတ်လုပ်မှုကလည်း အကြမ်းထည်ဆန်တယ်။ ဒီပေါ်မှာ စာလုံးတွေ၊ အမှတ်အသားတွေ လည်း မရှိဘူး။ အခုမှလုပ်ထားတဲ့အရာတွေပဲ ဖြစ်ရမယ်” ချောင်ရှောင်းက ပြောလိုက်၏။

ရှုတင်းယုကလည်း ခေါင်းညိတ်လိုက်သည်။

ချောင်ရှောင်းသည် လက်ထဲတွင် ရှိနေသည့် ရွှေဒင်္ဂါးတစ်ပြားကို သေသေချာချာ ကြည့်ရှုကာဖြင့် ပြောလိုက်၏။ “ဒီရွှေတွေက မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့အရာတွေ၊ သေသေချာချာ သန့်စင်ခြင်းကိုတောင် မလုပ်ရသေးဘူး”

ရှုတင်းယုက ထပ်မံကာ ခေါင်းညိတ်လိုက်ပြန်သည်။

ပင်လယ်ဓားပြ ချောင်ရှောင်း၏ မျက်လုံးထဲတွင်တော့ တကယ့်ကို လိုချင်လောဘစိတ်များနှင့် ပြည့်နှက်လာခဲ့၏။ “ဟား ဟား ဟား ဟား။ ဒီခွေးကောင်လေးက ချမ်းသာမှုဆိုတာ ပြစ်မှုဖြစ်တယ်ဆိုတဲ့အကြောင်း သေသေချာချာ မသိသေးဘူးပဲ”

ချောင်ရှောင်းက အေးစက်စက်ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်လို နေရာမျိုးမှာ စစ်သည်တော် ၂၀၀၀၊ ၃၀၀၀ ပဲ ရှိတာ။ ဒီလို ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုမျိုးကို ထိန်းချုပ်ထားနိုင်မယ်လို့ တကယ်တမ်း ထင်နေတာလား။ မိသားစုတစ်ခုလုံး သေကုန်မှာ မစိုးရိမ်ဘူးလား”

သူသည် တကယ်ပဲ ရွှေတွေကို လိုချင်၏။ သို့ပေမည့် ရွှေဒင်္ဂါး ၉၀၀၀ မဟုတ်ချေ။ အရာအားလုံးကို လိုချင်ခြင်းသာ ဖြစ်၏။ ရွှမ်ဝူအိမ်တော် ပိုင်ဆိုင်သမျှ ရွှေဒင်္ဂါးအားလုံးတို့သည် ချောင်ကလန် ပိုင်ဆိုင်သည့်အရာပင် ဖြစ်လာပေရမည်။

“ဟား ဟား ဟား ဟား။ မိသားစုတစ်ခုလုံး သေရမယ်။ စိတ်ဝင်စားစရာပဲ။ ဟား ဟား ဟား ဟား” ပြီးနောက် ပင်လယ်ဓားပြသား ချောင်ရှောင်းက ထွက်ခွာသွားခဲ့၏။

ရှုတင်းယု၊ ရှုပိုတောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ရုတ်တရက် ရှုတင်းယုက တီးတိုးပြောဆိုလိုက်သည်။ “ဒီနေရာမှာ တစ်စုံတစ်ခု ဖြစ်တော့မယ်။ တကယ့်ကို ကြီးမားတဲ့အရာ ဖြစ်တော့မှာပဲ”

ရှုပိုတောက်က ခေါင်းညိတ်လိုက်၏။ “ကိုယ့်လူတို့ ... ရွှေဒင်္ဂါး ၇သိန်းကို ရေတွက်ကြ။ ပြီးရင် မြန်မြန်ဆန်ဆန်နဲ့ ငါတို့ သယ်သွားကြရအောင်”

ရွှမ်ဝူမြို့ထဲတွင်တော့ တော်ဝင်မျိုးနွယ်ဟောင်းများသည် စိုးရိမ်ပူပန်စွာဖြင့် စောင့်မျှော်လျက်ရှိ၏။ သူတို့သည် မိသားစုတစ်ခု ပျက်စီးသွားမည်ကို စောင့်မျှော်နေခြင်းဖြစ်၏။

