ဓားကျင့်ကြံသူလား? ဓားကျင့်ကြံသူ! အညံ့ခံပြီး အသက်ရှင်ရတာထပ် မာနနဲ့ သေတာက ပိုကောင်းတယ်!
Vol. 32 Ch. 438
[အရိုးထိ နက်ရှိုင်းသော ဒဏ်ရာများသည် တဖြည်းဖြည်း ပြန်လည် ပျောက်ကင်းလာသည်...ပြဲစုတ်နေသော နဂါးအကြေးခွံများသည်လည်း မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ခိုင်မာလာသည်။]
[အချိန်ခဏလေး အတွင်းမှာပင် နဂါးစောင့်ရှောက်သူ၏ လည်ပင်းရှိ သေစေနိုင်သော ဒဏ်ရာသည် လုံးဝ ပျောက်ကင်းသွားသည်။]
လက်တွေ့ကမ္ဘာရှိ စုရှင်းသည် ဤအရာကို မြင်သောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ထင်ထားတဲ့ အတိုင်းပဲ... ဒီနဂါးစောင့်ရှောက်သူက အရင်ကလို ရက်စက်နေတုန်းပဲ။"
"လူသားတစ်သန်းက၊ သူ့မျက်စိထဲ ပုရွက်ဆိတ်တွေလောက်တောင် တန်ဖိုးမရှိတာလား။"
စုရှင်းသည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။ ဆိုးယုတ်သော ကျင့်ကြံသူသည် မည်မျှ ရက်စက်ကြောင်း သူ အပြည့်အဝ သဘောပေါက်သွားသည်။
မြို့တစ်မြို့လုံး၏ လူဦးရေ အရပ်သား တစ်သန်းကို နဂါးစောင့်ရှောက်သူသည် သူ၏ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန် အတွက် အလွယ်တကူ သွေးယစ်ပူဇော်ခဲ့သည်။
"ဟားဟားး၊ ဒီနဂါးစောင့်ရှောက်သူက ဝဋ်လည်မှာကို တကယ်မကြောက်ဘူးဘဲကွ"
စုရှင်းသည် ခေါင်းခါလိုက်သည်။
ပုံမှန်အားဖြင့် ဆိုးယုတ်သော ကျင့်ကြံသူများသည်ပင် ထိုမျှ များပြားသော အပြစ်မဲ့သူများကို မသတ်ကြပေ။
အဘယ့်ကြောင့်ဆိုသော် ဆိုးယုတ်သော ကျင့်ကြံသူများသည် သာမန် ကျင့်ကြံသူများထက် ဝဋ်လည်မှာကို ပို၍ပင် ကြောက်ရွံ့တတ်သောကြောင့် ဖြစ်သည်။
သို့သော်... ထိုအချိန်က နဂါးစောင့်ရှောက်သူ အတွက် အသက်ရှင်နေခြင်းက အနာဂတ် ကံကြမ္မာ ပြဿနာများထက် ပို၍အရေးကြီးသည်မှာ သေချာသည်။
"ဒါပေမယ့် ဒါက သူ့ရဲ့ တစ်ခုတည်းသော နည်းလမ်းဆိုရင်... နဂါး စောင့်ရှောက်သူက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး!"
