← Chapters

ရွှေရောင် စွမ်းရည်၊ မသေမျိုး ရှောင်ချီ၊ သုံးထောင်ကမ္ဘာသို့ ဝင်ရောက်ချိန် နီးကပ်လာခြင်း (အပိုင်း ၆)

Vol. 32 Ch. 445

ရွှေရောင် စွမ်းရည်၊ မသေမျိုး ရှောင်ချီ၊ သုံးထောင်ကမ္ဘာသို့ ဝင်ရောက်ချိန် နီးကပ်လာခြင်း (အပိုင်း ၆)

Vol. 32 Ch. 445

[အခွင့်အရေး ရောက်လာပြီ ဖြစ်ကြောင်း သိသောကြောင့် သင်သည် အားနည်းချက် တစ်ခုကို တမင်တကာ ဖော်ပြလိုက်သည်။]

[မျှော်လင့်ထားသည့် အတိုင်းပင် ကျိန်စာသင့်နဂါးသည် ထောင်ချောက်အတွင်း ဝင်လာခဲ့သည်၊ သူ၏နဂါးမျက်နှာပေါ်၌ ကြမ်းတမ်းသော အမူအရာ ပေါ်လာပြီး သင်၏ အားနည်းချက်ကို လာရောက် တိုက်ခိုက်ခဲ့သည်။ သူသည် ကာကွယ်ရေးကို လုံးဝ မေ့လျော့ထားခဲ့သည်။]

[ကြောက်မက်ဖွယ် ကောင်းသော နဂါးလက်သည်းသည် သင်၏ ဝမ်းဗိုက်စီကို တိုးဝင်လာပြီး၊ တစ်ချက်တည်းနှင့် သင့်အသက်ကို ယူသွားရန် အသင့် ဖြစ်နေသည်။]

[ဤအချိန်တွင် သင်သည် တန်ပြန်တိုက်ခိုက်လိုက်သည်။]

[ဝိညာဉ်စွမ်းအင်သည် သင်၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး ဓားရည်ရွယ်ချက်သည် တစ်ချက်တည်းနှင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ စွမ်းအား၏ မူလရင်းမြစ်နှင့် အရှိန်၏ မူလရင်းမြစ်သည် သင်၏လက်ထဲရှိ မှင်ရေခဲဓားကို အားဖြည့်ပေးသည်။]

[သင်၏ အားအကောင်းဆုံး ဓားချက်ကို ထုတ်လွှတ်လိုက်သည်။]

[ကျိန်စာသင့်နဂါးသည် သင်၏ တိုက်ခိုက်မှုမှ သေခြင်း၏ အငွေ့အသက်ကို ရခဲ့သည်။ သို့သော်လည်း ရှောင်တိမ်းရန် နောက်ကျနေခဲ့ပြီ ဖြစ်သည်။]

[နဂါးလက်သည်းသည် သင်၏ ကာကွယ်ရေး ဂန်ချီကို ကြေမွသွားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုအနေနှင့် သင်၏ ဝမ်းဗိုက်ကို ချက်ချင်း ထိုးဖောက်သွားပြီး သွေးများ တရစပ် စီးကျလာသည်။]

[တစ်ချိန်တည်းမှာပင် သင် ထုတ်လွှတ်လိုက်သော အရှိန်အဝါ ပြင်းထန်သည့် ဓားချီသည် ကျိန်စာသင့်နဂါး၏ လည်ပင်းကို ဖြတ်တောက်သွားသည်။ ယင်းသည် မူလရင်းမြစ်၏ စွမ်းအားကို သယ်ဆောင်ကာ ကျိန်စာသင့်နဂါး၏ ခေါင်းကို တစ်ခါတည်း ဖြတ်တောက်လိုက်သည်။]

[အရှည်ပေတစ်ရာရှိသော နဂါးခေါင်းသည် ကောင်းကင်မှ ပြုတ်ကျကာ အောက်ဘက်ရှိ တောင်ငယ်တစ်ခုကိုပင် ပြားသွားစေသည်။]

[မသေမီတွင် ကျိန်စာသင့်နဂါး၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့ပြီး ထိုမျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် နောင်တတရားတို့ဖြင့် ပြည့်နှက်နေသည်။]

[ဤဓားချက်ကြောင့် ကျိန်စာသင့်နဂါး၏ မူလဝိညာဉ်သည် လုံးဝပျက်စီးသွားခဲ့သည်။]