ပြည်နယ်အုပ်ချုပ်ရေးမှူး ကျူးကျွင်း တစ်ယောက် သူ၏စစ်တပ်များကို ခေါ်ဆောင်ကာဖြင့် ဝမ်ကျားကျွန်းကို သွားရောက်ချိုးဖျက်ကာ ရှိရှိသမျှအရာအားလုံးကို ယင်ယွမ်အဖွဲ့အစည်း၏ လက်ထဲသို့ ထည့်ပေးလိုက်မည်ကို သူတို့ မျှော်လင့်နေမိကြ၏။ ကျင်းမိသားစု၏ ပြိုလဲမှုကို သူတို့ စောင့်မျှော်နေခဲ့ကြသည်။

တချို့သော တော်ဝင်မျိုးနွယ် များဆိုလျှင် ဓားများကိုပင် သွေးလျက် ရှိနေလေပြီ။ ကျင်းမိသားစု၏ အလောင်းကောင်များဆီမှ အသားများကို လှီးထုတ်ရန် ပြင်ဆင်နေခဲ့ကြ၏။

ထို့အပြင် တချို့သောလူတော်တော်များများတို့ကလည်း ပွဲကြည့်ရန်အတွက် လာရောက်ခဲ့ကြခြင်းပင်ဖြစ်၏။ နှစ်ရာပေါင်းများစွာ ကြာရှိနေသည့် တော်ဝင်မျိုးနွယ်တစ်ခု၏ ဇာတ်လမ်းဖြစ်၏။ တကယ့်ကို ကြည့်ရှု၍ ကောင်းသလို အံ့အားသင့်စရာလည်း ကောင်းပေလိမ့်မည်။

အားလုံးသော တော်ဝင်မျိုးနွယ်များသည် ရွှမ်ဝူမြို့ မြို့တော်ဝန်အိမ်ရာတွင် တည်းခိုနေထိုင်နေကြပြီး အားလုံးစုစည်းကာဖြင့် ပြောဆိုဆွေးနွေးလျက် ရှိနေကြ၏။ အားလုံးသောသူတို့သည် အစားအစာများကို လုယက်မည့် လင်းတများ ကဲ့သို့ပင်။

ကျင်းဟိုင်မြို့စားအိမ်တော်၏ ကိုယ်စားလှယ် အပါအဝင် လန်ရှန်မြို့စားလေးအိမ်တော်ဆီမှ ကျူးဝမ်ထိုင်၊ ရွှမ်ဝူမြို့ အစိုးရအရာရှိသစ် ကျူးဝမ်ဟွာ၊ မိန်းကလေး ချီယွီ၊ ကျန်းယွမ်မြို့စားအိမ်တော်ဆီမှ ကိုယ်စားလှယ်၊ ကျန်းပေနယ်စားအိမ်တော်ဆီမှ ကိုယ်စားလှယ် စသဖြင့် အလုံးစုံ စုစည်းလျက် ရှိနေလေ၏။

ကျူးဝမ်ဟွာမှာတော့ ရှမ့်လန်တစ်ယောက် ကျောက်ရောဂါဖြစ်ဟန် အတုဖန်တီးခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့ပြီဖြစ်၏။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ သူ ဘာတစ်ခုကိုမှ မပြောဆိုရဲချေ။ “ရှမ့်လန်.. မင်း ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းတယ်ဆိုဆို .... ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရမယ့် အခြေအနေတစ်ခုကိုတော့ ကယ်တင်နိုင်မှာ မဟုတ်ဘူး။ သတင်း မကြာခင် ရောက်လာတော့မယ်။ ငါတို့က သမိုင်းကို မျက်မြင် ကြုံတွေ့ ရတော့မယ်။ ရာစုနှစ်နီပါးရှိတဲ့ တော်ဝင်မျိုးနွယ်တစ်ခု ပျက်စီးတာကို မြင်ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ”

“ဒီတစ်ကြိမ်မှာ ရွှမ်ဝူအိမ်တော်က ဝမ်ကျားကျွန်းကို ရှုံးနိမ့်ရုံတင်မကဘူး။ မြေပိုင်နက် တစ်သောင်းကျော်ကိုလည်း ရှုံးနိမ့်မယ်။ ရဲတိုက်ကြီးကိုလည်း ရှုံးနိမ့်ရတော့မယ်။ ငါတို့ အရင်တုန်းကအတိုင်းပဲ အညီအမျှ ခွဲဝေယူကြတာပေါ့။ ဘယ်သူမှ ပိုပြီးယူလို့မရဘူး”

“ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ မြေပိုင်နက်တွေအကုန်လုံးက ချီမိသားစု ပိုင်လိမ့်မယ်။ ရဲတိုက်ကြီးက ဆဋ္ဌမမင်းသား ပိုင်လိမ့်မယ်။ ချင်းကန်မြို့စားအိမ်တော်က အလုပ်ရုံတွေ အားလုံးကို သိမ်းဆည်းလိမ့်မယ်။ ဝမ်ကျားကျွန်းမှာ ရှိတဲ့ မိုင်းတွင်းတွေ အကုန်လုံးက ကျင်းဟိုင်မြို့စားအိမ်တော်က ပိုင်လိမ့်မည်။ ဒီမှာရှိတဲ့ ဆားလုပ်ငန်း စီမံခန့်ခွဲမှုတွေ ကိုတော့ ........”

ယခင် သဘောတူညီမှုအတိုင်း ရွှမ်ဝူအိမ်တော်ဆီမှ ရရှိသမျှ အရာအားလုံးကို ၎င်းတို့က အညီအမျှ ခွဲဝေလျက် ရှိနေ၏။ ယင်ယွမ်အဖွဲ့အစည်းသည် ဝမ်ကျားကျွန်းကို ယူဆောင်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ၎င်းတို့သည် သံမဏိတွင်း၊ မိုင်းတွင်းများကို ယူဆောင်သွားခဲ့ခြင်း မဟုတ်ချေ။ ဆားတွင်းများကိုသာ ယူဆောင်ခြင်းဖြစ်၏။ ယခု သူတို့အနေနှင့် ထိုအရာများကို စီမံခန့်ခွဲရုံသာလျှင် ပိုင်ဆိုင်ကြ၏။ ထိုအရာအားလုံးကို အလုံးစုံ ပိုင်ဆိုင်ခွင့် ရရှိလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အစိုးရ အရာရှိများ ပါဝင်လျက် ရှိနေသောကြောင့်ပင်။

“လာပြီ၊ လာပြီ။ ဆက်ခံသူ ဝူယွမ်ဟွာ ရောက်ရှိလာခဲ့ပြီ” တစ်စုံတစ်ယောက်က လှမ်းကာ အော်ဟစ်လိုက်၏။

ရုတ်တရက် အားလုံးသော သူတို့သည် လှုပ်ရှားတက်ကြွသွားခဲ့ကြသည်။

ဤနေရာတွင် တည်ရှိနေသည့် ဧည့်သည်တော်တော်များများတို့သည် ရွှမ်ဝူအိမ်တော်ဆီသို့ ဝင်ရောက်ရန်အတွက် လုံလောက်သည့် အရည်အသွေး ပြည့်မှီခြင်းမရှိကြချေ။ ၎င်းတို့အနေနှင့် ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရမှုကို မျက်မြင်ကိုယ်တွေ့ လိုက်ပါကြည့်ရှုနိုင်သူများ မဟုတ်ကြချေ။

ချင်းကန်မြို့စားအိမ်တော်၏ ဆက်ခံသူ ဝူယွမ်ဟွာတစ်ယောက်တည်းသာလျှင် တချို့သော အကြောင်း ကိစ္စကြောင့် ဝင်ရောက်ခွင့် ရရှိခြင်းဖြစ်၏။ အနီးအနားသို့ တော်ဝင်မျိုးနွယ် တစ်ဒါဇင်ကျော်တို့က စုစည်း ရောက်ရှိလာခဲ့ကြ၏။

“အင်း.. ဆက်ခံသူဝူ အခြေအနေဘယ်လိုရှိလဲ။ ကျုပ်တို့ကို ပြောပြပါအုံး”

“ရွှမ်ဝူမြို့စားကြီး အသက်ရှိသေးရဲ့လား။ ရှမ့်လန်တစ်ယောက် သွေးအန်နေခဲ့ပြီလား။ သူတို့ ဝမ်ကျားကျွန်းကို လိုလိုချင်ချင်နဲ့ ပေးလား။ ဒါမှမဟုတ် အုပ်ချုပ်ရေးမှုးကျူးကျွင်းရဲ့ စစ်တပ်တွေ ခေါ်ပြီး ပြန်ယူရမှာလား”