စုရှင်းသည် အေးစက်စွာ ရယ်မောလိုက်သည်။
သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားလျှင်ရော ဘာဖြစ်နိုင်မည်နည်း။
စုရှင်းသည် ပထမဓားကို ထိုးနိုင်သောကြောင့် ဒုတိယဓားကိုလည်း သေချာပေါက် ထိုးနိုင်ပေလိမ့်မည်။
ဤတစ်ကြိမ်တွင်တော့ သူသည် နဂါးစောင့်ရှောက်သူကို ဒဏ်ရာများ ပြန်လည်ကုစားရန် အခွင့်အရေး ပေးတော့မည် မဟုတ်ပါ။
ထိုအတွေးဖြင့် စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြောင်းသွားသည်။
[နဂါးစောင့်ရှောက်သူသည် လူသားတစ်သန်းကို သွေးယစ်ပူဇော်ခဲ့ပြီးနောက် သူ၏ ဒဏ်ရာများ ချက်ချင်း ပျောက်ကင်းသွားသည်။ သူ၏ အခြေအနေနှင့် အရှိန်အဝါသည် အထွတ်အထိပ်သို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားသည်ကိုပင် သင် ခံစားမိသည်။]
[တစ်ချိန်တည်းမှာပင် သင်သည် လူသားတစ်သန်း၏ အမုန်းတရားနှင့် မကျေနပ်မှုတို့သည် နဂါး စောင့်ရှောက်သူ၏ ခန္ဓာကိုယ်တွင် ကပ်တွယ်သွားပြီး အချိန်ကြာမြင့်စွာ ရှိနေမည်ကိုလည်း ခံစားမိခဲ့သည်။]
[သင်သည် ဝိညာဉ်ဓား မော့ပင်းကို ကိုင်ထားပြီး ဝိညာဉ်စွမ်းအင်၏ အထောက်အပံ့ဖြင့် မီတာတစ်ထောင် အမြင့်တွင် ပျံဝဲကာ မီတာတစ်သောင်း အကွာရှိ နဂါး စောင့်ရှောက်သူကို စိုက်ကြည့်နေခဲ့သည်။]
[နဂါးသောင့်ရှောက်သူ၏ ရက်စက်ကြမ်းကြုတ်သော ဦးခေါင်းမှ သူ၏ အကန့်အသတ် မရှိသော ဒေါသကို သင် ခံစားနိုင်သည်။]
[နဂါးစောင့်ရှောက်သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး နားကွဲလောက်သော နဂါးအော်သံကို ထုတ်လွှတ်သည်။]
[ထို့နောက် သူ၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာသည်။]
[မူလက ခိုင်မာသော နဂါးအကြေးခွံများသည် ပို၍ပင် ကြမ်းတမ်းလာပြီး ဆူးများပင် ပေါက်လာသည်။]
[နဂါးစောင့်ရှောက်သူ၏ ခန္ဓာကိုယ် အရွယ်အစားသည် မီတာတစ်ထောင်မှ မီတာသုံးထောင် အထိ ခဏလေးအတွင်း ကြီးထွားလာသည်!]
[သူသည် မီတာတစ်သောင်း ရှည်လျားသော အနက်ရောင်နဂါးအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။]
[ပရမ်းပတာ မူလအစအဆင့် အလယ်အဆင့်... ပရမ်းပတာ မူလအစအဆင့် နောက်ဆုံးအဆင့်... ပရမ်းပတာ မူလအစအဆင့် ပြည့်စုံခြင်း!]
[အသက်ရှုခြင်း အနည်းငယ်အတွင်း နဂါးစောင့်ရှောက်သူ၏ ဖိအားသည် အကြိမ်များစွာ တိုးလာပြီး သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း နှစ်ဆကျော် တိုးတက်လာသည်။]
[ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ကောင်းကင်နှင့်မြေကြီး၏ အရောင်ကိုပင် ပြောင်းလဲစေလုနီးပါး ဖြစ်သည်။]
[ဤမြင်ကွင်းကို မြင်သောအခါ သင်၏ နှလုံးသားသည် နစ်မြုပ်သွားပြီး သင် အရင်က ကြားဖူးသော ကောလာဟလတစ်ခု ဖြစ်သည့် စစ်မှန်သောနဂါး ကိုးမျိုးပြောင်းလဲခြင်းကို အမှတ်ရလိုက်သည်။]
လက်တွေ့ကမ္ဘာတွင် စုရှင်းသည် ဤအရာကို မြင်သောအခါ သူ၏မျက်နှာသည် ညိုမည်းသွားသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒီနဂါးစောင့်ရှောက်သူက... တကယ်တမ်းက စစ်မှန်သောနဂါးရဲ့ သွေးသားပါ ရှိနေတာလား!"