[တစ်ချိန်တည်းမှာပင် သင်၏ ဝမ်းဗိုက်သည် ယခင်က မရရှိခဲ့ဖူးသည့် ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့သည်။]

[သင်၏မျက်နှာသည် ဖြူရော်သွားသည်။ သင်၏ ဝိညာဉ်စွမ်းအားသည်လည်း မတည်မငြိမ် ဖြစ်နေသဖြင့် သင်သည် အသင့်ပြင်ဆင်ထားသော ဆေးဝါးများကို အလျင်အမြန် သုံးစွဲကာ သင်၏ ဒဏ်ရာများ ပြန်လည် သက်သာလာစေရန် စတင် ကုသခဲ့သည်။]

[မသေမျိုး ရှောင်ချီဟူသော စွမ်းရည်သည် ဤအချိန်တွင် အကျိုးသက်ရောက်လာခဲ့သည်။ ၎င်းက သင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဝိညာဉ်စွမ်းအားကို သုံးစွဲကာ သင်၏ ဝမ်းဗိုက်ဒဏ်ရာကို အသည်းအသန် ပြုပြင်ပေးခဲ့သည်။]

[ရက်အနည်းငယ်အတွင်း တစ်ချိန်က သေစေနိုင်ခဲ့သည့် ပြင်းထန်သော ဒဏ်ရာသည် ပြန်လည် ကောင်းမွန်လာပြီး သင့်အသက်ကို ခြိမ်းခြောက်နိုင်ခြင်းလည်း မရှိတော့ချေ။]

[ဤအချိန်တွင် သင်သည် လှုပ်ရှားဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့သည်။ သင်သည် ကျိန်စာသင့်နဂါး၏ သိုလှောင်မှော်ရတနာကို စတင်ရှာဖွေသည်။]

လက်တွေ့ကမ္ဘာ၌ စုရှင်းသည် ဤအရာကို မြင်သောအခါ သက်ပြင်းချလိုက်သည်။ သူ့မျက်နှာပေါ်၌လည်း အပြုံးသဲ့သဲ့လေး ပေါ်လာသည်။

“နောက်ဆုံးတော့ ကျိန်စာသင့်နဂါးကို သတ်နိုင်ခဲ့ပြီ။”

စုရှင်းသည် သက်ပြင်း အသာချလိုက်ပြီး ဤတိုက်ပွဲမှ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို စတင် စိစစ်သည်။

ဤသရုပ်ပြခြင်းသည် ရွှေရောင် စွမ်းရည်အသစ်ကို ပေးခဲ့သည်။ ကောင်းကင်ဓားပညာရပ်၏ အသေးစား အောင်မြင်မှု အဆင့်ရှိသည့် သူသည် ကျိန်စာသင့်နဂါးထက် ပို၍ အားကောင်းနေသည်မှာ သေချာသည်။

သို့သော် ဤစွမ်းအားသည် အကန့်အသတ်ရှိပြီး လုံးဝ အနိုင်ယူနိုင်သည့် စွမ်းအားတော့ မဟုတ်ချေ။

ခြင်္သေ့ပင်လျှင် ယုန်ကို အစွမ်းကုန် အားထုတ် တိုက်ခိုက်မှရသည်။

စုရှင်းသည် ကျိန်စာသင့်နဂါးကို အနိုင်ယူနိုင်သည်ဟု ယုံကြည်မှုရှိသော်လည်း သူ့ကို သတ်နိုင်ရန်အတွက်မူ အနည်းငယ် ခက်ခဲသည်။

ထို့ကြောင့် အားနည်းဟန်ဆောင်ခြင်းနှင့် အရေးပါသော အချိန်၌ အရေးကြီးသည့် ဓားချက်ဖြင့် တိုက်ပွဲကို အဆုံးသတ်ခြင်း၊ သတင်းအချက်အလက် ကွာဟမှုကို အသုံးပြုခြင်းသည် အောင်ပွဲအတွက် အဓိကသော့ချက် ဖြစ်သည်။

“ပြည့်ဝတဲ့ စွမ်းအားရှိရင်တော့ လွယ်လွယ်ကူကူ အနိုင်ရနိုင်တယ်...”

“ဒါပေမဲ့ စွမ်းအား မလုံလောက်တဲ့အခါတွေမှ ဦးနှောက်နည်းနည်း သုံးလိုက်တာကလည်း ပြဿနာတွေကို အများကြီး သက်သာစေတာဘဲ...”