“ပြီးတော့.. ကျင်းမိသားစုရဲ့ မြေဧကတစ်သောင်းကျော်တို့ကို ရောင်းချမယ်ဆိုရင် ဘယ်လောက်ကျလဲ။ ကျင်းမူလန် ငြင်းဆန်သေးလား။ ကျင်းမူကုန်းကရော။ ဘယ်လိုအခြေအနေရှိလဲ”

ထိုစကားစု ထွက်ပေါ်လာခြင်းမှာပဲ အားလုံးသောသူတို့သည် မနာလိုတိုမှုများနှင့် ပြည့်နှက်နေခဲ့လေ၏။ ကျင်းမူလန်သည် အလွန်းစုံ ချောမောလှပသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်သည် ကြည့်ရှုလိုက်သည် ဆိုသည်နှင့် အလုံးစုံလှပပြီး ဆွဲဆောင်မှုရှိလှသည့်အရာဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိပြီးဖြစ်၏။ တကယ့်ကို အံ့အားသင့်စရာကောင်းသည့် ခန္ဓာကိုယ်ပိုင်ရှင်မျိုးပင် ဖြစ်၏။ ယခု သူမသည် အိမ်ရှေ့စံမင်းသားဆီသို့ သွားရောက်ကာဖြင့် ခစားရတော့မှာဖြစ်၏။

“ရှမ့်လန် သေသွားပြီလား။ သူသေသွားမှဖြစ်မယ်။ ကျင်းမူလန် အိမ်ရှေ့စံအိမ်တော်ထဲ ဝင်သွားရမယ်ဆိုရင် ရှမ့်လန်က သေမှာပဲ”

“ဆက်ခံသူဝူ.. ရာစုနှစ်နီးပါးရှိတဲ့ တော်ဝင်မျိုးနွယ်မိသားစုတစ်ခု ဖျက်ဆီးခံရမှုကို မျက်မြင်တွေ့ခဲ့ရတာ ဘယ်လို ခံစားရလဲ။ တကယ့်ကို အံ့အားသင့်စရာကောင်းလား”

အားလုံးသောသူတို့သည် စိတ်လှုပ်ရှားလျက် ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဝေစုများကို ရရှိမည်ဖြစ်သောကြောင့်ပင်။ ကျင်းမိသားစု၏ အလောင်းသည် တကယ့်ကိုကြီးမားလွန်း၏။ တခြားသောသူများသည် အသားရရှိသည်ဆိုလျှင်တောင်မှ သူတို့သည် စွပ်ပြုတ်လုပ်ဆောင်ရန်အတွက် လုံလောက်သည့် အကြွင်းအကျန် အသားများကို ရရှိမှာဖြစ်၏။

လက်ရှိအချိန်မှာတော့ လူအများအပြားတို့သည် ဝူယွမ်ဟွာမျက်နှာ၏ အသွင်အပြင် မကောင်းသည်ဖြစ်ကြောင်းကို နောက်ဆုံး သတိပြုမိလိုက်ကြသည်။

“ဆက်ခံသူဝူ.. ခင်ဗျား မျက်နှာက ဘယ်လိုဖြစ်နေရတာလဲ။ အခု ကျုပ်တို့ကို ဝေစုခွဲဝေယူရမှာနဲ့ ပတ်သက်ပြီး ခင်ဗျား သဘောမတွေ့လို့လား။ ခင်ဗျားတို့မိသားစုက တော်တော်များများ ရပြီးသွားပြီပဲ။ ခင်ဗျားတို့မိသားစုက ကျင်းမိသားစု ဖျက်ဆီးခံရတဲ့ အခြေအနေမှာလည်း သိပ်ပြီး များများစားစား ပါဝင်ခဲ့တာမှ မဟုတ်တာ”

ချင်းကန်မြို့စားအိမ်တော်၏ ဝူယွမ်ဟွာသည် လက်ကိုမြှောက်လိုက်၏။

ရုတ်တရက် အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ၏မျက်နှာကို စူးစိုက်ကာ ကြည့်ရှုနေသည်။