စုရှင်းသည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။
စစ်မှန်သောနဂါး ကိုးမျိုးပြောင်းလဲခြင်း၊ ဤသည်မှာ စုရှင်း လောထျန်းဂိုဏ်း၏ ကျမ်းစာတိုက်တွင် မြင်ဖူးသော လျှို့ဝှက်ပညာရပ် ဖြစ်သည်။
ဤလျှို့ဝှက်ပညာရပ်ကို စစ်မှန်သောနဂါး၏ သွေးသားရှိသော နဂါးများသာ ဆောင်ရွက်နိုင်ပြီး ၎င်းသည် အလွန် အစွမ်းထက်သော သွေးသား လျှို့ဝှက်ပညာရပ်လည်း ဖြစ်သည်။
စစ်မှန်သောနဂါးများသည် သာမန်နဂါးများနှင့် ကွဲပြားသည်။ ၎င်းတို့သည် နဂါးမျိုးနွယ်များကြားတွင် ဘုရင်များဖြစ်ပြီး သူတို့၏ သွေးသားသည် သာမန်နဂါးများထက် များစွာ အစွမ်းထက်သည်။
စစ်မှန်သောနဂါး အရေအတွက်သည် အလွန်ရှားပါးပြီး သုံးထောင်ကမ္ဘာတစ်ဝှမ်းတွင်ပင် အလွန်ရှားသည်။
"ဒီနဂါးစောင့်ရှောက်သူက... တကယ်တမ်းက စစ်မှန်သောနဂါးရဲ့ သွေးသားပါ ရှိနေတာလား!?"
စုရှင်းသည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး စစ်မှန်သောနဂါး ကိုးမျိုးပြောင်းလဲခြင်း၏ မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရလိုက်သည်။
စစ်မှန်သောနဂါး ကိုးမျိုးပြောင်းလဲခြင်းရှိ ပြောင်းလဲမှု တစ်ခုစီတိုင်းဖြင့် လူတစ်ဦး၏ ခွန်အားသည် သိသိသာသာ တိုးတက်လာနိုင်သည်။
စစ်မှန်သောနဂါး၏ သွေးသားပါဝင်မှု အားနည်းသော နဂါးများသည် ပုံမှန်အားဖြင့် ပြောင်းလဲမှုများ တစ်ခုမှ သုံးခုအထိ ရရှိနိုင်ပြီး သူတို့၏ ခွန်အားသည် အဆင့်ကျော်ပြီး တိုက်ခိုက်ရန် လုံလောက်သည်။
ထို့အပြင် စစ်မှန်သော သွေးသားစစ်သည့် စစ်မှန်သော နဂါးတစ်ကောင်သာ စစ်မှန်သောနဂါး ကိုးမျိုးပြောင်းလဲခြင်းကို လုံးဝ ဆောင်ရွက်နိုင်သည်ဟု ကောလာဟလများ ထွက်သည်။
၎င်းတို့သည် အမတနယ်ပယ်တွင်ပင် အဆင့်ကျော်၍ တိုက်ခိုက်နိုင်ပြီး ၎င်းသည် အမှန်တကယ် မကြုံစဖူးသော လျှို့ဝှက်ပညာရပ် ဖြစ်သည်။
"နဂါး စောင့်ရှောက်သူရဲ့ အရှိန်အဝါက ပရမ်းပတာ မူလအစအဆင့်ရဲ့ ဆဋ္ဌမအဆင့်ကနေ ပရမ်းပတာ မူလအစအဆင့် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအထိ မြင့်တက်လာတယ်... ဒါက ဒုတိယမြောက် စစ်မှန်သောနဂါး ပြောင်းလဲမှုအဆင့်မှာ ရှိရမယ်..."
"ဒါပေမယ့် အာ့တော့ ပြောချင်တာက နဂါးစောင့်ရှောက်သူရဲ့ စစ်မှန်သောနဂါး သွေးသားက အတော်လေး ကောင်းမွန်တယ်ပေါ့... သူသာ အမတနယ်ပယ်ကို ထိုးဖောက်ပြီး သွေးသားပြန်လည် ပြောင်းလဲမှု လုပ်နိုင်ခဲ့ရင်... တတိယ၊ စတုတ္ထမြောက် စစ်မှန်သောနဂါး ပြောင်းလဲမှုကို ဆောင်ရွက်နိုင်လောက်တယ်!"
ထိုအကြောင်းကို တွေးပြီးနောက် စုရှင်းသည် ပို၍ပင် ရှုပ်ထွေးသွားသည်။
နဂါးစောင့်ရှောက်သူ၏ မူလအစကို သူ မသိပါ၊ ဤအိုမင်းရင့်ရော်နေသော လူယုတ်မာသည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သည် ဆိုသည့်အချက်ကိုသာ သူသိသည်။
"စစ်မှန်သောနဂါး ကိုးမျိုးပြောင်းလဲခြင်း၊ ဒါက ပြဿနာပဲ... ဒီတစ်ကြိမ်လည်း နဂါးစောင့်ရှောက်သူကို ငါ ထပ်ပြီး အနိုင်ရနိုင်မှာ မဟုတ်ဘူး ထင်တယ်..."