ခေတ္တမျှ ရပ်တန့်ပြီးနောက် စုရှင်း၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“‌နောက်ထပ်က ကျိန်စာသင့်နဂါးရဲ့ သိုလှောင်မှော်ရတနာမှာ ဘယ်လို ရတနာတွေ ပါလဲဆိုတာ ကြည့်ရအောင်။”

သူ၏ အကြည့်များသည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြောင်းရွှေ့သွားသည်။

[ကျိန်စာသင့်နဂါးကို သတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် မူလ အရှည်ပေတစ်သောင်းမှ အရှည်ပေတစ်ရာအထိ ကျုံ့သွားသည်။]

[သင်သည် ကျိန်စာသင့်နဂါး၏ ပုံစံပြောင်းလဲသွားမှုကို ကြည့်ပြီး သူသည် နဂါးမျိုးနွယ်အတွင်း လူငယ်ဘဝတွင် ရှိနေသေးသည် ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်က သိပ်မကြီးခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။]

[နဂါးမျိုးနွယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အဖိုးတန်သည်။ သင်သည် သားရေများကို ခွာခြင်း၊ အရွတ်များကို ထုတ်ယူခြင်း၊ နဂါးအသား၊ အရိုး၊ အရွတ်၊ လက်သည်း၊ ချို... နှင့် အဖိုးတန်သည့် နတ်ဆိုး အမြုတေတို့ကို စတင် စုဆောင်းသည်။]

[ဤရတနာများကို စုဆောင်းပြီးနောက် သင်သည် ကျိန်စာသင့်နဂါး၏ သိုလှောင်အိတ်ကို ရှာဖွေတွေ့ရှိခဲ့ရာ အိတ်ထဲသို့ စတင် ရှာဖွေသည်။]

[မျှော်လင့်ထားသည့် အတိုင်းပင် သိုလှောင်အိတ်ထဲ၌ သွေးဝိညာဉ်ကျောက်၊ သွေးဝိညာဉ်အရည်၊ သွေးခဲဆေးလုံးနှင့် အခြားအရာများစွာ ပါဝင်နေသည်...]

[ထို့အပြင် အမျိုးမျိုးသော ပစ္စည်းများ၊ မှော်ရတနာများ၊ ကျောက်စိမ်းပြားများနှင့် ဝိညာဉ်ကျောက် ထောင်ပေါင်းများစွာလည်း ရှိနေသည်။]

[မွှေနှောက်ကြည့်ပြီးနောက် သင်၏ ပစ်မှတ်ဖြစ်သော အနက်ရောင် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို လျင်မြန်စွာ တွေ့ရှိခဲ့သည်။]

[ဤကျောက်စိမ်းပြားသည် အဆင့် အလွန်မြင့်ပုံရသည်။ ကမ္ဘာသုံးထောင် အတွင်း၌ပင် ရှားပါးသော ပစ္စည်းတစ်ခု ဖြစ်သည်။]

[ဤကျောက်စိမ်းပြားကို အသုံးပြု၍ ကျိန်စာသင့်နဂါးသည် အဆိုပါ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်နှင့် ဆက်သွယ်ခဲ့သည်မှာ သေချာသည်ဟု သင် ယုံကြည်သည်။]

[သင်သည် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်နှင့် ဆက်သွယ်ရန် အလျင်မလိုချေ၊ အဘယ်ကြောင့်ဆိုသော် သင်၏ ဒဏ်ရာမှာ ပြင်းထန်နေသေးသဖြင့် အနည်းငယ် သက်သာလာသည် အထိ စောင့်ဆိုင်းရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။]

[ထိုသို့ဖြင့် သုံးလကုန်ဆုံးသွားပြီး သင်၏ ဒဏ်ရာအားလုံးသည်လည်း နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ မရှိဘဲ လုံးဝ ကျက်သွားသည်။ သင်၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားရာ မသေမျိုး ရှောင်ချီ ဟူသော စွမ်းရည်၏ စွမ်းအားကို သင် ထပ်မံ အံ့အားသင်ြသွားသည်။]

[တစ်နေ့တွင် သင်သည် ဟောကိန်းတစ်ခုကို ပြုလုပ်ခဲ့သည်။ ကောင်းသော လက္ခဏာများရှိနေသဖြင့် သင်သည် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်နှင့် ဆက်သွယ်ရန် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။]