ဝူယွမ်ဟွာက ပြောဆိုလိုက်၏။ “အိပ်မက် မက်မနေကြနဲ့တော့။ ကျုပ်တို့ ရှုံးခဲ့ပြီ။ ရှမ့်လန် နိုင်သွားခဲ့ပြီ။ ရှမ့်လန်က ကျုပ်တို့ကို ငွေကြေးတွေအကုန် ပြန်ပေးခဲ့တယ်။ သူက ရွှေဒင်္ဂါးခုနစ်သိန်းကို ထုတ်ရုံတင် မကဘူး။ ရွှေဒင်္ဂါးရှစ်သိန်းကိုတောင် ထုတ်ပေးခဲ့တာ။ ကောင်းကင်ပေါ်ကနေပြီး ရွှေဒင်္ဂါးတွေတောင် ကျုပ်တို့ခေါင်းပေါ် ကြဲချပေးခဲ့သေးတယ်။ ကျုပ်တို့ကို ရွှေဒင်္ဂါးတွေနဲ့ နစ်ပြီး သတ်မလိုတောင် လုပ်ခဲ့တာ”

ဤစကားစု ထွက်ပေါ်လာလာချင်းမှာပဲ အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ ရှမ့်လန်သည် နတ်ဘုရားတစ်ယောက်မဟုတ်ချေ။ အဘယ်သို့ တစ်လအတွင်း ရွှေဒင်္ဂါး ရှစ်သိန်းကို ရှာဖွေထုတ်ယူနိုင်ရသနည်း။ အိပ်မက်ထဲမှာပင်လျှင် ဖြစ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

“ဆက်ခံသူ ဝူယွမ်ဟွာ… ခင်ဗျား နောက်နေတာပဲဖြစ်မယ်။ ဒီလိုကိစ္စမျိုးကို မနောက်သင့်ပါဘူး”

“ဟုတ်တယ်။ ဟုတ်တယ်။ ရှမ့်လန်က ရုပ်ချောရုံတစ်ခုပဲရှိတာလေ။ ဘယ်လိုလုပ် ပိုက်ဆံတွေ ထုတ်ယူပေး နိုင်မှာလဲ။ ပြီးတော့ ဒါက ထျန်းလန်စီရင်စုရဲ့ အခွန်အခ ပမာဏ နှစ်ဆထက်တောင် ပိုပြီးများသေးတယ်”

ဆက်ခံသူ ဝူယွမ်ဟွာက အသာပင် ပြောဆိုလိုက်၏။ “ကျုပ်က ခင်ဗျားတို့ကို နောက်ဖို့ စိတ်ဆန္ဒ ရှိနေတယ်များ ထင်နေလို့လား။ အားလုံးပဲ ... အခုပြန်ကြတော့။ တကယ့်ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်တော့မယ်။ တကယ့်ကို ကြီးမားတဲ့ ကိစ္စကြီးပဲ”

ပြီးနောက် ဆက်ခံသူ ဝူယွမ်ဟွာသည် တိုက်ရိုက်ဆိုသလို လှည့်ထွက်သွားခဲ့၏။ သူသည် မြင်းပေါ်သို့ အသာတက်ပြီး သူ၏မြို့ဆီသို့ ပြန်သွားခဲ့သည်။

................

ရွှမ်ဝူမြို့၏ တကယ့်ကို ခန့်ညားသပ်ရပ်လွန်းသည့် ခြံဝင်းတစ်ခုအတွင်းမှာတော့ ....

ကျင်းဟိုင်မြို့စားကြီး ထန်လွမ် ထိုင်လျက်ရှိ၏။ သူသည် ဝိုင်တစ်ခွက်ကို အသာသောက်နေ၏။ သူ၏သွေးများက ဆူဝေလျက်ရှိနေ၏။ “ဟား ဟား ဟား ဟား ဟား။ ဒီနေ့ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတာပဲ။ ကောင်းကောင်းမွန်မွန် သောက်ကြရအောင်။ ရာစုနှစ်နီးပါးရှိတဲ့ ရန်သူဟောင်းကြီးက နောက်ဆုံး အဆုံးသတ်သွား ခဲ့ပြီ”

“ကျင်းကျိုးက သေတော့မယ်။ နှစ်သစ်အထိတောင် အသက်ရှင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကြားလား။ ကျင်းမိသားစုရဲ့ ပြိုလဲသံကို ကျုပ်ကတော့ နားထဲမှာ ကြိုပြီးကြားနေရတယ်။ ပြီးတော့ ကျင်းကျိုး ဘာများလုပ်နိုင်ပါ့မလဲ။ သူ့ရဲ့သမက်ကလည်း ဘာမှသုံးစားရတဲ့ကောင် မဟုတ်ဘူး။ ဒီနေ့ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရမှုကို မြင်ပြီးတဲ့အချိန်ကျရင် သူတို့ရဲ့ဘိုးဘေးကြီး ကျင်းကျူးက သင်္ချိုင်းထဲကနေ ထလာပြီး ဒေါသတကြီးနဲ့ ခုန်ဆွခုန်ဆွတောင် ဖြစ်နေမလားမသိဘူး။ ဟား ဟား ဟား ဟား ဟား”