စုရှင်းသည် သက်ပြင်းချလိုက်သည်။ နဂါးစောင့်ရှောက်သူတွင် ထိုမျှ အံ့သြဖွယ်ကောင်းသော လျှို့ဝှက်ကတ် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သူ၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
[စစ်မှန်သောနဂါး ကိုးမျိုးပြောင်းလဲခြင်း၏ လျှို့ဝှက်ပညာရပ်ကို ဆောင်ရွက်ပြီးနောက် နဂါးစောင့်ရှောက်သူ၏ ခွန်အားသည် ချက်ချင်း နှစ်ဆကျော် တိုးလာသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို သင် လုံးဝ မခံနိုင်တော့ပေ။]
[သင်သည် အကြိမ်ဒါဇင်ချီ ထပ်မံ တိုက်ခိုက်ခဲ့ပြီး နဂါးမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ ခွန်အားကို စစ်မှန်စွာ ခံစားလိုက်ရသည်။]
[ဤအချိန်တွင် ကောင်းကင်အမြင့်ရှိ ရက်စက်ကြမ်းကြုတ်သော အနက်ရောင်နဂါးသည် သရော်လှောင်ပြောင်သော မျက်လုံးများဖြင့် သင့်ကို ကြည့်နေသည်။ သူက သင့်အား အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲရန် ဆုံးဖြတ်ထားသည်။]
[နဂါးစောင့်ရှောက်သူ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သင်၏ နှလုံးသားထဲ၌ နောက်ဆုတ်ရန် အတွေးများ မရှိခဲ့ပေ။]
[ဝိညာဉ်အရည် တစ်ပုလင်း သောက်ပြီးနောက် ဝိညာဉ်ဓား မော့ပင်းကို ကိုင်ထားသည့် သင်၏ အတွင်းစိတ်သည် အလွန် ငြိမ်သက်နေသည်ကို သင် ခံစားမိသည်။]
[ဤသည်မှာ ဤသရုပ်ပြခြင်း၏ နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မည် ဟူသည့် ဝိုးတဝါး ထင်မြင်ချက်တစ်ခု သင့်တွင် ရှိနေသည်။]
[သို့သော် ၎င်းသည် နောက်ဆုံးတိုက်ပွဲ ဖြစ်စေကာမူ... သင်သည် နောင်တ မရှိစေရန် အတွက် သင်၏ စွမ်းအားအားလုံးကို အကုန်အစင် ထုတ်ဖော်မည် ဖြစ်သည်]
[သင်သည် နက်ရှိုင်းစွာ အသက် ရှုသွင်းလိုက်ပြီး ဒါဇင်နှင့်ချီသော ဓားအရှိန်အဝါများကို နဂါးစောင့်ရှောက်သူစီသို့ တိုက်ရိုက် ဦးတည်ကာ ပိုင်းဖြတ်ထုတ်လွှတ်လိုက်သည်။]
[နဂါးစောင့်ရှောက်သူသည် ဤအရာကို မထီမဲ့မြင်ပြုသည့် ပုံစံဖြင့် ကြည့်နေခဲ့သည်။ ပို၍ပင် ခိုင်မာလာသော အနက်ရောင် နဂါးအကြေးခွံများသည် သင့် ဓားအရှိန်အဝါ၏ စွမ်းအားကို လုံးဝ ပျက်ပြယ်စေလုနီးပါး ဖြစ်သွားသည်။]
[ဤအချိန်တွင် အကာအကွယ်အဆင့်များ ထိုးတက်နေပြီး ခွန်အားနှစ်ဆဖြစ်နေသော နဂါးစောင့်ရှောက်သူကို ရင်ဆိုင်ရာတွင် သင့်၌ နောက်ဆုတ်ရန် ရွေးချယ်စရာ မရှိ၊ ခေါင်းချင်းဆိုင် ရင်ဆိုင်ရန်သာ ရွေးချယ်စရာ ရှိသည်။]
[ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားခဲ့သည်။]
[သင်၏ ကာကွယ်ရေး ဂန်ချီသည် အကြိမ်ကြိမ် ထပ်မံ ပျက်စီးခဲ့သည်... သင့်အတွင်းရှိ မူလအင်အားသည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ပြီး မကြာမီ အချိန်အတွင်း ငါးပုံတစ်ပုံပင် မကျန်တော့ပေ။]
…