[ကျောက်စိမ်းပြားပေါ်တွင် မှုန်ပျပျ အလင်းရောင်တစ်ခု တဖျပ်ဖျပ် လက်နေပြီး သင်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ အမွှေးတိုင် တစ်တိုင်စာ ကြာပြီးနောက်တွင်ပင် မည်သည့် တုံ့ပြန်မှုမှ မရှိသေးချေ။]

[သင် လက်လျှော့တော့မည်ဟု ဆုံးဖြတ်လိုက်ချိန်တွင် ကျောက်စိမ်းပြားမှ အဘိုးကြီးတစ်ဦး၏ အသံတစ်ခု ထွက်ပေါ်လာသည်: “မင်း ငါ့ဆီကနေ ဘာလိုချင်လို့လဲ။”]

[အသံသည် ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။ မမြင်ရသော စွမ်းအားတစ်ခုက ပိတ်ဆို့ထားပုံ ရသည်။]

[ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် သင်သည် ပြောလိုက်သည်: “နဂါးနက် သေပါပြီ။”]

[အခြားတစ်ဖက်မှ အဘိုးကြီး၏အသံက မေးသည်: “မင်း ဘယ်သူလဲ။”]

[သင်သည် သင့်ကိုယ်သင် မိတ်ဆက်ပြီး ကြယ်ပြာပေါ်ရှိ သဘာဝဂိုဏ်းခွဲ၏ ဂိုဏ်းခေါင်းဆောင် ဖြစ်ကြောင်း ပြောပြသည်။]

[ရတနာတစ်ခု အတွက် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရာ ကျိန်စာသင့်နဂါးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး သတ်ပစ်ခဲ့မိကြောင်း၊ သူ့နေရာကို အစားထိုးလိုကြောင်း သင် ရှင်းပြသည်။]

[အခြားတစ်ဖက်မှ အဘိုးကြီး၏အသံသည် တိတ်ဆိတ်သွားသည်။ သူ စဉ်းစားနေပုံရသည်။]

[သင်က ဖြည်းညှင်းစွာ ပြောလိုက်သည်: “ကျွန်တော် ဝိညာဉ်သွေးကြောနဂါး တစ်ကောင်ကို ရရှိခဲ့တယ်။ အာ့တာကို အရှင်မင်းကြီးထံ ဆက်သလိုပါတယ်။”]

[မျှော်လင့်ထားသည့်အတိုင်းပင် ဝိညာဉ်သွေးကြောနဂါး အကြောင်းကို ကြားလိုက်သောအခါ အဘိုးကြီး၏အသံသည် ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားသည်။]

[သူက မင်း သေချာလားဟု မေးသည်။ သင့်ဘက်မှ အတည်ပြုချက် ရသောအခါ သူက ပြောလိုက်သည်: “ကောင်းလိုက်တာ! ငါ သွေးသခင်သုံးကို စေလွှတ်လိုက်မယ်။ မင်းပြောတာသာ မှန်တယ်ဆိုရင် အပြစ်ပေးခံရမှာ မဟုတ်တဲ့အပြင် တန်ဖိုးကြီးတဲ့ ဆုလာဘ်တွေပါ ရလိမ့်မယ်။”]

[သင်သည် သွေးသခင် မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို မေးသောအခါ အဘိုးကြီးက ပြန်ဖြေသည်: “အမြန်ဆုံး တစ်ပတ်အတွင်း၊ အနောက်ကျဆုံး တစ်လအတွင်း ရောက်လိမ့်မယ်။”]

[သင်သည် ချက်ချင်း သဘောတူလိုက်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။]

[မကြာမီတွင် တစ်လ ကုန်ဆုံးသွားသည်။]

[ဤတစ်လအတွင်း သင်သည် ဆင်းသက်ဂိုဏ်း၏ ဌာနချုပ်တွင် ဆက်လက်နေထိုင်ပြီး သွေးသခင်သုံးဟု ဆိုသောသူကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။]

[တစ်နေ့တွင် စိမ်းသက်သော ပုဂ္ဂိုလ်တစ်ဦးသည် မည်သည့် အရိပ်အယောင်မျှ မပြဘဲ သင့်နောက်၌ ရုတ်တရက် ပေါ်လာသည်။]

[ဤပုဂ္ဂိုလ်သည် သင် တစ်လကြာ စောင့်ဆိုင်းနေခဲ့သော သွေးသခင်သုံး ဖြစ်ကြောင်း သင်၏နှလုံးသားက ချက်ချင်း သိလိုက်သည်။]

…

All Chapters