ဆက်ခံသူ ထန်ယွင်က ပြောလိုက်၏။ “အဖေ.. သဘောတူညီမှုအရဆိုရင် ယင်ယွမ်အဖွဲ့အစည်းက ဝမ်ကျားကျွန်းရဲ့ သတ္တုတွင်းတွေကို စီမံခန့်ခွဲရလိမ့်မယ်။ ကျုပ်တို့က အသားတင်အမြတ်ငွေ ၃၀ ရာခိုင်နှုန်းကို ယူပြီးတော့ ဝမ်ကျားကျွန်းတစ်ဝက်မှာရှိတဲ့ ဆားလုပ်သားတွေကို ထောက်ပံ့ပေးရမယ်။ ယင်ယွမ် အဖွဲ့အစည်းကိုတော့ အမြတ်ငွေ ၇၀ ရာခိုင်နှုန်းပေးရလိမ့်မယ်။ ကျုပ်တို့က ကျင်းချန်ကျွန်းနဲ့ ပတ်သက်ပြီး အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းကို ရလိမ့်မယ်။ ဒီတော့ ကျုပ်တို့မိသားစုအနေနဲ့ ဘာပဲပြောပြော ဒီအလဲအလှယ်မှာ ရှုံးနိမ့်သေးတယ်လို့ ပြောရမယ်”

ကျင်းဟိုင်မြို့စားကြီးက ရယ်မောကာ ပြောလိုက်သည်။ “ငါတို့မိသားစု ရှုံးနိမ့်တယ် ဟုတ်လား။ ဒါပေမဲ့ ရွှမ်ဝူ အိမ်တော်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် တကယ့်အကျိုးအမြတ်ကြီးကို ရရှိခဲ့တာပဲ။ သူတို့ရဲ့မိသားစုက ဖျက်ဆီးခံလိုက်ရပြီ။ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရဖို့အတွက်ဆိုရင် ဘယ်လိုပေးဆပ်မှုမျိုးကိုပဲဖြစ်ဖြစ် ငါ ပေးဆပ်ဖို့ အဆင်သင့်ဖြစ်တယ်။ ငါ လိုလိုချင်ချင် ရှိပြီးသားပဲ”

“ကျင်းကျူး... ခင်ဗျား ငရဲပြည်ကနေ သေသေချာချာ နားထောင်ပါ။ ခင်ဗျားတို့ ရွှမ်ဝူမျိုးနွယ်ကို ဖျက်ဆီးခဲ့တဲ့လူက ကျုပ်ပဲ။ ကျုပ် ထန်လွင်ပဲ။ ထန်မိသားစုရဲ့ ဘိုးဘေးကြီးတွေ ... ခင်ဗျားတို့ ကောင်းကင်ဘုံကနေ လှမ်းကြည့် နေကြပါ။ ဒီနေ့ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံလိုက်ရပြီ။ ကျုပ် ... ထန်လွင် ကိုယ်တိုင် ဒီအရာအားလုံးကို မြှုပ်နှံပစ်ခဲ့တာပဲ”

ထန်လွင်၏စကားများသည် ကျိုးကြောင်းဆီလျော်လွန်း၏။ သူသည် ကျင်းချန်ကျွန်းကို ပင်လယ်ဓားပြ ချောင်ထျန်းဝေဆီ ပေးအပ်ခဲ့ပြီး ကျင်းမိသားစု၏ အရေးကြီးသောအချိန်မျိုး၌ နောက်ကျောကို ဓားနှင့်ထိုးခဲ့၏။

ထိုအချိန်မှာပဲ ပင်လယ်ဓားပြလေး ချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာပြီး အေးစက်စက် ပြောလိုက်၏။ “ထန်လွင်… သိပ်ပြီး မောက်မာမနေနဲ့။ ရွှမ်ဝူအိမ်တော်က ဖျက်ဆီးမခံရသေးဘူး။ ရှမ့်လန်က ငွေတွေကို ပြန်ပေးခဲ့တယ်။ သူက ရွှေဒင်္ဂါးခုနစ်သိန်းကိုတောင် မကဘူး။ ရှစ်သိန်းတောင် ထုတ်ပေးခဲ့သေးတာ။ ကျင်းမိသားစုရဲ့ မြေဧကပေါင်း တစ်သောင်းကျော်က အေးအေးဆေးဆေးပဲ။ ပြီးတော့ ဝမ်ကျားကျွန်းကလည်း အေးအေးဆေးဆေး ရှိနေတယ်။ သူတို့မိသားစုမှာလည်း ရွှေဒင်္ဂါးတွေ အများကြီးရှိတယ်။ ဒီတော့ ခင်ဗျား ပျော်တာ စောနေပြီ”

ပြောပြီးသည့်နောက် ကျင်းဟိုင်မြို့စားကြီးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ မည်သို့ဖြစ်နိုင်မည်နည်း။ ရွှေဒင်္ဂါးခုနစ်သိန်း။ တော်ဝင်မျိုးနွယ် တစ်ယောက်ဖြစ်သည့် သူပင်လျှင် ရွှေဒင်္ဂါးခုနစ်သိန်းကို ထုတ်ဖော်ပေးနိုင်မည် မဟုတ်ချေ။ သူတို့ ထန်မိသားစု ပင်လျှင် ထုတ်ပေးနိုင်ခြင်း မရှိသည့်အရာကို ရှမ့်လန်က အဘယ်သို့ ထုတ်ပေးနိုင်မည်နည်း။

ထန်မိသားစု၌ ကျင်းချန်ကျွန်းရှိ၏။ ကျင်းမိသားစုထက် ပိုမိုကာ ချမ်းသာ၏။ သို့ပေမည့် ရွှေဒင်္ဂါးခုနစ်သိန်းကို တစ်ခါတည်း ထုတ်ပေးဖို့ကို မဆိုနှင့်။ ရွှေဒင်္ဂါးသုံးသိန်းလောက်ကို ထုတ်ပေးဖို့ဆိုသည်ကပင်လျှင် အလွန် ကြီးမားသည့် အခက်အခဲဖြစ်၏။

“မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ကျင်းဟိုင်မြို့စားကြီး ထန်လွင်သည် တုန်ယင်စွာဖြင့် ပြောဆိုလိုက်သည်။ “တကယ်လို့ ရှမ့်လန်ကသာ ပိုက်ဆံတွေ ထုတ်ပေးနိုင်တယ်ဆိုရင် ဘာလို့ ရွှမ်ဝူက နေမကောင်းဖြစ်နေရတာလဲ။ ဘယ်လိုဖြစ်ပြီးတော့ စုဖေ့ဖေ့က တော်ဝင်မျိုးနွယ်အသီးသီးဆီက လိုက်ပြီး ငွေချေးနေရတာလဲ။ ပြီးတော့ သူက ရွှေဒင်္ဂါးတစ်ထောင်လောက်ကိုပဲ ချေးငှားနိုင်ခဲ့တယ်လေ။ တစ်လောကလုံးက ပျက်ရယ်ပြုပြီး လှောင်ရယ်နေကြတာ မဟုတ်လား”

ပင်လယ်ဓားပြသားက ပြောဆိုလိုက်၏။ “ဒါ သရုပ်ဆောင်နေတာ။ ဒါတွေအားလုံး သရုပ်ဆောင်နေတာပဲ။ ဒါတွေအားလုံးက ရှမ့်လန်ရဲ့ ဇာတ်လမ်းတွေချည်းပဲ”

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး”

ကျင်းဟိုင်မြို့စားကြီး ထန်လွင်က အော်ဟစ်လိုက်လေ၏။ သူ၏နားထဲတွင် ဝုန်းကနဲ အော်မြည်သံများပင် ထွက်ပေါ်လာခဲ့၏။ သူ ဝိုင်ကို သောက်ပြီးသည့်နောက် အလွန်စိတ်ချစွာဖြင့် နေထိုင်နေခဲ့၏။ လက်ရှိအချိန်မှာတော့ ဝိုင်သည် သူ၏ခေါင်းကို ထိုးခွဲသွားမတတ်ပင် ခေါင်းကိုက်စေခဲ့၏။ သူသည် ရုတ်တရက် ပျို့အန်ချင်စိတ်ပင် ပေါက်လာသည်။

All Chapters